Friday, September 13, 2013

RAYTHEON ကုမ္ပဏီမှ ၁၂ဝ မီလီမီတာ အဆင့်မြင့် ခဲယမ်းများအား ထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေခြင်း

အမေရိကန် မရိန်းတပ်ဖွဲ့တွင် တာဝေးပစ် ၁၂ဝ မီလီမီတာ ပဲ့ထိန်းခဲယမ်း အမျိုးအစား အသစ်များ တပ်ဆင် အသုံးပြုနိုင်ရန် အတွက် ယင်းခဲယမ်းနှင့် ပတ်သက်သော ဒီဇိုင်းပုံစံ၊ တီထွင် ထုတ်လုပ်မှုနှင့် သရုပ်ပြ ပစ်ခတ်မှုနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Raytheon ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ဖော် ကြေညာခဲ့ပါသည်။တပ်ဖွဲ့အတွင်း အသစ် ထုတ်လုပ်မည့် ၁၂ဝ မီလီမီတာ ကွာဝေးမြှင့်ကျည် Precision Extended Range Munition(PERM)...

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်

အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထားသည်။...

အင်ဒိုနီးရှား နိုင်ငံသည် ကြည်းတပ်၏ ဝယ်ယူရေး အစီအစဉ်တွင် AH-64 APACHE ရဟတ်ယာဉ်များ ဝယ်ယူသွားမည်

အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန် တို့ထံမှ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးကို ဝယ်ယူသွားမည် ဖြစ်သည်။သို့သော် ဝယ်ယူရေး အတွက် အလုံးစုံ သဘောတူညီမှု မရရှိသေးပေ။ အာဆီယံ နိုင်ငံများအတွင်း စင်္ကာပူ ကြည်းတပ် တစ်ခုတည်းသာလျှင် AH-64 Longbow Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုလျက် ရှိသည်။ Apache တိုက်ယာဉ်အား အမေရိကန် ကြည်းတပ်၏ AH-1 Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နေရာတွင် အစားထိုးရန် အတွက် Hughes Helicopter ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက...

လေကြောင်းရန် ကာကွယ်ရေး လက်နက်များ

အိန္ဒိယ ကြည်းတပ်၏ နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်သော Prithvi-II တာဝေးပစ်ဒုံး စမ်းသပ် ပစ်ခတ်မှုမှာ အောင်မြင်ခဲ့ပြီး ၎င်းအား Chandipur off Orissa ကမ်းရိုးတန်းတွင် ကြည်းတပ်မှ စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၃၅ဝ ကျော် အကွာအဝေး အထိ ရောက်ရှိခဲ့သည်။အဆိုပါ ပြည်တွင်းဖြစ် မြေပြင်မှ မြေပြင်ပစ် ဒုံးအား ယာဉ်တင် ဒုံးပစ်စင် တစ်ခုပေါ်မှ တင်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ Prithvi သည် အိန္ဒိယ နိုင်ငံ၏ ပဲ့ထိန်းဒုံး လက်နက်များ (IGMDP) ထုတ်လုပ်ရေး အစီအစဉ်မှ ဂုဏ်ယူဝင့်ကြွားဖွယ်...

ကြောင်ပန်းရွက်နှင့် ဝမ်းဖောဝမ်းရောင် ရောဂါ

ယခုလို မိုးဦးကာလတွင် ဝမ်းရောဂါ၊ ဝမ်းဖောဝမ်းရောင် ရောဂါများ ဖြစ်လေ့ဖြစ်ထ ရှိပါသည်။ အကြောင်းမှာ သရက်သီး၊ ဖရဲသီး၊ ကနစိုးသီးနှင့် ပိန္နဲသီးစသည့် သစ်သီးဝလံများ ပေါချိန်ကာလ ဖြစ်၍လည်းကောင်း၊ ငါးချဉ်၊ ပုစွန်ချဉ်စသည့် လက်လုပ်ချဉ်များကို စားမိ၍ လည်းကောင်း ဝမ်းရောဂါအမျိုးမျိုး ဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့် ယင်နားစာများ၊ အမှည့်လွန် သစ်သီးများ စားမိပါက အများဆုံး ဖြစ်တတ်ပါ၏။ ဟင်းသီး၊ ဟင်းရွက် များမှာလည်း သဘာဝအရ စိုက်ပျိုးထုတ်လုပ်သော ပစ္စည်းများ မဟုတ်သဖြင့်...

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးဆိုင်ရာနှင့် အလှအပရေးရာ

မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ကျေးရွာ မြို့ပြမကျန် ဘာသာရေးပွဲများနှင့် အချိုပွဲများ တည်ခင်းရာ၌ မပါမဖြစ်သော ငှက်ပျောသီးမှာ စားသုံးရုံသာ မကကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကဏ္ဍများတွင်လည်း အသုံးဝင်ကြောင်း တင်ပြလိုက်ရ ပါသည်။နှလုံးဆဲလ် စွမ်းအင်မြှင့်တင် ပေးနိုင်သော ငှက်ပျောသီး နေ့စဉ်ပုံမှန် လှုပ်လှုပ်ရှားရှားဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြရသည့် လုပ်သားများအဖို့ ခန္ဓာကိုယ်ထဲရှိ နှလုံးကြွက် သားဆဲလ်များ အမြဲကျန်းမာသန်စွမ်း...

မရေရာမှုများ ဖြစ်ပေါ်နေသော ကမ္ဘာ့တိုက်ယာဉ် ဈေးကွက် အခြေအနေ

Frost & Sullivan ကုမ္ပဏီ၏ ဖော်ပြချက်များ အရ နိုင်ငံများစွာက ကာကွယ်ရေး အသုံးစရိတ်များ လျှော့ချမှုနှင့် ဝယ်ယူမှုများ ဆိုင်းငံ့နေခြင်း တို့ကြောင့် ကမ္ဘာ့ တိုက်ယာဉ်များ ဈေးကွက်သည် မရေရာမှုများနှင့် ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။အဆိုပါ ကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ ကြည်းတပ်သုံး တိုက်ယာဉ်များ ဈေးကွက်သည် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း နှစ်စဉ် တိုးတက်မှုနှုန်း (CAGR-compound annual growth rate) မှာ ဝ.၇% ကျဆင်းသွားဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ...

အိန္ဒိယ တပ်မတော်မှ M-777 ဟောင်ဝစ်ဇာ အမြောက်များ ဝယ်ယူနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း

အိန္ဒိယ တပ်မတော်သည် ယင်းတို့မှ ဝယ်ယူရန် ရွှေ့ဆိုင်း ထားရှိသော BAE ကုမ္ပဏီ၏ ၁၅၅ မီလီမီတာ M-777 အပေါ့စား ဟောင်ဝစ်ဇာ အမြောက် ၁၄၅ လက်နှင့် လေဆာ လမ်းညွှန်စနစ် Laser Inertial Artillery Pointing Systems တို့နှင့် ပတ်သက်၍ မကြာသေးမီ ကာလက အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် အဖွဲ့(၁)ဖွဲ့ဖြင့် အမေရိကန် နိုင်ငံသို့ သွားရောက်၍ ဝယ်ယူရေး ဆိုင်ရာ လုပ်ငန်းများအား အပြီးသတ် ဆောင်ရွက်နိုင် ရန် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ် ခဲ့ပါသည်။၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်နှင့်...

၁၅၅ မီလီမီတာ VULCANO SAL ပဲ့ထိန်းကျည်မှ အကွာအဝေး ၃၃ ကီလိုမီတာ ရှိသော ပစ်မှတ် တစ်ခုအား တိကျစွာ ထိမှန်ခဲ့ခြင်း

ပဲ့ထိန်းကျည် တစ်မျိုးဖြစ်သော VULCANO ကျည်အမျိုးအစား များတွင် ၁၂၇ မီလီမီတာနှင့် ၁၅၅ မီလီမီတာ ကျည်အမျိုးအစားများ ပါဝင်ပါသည်။ယင်းကျည်အမျိုးအစား တို့တွင် GPS/IR (သို့မဟုတ်) GPS/SAL (Semi-Active Laser)Terminal Homing လမ်းညွှန်စနစ် တို့ကို တပ်ဆင် အသုံးပြု ထားပါ သည်။ဂျာမနီနှင့် အီတလီ နိုင်ငံတို့၏ ပူးတွဲ စီမံကိန်း သဘောတူညီချက် အရ ၁၅၅ မီလီမီတာ ပဲ့ထိန်းကျည် အမျိုးအစားအား စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ပါသည်။ ယင်းစမ်းသပ်မှုတွင် အီတလီ ကာကွယ်ရေး ဝန်ကြီးဌာနမှ...

မြန်မာနှင့် မလေးရှား မာဒေးကား ဖလား ဗိုလ်လုမည်

 Friday, 13 September 2013 09:54(၄၁)ကြိမ်မြောက် မာဒေးကား ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ရက် (စနေနေ့) မြန်မာ စံတော်ချိန် ည ၇နာရီ ၁၅မိနစ်တွင် မလေးရှားနိုင်ငံ ခွမ်တန်မြို့ရှိ ပရိသတ် ၃၅ဝဝဝဆံ့ ဒါရုမက်ခ်မာ ကွင်းကြီး၌ မြန်မာ ယူ-၂၃နှင့် မလေးရှား ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။မြန်မာ အသင်းသည် အဖွင့်ပွဲတွင် ထိုင်းနှင့် တစ်ဂိုးစီ သရေ၊ ဒုတိယပွဲတွင် မလေးရှားနှင့် ခြေရည်တူ ကစားနိုင်ပြီး ၂ဂိုး- ၁ဂိုးဖြင့် ရှုံးကာ တတိယပွဲတွင် စင်ကာပူကို ၂ဂိုး-...

ကျွန်တော်နားမလည်သော နိုင်ငံရေးများ

(တစ်) မြန်မာ့နိုင်ငံရေးမှာ အစိုးရအဖွဲ့ အဆက်ဆက်ဟာ အတိုက်အခံတွေကို သတိထားစောင့်ကြည့်ရမယ့် အန္တရာယ်တွေအဖြစ်သာ မြင်ခဲ့တာကို သတိထားမိပါတယ်။ ကိုယ်နဲ့ အယူအဆ၊ အတွေးအမြင် မတူညီတာနဲ့ပဲ ရန်/ငါ ခွဲခြားတယ်ဆိုတာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ အဲ... အဲဒီလို ခံခဲ့ရတဲ့ အတိုက်အခံတွေကရော ဘယ်အစိုးရပဲတက်တက် အကောင်းမပြောတာ ဘာကြောင့်လဲ။ အမြဲတမ်း မှန်ကန်နေတဲ့လူဆိုတာ မရှိပါဘူး။ အမှားရှိမှာပါပဲ။ အစိုးရဆိုတာလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ယန္တရားတစ်ခု ဖြစ်တဲ့အတွက် အမှားကင်းစရာ အကြောင်းမရှိပါဘူး။ မှားတာတွေကိုချည်း လိုက်လုပ်နေတဲ့ အစိုးရရယ်လို့လည်း ရှိမယ်မထင်ပါဘူး။...

ယောင်္ကျားလေးများနှစ်သက်စဖွယ် ရင်သားတင်းတင်းလေးများပိုင်ဆိုင်နိုင်ဖို့ (For Girl)

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့...

Samsung Galaxy S4

Samsung ရဲ့ အသစ်စက်စက် Galaxy S4 ဟာ ဖုန်းလောကရဲ့ နျူကလီးယားဗုံးပါပဲ။ Full HD 1080p ထွက်ရှိမည့် ၅ လက်မမျက်နှာပြင်၊ Exynos 5 Octa (ပရောစက်ဆာ ၈ လုံး) ၊ 13 MB ကင်မရာ ၊ 2 GB RAM စသည်တို့ ပါဝင်တာကြောင့် လက်ရှိအချိန်မှာ hardware ပိုင်းအရ ပါဝါအမြင့်ဆုံး ဖုန်းတစ်လုံးအဖြစ် Sony Xperia Z နှင့် HTC One တို့နဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။Hardware ပိုင်းက မျှော်မှန်းထားတဲ့အတိုင်း ပါပဲ။ ဒါပေမယ့် Samsung အနေနဲ့ အားလုံးကို အံအားသင့်သွား စေတာကတော့ ဖုန်းရဲ့ အတွင်းပိုင်းက...

ကမာရွတ် လှည်းတန်းတွင် ကား ၃၀ ကျော်၏ ဘီးများ တစ်ပြိုင်နက်လေလျှော့ခံရ

စက်တင်ဘာ ၁၁ ရက်ညက ရပ်နားထားသော ကားများ၏ ဘီးများကို ချွန်ထက်သောအရာဖြင့် ထိုးဖောက်လေလျှော့ထားသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ငယ်ထွေးရန်ကုန် ၊ ဇူလိုင် (၁၂)ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း ရှောက်ပင်ခြံ(၈)ရပ် ကွက်အတွင်းရှိ မင်္ဂလာလမ်း၊ မ ဟာဆိုရှယ်လမ်း၊ အဝေယျာ လမ်း၊ ရတနာလမ်း၊ မဟာဘောဂ လမ်း၊ မာလာလမ်းနှင့် လှည်းတန်း လမ်းမ အပါအဝင် ဦးထွန်းလင်းခြံ လမ်းတို့ရှိ လူနေရပ်ကွက် တိုက် တန်းများရှေ့တွင် ညပိုင်းရပ်နား ထားသော မော်တော်ယာဉ်အစီး ရေ ၃ဝကျော်ခန့်၏ ကားဘီးများ...

မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

အောင်ခမ်း ( TSJ team )မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။ ကူညီထောက်ပံ့မည့်သူ မရှိခြင်း ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ...

သွေးနဲ့ရေးမယ့် ငါတို့ ကမ္ဗည်း

 ငါက စစ်သား သစ္စာတရားနဲ့လူ ယောဂီဝတ်တာမဟုတ်ဘူး တိုင်းပြည်အတွက် အသင့်ရှိတယ်။ ဘ၀ဆိုတာ တိုက်ပွဲ သေမှာလည်း မကြောက် နောက်မတွန့်ဘူးဟေ့။ လူမိုက်တော့မဟုတ်ဘူး တိုင်းပြည်အတွက်ဆို လူသတ်ရဲတဲ့ စိတ်တော့ရှိတယ်။ ပြောချင်တာပြောကြ တို့ပြည်လှဖို့ဆို အသက်ပေးပြီး အလှဆင်မဲ့ ရဲရဲတောက်စစ်သားတွေ။ ခေတ်အဆက်ဆက် ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက် မှန်ကန်တဲ့လမ်းကြောင်း မပြောင်းဘူးဟေ့။ ပေးအပ်တဲ့ တာဝန် ကျေအောင်ထမ်းလျက် ဦးထိပ်ပန်ဆင် သက်စွန့်လို့ တိုက်ပွဲဝင်မယ်။ မြင်အောင်သာကြည့်ထား အလကားလူမဟုတ် သူရဲကောင်းစိတ်ဓာတ် ရာဇ၀င်တွင်စေရမယ်။ တို့ပြည်နဲ့...

Samsung Galaxy S5 တွင်လည်း 64 bit Proccessor အသုံးပြုမည်

Samsung Mobile က စီးပွားရေး အရာရှိ Shin Jong-Kyun ကိုယ်တိုင် အင်တာဗျူးမှာ ဖြေကြားသွားတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းကတော့ လာမယ့် Samsung Galaxy S5 ကို 64 bit processing speed ရှိတဲ့ Chip ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိ iPhone 5S ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး 64 bit processor နဲ့မြင်တွေ့ရတဲ့ စမတ်ဖုန်းပါ။ ဒါကြောင့် သာမန်အသုံးပြုနေတဲ့ 32 bit chip တွေထပ် ၂ ဆတောင်မြန်သွားပြီး ဂိမ်း အပြင် အခြားသော Application ပေါင်း မြေက်များစွာကို တစ်ပြိုင်နက်တည်း နဲ့ ခပ်မြန်မြန်...

Related Posts Plugin for WordPress, Blogger...