Tuesday, April 8, 2014

လူသတ်မှုအပြင် ရဲတွေကိုခဲနဲ့ပေါက်မှုဖြင့် ကိုးလသားအရွယ်ကလေးကို တရားစွဲ




ကိုးလသားကလေးတစ်ဦးဟာ လူသတ်မှုတစ်ခုမှာ ပူးပေါင်းကြံစည်မှုနဲ့ ပါကစ္စတန် တရားရုံးတစ်ခုမှာ တရားရင်ဆိုင်နေရတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

လူသတ်မှုအပြင် ရဲကိုခဲနဲ့ပေါက်မှု၊ နိုင်ငံတော်အရေးကိစ္စများတွင် ဝင်ရောက်နှောင့်ယှက်မှုများနဲ့ ကိုးလသားအရွယ် Muhammad Mosa Khan ဟာ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဒီအမှုဟာ တရားရုံးရဲ့အ ဆန်းကြယ်ဆုံးတွေထဲက တစ်မှုဖြစ်တယ်လို့ဆိုပါတယ်။



Punjab ပြည်နယ် Lahoreမြို့ရဲ့ သံသယရှိသူ ဂတ်စ်သူခိုးတွေကို ဖမ်းဖို့ရန်အတွက် ရဲများက စီးနင်းဖမ်းဆီးမှုတွေ လုပ်လာခဲ့ပြီးနောက်ပိုင်း အမှုတွေရင်ဆိုင်လာရတဲ့ အယောက် ၃၀ ကျော်ထဲမှာ ဒီကလေးလည်း တစ်ယောက်အပါအဝင် ဖြစ်လာခဲ့တာပါ။

WorldNews.tv ရဲ့ဗီဒီယိုတစ်ခုမှာ နို့ဘူးနဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ ကလေးကို လက်ဗွေနှိပ်တာတွေ ပြုလုပ်ပြီး တရားရုံးခန်းထဲကို သူ့အဖိုးက ချီလာခဲ့ပါတယ်။
သတင်းများအရ ဧပြီ၁၂ရက်နေ့ထိ ဒီကိုးလသားကို အာမခံပေးထားပါတယ်။
ဒီကိစ္စကို Punjab ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်လာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Muhammad Shahbaz Sharif က ဒီကိစ္စအတွက် ပြည်နယ်စုံစမ်းစစ်ဆေးရေးမှုးထံက ရှင်းလင်းချက်ကို တောင်းဆိုထားပြီး ဒီကလေးအပေါ် အမှုလုပ်ခဲ့တဲ့လူတွေကိုလည်း “လေးနက်သောဆောင်ရွက်ချက်” များ ပြုလုပ်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

1 comment:

  1. စောက်တလွဲဖြစ်ပီဟေ့ဆိုမကျိလိုက်နဲ့ ဒီစောက်ကုလားတိုင်းပြည်ပဲ ခွီး

    ReplyDelete

Related Posts Plugin for WordPress, Blogger...