Showing posts with label ချက်နည်းပြုတ်နည်း. Show all posts
Showing posts with label ချက်နည်းပြုတ်နည်း. Show all posts

Sunday, September 15, 2013

မစားဖူးသူတွေအတွက် လျှာလည်သွားဖို့ တာဝန်ယူတဲ့ အီကြာကွေးအစာသွပ်ကြော်

ဒီ အီကြာကွေ အစားသွပ်ကြော်က ၀တ်ရည် ထွင်ထားသည့် ဟင်းသစ် တစ်မျိုးပါ။ မနေ့ညနေပိုင်း ညနေစာ အဖြစ် လုပ်စားတာ အိမ်သာ အားလုံး ကြိုက်နှစ်ကြတဲ့ ဟင်းသစ် တစ်မျိုးပါ။ အီကြာကွေ အစားသွပ်ကြော်က ကြွပ်ရွပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် လုပ်စားကြည့်ဖို့ မမေ့ကြနဲ့နော်…
အီကြာကွေ အစားသွပ်တွင် ပါဝင်သောပစ္စည်းများ
၁။ အီကြာကွေ – ၄ချောင်း (ပူးတွဲ မဟုတ်ပါ)
၂။ ကြက်သား(သို့) ၀က်သား – ၁၅ ကျပ်သား (နှုတ်နှုတ်ဆင်းထားပါ)
၃။ မှိုခြောက်ပွင့် – ၅ပွင့် (ပြုတ်ပြီ အတုံးသေးငယ်များ တုံးထားပေးပါ)
၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း၁ဇွန်း
၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ သကြား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၈။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ နှမ်း – အနည်းငယ်
အီကြာကွေ အစားသွပ်ကြော် ချက်နည်း
၁။ နှုတ်နှုတ်စဉ်းထားသော ကြက်သား(သို့) ၀က်သားကို (ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ နှမ်းဆီ) အားလုံးဖြင့် ခွက်တစ်ခုထဲ ရောနုယ်ထားပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ နုယ်ထားသော ကြက်သားများကို ထည့်လိုက်ပါ။
၃။ ဆီပြန်လာလျှင် အတုံးသေးများ တုံးထားသော (မှိုခြောက်) များကို ထည့်ပြီ ကြက်သားနူးစေရန်ေ၇( ဆန်ချိန်ခွက် ၃ပုံ၁ပုံ) ထည့်လိုက်ပါ။
၎။ နောက်တချိန် ဆီပြန်လာလျှင် အရသာအပေါ့အငံ့ မြည်း၍ ပန်းကန်တစ်ခုထဲ ပြန်ဖယ်ထားပါ။
၅။ အီကြာကွေ အစားသွပ်ပါတော့မည်။ အီကြာကွေ ၁ချောင်းကို တစ်ဝက်ဝက်၍ အစားသွပ်နိုင်ရန် အပေါက်ကို ကျယ်ကျယ်လုပ်ပြီ ချက်ထားသော ကြက်သားများကို အီကြာကွေ ထဲသို့ အစားသွပ်ပေးပါ။
၆။ ထိုနည်းအတိုင်း ကျန် အီကြာကွေများကို ဆက်လက် အစားသွပ်ပေးပါ။ ပြီးလျှင် အစားသွပ်ထားသည်များ ပြန်မထွက်စေရန် သွားကြာထိုးတံဖြင့် ပြန်ပိတ်ထားပေးပါ။

ရ။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်၍ ဆီပူလာလျှင် အီကြာကွေများကို စက္ကန့် ၃၀မျှ ကြွပ်ရွရုံ ထည့်ကြော်ပါ။ (မကြော်ခင် သွားကြထိုးတံများ ပြန်ဖြုတ်ခဲ့ပါ)
၈။ ကြော်ပြီးလျှင် အီကြာကွေ အစားသွပ်ကြော်များကို ၁လက်မအရွယ်လေးများ လှီးပေးပြီ အပေါ်မှ နှမ်းလေးများ ဖြူး၍ ထမင်းပူပူလေးဖြင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…
By Wutyee Food House



Sunday, September 8, 2013

ရုံးပိတ်ရက်မှာ ၀က်သားဒုတ်ထိုးအိမ်မှာ လုပ်စားရအောင်



ပါဝင်သောပစ္စည်းများ
၁။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ ၀က်နားရွက်၊ ၀က်အရွတ်၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း
၎။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
၆။ နတ်နတ်ပွင့် – ၇ခု
၇။ သစ်ဂျပိုး – ၄ခု
၈။ ကလဝေရွက် – ၆ခု
၉။ နတ်မတ် (nutmeg) – ၂ခု (ခြစ်ထည့်ပေးပါ)
ချက်ပြုတ်နည်း
၁။ ၀က်အစုံ များကို အတုံးကြီးကြီး တုံးပါ။
၂။ ပြီးလျှင် ၀က်အစုံအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁၀ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၇ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၎။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ၀က်အစုံကို ထည့်မွှေပေးပါ။
၎။ ဆီပြန်လျှင် ရေကို ၀က်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် ၅ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၅။ ၀က်အစုံနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ထို့နောက် ၀က်အစုံကို ပါးပါးလှီးပြီး တုတ်ထိုးပြီး ရလာသော ဆော့ရည်နှင့်လည်း တွဲဖက်စားနိုင်ပါသည်။
(သို့)
၇။ ၀က်အစုံကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးမှ ၀က်အစုံမှ ဆော့ရည်များကို လောင်းချလိုက်ပါ။
၈။ ကိုယ်အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ၀က်သားတုတ်ထိုးရရှိပါသည်။ ၀က်သားတုတ်ထိုးကို ငရုတ်သီးဆော့နှင့်တွဲဖက်စားနိုင်ပါသည်။
ဟင်းအကြောင်း
-၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။
By Wutyee Food House

Related Posts Plugin for WordPress, Blogger...