
သူကတော့ ကျွန်မကို အသက်နဲ့တမျှချစ်တာကြောင့် ဘာမှ စိုးရိမ်နေစရာမလိုပါဘူး လို့ယူဆထားပါသလား။ မှားပါတယ်။ ကျွန်မတို့အနေနဲ့ မိန်းမသားမို့ ချစ်သူဆီက တောင်းဆိုခွင့်တွေ ပိုများတယ်ဆိုပေမယ့် သူတို့မှာလည်း ဖွင့်ဟမပြောဖြစ်တဲ့ ကျွန်မတို့ဆီက လိုချင်နေတဲ့ အချက်လေးတွေ ရှိနေပါတယ်။
ဒီတော့ ပျိုမေတို့က ချစ်သူနဲ့ရင်ဘောင်တန်းနိုင်ပြီး သူ့အတွက် ဂုဏ်ယူရတဲ့ မိန်းမသားတစ်ဦး ဖြစ်စေဖို့ ဒီအချက်လေးတွေတော့ ပြည့်စုံအောင် ကြိုးစားနေသင့်တာပေါ့။ သိပ်များများစားစား မဟုတ်ပေမယ့်...