Friday, September 13, 2013

အိန္ဒိယ တပ်မတော်မှ M-777 ဟောင်ဝစ်ဇာ အမြောက်များ ဝယ်ယူနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း






အိန္ဒိယ တပ်မတော်သည် ယင်းတို့မှ ဝယ်ယူရန် ရွှေ့ဆိုင်း ထားရှိသော BAE ကုမ္ပဏီ၏ ၁၅၅ မီလီမီတာ M-777 အပေါ့စား ဟောင်ဝစ်ဇာ အမြောက် ၁၄၅ လက်နှင့် လေဆာ လမ်းညွှန်စနစ် Laser Inertial Artillery Pointing Systems တို့နှင့် ပတ်သက်၍ မကြာသေးမီ ကာလက အဆင့်မြင့် အရာရှိကြီးများ


ပါဝင်သည့် အဖွဲ့(၁)ဖွဲ့ဖြင့် အမေရိကန် နိုင်ငံသို့ သွားရောက်၍ ဝယ်ယူရေး ဆိုင်ရာ လုပ်ငန်းများအား အပြီးသတ် ဆောင်ရွက်နိုင် ရန် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ် ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ဖွဲ့မှ အဖွဲ့ဝင်များ၊ အရည်အချင်း စစ်ဆေးရေး ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင်များသည် M-777 ဟောင်ဝစ်ဇာ အမြောက်များ၏ ကြံ့ခိုင် ထိန်းသိမ်းရေး လုပ်ငန်းများ သရုပ်ပြမှုအား လေ့လာရန် အတွက် Oklahoma ပြည်နယ် Fort Sill မြို့အခြေစိုက် အမေရိကန် တပ်မတော်၏ မြေပြင်ပစ် အမြောက်သင်တန်းကျောင်းနှင့် Mississippi ပြည်နယ်ံ Hatiesburg ရှိ BAE ကုမ္ပဏီ၏ M-777 ထုတ်လုပ်ရာ နေရာများသို့ သွားရောက် ခဲ့ပါသည်။

M-777 ဟောင်ဝစ်ဇာများအား ဗြိတိန်နိုင်ငံ Barrow-in-Furness ရှိ BAE Systems Global Combat Systems ဌာနတွင် ဒီဇိုင်း ရေးဆွဲ၍ Hatiesburg ရှိ စက်ရုံတွင် ပေါင်းစပ် တပ်ဆင်မှုများကို ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် အမြောက်များ ဝယ်ယူရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ၌ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲတွင် အပြီးသတ် ညှိနှိုင်းပြီး ဖြစ်ကြောင်း Banglore မြို့တွင် ကျင်းပခဲ့သည့် Aero India 2013 လေကြောင်း ပြပွဲသို့ တက်ရောက်ခဲ့သော ဗြိတိန် အစိုးရ တာဝန်ရှိသူများမှ Jane's သတင်းဌာနသို့ ပြောကြားချက်များ အရ သိရှိရပါသည်။

စမ်းသပ် ပစ်ခတ်မှုများအား အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ အမေရိကန် အစိုးရသို့ နိုဝင်ဘာလတွင် ပေးပို့ခဲ့သည့် စာပါ အချက်အလက်များ အတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံသည် အမေရိကန် ဒေါ်လာ ၆၄၇ သန်း တန်ဖိုးရှိသော M-777 ဟောင်ဝစ်ဇာ များနှင့် လေဆာလမ်းညွှန် စနစ်များအား အမေရိကန် ပြည်ပ စစ်လက်နက် ရောင်းချရေး US Foreign Military Sales(FMS) ဌာနမှ တစ်ဆင့် ဝယ်ယူမည် ဖြစ်ပါသည်။ အမြောက်များ၏ အရည်အသွေးအား စစ်ဆေးနိုင်ရန် အတွက် စမ်းသပ် ပစ်ခတ်မှုများအား ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ဝယ်ယူရေး လုပ်ငန်းဌာန၏ ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး Fort Sill မြို့နှင့် Hatiesburg မြို့များတွင် ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တာဝန် ရှိသူများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

စမ်းသပ် ပစ်ခတ်မှုများအား စာချုပ်မချုပ်မီ နောက်ဆုံးအဆင့် ဈေးနှုန်း၊ အပိုပစ္စည်းနှင့် ကြံ့ခိုင် ထိန်းသိမ်းမှုများနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ပြီးနောက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...