Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, April 7, 2014

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း




Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လို အသုံးပြု ရမယ်ဆို တာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။ နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။

Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။ ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Sunday, March 9, 2014

ရက်ပေါင်း ၁၈၀မှာ ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ




အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေး သားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ် ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

Friday, March 7, 2014

Windows တွင် MAC Address အားပြောင်းလဲပြီး WiFi အသုံးပြုခွင့်ရယူနည်း ( Hacking Trick )









Media Access Control address ( MAC address ) ဆိုတာကတော့ Network တစ်ခုရဲ့ အဓိကသတ်မှတ်
ထားတဲ့ အစိတ်အပိုင်းသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ MAC Address ကို IEEE 802 Network တွေမှာလည်း အသုံးပြုသလို..Ethernet လို Network တွေမှာပါ အသုံးပြုကြပါတယ်။ Printer , Camera , စတဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေမှာလဲ MAC Address ဆိုတာ သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်း အလိုက်သူ့နေရာနဲ့သူပါဝင်ပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောပြပေးတာပါ။

အခု ညီငယ်တစ်ယောက်က မေးလာပါတယ်။ သူ့ အိမ်နားက WiFi ကို Passwords သိတယ်..ဒါပေမယ့် အဲ
သည်အိမ်က သူ့ကွန်ပျူတာရဲ့ MAC Address ကို ဘမ်းထားတဲ့အတွက် သူ အင်တာနက်သုံးမရပါဘူးတဲ့။
ဒီတော့ သူ MAC Address ကို ဘမ်းထားတယ်ဆိုရင် ကျနော်တို့က ဘမ်းထားတာကိုကျော်ခွဖို့အတွက်
MAC Address ကိုချိန်းမှဖြစ်တော့ပါ့မယ်။ ကဲ.. ဘယ်လိုချိန်းမလဲစလိုက်ရအောင်။
ဒီတော့ ကျွန်တော်အတတ်နိုင်ဆုံးရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ ကျွန်တော်လဲ ဆရာတစ်ယောက်မဟုတ်
ပါဘူး။ လေ့လာနေဆဲအဆင့်ဘဲရှိပါတယ်။

အရင်ဆုံး Windows Key + R ကိုတွဲနှိပ်ပြီး command box ကိုခေါ်ပါ့မယ်။ ncpa.cpl လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း မိမိ Wifi ချိတ်ဆက်ထားတဲ့ Local Area Network မှာရှိတဲ့ ပုံကို Right Click ထောက်ပြီး Properties ကိုရွေးချယ်ပေးလိုက်ပါ။


ပြီးတာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း Configure ကိုနှိပ်ပါ။



အောက် ပုံကိုထပ်ကြည်ပါ။



IEEE 802 network
IEEE 802 network
Advanced ကိုရွေးပါ။ Network Address ကို နှိပ်ပါ။ ညဘက်အခြမ်းက Value အကွက်ထဲမှာ000000000001 ဆိုတာလေးဖြည့်ပေးလိုက်ပါ။ ပြီးတာနဲ့ OK နှိပ်ပြီး ပြန်ထွက်ပါ။ မိမိရဲ့ MAC Address ကို ဘမ်းထားတဲ့ WIFI ဖြင့်ပြန်ချိတ်ကြည့်ပါ။ အဆင်ပြေပြေနဲ့ချိတ်လို့ရတာ တွေ့ပါလိမ့်မယ်။

အဆင်ပြေပါစေခင်ဗျာ။ ( MMITHelper )

ဘီလီလျံနာ Sir James Dyson တီထွင်လိုက်တဲ့ အသံတိတ် ဒလက်မဲ့ ပန်ကာ




တီထွင်ဖန်တီးသူ ဘီလီလျံနာ Sir James Dyson ဟာ ဒလက်မဲ့ ပန်ကာ တစ်မျိုး တီထွင်လိုက်ပါတယ်။

ခြင်တွေ တ၀ီဝီပြန်နေသလိုမျိုး ဆူညံသံတွေနဲ့ ဒလက်ပါ ပန်ကာပုံစံက ခွဲထွက်ပြီး အသံတိတ် ဒလက်မဲ့ ပန်ကာကို တီထွင်နိုင်ဖို့အတွက် အင်ဂျင်နီယာ ၆၅ယောက်နဲ့အတူ စတာလင်ပေါင် သန်း ၄၀ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

ဘီလီလျံနာ Sir James Dyson ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်များအဖွဲ့ဟာ ၂နှစ်ကြာအောင် ဖန်တီးခဲ့ရပြီး နောက်ဆုံးမှာတော့ အကန့်အတွင်းက လေဖိအားကို တိုးစေပြီး လည်တိုင်ကျဉ်းလေးကို ဖြတ်ပြီး နှုန်းတစ်ခုနဲ့ လေတွေတိုက်ခတ်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အသံလှိုင်းတွေကို တစ်ခုနဲ့တစ်ခု တန်ပြန်တိုက်ခတ်မှု ဖြစ်စေတဲ့အတွက် ဆူညံမှုပမာဏကို လျှော့ချပေးထားနိုင်တာပါ။

၁၈၅၀ခုနှစ်မှာ Hermann von Helmholtz ဆိုသူ တီထွင်ခဲ့တဲ့ Helmholtz cavity ကို အခြေခံထားကြောင်းနဲ့ အားကောင်းကောင်း လေစီးဆင်းမှုပါ အသံတိတ် ပန်ကာဖြစ်စေဖို့ Dyson အင်ဂျင်နီယာများဟာ ရည်မှန်းလုပ်ဆောင်ခဲ့ကြောင်း Sir James ကပြောပြခဲ့ပါတယ်။

Dyson Cool ပန်ကာသစ်တွေကို ဒီနေ့ကစပြီး စတာလင်ပေါင် ၂၂၀ ကနေ ၃၀၀ ကြား ဈေးနဲ့ ဖြန့်ချိပေးထားတယ်လို့ သိရပါတယ်။

Ref:mirror.co.uk

Friday, February 28, 2014

ကျောဘက်မှာ ebook reader ပါတဲ့ မျက်နှာပြင်နှစ်ဖက်ဖုန်း




ဖုန်းနောက်ကျောနဲ့ ebook ဖတ်လို့ရတဲ့ မျက်နှာပြင်နှစ်ဖက်ပါ ဖုန်းကို အမေရိကမှာ ပထမဆုံးရဖို့ ရှိပါတယ်။ ဒီဖုန်းနံမည်ကတော့ Yotaphone ဖြစ်ပြီး အီးမေးလ်၊ စာတိုမက်ဆေ့ဂ်ျတွေကို ပါဝါစား အထူးနည်းတဲ့ မျက်နှာပြင်ပေါ်မှာ ပြသပေးမှာပါ။ အဲ့ဒီ့ ပါဝါစား သက်သာတဲ့ ကျောဘက်မျက်နှာပြင်ဟာ အမြဲပွင့်နေမှာဖြစ်လို့ မျက်စိတစ်ဖျတ် ကြည့်လိုက်ရုံနဲ့ မက်ဆေ့ဂ်ျတွေ ဖတ်လို့ရနိုင်တာပေါ့။
ကာလာစုံ မျက်နှာပြင်လို ဘက်ထရီ မြန်မြန်မကုန်စေဘဲ Facebook နဲ့ တခြား လူမှုကွန်ရက်တွေကို Post တင်လို့ရနိုင်ပါတယ်။
မော်စကို ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားပြီး ဒီမော်ဒယ်သစ် စမတ်ဖုန်းကို ဒီနှစ်ကုန်ပိုင်းလောက် အမေရိကမှာ စရောင်းမယ်လို့ သိရပါတယ်။
၅လက်မ အရွယ် AMOLED မျက်နှာပြင်ဟာ သာမန် Android ဖုန်းတစ်လုံးလို လုပ်ဆောင်ပေးမှာ ဖြစ်ပေမဲ့ Appတွေကို နောက်ကျောဘက် မျက်နှာပြင်နဲ့ သုံးနိုင်ဖို့ အထူးရေးဆွဲထားရမှာပါ။

Ref:dailymail.co.uk

Sunday, February 23, 2014

သင်သေရင်တောင် page ကိုဆက်လက်ပြထားပေးဖို့ facebook စီစဉ်သတ်မှတ်





Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့ ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က ထားခဲ့တဲ့ settingတွေအတိုင်း ဆက်လက်ရရှိပါတော့မယ်။ အရင်ကဆို သေဆုံးသူအမှတ်တရ page တွေကို သေဆုံးသူရဲ့ friend တွေကပဲ မြင်ရပါတယ်။

ဒီအပြောင်းအလဲတွေကို အသုံးပြုသူတွေနဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ facebookကပြောပါတယ်။

‘သူငယ်ချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက်ရဲ့ သေဆုံးမှုဟာ ဆက်သွယ်လို့မရတဲ့ သူတချို့ကိုလည်း ၀မ်းနည်းကြေကွဲစေမှာ ဖြစ်ပြီး သူတို့ချစ်တဲ့သူရဲ့ Timelineကို အမှတ်တရအနေနဲ့ ထားရှိပေးဖို့ တောင်းဆိုလေ့ရှိကြတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက အဲ့ဒီ့အကြောင်း စဉ်းစားခဲ့ကြပြီး ချစ်တဲ့သူတွေကို အမှတ်ရနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။ အမှတ်တရ ကိစ္စတစ်ခုစီကို ဆက်ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ မလွယ်ကူတဲ့မေးခွန်းတွေ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်မေးဖြစ်ခဲ့တယ်။ လူတွေက ဘယ်လိုခံစားကြလိမ့်မလဲ။ ဆုမွန်ကောင်းတွေ၊ သွားလေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေနဲ့ပဲ ဂုဏ်ပြုရလေမလား။ ချစ်ခင်ရသူကို ဆုံးရှုံးသွားလို့ ၀မ်းနည်းကြေကွဲနေရသူတွေအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြမလား။’ ဆိုပြီး facebook ကပြောခဲ့ပါတယ်။

Facebook team ဟာ သူတို့ရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး အံ့ဖွယ် အပြောင်းအလဲတစ်ရပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

‘ခုထိတော့ လူတစ်ယောက်ရဲ့ account ကို အမှတ်တရထားရှိမယ်ဆိုရင် friends-only မြင်နိုင်ဖို့ ကျွန်တော်တို့ ကန့်သတ်ထားတယ်။ ဖြစ်နေပုံကတော့ သေဆုံးသွားသူနဲ့ facebook မှာ friend မဖြစ်ထားခဲ့ရင် ဘယ်လိုမှ ၀င်မကြည့်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီနေ့ကစပြီး ၀င်ရောက်ကြည့်ရှုနိုင်မှုနဲ့ပတ်သက်ပြီး ပြုပြင်သွားမှာပါ။ သေဆုံးသွားသူ page ကထားရှိတဲ့ privacy အရ အမှတ်တရ profileတွေကို ၀င်ကြည့်နိုင်တော့မှာပါ။ လူတစ်ယောက် သူ့ဘ၀မှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ဟာ လေးစားပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ မြင်ရတဲ့အတိုင်း တခြားဝင်ရောက် ကြည့်ရှုချင်သူတွေကိုလည်း ၀င်ရောက်မြင်ခွင့်ပေးလိုက်ပါပြီ။” လို့ facebook team ကပြောပါတယ်။

Ref:dailymail.co.uk

Thursday, February 13, 2014

သက်တမ်းအရင့်ဆုံး ရှေးဟောင်းကြယ် သြစတြေးလျ သိပံ္ပပညာရှင်များတွေ့ရှိ




The star discovered with the SkyMapper telescope at the Siding Spring observatory near Coonabarabran. Photograph: Space Telescope Science Institute/AAP


ဖြစ်တည်မှု သက်တမ်းနှစ်ပေါင်း ၁၃ ဒသမ ၆ ဘီလီယံရှိပြီဖြစ်သည့် ကြယ်ဂြိုဟ်ကြီး တစ်စင်းကို သြစတြေးလျသိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိထားရာ လက်ရှိအချိန်ထိ ထောက်လှမ်းတွေ့ရှိပြီးသမျှ
ရှေးဟောင်းကြယ်ဂြိုဟ်ကြီးများ အနက်သက်တမ်းအရင့်ဆုံးကြယ်
ဂြိုဟ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် သတင်းများတွင်ဖော်ပြသည်။

စကြ၀ဠာကြီးကို စတင်ဖန်တီးပေးခဲ့သော မဟာပေါက်ကွဲမှုဖြစ်စဉ်
(Big Bang)ပေါ်ပေါက်ပြီးနောက် ပိုင်းနှစ် သန်းပေါင်းများစွာအကြာတွင် ယင်းကြယ် ဂြိုဟ်ကြီးစတင်ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ
သိပံ္ပပညာရှင်များက ယုံကြည်ထားသည်။

သြစတြေးလျသိပံ္ပပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော သက်တမ်းအရင့်ဆုံး ကြယ်ဂြိုဟ်ကြီးသည်နေစကြ၀ဠာ အဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်း ကြယ်စုအတွင်းမှာပင်တည်ရှိပြီး ကမ္ဘာမြေနှင့် အလင်းနှစ် ၆၀၀၀
ကွာဝေးကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ကြယ်ဂြိုဟ်ကြီးသည် စကြ၀ဠာ၏အတိုင်းအဆအရ
ကမ္ဘာမြေနှင့်အတော်အသင့်နီးသည့် အကွာအဝေးတွင်ရှိနေကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ နက္ခတ္တဗေဒသိပံ္ပပညာရှင်တစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များ အတွင်း ဥရောပနှင့် အမေရိကန်
နက္ခတ္တဗေဒသိပံ္ပပညာရှင်များ သီးခြားစီ ရှာဖွေ တွေ့ရှိခဲ့သော
ရှေးဟောင်းကြယ်ကြီးနှစ်စင်းမှာသက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃ ဒသမ
၂ သန်းဝန်းကျင်တွင်ရှိရာ ဖြစ်တည်မှု သက်တမ်းအရင့်ဆုံးကြယ်ဂြိုဟ်ကြီး
များအဖြစ် စာရင်းပေါက်ခဲ့ဖူးသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Monday, February 3, 2014

ဖုန်းကိုင်ထားသော လက်ဝှေ့ယမ်းရုံဖြင့် ဖုန်းအားသွင်းနိုင်တော့မည်






အမေရိကန်၊ တက္ကဆက်စ်မှ သုတေသီများသည် ဒင်္ဂါးပြား တစ်ပြားထက်ပင် အလွန်သေးငယ်သည့် လေရဟတ်လေးများကို အနုစိတ် ဖန်တီးတီထွင်လျက်ရှိကြပြီး အဆိုပါ ပျော့ပျောင်းသည့် နစ်ကယ်လ် သတ္တုစပ်ဖြင့် ပြုလုပ်ထားသော ရဟတ်ကလေးပေါင်း ရာနှင့်ချီပြီး ဖုန်းကိုယ်ထည်တွင် နှစ်မြှုပ်တပ်ဆင် ထားခြင်းဖြင့် ရရှိမည့် လျှပ်စစ်ဓာတ်အားကတစ်ဆင့် ဖုန်းအားသွင်းနိုင်ရန် ရည်ရွယ်လျက် ရှိသည်။

သုတေသီများသည် ပါးလွှာသည့် လေထုရွေ့လျားမှုကိုပင် အာရုံခံလည်ပတ် နိုင်မည့် အဆိုပါပန်ကာလေး များကို မိုက်ကရို လေရဟတ်များဟု လတ်တလော အမည်ပေးထားပြီး ဖုန်းအသုံးပြုသူက ဖုန်းကိုကိုင် ဆောင်ကာ လက်ဝှေ့ယမ်းနေရုံဖြင့် အားပြန်သွင်းနိုင်မည်ဖြစ်သည့် ဒီဇိုင်းကို ကြိုးစား တည်ဆောက်နေ သည်။

ဖုန်းတစ်လုံးကို မိနစ်အနည်းငယ်မျှ ဝှေ့ယမ်းနေရုံဖြင့် အားအပြည့် ပြန်ဖြစ်လာနိုင်သည်အထိ မျှော်လင့် ထားကြောင်း အဆိုပါအဖွဲ့မှ သုတေသီတစ်ဦးက ပြောကြားသည်။ ထည့်သွင်းထားသည့် လေရဟတ် ကလေးများက လိုအပ်သော လျှပ်စစ်ဓာတ်အားကို စုဆောင်းပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ထပ်မံပြော ကြားခဲ့သည်။

အဆိုပါ မိုက်ခရို လေရဟတ်ကလေးများအတွက် ကွေးညွတ်နိုင်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်စွမ်း ရှိသည့် သတ္တုစပ် အမျိုးအစားကို အသေးဆုံးအရွယ်အစား မိုဒယ်ပြုလုပ်ကာ ပုံသွင်းထားသည်။

ထို့ပြင် အဆိုပါနည်းလမ်းသည် စွမ်းအင်ကို ချွေတာသည့် စနစ်တစ်ခုလည်းဖြစ်နေကြာင်း အဆိုပါ သုတေ သီပရော်ဖက်ဆာက ဆက်လက်ရှင်းပြခဲ့သည်။

ဈေးအ၀ယ်များလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ်





သင်ဈေးဝယ်ထွက်တာများလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ် ထွက်ရှိလာပါတယ်။ ဒီ စမတ်လက်ကိုင်အိတ်ဟာ သင်အနှစ်သက်ဆုံး စတိုးဆိုင်ထဲကို ခြေလှမ်းလိုက်တာကိုတောင် သိနိုင်စွမ်းရှိပါတယ်။
ရှော့ပင်ထွက်တာကို စွဲလန်းလွန်းပြီး ငွေအရမ်းသုံးတဲ့သူတွေကို ထိန်းချုပ်ပေးမယ့် နည်းပညာမြင့် လက်ကိုင်အိတ်လေးတစ်လုံးပါ။ ဒီအိတ်ကို iBag လို့ခေါ်ပြီး အိတ်ပိုင်ရှင်ရဲ့ ငွေအသုံးနှုန်းကို ခြေရာခံပေးဖို့ စမတ် အာရုံခံကိရိယာ တစ်မျိုး တပ်ဆင်ထားပါတယ်။
စိတ်လွတ်လက်လွတ် ရှော့ပင်ထွက်နေတာမျိုး (ဒါမှမဟုတ်) အကြိုက်နှစ်သက်ဆုံး စတိုးဆိုင်ကို ၀င်မိတာမျိုးတွေကို iBag ကအာရုံခံမိပြီဆိုတာနဲ့ သူ့ဟာသူ လော့ခ်ချပိတ်ပလိုက် နိုင်စွမ်းရှိပါတယ်။
Creditcardfinder.com.au ကကြီးမှူးကျင်းပတဲ့ ဆာဗေးတိုင်းတာမှုတစ်ရပ် ပြီးတဲ့နောက်မှာ ဒီ iBagကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ လူတစ်ယောက်တည်းက အကြွေးဝယ်ကတ် (၄)ကတ်လောက်ကိုင်ဆောင်ထားပြီး လစဉ် အပြည့်ငွေမခြေတဲ့သူတွေကို တွေ့ရှိခဲ့ရတာကြောင့် ဖြစ်ပါတယ်။



အိတ်ထဲမှာ တပ်ဆင်ထားတဲ့ ကွန်ပျူတာအသေးစားလေးကိုသုံးပြီး ထိန်းချုပ်ထားတာပါ။

Sunday, February 2, 2014

စာဖတ်နေစဉ် စိတ်ခံစားချက်ကို လှုံ့ဆ်ာပေးနိုင်မည့် ကိရိယာ တီထွင်နေ


မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်


အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင်များသည် ရသစာပေများ ဖတ်ရှုချိန်၌ ခန္ဓာကိုယ်၏ တုံ့ပြန်ခံစားမှုကိုပါ လှုံ့ဆော်နိုင်မည့် စာအုပ်မျိုးကို ဖန်တီးတီထွင်နေကြောင်း သိရသည်။ မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် ဂျိမ်းစ်တစ်ပ်ထရီး ဂျုနီယာ ရေးသားသည့် The Girl Who Was Plugged In စာအုပ်ကို အသုံးပြုလျှက် ရှိသည်။ စာဖတ်သူအနေဖြင့် စာအုပ်ပါ အကြောင်းအရာများ၏ ဖမ်းစားမှုအတိုင်း လိုက်လံခံစားသည့်အခါ ရင်ဘတ်တွင် တွယ်ဆက်ထားသော ကိရိယာက တိကျသည့် တုံ့ပြန်မှုမျိုးဖြင့် အားဖြည့်ပေးမည် ဖြစ်သည်။





ဥပမာအားဖြင့် စာဖတ်သူ စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်း၊ ရှက်ခြင်း၊ စိတ်စနိုးစနောင့်ဖြစ်ခြင်းတို့ ခံစားရပါက အပူပေး ကိရိယာ တစ်ခုက ခန္ဓာကိုယ် အပူချိန်ကို ပြောင်းလဲသွားအောင် လှုံ့ဆော်ပေးမည် ဖြစ်သည်။ ယင်းအသိမျိုးကို ဖမ်းယူသိရှိနိုင်ရန်အတွက် အာရုံခံ ကိရိယာများကို တပ်ဆင်ထားပြီး စာအုပ်တွင် ပါရှိသည့် LED မီးလုံးလေးများကလည်း စာဖတ်သူ၏ စိတ်ခံစားချက် တစ်ခုချင်းစီကို ကိုယ်စားပြုကာ အပြောင်းအလဲ ပုံစံအမျိုးမျိုးဖြင့် လင်းလက်နေမည် ဖြစ်သည်။ လတ်တလောတွင် အဆိုပါ တီထွင်မှု အားလုံးသည် စမ်းသပ်အဆင့် ပရောဂျက် အနေဖြင့်သာ ရှိနေဆဲဟု ဆိုသည်။





အကယ်၍ စာဖတ်သူက ကြောက်ရွံ့မှုမျိုး ခံစားရပါက ရင်ဘတ်တွင် စည်းထားသော ကိရိယာက လေအိတ်များကို ဖောင်းကားလာစေပြီး တင်းကျပ်သော ခံစားချက်မျိုး အလိုလို ရရှိလာမည် ဖြစ်သည်။ ဒီပရောဂျက်က စာဖတ်တဲ့ အာရုံခံစားမှုအတွက် အတွေးအမြင်သစ်တွေ ဖန်တီးမှု တစ်ခုပါပဲ။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း တစ်ခုကို လိုက်စူးစမ်း ရှာဖွေနေရတာမျိုးထက်ကို ပိုတဲ့ အခြေအနေပါ"ဟု သုတေသီ တစ်ဦးဖြစ်သည့် ဖီးလစ်ဟိုင်းဘက်က ပြောကြားခဲ့သည်။ အဆိုပါ ကိရိယာကို တီထွင်နေသည့် ပညာရှင်များက အနုစိတ် ခံစားမှုများကို အသင့်တော်ဆုံး ရွေးချယ်တုံ့ပြန်နိုင်မည့် အာရုံခံ ထိတွေ့မှုမျိုး ဆက်လက်မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း မှတ်ချက်ပြုထားခဲ့ကြသည်။

Saturday, January 25, 2014

အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra



အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။

မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။

Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။

Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=B8Wd831gUt4


Monday, January 13, 2014

သတင်းများအား offline စနစ်ဖြင့် ဖတ်ရှု့နိုင်












Facebook ပေါ်မှ နာမည်ကြီး သတင်း page များ၊ နည်းပညာသတင်းများ၊ ကျန်းမာရေးသတင်းများ နှင့် ဘာသာရေး စာမျက်နှာများအား နာရီဝက်ခန့် အင်တာနက်အသုံးပြုယုံဖြင့် uptodate သတင်းများအား offline စနစ်ဖြင့် ဖတ်ရှု့နိုင်ရန်အတွက် Burmese News Center 1.0 အား အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်ရန် အတွက် ဖြန့်ချီပေးလိုက် ပါပြီ….


Saturday, January 11, 2014

မောင်းသူမဲ့ ကားနည်းပညာ CES တွင်ပြသွား



နိုင်ငံတကာ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲ (CES) မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မောင်းသူမဲ့ ကားနည်းပညာနဲ့ပတ်သက်ပြီး ထိပ်တန်းကားကုမ္ပဏီတွေက ပြသသွားပါတယ်။

BMW နဲ့ Audi ကားကုမ္ပဏီတွေဟာ သူတို့ရဲ့ နောက်ဆုံးပေါ် မောင်သူမဲ့ ကားနည်းပညာကို ထုတ်ဖော်ခဲ့ပြီး အစမ်းမောင်းပြမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ Nevada မှာအစမ်းမောင်းပြခဲ့ပြီး ဒီပြည်နယ်ဟာ မောင်းသူမဲ့ကား အစမ်းမောင်းတာကို ခွင့်ပြုထားတဲ့ အနည်းငယ်သော ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မောင်းသူမဲ့ကားမောင်းထွက်ဖို့ဆိုရင်တော့ ယာဉ်မောင်းခုံမှာ လူတစ်ယောက်တော့ ထိုင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

ထိန်းချုပ်စနစ်က ဘယ်လောက်တိကျတယ်ဆိုတာနဲ့ အရေးကြုံလာတဲ့အခြေအနေမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသတဲ့အနေနဲ့ ထိန်းညှိုထားတဲ့ drift ဆွဲပြသွားပါသေးတယ်။

“ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး အစမ်းယာဉ်မောင်း တစ်ယောက်နဲ့အတူတူပဲ။” လို့ BMW ပရောဂျက်မန်နေဂျာ ယာဉ်မောင်း Dr. Werner Huber ကပြောသွားပါတယ်။

နာတယ်ဟ ! တစ်စက္ကန့် သားရေပင် ၁၄ကွင်း ပစ်နိုင်မယ့် စက်သေနတ်



သေနတ်ပြောင်းကတဆင့် တစ်စက္ကန့်အတွင်း သားရေပင် ၁၄ကွင်း ပစ်ခတ်နိုင်တဲ့ စက်သေနတ် ဒီဇိုင်းတစ်ခုကို ကျောင်းသားတစ်ယောက်က ရေးဆွဲတီထွင်ခဲ့ပါတယ်။ သားရေပင် ၆၇၂ကွင်း တပ်ဆင်ထားနိုင်ပြီး ၂၆ပေ (၈မီတာ) အကွာမှာရှိတဲ့ ပစ်မှတ်ကို တစ်စက္ကန့် ၁၄ချက်နှုန်းနဲ့ မြန်နှုန်းမြင့်ပစ်ခတ်နိုင်မှာပါ။



ဒီဇိုင်းရေးဆွဲခဲ့တဲ့ ကျောင်းသားဟာ ၁၈နှစ်အရွယ် ယူကရိန်းနိုင်ငံသားဖြစ်ပြီး ခေတ်အစောပိုင်း မြန်နှုန်းမြင့် လက်နက်တွေကို ရူးသွပ်သူတစ်ယောက်လဲဖြစ်ပါတယ်။ သူဒီဇိုင်းရေးဆွဲလိုက်တဲ့ သားရေပင် စက်သေနတ်ကို ဒီနှစ်အစောပိုင်းမှာ ကန်ဒေါ်လာ (၁၄၀) ၀န်းကျင်နဲ့ပဲ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး အရောင် ၃မျိုးနဲ့ထွက်လာပါလိမ့်မယ်။



Ref:dailymail

Monday, December 30, 2013

အမေရိကန် DARPA က ချီးမြှင့်မယ့် နောက်ဆုံးပေါ်စက်ရုပ်များ ပြိုင်ပွဲကျင်းပ


 
Monday, December 30, 2013


လမ်းလျှောက်နိုင်တဲ့၊ တောင်တက်နိုင်တဲ့၊ ကားမောင်းနိုင်တဲ့ စက်ရုပ်တွေရဲ့ ခေတ်ရောက်နေပါပြီ။ ဒါပေမဲ့ ဒီစက်ရုပ်တွေဟာ ဇီဝိန်ခြွေ စက်ရုပ်တွေနဲ့ ယှဉ်ရင်တော့ ကလေးဆန်ပါသေးတယ်။ ဒီစက်ရုပ်တွေဟာ နှေးတယ်၊ ချော်လဲတယ်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေလဲ ကျိုးသေးတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုင်ယာမီ တောင်ပိုင်းမှာ စက်ရုပ်ပြေးပွဲကို နောက်ဆုံးပေါ်စက်ရုပ်တွေနဲ့ အတူပြသခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ကန်ဒေါ်လာ (၂)သန်း မ’တည် ပေးထားတဲ့ ပြိုင်ပွဲရဲ့ တစ်ကဏ္ဍလဲ ဖြစ်ပါတယ်။

နည်းပညာမြင့် ကုမ္ပဏီတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေက အင်ဂျင်နီယာ အသင်းတွေဟာ သူတို့ရဲ့ စက်ရုပ်ဒီဇိုင်းတွေကို ပြသခဲ့ပါတယ်။ ပင့်ကူလို တွားသွား စက်ရုပ် နမူနာကအစ စက်ရုပ်ကြီးတွေ၊ လူသားဆန်ဆန် ဧရာမ စက်ရုပ်တွေထိ ပါပါတယ်။

စုစုပေါင်း အင်ဂျင်နီယာအသင်း (၁၃) သင်းက ၀င်ရောက်ယှဉ်ပြိုင်နေပြီး DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်းအေဂျင်စီ) က နောက်နှစ်မှာ ကန်ဒေါ်လာ(၂)သန်း ချီးမြှင့်သွားဖို့ ရှိပါတယ်။

Ref:CNN

DARPA ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google မ’တည်ပေးထားတဲ့ စက်ရုပ်ကြီးစိုး


 
Monday, December 30, 2013

DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်း အေဂျင်စီ) က ဆုကြေးငွေ ကန်ဒေါ်လာ ၂သန်း ချီးမြှင့်မယ့် ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google က မ’တည်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ကြီးစိုးနေခဲ့ပါတယ်။ အလုပ် ၈မျိုးကို ခိုင်းပြီး ၃၂မှတ်အများဆုံး ပေးတဲ့နေရာမှာ Google မ’တည်ထားတဲ့ စက်ရုပ်က ၂၇ မှတ် ရရှိခဲ့ပါတယ်။

ပြိုင်ပွဲအကြောင်းသိရန် Click

ဒီ ‘စက်ရုပ် လက်ရည်စမ်းပြိုင်ပွဲ’ ကိုကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်၊ ကပ် ဆိုက်ပြီးတဲ့နောက် ဒုက္ခသည်တွေကို အကူအညီပေးနိုင်မယ့် စက်ရုပ်တွေကို ကမ္ဘာလုံးဆိုင်ရာ ၀ိုင်းဝန်း တည်ဆောက်ပြီး တိုးတက်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ လူသားဆန်ဆန် စက်ရုပ်တွေလဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လုပ်ဆောင်ရတဲ့ အလုပ်တွေကတော့ တောကြမ်း၊ မြေကြမ်း ဖြတ်လျှောက်ခြင်း၊ နံရံ လွန်ဖောက်ခြင်း၊ ကားမောင်းခြင်း စတာတွေပါ။ Google က မ’တည်ထားပြီး ဂျပန်အသင်း SCHAFT က တည်ဆောက်ခဲ့တဲ့ ပြိုင်ပွဲဝင်စက်ရုပ်ဟာ ပြိုင်ပွဲမှာ အခက်အခဲမရှိ၊ ကျွမ်းကျွမ်းကျင်ကျင် ပြသနိုင်ခဲ့ပါတယ်။ လှေကားတွယ်တက်၊ တောကြမ်း မြေကြမ်း လမ်းပြ၊ အကျိုးအပဲ့ အပျက်အစီးရှင်း၊ မီးသတ်ပိုက် ထိန်း စတဲ့ လုပ်ငန်းတာဝန်တွေအတွက် “best in task” ဆုကိုရရှိခဲ့ပါတယ်။ အံ့သြစရာကောင်းတာ တစ်ခုကတော့ NASA ကထုတ်တဲ့ Valkyrie စက်ရုပ်ဟာ လက်ရည်စမ်းပွဲ တစ်လျှောက် တစ်မှတ်တောင် မရခဲ့တာပါပဲ။

Ref:gurdianlv

တော်လှန်သောကွန်ပျူတာများ





သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်ဆိုပြီး လူ့သမိုင်းဟာ ခေတ်ပေါင်းစုံကို ကျော်ဖြတ်လာခဲ့ပါတယ်။ တော်လှန်သောဆိုတဲ့နေရာမှာလည်း ခေတ်တစ်ခေတ်ကနေ နောက်တစ်ခေတ်၊ စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုကို ကူးပြောင်းဖို့ လူတွေအသက်၊ သွေး၊ ချွေးပေါင်းများစွာနဲ့ ရင်းနှီးခဲ့ကြရတယ်။ တော်လှန်ရေးမှာလည်း သွေးစွန်းသော တော်လှန်ရေး၊ သွေးမဲ့တော်လှန်ရေးဆိုပြီး အနေအထားတစ်ခုကနေ အခြား အနေအထားတစ်ခုကို ကူးပြောင်းသွားတာတွေလည်းရှိတယ်။

လူတွေက ကွန်ပျူတာစိတ်ကူးကို ၁၉ ရာစုလောက်တည်းက ရခဲ့ကြတယ်။ ဒါကြောင့် ကွန်ပျူတာတော်လှန်ရေးဆိုတာ နှစ်ကာလပေါင်းများစွာ သန်ေဓတည်ခဲ့ပြီးမှ ပေါက်ဖွားလာခဲ့တဲ့ သွေးမဲ့တော်လှန်ရေးလို့လည်းပြောနိုင်တယ်။ ကွန်ပျူတာ ပေါ်လာလိုက်တာဟာ လူ့သမိုင်းကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမြော်ဖြစ်သွားလောက်အောင် ပြောင်းလဲသွားပါတယ်။ အဲဒီလို ဖြစ်အောင် ဘယ်လိုတွေ ကြိုးပမ်းခဲ့ရပါသလဲ။

The Difference Engine



Charles Babbage ဆိုသူပုဂ္ဂိုလ်က ကွန်ပျူတာဆိုတဲ့စိတ်ကူးကို စတင်ခဲ့တယ်။ သူက အဲဒီစက်ကို Difference Engine ဆိုပြီး စတင်ခဲ့တာဖြစ်တယ်။ ဗြိတိသျှအစိုးရကို သူ့စက်တီထွင်နိုင်ရေး အကူအညီဆက်ပေးဖို့တောင်းဆိုတော့ အငြင်းခံလိုက်ရတယ်။ စတင်တီထွင်စဉ်က သင်္ချာတွက်စက်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အပံ့မရလို့ သူလည်း လုပ်ငန်းကို ရပ်ခဲ့ရတယ်။ ဒါကြောင့် ၁၈၂၂ ခုနှစ်လောက်မှာ စတင်တီထွင်ခဲ့ပေမယ့် ဗြိတိန်တွေဟာ ပထမဦးဆုံး တီထွင်သူ စာရင်းမဝင်ခဲ့ဘူး။ Babbage လုပ်ဆောင်ခဲ့တဲ့ ဂဏန်းတွက်စက်ဟာ အံ့သြစရာကောင်းလောက်အောင်ကောင်းတဲ့ သမိုင်းဦး ကွန်ပျူတာစက်လို့ ပြောရမယ်။ အဲဒီအချိန်က တီထွင်ခဲ့တဲ့စက်ကတော့ မရှိတော့ဘူး။ ယခုပြတိုက်မှာ ပြထားတဲ့စက်က ပုံစံတူ ပြန်လည်တည်ဆောက်ပြသထားတာလို့ သိရတယ်။ ခုလည်း အဲဒီစက်က အလုပ် လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ENIAC



အမေရိကန်စစ်တပ်အတွက် တည်ဆောက်ထားတဲ့ Electronic Numerical Integrator And Computer (ENIAC) ကွန်ပျူတာစက်ဖြစ်ပါတယ်။ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၃၅၇ မျိုးလောက် လုပ်ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်လောက်က တီထွင်ပြီးအသုံးပြုခဲ့တဲ့ ပရိုဂရမ်သုံးကွန်ပျူတာလို့ဆိုနိုင်တယ်။ စက်အလေးချိန် တန် ၃၀ လောက်ရှိပြီး Vacuum Tube လို့ခေါ်တဲ့ မီးလုံးပေါင်း ၁၇,၄၇၈ လုံး အသုံးပြုထားတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင် 150 kilowatts လောက်အသုံးပြုတယ်။ ပရိုဂရမ်စနစ်က မီးလုံး၊ ကြိုး၊ ခလုတ်တွေနဲ့ ပေါင်းစပ်ပြီး အလုပ်လုပ်တယ်။

IBM System/360



စီးပွားရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေမှာသုံးဖို့ IBM က System/360 ဆိုတဲ့ ကွန်ပျူတာကြီးကို တီထွင်ပြီး လုပ်ငန်းသုံး မိတ်ဆက်နိုင်ခြင်းဟာ စီးပွားရေးလောကကြီးတစ်ခုလုံးအတွက် ပြုပြင်ပြောင်းလဲမှုတစ်ခုကို စတင်လိုက်ခြင်းလို့ ဆိုရမယ်။ ၁၉၆၄ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက သမိုင်းဝင် S/360 ကွန်ပျူတာနဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လုပ်ငန်းကြီးတွေမှာ ကွန်ပျူတာမသုံးမဖြစ်အနေအထားရောက်လာအောင် အုတ်မြစ်ချလိုက်တာလို့ ဆိုနိုင်ပါတယ်။

Datapoint 2200



၁၉၇၀ ပြည့်နှစ်လောက်မှာ ပေါ်လာတဲ့ ကွန်ပျူတာဖြစ်ပါတယ်။ ကွန်ပျူတာတွေကို တန်နဲ့ချီပြီး ဘောလုံးကွင်း တစ်ကွင်းစာ လောက်ရှိတဲ့ အခန်းကျယ်ကြီးတွေကနေ အိမ်ခန်းထဲ သွင်းလာနိုင်တဲ့ ကွန်ပျူတာလေးတွေ ဖြစ်တည်လာခြင်းရဲ့ သမိုင်းအစ လို့လည်းဆိုနိုင်တယ်။ တစ်ကိုယ်ရည်သုံးကို အဲဒီအချိန်က Single-user လို့ပဲပြောသေးတယ်။ Personal လို့ မပြောသေးဘူး။ ယခုအချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Computer Terminal Corp. (CTC) ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာဖြစ်ပါတယ်။ Datapoint 2200 လို့ခေါ်တဲ့ အဲဒီကွန်ပျူတာဟာ ယနေ့ခေတ် PC ကွန်ပျူတာ တွေရဲ့ သမိုင်းအစလို့လည်း ပြောနိုင်တယ်။ ကွန်ပျူတာကို ဒီလောက်သေးအောင် လုပ်နိုင်တာဟာ Intel ကုမ္ပဏီက ထုတ် လိုက်တဲ့ single chip ပရိုဆက်ဆာကြောင့်ဖြစ်ပါတယ်။ ပရိုဆက်ဆာ chip တစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စုပြုံထည့်လာနိုင်ခြင်းဟာ ခန်းလုံးပြည့် ကွန်ပျူတာစနစ်ကို တော်လှန်ပြီး ပေါ်ပေါက်လာခဲ့ရတာဖြစ်တယ်။ အဲဒီ အချိန်ကစပြီး Intel ကုမ္ပဏီလည်း သမိုင်းဝင်တီထွင်မှုများရဲ့ အဓိကကျတဲ့နေရာကနေ ပါဝင်လာခဲ့ရတယ်။ PC Microprocessor တွေပေါ်ပေါက်လာခြင်းဟာ ကွန်ပျူခေတ်မှာလည်း ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲလိုက်ခြင်းဖြစ်ပါတယ်။

Xerox PARC Alto



ကွန်ပျူတာခေတ်ထဲကို Windows, icon, mouse, cursor ဆိုတာတွေဝင်လာတယ်။ ဖန်သားပြင်ပေါ်မှာတွေ့နေရတဲ့ အရုပ်လေးတွေကို မောက်စ်လို့ခေါ်တဲ့ ကိရိယာလေးနဲ့ click လုပ်ပြီး ထိန်းချုပ်ဖန်တီးနိုင်စွမ်းတွေ ရလာတယ်။ ကွန်ပျူတာ ထဲကို ဟာ့ဒ်ဒစ်တွေထည့်ပေးနိုင်လို့ အချက်အလက်တွေ သိုလှောင်လို့ရလာတယ်။ Ethernet ဆိုတာပေါ်လာလို့ ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးသုံးလာနိုင်တယ်။ အိမ်သုံး၊ ရုံးသုံးတဲ့အဆင့်ဖြစ်လာတယ်။ Xerox Palo Alto Research Center က ၁၉၇၄ ခုနှစ်က ထုတ်တာဖြစ်ပြီး PARC ကွန်ပျူတာလို့လည်း သိကြတယ်။ ဈေးကွက်ကို သိပ် မရောက်ခဲ့ဘူး။

TRS-80



၁၉၇၇ ခုနှစ်မှာ Radio Shack ကနေ TRS-80 လို့အမည်ပေးထားတဲ့ကွန်ပျူတာ လုံးရေ ၃၀၀၀ လောက် ထုတ်လိုက် တယ်။ အဲဒီအချိန်ကတော့ ဆိုင်တွေမှာ ရောင်းရသမျှ ငွေစာရင်းကို ဖြည့်သွင်းဖို့ အဓိကသုံးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း ငွေဖြည့်ရုံသက်သက်မဟုတ်တော့ဘဲ အချက်အလက် မှတ်တမ်း(documentation) တွေကို ဖြည့်သွင်းလို့ရအောင် လုပ်လာနိုင်ပြီး Trash-80 ကွန်ပျူတာလို့ လူသိများလာတယ်။ အတိုကောက် TRS-80 လို့ခေါ်တယ်။ သူနဲ့တွဲပြီး third-party ဆော့ဖ်ဝဲထုတ်လုပ်မှုတွေလည်း အစပျိုးလာတယ်။ ဒီစက်လေးမှာ အထက်တန်းကျောင်းသားလေးတွေက ပရိုဂရမ်တွေ ရေးသားထည့်သွင်းပြီး ကွန်ပျူတာခေတ်ပြောင်းတော်လှန်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။

Apple II



Apple ကုမ္ပဏီကို စတင်ထူထောင်နိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ Apple ကွန်ပျူတာတွေကို ထုတ်နိုင်ခဲ့တယ်။ နှစ်ပေါင်း ၁၅ နှစ် လောက် ဈေးကွက်မှာ လွှမ်းမိုးထားနိုင်လောက်အောင် လူကြိုက်များခဲ့တယ်။ Apple II ကွန်ပျူတာအဆင့်မှာ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ထုတ်ပြီး ဖြန့်ချိနိုင်တဲ့အဆင့်ရောက်လာတယ်။ တီထွင်သူတွေက ဖန်သားပြင်ပေါ်မှာ ပုံပြရောင်စုံ GUI စနစ်နဲ့ သုံးနိုင်အောင်စီစဉ်ပေးခဲ့တာကြောင့် ပညာရေးအတွက်သုံးဖို့ ပိုပြီး စိတ်ဝင်စားသွားကာ ပေါက်သွားတယ်လို့ ဆိုရမယ်။ ကလေး ကြိုက်ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းကြီးတွေမှာ သုံးဖို့ကျတော့ ကလေးကလားဆန်တယ်ဆိုပြီး သိပ်အားမပေးခဲ့ကြဘူး။

IBM PC



၁၉၈၁ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက အမြန်ဆုံး၊ လုပ်ငန်းသုံးအတွက် အဆင်အပြေဆုံး မိုက်ခရိုကွန်ပျူတာဆိုပြီး ထုတ် လိုက်ပါတယ်။ ကွန်ပျူတာလောကအတွက် ဟာ့ဒ်ဝဲဆိုတာဘာ၊ ဆော့ဖ်ဝဲဆိုတာဘာ၊ ကွန်ပျူတာဆိုတာဘာလို့ ကွဲပြားစွာ Standard တစ်ခုကို တည်ဆောက်ထူထောင်ပြလိုက်တာလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်က ကွန်ပျူတာဆိုတာ ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်စံအတိုင်းထုတ်နေကြတာများတော့ လူတွေအနေနဲ့ နားလည်ရ ဝေခွဲရခက်ခဲခဲ့ပါတယ်။ Clone ကွန်ပျူတာ စနစ်နဲ့ လူတိုင်းအတွက် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲတွေ လိုသလောက်ရယူသုံးစွဲနိုင်အောင် IBM ကုမ္ပဏီက ဈေးကွက်မှာ ဖြန့်ခဲ့တယ်။ Personal Computer (PC) ခေတ်ဟာ ခုမှ တကယ်ရောက်လာတယ်လို့ ဆိုရမှာပါ။

Apple Macintosh



၁၉၈၄ ခုနှစ်လောက်မှာ ကွန်ပျူတာတစ်ခေတ်ဆန်းအောင် Apple ကုမ္ပဏီက ကြံဆောင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာကို အိမ်တိုင်းမှာ မရှိမဖြစ်၊ မသုံးမဖြစ်အနေအထားရောက်အောင် လုပ်နိုင်ခဲ့တာလို့လည်း ဆိုရမယ်။ ယခင် ကွန်ပျူတာတွေ သုံးရတာ ကွန်ပျူတာနားလည်အောင် command လိုင်းတွေ ဝင်ရေးမှ သုံးလို့ရတယ်။ အထူးသဖြင့်တော့ IBM ကထုတ်တဲ့ PC တွေမှာ MS-DOS လို့ခေါ်တဲ့ operating system ကိုသုံးပြီး စာတွေရိုက်ထည့်သုံးကြရတယ်။ Apple က အဲဒီခေတ်ကို ပြောင်းလိုက်ပါတယ်။ ဂရပ်ဖစ်ပုံတွေကို မြင်ကွင်းပေါ်မှာ မောက်စ်နဲ့ တိုက်ရိုက် click လုပ်ပြီး ကွန်ပျူတာကို သုံးနိုင်တဲ့စနစ်ကို တွင်ကျယ်အောင်လုပ်ခဲ့တယ်။ သူတို့ကြောင့်လည်း Graphical User Interface (GUI) စနစ်ဟာ ပိုပြီး တွင်ကျယ်ခေတ်စားလာခဲ့ရတယ်။ ဈေးကွက်နဲ့ စီးပွားရေးအရ အောင်မြင်တဲ့တီထွင်ချက်ဖြစ်ပါတယ်။

IBM Roadrunner



Super Computer ဆိုပြီးနှစ်ပေါင်းများစွာ တီထွင်ခဲ့ကြတာ မရိုးနိုင်ပါဘူး။ အိမ်သုံး ရုံးသုံး ကွန်ပျူတာလေးတွေရှိသင့် သလို၊ လုပ်ငန်းသုံးအတွက်လည်း ကွန်ပျူတာကြီးတွေ ရှိသင့်ပါတယ်။ နိုင်ငံနဲ့ချီပြီး လုပ်ရတဲ့ လုပ်ငန်းတွေမှာလည်း Super ကွန်ပျူတာကြီးတွေ လိုအပ်ပါတယ်။ ဒေတာတွေ မြောက်မြားစွာ သိုလှောင်နိုင်ရမယ်၊ မြန်ဆန်စွာ တွက်ချက်နိုင်ရမယ်ဆိုတဲ့ အဓိကအချက်တွေကို Super ကွန်ပျူတာတွေကပဲ ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်ကထုတ်ခဲ့တဲ့ ENIAC ကွန်ပျူတာတွေထက် ပိုကြီးပေမယ့် စွမ်းဆောင်နိုင်ရည်ကတော့ ပိုပြီးတော့ ကောင်းလာပါတယ်။ ယခင် တစ်စက္ကန့်ကို Quadrillion (one followed by 15 zeros) လောက် လုပ်နိုင်စွမ်းကနေ Petaflop (one million billion) လောက် လုပ်ဆောင်နိုင်စွမ်းတွေတိုးလာတယ်။ ယနေ့ခေတ်တိုင်အောင် Super ကွန်ပျူတွေကို နိုင်ငံတော်အနေနဲ့ ဂုဏ်ယူပြီးတည် ထောင်နေကြဆဲဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...