Thursday, August 7, 2014

နာရီပိုင်းသာခြားပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ Don နဲ့ Maxine Simpson တို့ရဲ့ အံ့အားသင့်ဖွယ် ဖြစ်ရပ်ဆန်း




Don နဲ့ Maxine Simpson တို့ဟာ ၆၂နှစ်ကြာ လက်ထပ်ပေါင်းသင်း အတူတကွနေထိုင်ခဲ့ကြသလို ဘ၀ရဲ့ နောက်ဆုံးနေ့ရက်လည်း တူညီခဲ့ကြပြီး ကွယ်လွန်ဆုံးပါးချိန်ဟာလည်း နာရီပိုင်းသာ ကွာခြားခဲ့ကြပါတယ်။ ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ၀ထ္ထုဇာတ်လမ်း မဟုတ်တဲ့ ဖြစ်ရပ်မှန်တစ်ခုအဖြစ် ထူးခြားစွာ တည်ရှိခဲ့ပါပြီ။

“ဒါဟာတကယ်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။အဖိုးနဲ့ အဖွားနဲ့ တူတူနေပြီး တူတူသေကြမယ်ဆိုတာ ကို ကျွန်မ သိနေခဲ့ပါတယ်။ တကယ်ဖြစ်လာတော့မယ်လို့လည်း ထင်နေခဲ့ပြီးသားပါ။” လို့ Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan ကပြောပါတယ်။

Bowling ကစားရင်းတွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတဲ့ ဇနီးမောင်နှံ ဟာ သား ၂ ယောက်ကို မွေးဖွား ကြီးပြင်းစေခဲ့ပြီး သူတို့ ၂ ယောက် အတူတူဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေ ဟာပျော်ရွှင်မှု အတိပြီးခဲ့တဲ့ အိမ်ထောင်ရေး ရဲ့ အချိန်ကာလတွေ ဖြစ်ခဲ့ပါတယ်။



“ဒါတွေအားလုံးက Don လိုချင်ခဲ့တာတွေပါပဲ။ သူ့ရဲ့ ဇနီးချောလေးအနားမှာ သူရှိနေချင်ခဲ့တယ်။ တကယ်တော့ အဖိုး က အဖွား ကို ကမ္ဘာကြီး ပျက်သွားတောင် ချစ်နေမှာပါ။သူ တကယ် မြတ်နိုးမိခဲ့တာပါ။” လို့မြေးမလေး Melissa Sloan ကပြောပြတယ်။

Don ဟာလွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ် လောက် က ခါးရိုးကျိုးခဲ့တဲ့ အတွက် ဆေးရုံကို တင်ထားရချိန်မှာပဲ Maxine ရဲ့ ကင်ဆာရောဂါ ကအခြေအနေဆိုးပြီး အရေးပေါ် အခြေ အနေ ကိုရောက်ခဲ့တဲ့ အတွက် မြေးမလေး Melissa Sloan နဲ့ သူမရဲ့ ညီမတို့ က Don နဲ့ Maxine Simpson ကို နေအိမ်မှာရှိတဲ့ အခန်းတစ်ခန်း မှာ အတူတကွ အနားယူ ဆေးကုသမှုခံယူစေခဲ့ပါတယ်။

“အဖွားကအိပ်ရာကနိုးနိုးချင်း အဖိုးကိုတွေ့လိုက်တော့ သူတို့၂ယောက် အတူတူရှိနေတယ်ဆိုတဲ့ အသိနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ဆုတ်ကိုင်ထားကြတယ်” လို့ Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan ကပြောပါတယ်။



Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan ဟာ သူမရဲ့ အဖွားအတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ သွားရောက်ချိန်မှာ Maxine ဟာအသက်ရှုရ ခက်နေတယ်ဆိုတာMonitor မှာ ပေါ်လာပြီးတဲ့နောက် ကွယ်လွန်သွားခဲ့တဲ့အတွက် Melissa Sloan က Don ရဲ့ အခန်းထဲကို ပြေးသွားချိန်မှာ Don ဟာ အသက်မရှုတော့ပါဘူး။

“သူတို့၂ယောက်က အတူတူထွက်ခွာသွားခဲ့ကြတာပါ။ဒါအရမ်း အံ့သြဖို့ကောင်းတဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပါ” လို့ Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan က မှတ်ချက်ပေးခဲ့ပါတယ်။

Ref:intouchweekly.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...