Wednesday, November 6, 2013

မြစ်ကြီးနားဆွေးနွေးပွဲ အစိုးရ မျှော်လင့်ထားသလို အောင်မြင်မှုမရရှိဘဲ ပြီးဆုံး

 Created on Wednesday, 06 November 2013 ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကာ...

၂၀၀၉ ခုနှစ် ဘင်္ဂလားဒေ့ရှ် တပ်တွင်းပုန်ကန်မှုအတွက် စစ်သား ၁၅၀ ထက်မနည်း သေဒဏ်ချမှတ်ခံရ

Wednesday, 06 November 2013 တပ်တွင်းပုန်ကန်သူများကို စီရင်ချက်ချမည့် ဒါကာရှိ အထူးတရားရုံး အပြင်ဘက်တွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း အလျင်အမြန် တုံ့ပြန်ဖြေရှင်းရေး အဖွဲ့ဝင်များ နိုဝင်ဘာ ၅ ရက်က စောင့်ကြပ်နေစဉ် (Photo:AFP) ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၉ ခုနှစ် တပ်တွင်းပုန်ကန်မှုနှင့် ပတ်သက်၍ စစ်သား ၈၀၀ ခန့်ကို နိုဝင်ဘာ ၅ ရက်က စီရင်ချက် ချမှတ်ခဲ့ရာ ပထမဆုံး စီရင်ချက်ချသည့် စစ်သား ၂၀၀ ကို ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ပြီး ၁၅၀ ထက် မနည်းကို သေဒဏ်ချမှတ်ခဲ့ကြောင်း...

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာကြောင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးမြေနေရာ ပုဂ္ဂလိက မြှုပ်နှံမှုဖြင့် စီးပွားဖြစ် လုပ်ကိုင်မည့် အငြင်းပွားနေသော မူလအစီအစဉ် အလိုအလျောက် ပျက်ပြယ်

 Created on Wednesday, 06 November 2013 ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံအား နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ရွှေတိဂုံစေတီတော် အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာများကို ဇုန် (၁) နှင့် ဇုန် (၂) ခွဲခြားထားပြီး ဇုန် (၁)တွင် ပါဝင်သည့် နေရာများ၌ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင်...

ကင်ဆာဆေးဝါး အများစုမှာ ဈေးနှုန်းမြင့်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကိုသာ ပြည်တွင်း၌ အဓိက အသုံးပြုနေရ

 Created on Wednesday, 06 November 2013 ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်းရှိ ကျန်းမာရေး ၀န်ထမ်းများမှ ကင်ဆာဝေဒနာရှင်များအား ဆေးပေးရန် ပြင်ဆင်နေစဉ် ကင်ဆာဆေးဝါး အများစုမှာ ဈေးနှုန်းမြင့်မားသည့်အတွက် ပြည်တွင်းရှိ လူနာအများစုမှာ အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကိုသာ အဓိကထား အသုံးပြုနေရကြောင်း "ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး" ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားခဲ့သည်။ "လူနာရှင်တွေ...

နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် လက်ဝဲယိမ်းရှေ့နေ ဘီလ်ဒီဘလာစီယို အနိုင်ရဖွယ်ရှိ

Wednesday, 06 November 2013 နယူးယောက်မြို့တော်ဝန် ကိုယ်စားလှယ်လောင်း ဘီလ်ဒီဘလာစီယိုက နယူးယောက်မြို့ရှိ ကွင်းဘိုရော့တွင် နိုဝင်ဘာ ၄ ရက်က မဲဆွယ်နေစဉ် (Photo:AFP) အမေရိကန် အကြီးဆုံးမြို့ နယူးယောက်တွင် မြို့တော်ဝန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီဝင် ဘီလ်ဒီဘလာစီယိုက မဲအပြတ်အသတ်ဖြင့် အနိုင်ရဖွယ်ရှိကြောင်း သိရသည်။ ရာထူးသက်တမ်းမကြာမီ ကုန်ဆုံးမည့် မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်၏ ၁၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော နယူးယောက်ကို...

အိန္ဒိယ၏ ပထမဆုံး အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ် အောင်မြင်စွာ စတင်

Wednesday, 06 November 2013 အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ကို သယ်ဆောင်မည့် PSLV-C25 ဒုံးပျံအနီး အောက်တိုဘာ ၃၀ ရက်က စောင့်ကြပ်နေသော အိန္ဒိယ လုံခြုံရေးများ (Photo:AFP) အိန္ဒိယသည် အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး အာရှတွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိသော ပထမဆုံးနိုင်ငံ ဖြစ်လာရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်သည်။ အလေးချိန် ၁ ဒသမ ၃၅ တန်ရှိသော မောင်းသူမဲ့ လေ့လာရေးယာဉ်ကို နိုင်ငံတောင်ပိုင်း သီရိဟာရီကိုတာ အာကာသစခန်းမှ...

Mobile Team မှ ၀င်ရောက်စစ်ဆေးနေသော လှိုင်မြို့နယ် ကုမ္ပဏီရှိ သောင်းချီသော နိုင်ငံခြားဖြစ် ၀ိုင်နှင့်ဘီယာများမှာ တရားမ၀င်ကြောင်း အဖြေထွက်ရှိ

Wednesday, 06 November 2013 Quarto Product ကုမ္ပဏီတွင် စစ်ဆေးတွေ့ရှိခဲ့သော နိုင်ငံခြားဖြစ် ၀ိုင်ပုလင်းများအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို) တိုင်ကြားချက်အရ တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက်စစ်ဆေးနေသော လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင် လမ်းဆုံရှိ Quarto Product ကုမ္ပဏီတွင် သောင်းချီသော နိုင်ငံခြားဖြစ်ဝိုင်နှင့် ဘီယာများမှာ တရားမ၀င်ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Quarto Product ကုမ္ပဏီတွင်...

တစ်နှစ်နီးပါး တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်

 Created on Wednesday, 06 November 2013 ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်) ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ၁၁ လ အကြာတွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး...

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်

 Created on Wednesday, 06 November 2013 သောက်သုံးရေ ခပ်ယူနေသူနှစ်ဦးကို လှိုင်သာယာမြို့နယ် တစ်နေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်) ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့်...

Related Posts Plugin for WordPress, Blogger...