Friday, September 13, 2013

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အမြဲမပြတ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု မလေးရှား ကာကွယ်ရေး ၀န်ကြီးပြောကြား



၁၃-၉-၂၀၁၃


မလေးရှားနိုင်ငံ၏ ကာကွယ်ရေး နှင့် လုံခြုံရေး အာဏာ ပိုင်များ အနေဖြင့် အိမ်နီးချင်း ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ဒေသတွင် ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ ဝင်များနှင့် ဖိလစ်ပိုင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ( MNLF ) သူပုန်အဖွဲ့ တို့အကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှု များကို အမြဲ မပြတ် စောင့်ကြည့် လေ့လာ လျက် ရှိကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီး ဒါတုအဗ္ဗဒူ ရာဟင် ဘက်ကရီက ထုတ်ဖော် ပြောကြား ခဲ့သည်ဟု စက်တင် ဘာ ၁၂ ရက် NEWSnow သတင်းတစ်ရပ် အရ သိရသည်။




ထိုသို့ စောင့်ကြည့် လေ့လာခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ အတွင်း ပဋိပက္ခများ သည် နယ်မြေ ဆက်စပ် နေ သည့် မလေးရှားနိုင်ငံ ဆာ ဘားပြည်နယ် ၏ လုံခြုံရေး နှင့် ကာကွယ်ရေး အပေါ် သက်ရောက်မှု ရှိ ၊ မရှိနှင့် ပတ်သက်၍ ပိုမိုအကဲဖြတ် သုံး သပ်နိုင်မည် ဖြစ်ကြောင်း အဗ္ဗဒူရာဟင် ကပြော ကြား ခဲ့သည်။ ဖိလစ်ပိုင် စစ်ဘက်နှင့် MNLF သူပုန် တို့အကြား လက်ရှိ ဖြစ်ပွားနေသော တိုက်ခိုက်မှု များ သည် ဒေသတွင်း မတည်မငြိမ် မှုဆီသို့ ဦးတည် မည် ကို စိုးရိမ်ပူပန် ကြောင်းနှင့် ဆာဘား ပြည်နယ် တွင် အဆိုပါ ပဋိပက္ခများ ကူးစက် လာမည်ကို စိုးရိမ် ပူပန်မိကြောင်း ၊ သို့သော်လည်း မလေးရှား ကာကွယ်ရေး နှင့် လုံခြုံရေး အာဏာပိုင် များသည် ဖြစ်လာနိုင်ဖွယ် ရှိသော ပဋိပက္ခ တစ်စုံတစ်ရာ ကို ရင်ဆိုင် ဖြေရှင်းရန် အသင့်ရှိ ကြောင်းလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ သည်ဟု သိရှိရသည်။


ဖိလစ်ပိုင် စစ်ဘက်က ဘာစီလန် ပြည်နယ် Lamitan မြို့၌ မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး ( MNLF ) တပ်ဖွဲ့ဝင်များ ခိုအောင်း နေသည်ဟု သံသယရှိ သဖြင့် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်း ဒေသ စံတော်ချိန် ဝ၉၃ဝ နာရီမှ ၁ဝဝဝ နာရီအထိ လေကြောင်း တိုက်ခိုက်မှု တစ်ရပ်ပြုလုပ် ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှာပင် Lamitan မြို့၌ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် MNLF တပ်ဖွဲ့ဝင် တို့အကြား နံနက် ဝ၉ဝဝ နာရီခန့်တွင် စတင်၍ တိုက်ပွဲတစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ဘာစီလန် ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Mario Dapilloza က ဒေသတွင်း သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။


Lamitan မြို့၌ အဘူဆေယက်ဖ် သူပုန်အဖွဲ့ ၊ ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဖွဲ့ ( BIFF ) နှင့် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး ( MNLF ) တပ်ဖွဲ့တို့ ပူးပေါင်း ထားသော အင်အားစုများ နှင့် အစိုးရ တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် ဒေသခံ ၆ ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ယင်း အခြေအနေမှာ MNLF တိုက်ခိုက်ရေး သမားများက ဓားစာခံ ၁၆၈ ဦးကို ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာဖြင့် ပိတ်ဆို့ ထိန်းချုပ် ထားသည့် ကျေးရွာများတွင် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...