Friday, September 13, 2013

သင့်လက်ထဲက ငှက်ငယ်



တစ်ခါတုန်းက ဉာဏ်အမြော်အမြင်ကြီးပြီး ထင်ရှားတဲ့ ပညာရှိကြီးတစ်ဦးရှိသတဲ့ ။ပညာရှိကြီးရဲ့ ကြော်ကြားမှုကို မနာလိုတဲ့ လူရမ်းကားတစ်စုဟာ ပညာရှိကြီးကို သိက္ခာချ အရှက်ခွဲဖို့ ကြံစည်ကြတယ်။
လူရမ်းကားခေါင်းဆောင်က ငှက်အရှင်လေးတစ်ကောင်ကို လက်ထဲမှာကိုင်ပြီး ပညာရှိကြီးကိုမေးမယ်ပေါ့။ လက်ထဲကငှက်ကလေးဟာအရှင်လား အသေလား ။ အသေလို့ပြောရင်ငှက်ကလေးကို လွှတ်လိုက်မယ် ။ အရှင်လိုပြောရင် ဖိသတ်လိုက်ပြီး အသေပါလို့ ပြလိုက်မယ်။ ပညာရှိကြီး ဘယ်လိုပဲ ဖြေဖြေ အဖြေဟာမှားမှာပဲ ။အဲဒီအခါ ဝိုင်းဟားမယ် အရှက်ခွဲမယ် ဆိုပြီး စီစဉ်ကြသတဲ့ ။
ဒီလိုနဲ့ တစ်နေ့ သူတို့စီစဉ်ထားတဲ့ အတိုင်း ပညာရှိကြီးလာရာလမ်းမှာ စောင့်နေကြတယ် ။ ပညာရှိကြီးလာတော့ လမ်းမှာပိတ်ပြီးမေးကြတာပေါ့ ။ " ကျုပ်လက်ထဲက ငှက်ဟာ အရှင်လား အသေလာ့း့ တကယ်ပညာရှိတယ်ဆိုရင် ဒီမေးခွန်းလေးဖြေစမ်းပါဦး " လို့ ခနဲ့တဲ့တဲ့ မေးပါတယ် ။ ပညာရှိကြီးဟာ လူရမ်းကား ဆုပ်ထားတဲ့ လက်ကိုကြည့်ပြီး သူတို့မျှော်လင့်မထားတဲ့ အဖြေကိုပေးလိုက်ပါတယ် ။
" မောင့် သဘောအတိုင်းပါပဲ့ " တဲ့ ။
ဒီလိုပါပဲ့ သင့်ရဲ့ဘဝဟာလည်း သင့်လက်ထဲမှာ ရှိပါတယ် ။ ကောင်းအောင် ဆိုးအောင် မြင့်မြတ်တဲ့သူဖြစ်အောင် နိမ့်ကျတဲ့သူဖြစ်အောင် စိတ်ကြိုက်ဖန်တီးနိုင်ပါတယ် ။ သင့်ဘဝရဲ့ အကောင်းအဆိုးဟာ "မောင့် သဘောအတိုင်းပါပဲ့ " တဲ့ဗျာ့း့ ။

credit-Nyein Chan Win

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...