
လွန်ခဲ့တဲ့ ၁၇နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး အီလီနွိုက်စ်ပြည်နယ်၊ ၀စ်ကိုစင် ရွံဗွက်အိုင်ထဲမှာ လွင့်ပစ်ထားခြင်းခံခဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေး အမှုကို တရားခံရှာမတွေ့ဘဲ ပိတ်ပစ်ဖို့အထိ ရဲတွေ စဉ်းစားခဲ့ကြပါတယ်။
သူမကိုတွေ့ရှိခဲ့စဉ်ကတော့ ၁၉၉၇ ဖေဖေါ်ဝါရီ ၉ ရက်နေ့ ဖြစ်ပြီး သူမ ဘယ်သူဘယ်ဝါဆိုတာ သိရှိဖို့အတွက် အချိန် ၁နှစ်ခွဲကျော် ကြာခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ၁၉၉၇ခုနှစ်မှာ ဖြစ်ပါတယ်။ အနိုင်ကျင့်ခံ၊ စွန့်ပစ်ခံကလေးတွေကို ယာယီ ထိန်းသိမ်း စောင့်ရှောက်ပေးရာ နေရာကနေ ထွက်ပြေးသွားတဲ့ Amber Creek ဆိုသူ အသက် ၁၄နှစ်အရွယ် မိန်းကလေး ကို ရက်ပေါင်းများစွာ ကြာပြီးနောက် တောလိုက်မုဆိုးတွေက တောထဲတစ်နေရာမှာ ပြန်တွေ့ခဲ့ပါတယ်။ ပြန်တွေ့စဉ်မှာတော့ သူမဟာ သေဆုံးနေပြီ ဖြစ်ပြီး သူမရဲ့လက်မှာတော့ “Hi” ဆိုပြီးရေးထားတာ တွေ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ သူမရဲ့ လက်မောင်းမှာလည်း အနီးအနား စာအုပ်ဆိုင်မှ ၅ ဒေါ်လာ ဈေးနှုန်း ကပ်ခွာ (price tag) တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဆိုပါ အရာတွေကို ခြေရာခံပြီး စုံစမ်းခဲ့ပါတယ်လို့ သိရပါတယ်။
Creek ကို အသက်ရှင်လျှက် နောက်ဆုံးမြင်လိုက်ရတာက မီးခိုးရောင် ဇိမ်ခံကားထဲ ၀င်သွားတာကို တွေ့လိုက်ရတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ ကားရဲ့လိုင်စင်နံပါတ်ပြားမှာတော့ ‘mayor’ ဆိုတဲ့ စကားလုံး ပါဝင်ပါတယ်။ အဆိုပါ ယာဉ်ရဲ့ ကားမောင်းသူလည်း Creek သေဆုံးမှုမှာ အဓိကသံသယရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သေဆုံးမှု ဖြစ်စဉ်ကို တရားခံ ရှာမတွေ့ဘဲ လွန်ခဲ့တဲ့ စနေနေ့က သံသယံရှိသူတစ်ဦးကို ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သူတို့ စုံစမ်းရေးအဖွဲ့အတွက် အမှတ်တရဖြစ်စရာ အကောင်းဆုံးနေ့ပါလို့ စုံစမ်းရေးအရာရှိ Schmaling ကပြောဆိုခဲ့ပါတယ်။




ကလေး ငယ်ဟာ အစာရေ စာပြတ် တောက် မှု ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ တွေ့ရှိချိန်မှာ အရိုး တွေတောင် မြင်နေ ခဲ့ရပါတယ်။ အိမ်နီးချင်း တစ်ဦးက ဖုန်း ဆက်တိုင်ကြားမှုကြောင့် ဒီဖြစ်စဉ်ကို ဖော် ထုတ်နိုင်တာဖြစ်ပြီး အိမ်ကို ရဲတွေရောက်လာ ချိန်မှာ မိထွေးဖြစ် သူဟာ ရှောင်ပြေးသွားခဲ့ တာမို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ကလေး ငယ်ရဲ့ အဖေဖြစ်သူဟာ အသက်(၂၄) နှစ် သာ ရှိသေးပြီး ခိုးမှုနဲ့ထောင်ကျခဲ့ဖူးပြီး ခံဝန်ကတိ နဲ့ နေရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကလေးငယ်ကို ဆေး ရုံကိုပို့ထားပြီး ဆေးဝါး ကုသပေးနေတယ်လို့ သိရပါတယ်။ တ(စ်)မီ ဟာ သူရဲ့ သားသမီး အရင်း တွေကိုလည်း ဘယ်လို ပြုမှုဆက်ဆံခဲ့သလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ ရပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့  ၀င်တစ်ဦး က တော့ သူတာဝန်ထမ်းဆောင်ခဲ့ တဲ့ နှစ် (၃၀)ကာလအတွင်း ဒီလိုအကြင်နာ ကင်းမဲ့တဲ့အဖြစ်မျိုး လုံးဝမတွေ့ ဖူး ခဲ့ ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။










