Friday, October 18, 2013

အမြင်တစ်မျိုး အကြည့်ခံလာနေရတဲ့ စာနယ်ဇင်းလောက

တစ်နှစ်သား စာနယ်ဇင်း လွတ်လပ်ခွင့် ပြီးခဲ့တဲ့နှစ် စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သိပ်မကြာခင် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် ပြည်သူ့လွှတ်တော်ထဲသွားပြီး 'ပုံနှိပ်ထုတ်ဝေ' ဥပဒေကြမ်း သွားတင် ပါတယ်။ အဲဒီ ဥပဒေကြမ်းတင်တဲ့အခါ ၀န်ကြီးက စာပေစိစစ်ရေး မရှိတော့လို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်ပေးလိုက်လို့ ဂျာနယ်တွေမှာ လောင်းကစားနဲ့ ပတ်သက်တာတွေ ဖော်ပြလာကြတယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ် တာတွေ ဖော်ပြလာကြတယ်၊ ဒါတွေကြောင့် အဲဒီဥပဒေကြမ်းလွှတ်တော်ကို တင်ရတာပါလို့ ပြောဆိုခဲ့ ပါ တယ်။ ခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း လောကသားတွေကြား သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့...

"စီးခံ စီးခံ၊ ခန္တီစ ဆိုတဲ့ စီးခံခြင်း တရား လက်ကိုင်ထားရမယ်လို့ ၀တို့ ဘုရား ဟောခဲ့တယ်လေ"

"မောင်ကြွက်နီရေ... လူဝင်မှုကြီးကြပ် ရေးမှာ မင်းအသိလေးများမရှိဘူးလား" လို့ မေးမိတော့ မောင်ကြွက်နီက - "ဘာဖြစ်လို့လဲ၊ ခင်ဗျားကြီး မှတ်ပုံတင် ပျောက်ပြန်ပြီလား" တဲ့။ "မဟုတ်ရပါဘူးကွာ။ ငါ့မှတ်ပုံတင်မှာ လူမျိုးနေရာလေးပြောင်းချင်လို့ပါ" ဆိုရင်ပဲ မောင်ကြွက်နီက မျက်လုံးပြူးပြီး "ဘာလဲ ခင်ဗျားက မှတ်ပုံတင်မှာ ဘင်္ဂါလီဗမာ ဖြစ်နေလို့လား" တဲ့။ "နင့်အမေကလွှားမှပဲ။ ငါက အညာသားစစ်စစ်ကွ။ အသားမည်းတာနဲ့ ငါ့ကို ပြောရက်တယ်ပေါ့။ ဒါပေသည့်မောင်ကြွက်နီရေ ငါက မှတ်ပုံတင်မှာ ဗမာလူမျိုးလို့ ရေးထားတာကနေ၊ တရုတ်ဗမာဆိုပြီး ပြောင်းချင်လို့ကွ" "ဘာ...ဘာ... ဘာပြောလိုက်တယ်။ သူများတွေက မြန်မာနိုင်ငံထဲ...

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၅)

ပြည်သူ့ထောက်ပံ့ရေး ဘုတ်အဖွဲ့၊ လယ်ယာစိုက်ပျိုးရေး ပရိုဂျက်များနှင့်ပတ်သက်၍ကား "ဒေသဆိုင် ရာ လိုအပ်ချက်ထက် ပိုလျှံနေသော သီးနှံများကို အစိုးရကဝယ်ယူမည်ဟု ကြေညာရမည်"ဟု အဆိုပြု ထားသည်။ "မက်လောက်သော ဈေးနှုန်းများပေးခြင်းဖြင့် ဈေးကွက်ကို အာမခံနိုင်ပါမှ အများဆုံး ကုန်ထုတ်လုပ်မှု နှင့် အခြေအနေမှန်ကို အမြန်ပြန်ရောက်မှုတို့ကို အားပေးရာရောက်မည်"ဟု အစိုးရက မျှော်လင့် သည်။ မက်လောက်သော ဈေးနှုန်းများဟုဆိုထားသည်။ ဤဈေးနှုန်းတို့မှာ လယ်သမားများကို ပေးဖို့လား သို့မဟုတ်...

ဆင် အကောင် ၂၀ ကျော် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့

Friday, October 18, 2013ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘောနီဆည်အနောက်ဘက် ၅ မိုင်အကွာ ပဲခူးရိုးမ တောထဲ၌ သတ်ဖြတ် ခံထားရသော ဆင်ငယ်ရဲ့ ပုတ်ပွလောက်ထိုးနေသောဓါတ်ပုံဖြစ်ပါတယ်။၎င်း ဒေသတောနေ မုဆိုးအမည်ခံ လူတစ်စုမှ ဤသို့ပစ်ခတ်သတ်ဖြတ်နေသည်မှာ အကောင်၂၀ ကျော် ရှိပြီဖြစ်သည်ဟု သိရပါသည်။ဒေသခံရွာသားများမှ တာဝန်ရှိ သစ်တော၊ ရဲစခန်းများသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အကြောင်း အမျိုးမျိုးပြ၍ အရေးယူခြင်း မရှိခဲ့ပါ။ ၎င်းဆင်များသည် လယ်ယာကောက်ပဲသီးနှံ့များကိုလာရောက်ဖျက်ဆီးခြင်းလည်းမရှိ။...

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

Friday, October 18, 2013ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ကျောင်းသား/ ကျောင်းသူတွေကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့...

ငါးပါးသီလ တည်ကြပါစေလို။

•••••••••••••••••••••••••၁။ သူ့အသက်ကို သိလျက်သားနဲ့, ဒေါသစိတ်ထား သတ်ဖြတ်လို၊လုံ့လပြုကာ သေအောင်သတ်က, မုချမှတ်တော့ အကုသိုလ်၊လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊လွတ်လာပြန်လဲ ရောဂါစွဲ, ဆင်းရဲ အသက်တို၊အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။၂။ သူ့ဥစ္စာကို သိလျက်သားနဲ့, လောဘစိတ်ထား ခိုးယူလို၊လုံ့လပြုကာ ခိုးယူမိက, မုချမှတ်တော့ အကုသိုလ်၊လွန်ကျူးလျှင်နော် တကယ်ပဲပေါ့, အပါယ်ငရဲ ကျမည်ဆို၊လွတ်လာပြန်လဲ ဥစ္စာမွဲ, ဆင်းရဲ ဖြစ်တိုင်းကို၊အဲဒါကြောင့်, ပဉ္စသီလ တည်ကြပါစေလို။၃။...

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ NLD ပါတီ၏ ပြည်သူ့ဆန္ဒ သဘောထား ကောက်ခံမှုများအရ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူ အများစုဖြစ်နေ

 Created on Friday, 18 October 2013 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲကို ရန်ကုန်မြို့၌ အောက်တိုဘာ ၁၂ ရက်က ပြုလုပ်စဉ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုများအရ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူ အများစု ဖြစ်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်...

မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရရှိ၊ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၇၆ သန်းကျော်ဖိုး ပိုမိုကုန်သွယ်

 Created on Friday, 18 October 2013 တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-လားရှိုး) မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၄၇၆ သန်း ကျော်ဖိုး ပိုမိုကုန်သွယ်မှု ပြုလုပ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ မြန်မာ-တရုတ် နယ်စပ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့်...

Petronas ကုမ္ပဏီက ကုန်းတွင်းလုပ်ကွက် တစ်ခုစီအတွက် ဒေါ်လာ ၁၅ သန်း ၀န်းကျင်နှင့် ကမ်းလွန်လုပ်ကွက် တစ်ခုစီအတွက် ဒေါ်လာသန်း ၂၀၀ မှ ၃၀၀ ကြား ရင်းနှီးမြှုပ်နှံမည်

 Created on Friday, 18 October 2013 Petronas ကုမ္ပဏီမှ အထွေထွေမန်နေဂျာ မစ္စတာအာမက်လွတ်ပီဟာရွန် ရှင်းလင်းနေစဉ် မလေးရှားနိုင်ငံ၏ ရေနံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Petronas ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရသည့် ကုန်းတွင်းလုပ်ကွက် တစ်ခုစီအတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ ၀န်းကျင်နှင့် ကမ်းလွန်လုပ်ကွက် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ အကြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ မစ္စတာ...

၂၀၁၄ တွင် ကားတင်သွင်းခွင့် မူဝါဒအချို့ ပြောင်းမည် ကားဟောင်းအပ်၍ သွင်းသူများကို ၂၀၀၀ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၈ မော်ဒယ် အထိသာ သွင်းခွင့်ပြုမည်

 Created on Friday, 18 October 2013 ပြန်အပ်ကားဟောင်းများ စွန့်ပစ်ရာ နေရာကို တွေ့ရစဉ် လာမည့် ၂၀၁၄ ခုနှစ်တွင် ကားတင်သွင်းခွင့် ပြုရာ၌ တင်သွင်းခွင့်ပေးမည့် ကားမော်ဒယ်များကို ပြောင်းလဲသွားမည်ဖြစ်ပြီး ကားဟောင်းအပ်၍ သွင်းသူများ အနေဖြင့် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ် အထိသာ တင်သွင်းရတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။ ၂၀၁၁ ခုနှစ်မှစ၍ ကားဟောင်းအပ်၍ ကားသစ်ပြန်လည် တင်သွင်းမည့် သူများအား...

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ရန်ကုန်မြို့၌ ကွယ်လွန်

 Created on Friday, 18 October 2013 ဂါးဒီးယန်း ဦးစိန်ဝင်းကို ရွှေကလောင် ဆုနှင့်အတူ ၁၉၈၉ ခုနှစ်က တွေ့ရစဉ် သတင်းလွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့သော ၀ါရင့်သတင်းစာ ဆရာများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြစ်သော ဂါးဒီးယန်း ဦးစိန်ဝင်းသည် ကျောင်းကုန်းမြို့ ဇာတိဖြစ်ပြီး ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ...

ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံးတစ်လုံးနှင့် လက်လုပ်မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

 Created on Friday, 18 October 2013 နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး မြင်ကွင်း ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံး တစ်လုံးနှင့် လက်လုပ် မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းကဲ့သို့ အသံဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် လက်လုပ်မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်စဉ်များကို ရှမ်းပြည်နယ်...

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်နေပြီး မိုင်းခွဲမှုများကြောင့် သာသနိက အဆောက်အအုံ များအပေါ် သက်ရောက်မှုကို ထုတ်ပြန်မှု မရှိသေးသည့်အတွက် ဒေသခံများ စိုးရိမ်နေ

 Created on Friday, 18 October 2013 လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ တည်ရှိနေသည့် လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ) လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်နေပြီး စီမံကိန်းအတွက် မိုင်းဖောက်ခွဲ မှုများကြောင့် အဆိုပါ စီမံကိန်း ဗဟိုချက် တည့်တည့်တွင် တည်ရှိနေသော သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က သိရသည်။ လက်ပံတောင်းတောင်...

နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

 Created on Friday, 18 October 2013 ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်) အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏ အကွက်ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။...

ပြည်ထောင်စု အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

 Created on Friday, 18 October 2013 လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ် အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အောက်တိုဘာ ၁၅ ရက်တွင် လွှတ်တော်သို့...

ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် ..... တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား ..... KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း .... KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဗုံးဖောက်ခွဲများနှင့် ပတ် သက်ပြီး CCTV ကင်မရာများနှင့် သက်သေခံပစ္စည်းများအရ KNU မှ စောမြင့်လွင် အပါအဝင် အခြား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ဖောက်ခွဲခဲ့ သူမှာ KNU တပ်မဟာ (၅) မှ ဗိုလ်နေ တိုးဖြစ်ကြောင်း သတင်းများထွက်လာပြီးနောက်...

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဘွဲ့ရ အမျိုးသမီး စစ်ဗိုလ်လောင်း ၁၀၀ ဦးခန့် ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းခေါ်ယူမှုသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည် ခေါ်ယူမှုဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီသို့ပြောသည်။  အမျိုးသမီးဗိုလ်လောင်းများအလိုရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ပြီး နိုင်ငံပိုင်သတင်းစာ များတွင် ခေါ်ယူလျက်ရှိပြီး  တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူများ၊ မဟာဘွဲ့ရများ၊ ပါရဂူဘွဲ့...

Related Posts Plugin for WordPress, Blogger...