Friday, January 3, 2014
Sexy pose တွေရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က body structure ကို ပြချင်တာပါလို့ဆိုတဲ့ မော်ဒယ်လ် စိုးပြည့်ပြည့်စံ
အခုတစ်လော ဖေ့စ်ဘွတ်ပေါ်မှာ sexy ပုံတွေနဲ့ ပတ်သက်ပြီး သတင်းထွက်နေတဲ့ မော်ဒယ်လ် စိုးပြည့်ပြည့်စံ ကို sexy pose တွေလုပ်ရတာနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့
စိုးပြည့်ပြည့်စံရဲ့ လတ်တလော အနုပညာလှုပ် ရှားမှုတွေရှိ ရင်ပြောပြ ပေးပါ။
ဟိုတစ်ပတ်ကမှ ဟင်္သာတမှာ ရှိုးဆိုပြီး လို့ပြန်ရောက်တယ်။ ရန်ကင်း၊ ဦးချစ်မောင်လမ်း မပေါ်မှာ အဆိုတော်တွေနဲ့ သီချင်း ဆိုဖို့ရှိတယ်။ ပြီးရင် ဟင်္သာတနဲ့ ဘိုကလေးမှာ သီချင်းသွားဆိုဖို့ ရှိပါတယ်။ စိုးပြည့်ရဲ့ ရှိုးပွဲတိုင်း ကိုဇွန်သဉ္ဇာနဲ့ ဇာဇာထက်က အမြဲတမ်း ပါဖော့မန့် လုပ်ပြီး အားဖြည့်ပေးပါတယ်။
စိုးပြည့်ပြည့်စံ ရဲ့only one MTV အခွေကိုရော ဘယ်လိုပုံစံမျိုးတွေ နဲ့ရိုက်ကူးထားသလဲ။
MTV အတွက် သီချင်း ၅ပုဒ်လောက်တော့ ရိုက်ပြီးသွားပါပြီ။ ဟဲဗီးsexy ပုံစံမျိုးကို ဇာဇာထက်နဲ့ ဇွန်သဉ္ဇာ တို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။
ဟဲဗီးsexy မျိုးတွေ ရိုက်ကူးထားတယ်ဆိုတော့ ကိုယ့်မြန်မာပြည်ယဉ်ကျေးမှုနဲ့ culture အရ လက်ခံလာနိုင်မယ်၊ သဟဇာတ ဖြစ်မယ်လို့ ထင်ပါသလား။
အဓိကကတော့လေ အခုလို ပွင့်လင်းလာတာတွေကို စိုးပြည့် သဘောကျပါတယ်။ ဒီနိုင်ငံ ကိုဒီထက်မက စိုးပြည့် တိုးတက်ချင်တယ်။ အမြင်တွေကျယ်စေချင်တယ်။ အဲဒီအတွက် စိုးပြည့်လည်း ကိုယ့်ရဲ့ယဉ်းကျေးမှု အတိုင်းအတာတစ်ခုအထိ ဖြစ်မဲ့ဟာကို စိုးပြည့်ဖန်တီးထားတယ်။ အဲဒီမှာ လက်ခံတဲ့ လူတွေရှိသလို လက်မခံတဲ့ လူတွေပေါ်လာမှာပါပဲ။ ဒါပေမဲ့ စိုးပြည့် မြန်မာနိုင်ငံက ယဉ်ကျေးမှု ဘောင်က မကျော် သွားဘူး။ အကောင်းဆုံး နဲ့အမိုက်ဆုံး ဖြစ်အောင် စိုးပြည့်ဖန်တီး ထား ပါတယ်။
စိုးပြည့်ပြည့်စံ ရဲ့ဖေ့ဘွတ်ခ် ပေါ်မှာတက်နေတဲ့ ပုံတွေနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ ပြောဆိုဝေဖန် သံတွေ၊ ရှုတ်ချသံတွေနဲ့ပတ်သက်လို့ စိုးပြည့်စိတ်မှာ ဘယ်လိုသဘောထားထားသလဲ။
စကားတိုင်း၊ စကားတိုင်းက စိုးပြည့်တို့အတွက် သိထိုက်တဲ့စကားတွေပါ။ အကောင်းအဆိုး အားလုံးကို စိုးပြည့်လက်ခံနိုင်ပါတယ်။ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့ သူတွေလည်းရှိမှာပါပဲ။ စိုးပြည့်ဒါကို လည်းလက်ခံတယ်။ သူတို့ စိုးပြည့်ကို ပြောတယ်ဆိုကတည်းက စိုးပြည့်တို့ကို သဘောကျလို့၊ စိတ်ဝင်စားလို့လေ။ အဲဒီတော့ စိုးပြည့်တို့လို အနုပညာရှင်တွေဆိုတာ ပရိသတ်တွေ စိတ်ဝင် စားခြင်းခံရမှ အောင်မြင်တာ။ အဲဒီလို ပြောဆိုတာတွေကို အပြစ်မမြင်ပဲ လက်ခံတယ်။ သူတို့ပြော ဆိုကြတာကို ၀မ်းသာပါတယ်။ အဲဒီအတွက် ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ အားလုံးကတော့ ခေတ်နဲ့ညီအောင် ပြေးနေကြတာပဲ။ ဖက်ရှင်တွေလည်း ထွင်နေကြ တာပဲ။ အဲဒီ အပေါ်မှာမူ တည်ပြီးတော့ ခေတ်ကိုမြင်ပေးပါ။ ခေတ်နောက် ပြန်ဆွဲပြီးတော့ စာအုပ်ကြီး တိုင်း မနေကြပါနဲ့လို့ ပြောချင်ပါတယ်။
စိုးပြည့်ပြည့်စံ နဲ့ပတ်သက်ပြီး ကောလဟာလ တွေထွက်နေတဲ့ အပေါ်မှာ ရောဘယ်လို ဖြေရှင်းမလဲ။
စိုးပြည့်ကတော့မဖြေ ရှင်းဘူး။ စိုးပြည့် ဒီလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စပြီးဝင်လာ ခဲ့တာ ၁၀နှစ်တောင် ရှိပြီဆိုတော့ ဒီလိုပါပဲ အကောင်းအဆိုး ဆိုတာကတော့ အောင်မြင်ရင် ထိခိုက်တာပဲလေ။ အဓိကက ကိုယ်လျှောက်မဲ့ လမ်း၊ ကိုယ်ချပြချင်တဲ့အရာကို အကောင်းဆုံး ဖန်တီးရမယ်။ ဖြေရှင်းနေရင် ပိုပြီးတောင် ရှုပ်သွားအုံးမယ်။ ဒါကြောင့် မဖြေရှင်းတော့ဘူး။ စိုးပြည့်တို့ ကဆင်းရဲပါတယ်။ ဆင်းရဲပေမဲ့ စိတ်ဓာတ်မကျဘူး။ ဘာကြောင့် လဲဆိုတော့ သူတို့ပြော တဲ့စကား တွေကြောင့်ပေါ့။ စိုးပြည့်ရလာတဲ့ အနုပညာကြေး တွေကို စုပြီးတော့ ရလာတဲ့ ငွေကြေးနဲ့ပဲ စိုးပြည့်ရဲ့ တကိုယ်တော် အခွေဖြစ်တဲ့ only one ကိုထုတ်နိုင်ခဲ့တာပါ။
စိုးပြည့်ပြည့်စံ အနေနဲ့အနုပညာ လောကထဲကို ၀င်ရောက်ဖြစ်ရတဲ့ အဓိကရည်ရွယ်ချက် ကိုသိပါရစေ။
စိုးပြည့်ရဲ့ အသက်ရှုတဲ့ အရာတိုင်းမှာ ရှုးသွပ်နေတဲ့ အနုပညာ ပိုးတွေရှိနေပါတယ်။ အခုလည်း အဲဒီအနုပညာ ပိုးတွေက ရှင်သန်ဆဲ ပါပဲ။ ဒါပေမဲ့ စိုးပြည့်အတိုင်းအတာ တစ်ခုအထိရောက်ဖို့ စိုးပြည့် သတ်မှတ်ထားတယ်။ အခုစိုးပြည့် ရဲ့MTV ကို၃လပိုင်း မှာထွက်ဖို့ ရည်ရွယ်ထားတယ်။ ထွက်ခဲ့ရင် စိုးပြည့်လိုချင်တဲ့ အောင်မြင်မှုကို ရရင်ရ၊ မရရင် ဒီလောကက နှုတ်ထွက်သွားမှာပါ။ စိုးပြည့်ရဲ့ ၁၀နှစ် တာကာလ ကံကိုဆန်းလိုက်ပြီ။
စိုးပြည့်ပြည့်စံ sexy pose တွေရိုက် ရတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
စိုးပြည့်ကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ သိကြတယ်ဆိုတော့ စိုးပြည့်လုပ်ခဲ့တဲ့ အရာတွေအားလုံး ရိုက်ခဲ့တဲ့အရာတွေဟာ စိုးပြည့်ရဲ့ body structure ကိုပြချင်တာ။ အဓိကက ဘာတွေလည်း ဆိုရင် ဒီလောကထဲကို စ၀င်လာကတည်းက စိုးပြည့်အားကစား တွေလုပ်ခဲ့တယ်။ ဒီလောကမှာ သူများတွေ ထက်ယှဉ်လို့ ရအောင်ဆိုပြီး အားကစားလုပ်တယ်။ အရိုးလေ့ကျင့်ခန်းတွေ အသေအလဲ လေ့ကျင့်ခဲ့ရတယ်။ စိုးပြည့်ဓာတ်ပုံရိုက်ရင် ခန္ဓာကိုယ် အချိုးအစားနဲ့ body ကို အဓိက ပြချင်တာပေါ့။ ဒါပေမဲ့ ဒီလောကမှာ အဲဒီလို ရိုက်တာတွေကို သိတဲ့သူက သိသလို၊ မသိတဲ့ သူတွေက မသိကြဘူး။ စိုးပြည့် ဘစ်ကနီဝတ်စုံနဲ့ ရိုက်ထားတာမျိုးတွေတော့ မရှိပါဘူး။ စိုးပြည့် sexy ကျတယ်။ ဒါပေမဲ့ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ မော်ဒယ်လ် ဆန်ဆန် ဘယ်လိုမိုက်နေလဲ ဆိုတာသိ အောင်လို့ ရိုက်ပြတာ။ အနုပညာ မျက်စိနဲ့ပဲ ကြည့်စေချင် ပါတယ်။
ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြား နိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်မည်
မြန်မာနိုင်ငံအတွင်းမှ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြားနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုနိုင်ရန်အတွက် လက်ရှိအချိန်တွင် သယ်ဆောင်အသုံး ပြုခွင့်ရှိမည့် နိုင်ငံများအတွက် စက်မှုပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းက မိုဘိုင်းဖုန်းတွေကလဲ တခြားနိုင်ငံတွေကို ရောက်ရှိနေချိန်မှာ ကိုယ့်ဖုန်းနဲ့ကိုယ် အသုံးပြုနိုင်တော့မှာပါ။ အသုံးပြုလို့ရမယ့် နိုင်ငံတွေကတော့ အာဆီယံနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေပါ ပါဝင်မှာပါ။ အဲဒီအတွက် စမ်းသပ်မှုတွေ လုပ်နေတယ်။ လာမယ့် နှစ်ဆန်းလောက်မှာ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိ အော်ပရေတာ ၆၄ ဦး၏ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများသည် အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အစရှိသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ အသုံးပြုနိုင်ရန်အတွက် ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနှင့် International Roaming Services Agreement တို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် International Roaming Service အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး ပြည်တွင်း၌ အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် တယ်လီနော(မြန်မာ)နှင့် အော်ရီဒူး(မြန်မာ)တို့သည် ယင်းတို့၏ အော်ပရေတာမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သုံးစွဲမည့်သူများသို့ အသိပေး ကြေညာထားကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်
မြန်မာ့ ဆက်သွယ်ရေးမှ တစ်နှစ် ငွေကျပ်သိန်း ၆ဝဝ ဖြင့် ကုမ္ပဏီလေးခုကို ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းအား လုပ်ကိုင်ခွင့်ပြု
Friday, 03 January 2014
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း အမြန်ချောစာပို့ လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တစ်နှစ်လျှင် ငွေကျပ်သိန်းပေါင်း ၆ဝဝ ဖြင့် တရားဝင် လုပ်ကိုင်ခွင့်အား ယမန်နေ့က စတင်ကာ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အမြန်ချောစာပို့ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့သည့် UNITED COURIER SERVICES (UCS) မှ ဒါရိုက်တာ ဦးဝင်းဆန်းထွေး က ပြောကြားခဲ့သည်။
ပြည်တွင်း ချောစာပို့ လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် အတွက် တင်ဒါ စနစ်ဖြင့် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ငန်းကို ပြည်တွင်း ကုမ္ပဏီ လေးခုမှ ယမန်နေ့က စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အမြန်ချောစာပို့ လုပ်ငန်းများကို ယခုတစ်ကြိမ် တရားဝင် ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးလိုက်သည့်အတွက် အမြန်ချောစာပို့ လုပ်ငန်းတွင် အစိုးရ အပါအဝင် ငါးခုအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂ဝ၁၄ ခုနှစ်တွင် စတင်ကာ သုံးနှစ်အထိ တရားဝင် လုပ်ကိုင် ခွင့်ပြုပေးလိုက်သည့် ကုမ္ပဏီ လေးခုမှာ UNITED COURIER SERVICES
(UCS) ၊ MGL၊ Royal Company နှင့် SBS ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ လေးခုထဲတွင် UNITED COURIER SERVICES (UCS) နှင့် MGL ကုမ္ပဏီ များမှာ ဒုတိယအကြိမ် ထပ်မံ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး UCS မှာ ပြည်တွင်းအမြန် ချောစာပို့ လုပ်ငန်းများကို ရန်ကုန်၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး၊ ပြည်၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မြိတ်၊ ဘားအံ၊ တောင်ကြီး၊ မော်လမြိုင်နှင့် ပုသိမ်မြို့များ အပါအဝင် မြို့ကြီး ၁၅ မြို့တွင် အင်တာနက် စာထုပ်ခြေရာခံ စနစ် (Tracking System) ဖြင့် စတင်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
UNITED COURIER SERVICES (UCS) ကုမ္ပဏီ အနေဖြင့် အမြန်ချောစာပို့ လုပ်ငန်းများကို နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မကွေး စာတိုက်ကြီးများနှင့် UNITED COURIER SERVICES (UCS) ရုံးခွဲရှိ စာတိုက်ကြီး များတွင် ယမန်နေ့က စတင်ကာ ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
ကံထူး

မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
Friday, 03 January 2014
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင် တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်းသည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။ ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။ ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ''ကျွန်တော့်အိမ်ရောက်တော့ ဒီခေါင်းအုံးနဲ့ အိပ်လိုက်တဲ့အခါမှာ ညသန်းခေါင်ကျော် အချိန်ရောက်ပြီဆိုတာနဲ့ ခေါင်းထဲမှာ တဖျစ်ဖျစ်မြည် လာပြီးတဲ့ နောက် ဦးခေါင်းတွေ၊ ခြေဖျား၊ လက်ဖျားတွေ အထိ တဖျစ်ဖျစ် အသံတွေ မြည်သွားပါတယ်။ ကျွန်တော်လည်း အံ့အားသင့်သွားပြီး နောက်နေ့ နံနက်လင်းတဲ့ အချိန်မှာ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး နေလို့ထိုင်လို့ အရမ်းကောင်းတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ်။ ကျွန်တော်လည်း အံ့သြ တကြီးနဲ့ ပဲ ဒီအတိုင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ တံငါရေလုပ်သား တွေဟာ အသောက်အစား မကင်းပါဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက် စားကြ တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ အိမ်ပြန်ရောက်လို့ ကျောက်ခေါင်းအုံးပေါ်မှာ အိပ်လိုက်တယ် ဆိုရင်ပဲ ဦးခေါင်း တစ်ခုလုံးဟာ မီးနဲ့ မြှိုက်ထားသလို ပူလောင်လာပါတယ်။
ကျွန်တော်လည်း အရမ်းကို အံ့သြမိပြီး ဒီကျောက်တုံးဟာ သာမန်ရိုးရိုးတော့ မဟုတ်ဘူးလို့ သင်္ကာမကင်း ဖြစ်တာနဲ့ အရက်သောက်လာရင် မအိပ်ရဲ တော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ဆီ ရောက်ပြီး ရှစ်လခန့်အကြာမှာ မြိတ်မြို့ သိမ်တော်ကြီးဘုရားမှာ သွားရောက် လှူဒါန်းခဲ့တာပါ''ဟု ထူးခြားသည့် ကျောက် ခေါင်းအုံး အကြောင်းကို ပြောပြ၍ သိရသည်။ ။
မောင်မျိုး(ဧရာဝတီ)

မိန်းကလေးတွေ ဘာလို့ အချစ်ကို စိတ်ကုန်သွားကြတာလဲ
ထိလွယ် ၊ ရှလွယ် ၊ ခံစားလွယ်တတ်တဲ့ သူမတို့ဟာ အချစ်ကိုလည်း ဘ၀တစ်ခုရဲ့ အရှင်သခင်အလား ကိုးကွယ်တတ်ကြပါတယ်။ ချစ်မိတဲ့အခါ အများကြီးလည်းချစ်သလို အများကြီးလည်း မျှော်လင့်တတ်ကြပါတယ်။ ဒီလိုမျှော်လင့်ချက် ကြီးကြီးထားမိတဲ့အတွက် ရသမျှနဲ့ မရောင်ရဲနိုင်ဘဲ မျှော်လင့်ထားတာနဲ့ လွဲတဲ့အခါမျိုးတွေမှာဆို အချစ်ကို တဖြည်းဖြည်း စိတ်ကုန်လာပြီး နောက်ဆုံးမှာတော့ စွန့်ခွာသွားမိကြပါလိမ့်မယ်။
ဒါကြောင့် သူမတို့အတွက် ချစ်ခြင်းတစ်ခုလုံး ဆိတ်သုဉ်းပျက်စီး သွားစေနိုင် တာ ဘယ်လို အရာမျိုးပါလိမ့်လို့ အဖြေရှာကြည့်တဲ့အခါမှာတော့ သိပ်မကြီး မားတဲ့ အသေးအဖွဲလေးတွေကနေ စတင်တယ်ဆိုတာ တွေ့လာရပါတယ်။
(၁) ချိုမြိန်ရတဲ့အချိန်လေးတွေ ကုန်ဆုံးသွားတဲ့အခါ
ကြိုက်တဲ့အမျိုးသမီးတစ်ယောက်ကို သူမမှတ်မိတဲ့ ချစ်ခရီးလေးအကြောင်း မေးကြည့်ပါ။ နူးညံ့မှုတွေ ၊ သိမ်မွေ့မှုတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်ရ စရာတွေကိုသာ ဖြေပါလိမ့်မယ်။ စိတ်ခံစားမှုတွေက အသစ်တွေ၊ ထိတွေ့ခံ စားရသမျှက ရင်ခုန်လှုပ်ရှာစရာတွေနဲ့ လောကကြီးက သက်တန့်ရောင်စုံနဲ့ သာယာလှပနေခဲ့တဲ့ ချစ်ခရီးလမ်းရဲ့ အချိန်အပိုင်းအခြားလေးတစ်ခုကိုသာ သူမ ခုံမင်နေပါလိမ့်မယ်။ ဒီလိုနေ့ရက်တွေ ကုန်ဆုံးသွားတဲ့အချိန်ကိုတော့ honeymoon expire period လို့ခေါ်ပြီး တကယ့်လက်တွေ့ မိသားစု ဘ၀ထဲကို နှစ်ဦးစလုံးသက်ဆင်းရတဲ့ အချိန်ပေါ့။ အမျိုးသမီးတွေဟာ ဒီလိုအချိန်မှာ စတင်မွန်းကျပ်လာပြီး အချစ်ကို စိတ်ကုန်တတ်ကြပါတယ်။
(၂) တန်ဖိုးထားမှုတွေ ကင်းမဲ့လာတဲ့အခါ
သူမအပေါ် အလေးပေး ဂရုစိုက်တဲ့ပမာဏဟာ သူမအတွက် ကိုယ့်ကိုယ်ကို မင်းသမီးလေး တစ်ယောက်လို ခံစားရစေနိုင်ပြီး အမျိုးသမီးတွေဟာ ဒီခံစားမှုကို အလွန်သာယာတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို ဂရုစိုက်မှုလေးတွေ အဝေးကိုပြယ်လွင့်သွားချိန်မှာတော့ သူမဟာ အိမ်အလုပ်တွေကို စိတ်မချမ်းမြေ့တဲ့ မျက်လုံးတွေနဲ့ လုပ်နေပါလိမ့်မယ်။ သူမလို အဖြစ်မျိုးကြုံရတဲ့ တခြား မိသားစုတွေရော ရှိလားလို့ ရှာဖွေနေပါလိမ့်မယ်။ အမျိုးသမီးတွေဟာ အချိန်တိုင်းမှာ စိတ်ခံစား တက်ကြွမှုကို တူညီတဲ့ ပမာဏနဲ့ ခံစားရဖို့လိုအပ်ပါတယ်။ သူမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဟာ ဒီအပေါ်မှာ မူတည်နေလို့ပါပဲ။ သူမအမျိုးသားရဲ့ သူမအပေါ် တပ်မက်မှုဟာ သူမအတွက်တော့ ဆုလာဒ်တစ်ခုပါပဲ။ ဒီအမူအရာတွေ ပျောက်ဆုံးတဲ့အခါမှာတော့ သူမဟာ အချစ်ကို စတင်စိတ်ကုန်လာပါပြီ။
(၃) အလိုအလျောက် သက်ဝင်ခြင်းများ မရှိတော့တဲ့အခါ
ပိုးပန်းချိန်ကာလက ချစ်ခြင်းရဲ့ အဆင့်အတန်းဟာ အလွန်ပဲမြင့်မားနေတဲ့အခါ သူမရဲ့ “ဘာမှမရှိတဲ့” နှစ်တစ်နှစ် ကုန်ဆုံးသွားချိန်မှာ ကနဦးလတစ်ခုရဲ့ အစပိုင်းအချိန်တွေနဲ့ နှိုင်းယှဉ်နေတတ်ပါတယ်။ လှုပ်လှုပ်ရှားရှားနဲ့ ၀ုန်းဝုန်ဒိုင်းဒိုင်း ဖြစ်တတ်တဲ့အရာတွေ သူ့ဆီမှာ ပျောက်ဆုံးသွားပြီး သူမကိုဆက်ဆံပုံဟာ နေ့စဉ်လုပ်နေကျ အလုပ်တွေအပေါ် ဆက်ဆံသလိုမျိုး အလေ့အထတစ်ခုလို ပျင်းတွဲတွဲဖြစ်နေတတ်ပါတယ်။ အမျိုးသားဟာ ဘောလုံးပွဲတစ်ပွဲလောက်မှ သူမအပေါ် အာရုံမလာဘဲ သဲကြီးမဲကြီး ကြည့်ရှုနေချိန်မျိုးမှာ ထောင့်လေးတစ်နေရာမှာ သူမဟာ ငြိမ်သက်စွာ ကြေကွဲ ခံစားမိနေပါလိမ့်မယ်။ ဒီအချိန်မှာ သူမအချစ်ကို စတင်စိတ်ကုန်တာပါပဲ။
(၄) စိတ်ထိခိုက်ခံစားရမှုတွေ ပြတ်တောက်သွားကြတဲ့အခါ
အမျိုးသားတွေက အနီးနားမှာ အဖော်ရှိနေရုံလောက်နဲ့ ရောင့်ရဲတင်းတိမ်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ သူမတို့တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေတယ်လို့ မခံစားရတတ်ပါဘူး။ ရှိရုံ ရှိနေတာဟာ သူမတို့အတွက် မလုံလောက်ပါဘူး။ ဒီလို တစ်ဦးနဲ့တစ်ဦး ဝေမျှခြင်းတွေ ပြတ်တောက်သွားချိန်မှာ အမျိုးသမီးတွေဟာ သူမတို့ရဲ့ချစ်ခရီးလမ်း အဆုံးသတ်နေပြီလို့ ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေဟာ သစ်ကိုင်းခြောက်လေးလိုပဲ ကျိုးပဲ့လွယ်ပါတယ်။ အရာရာကို အမျိုးသားများထက်ပိုပြီး နက်ရှိုင်းစွာ ခံစားမိတဲ့အတွက် အကြောင်းပြချက်မခိုင်လုံပေမယ့်လဲ အချစ်ကို သူမစွန့်ခွာသွားပါလိမ့်မယ်။
သူငယ်ချင်းတို့ရဲ့နံပတ်က ဘယ်ဂဏန်းလဲဆိုတာ ရှာကြည့်ပါ ပြီးတော့ သုံးသပ်ကြည့်ပါ
*တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...*
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 2nd, 11th, 20th, 29th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 3rd, 12th, 21st, 30th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 4th, 13th, 22nd, 31st **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 5th, 14th, 23rd **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...*
*တကယ်လို့..မင်းဟာ..လတွေရဲ့.** 6th, 15th, 24th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...*
*တကယ်လို့..မင်းဟာ..လတွေရဲ့.** 7th, 16th, 25th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 8th, 17th, 26th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 9th, 18th, 27th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...*
*နံပါတ် (၁) *
*မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..*
*ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို
ဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..*
*ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
*လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.*
*မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..*
*အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..*
*အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
*
*မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ
ဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို*
*မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..*
*ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...*
*ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို
ပိုင်ဆိုင်ပြီ..*
*ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
*
*မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!*
[image: Do You Believe in Numerology?]
*နံပါတ်(၂)*
*မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
*
*ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..*
*ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...*
*မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...*
*မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး
မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..*
*တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို*
*ညက်ညောပြေပြစ်တယ်.*
*မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
*
*ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..*
*မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်*
*(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...*
*အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
*
*တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.*
*မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...*
*မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင်
အဲဒီအတိုင်းပဲ*
*မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..*
*မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ
တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..*
*မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.*
*မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့
ဝန်မလေးတဲ့သူတစ်ဦးပါ...*
*မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို
ခံစားနားလည်ပေးနိုင်တယ်..*
*လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...*
*မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5,
9..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၃)*
*နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..*
*တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..*
*ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..*
*မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ
တစ်ဦးပါ..*
*ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့်
ရနိုင်နေတာပေါ့..*
*မင်းဘ၀မှာ **မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..*
*မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..*
*ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း*
*မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
*
*မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...
*
*ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..*
*မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
*
*မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
*
*မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..*
*ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..*
*မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..*
*မင်းဟာ နပန်းလုံးနေရတက်တယ်...*
*မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို
စောင့်ရှောက်တယ်..
*
*သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ
စံပြတယောက်ဖြစ်နေပါလိမ့်မယ်..*
*တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ*
*နဲ့ ပြည့်နေမှာပါ..*
*မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ*
*ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...*
*မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1,
3, 5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၄)*
*မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
*
*အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..*
*အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
*
*အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ*
*အဝေးကို ပြေးသွားတက်ကြပါတယ်..*
*မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....*
*အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..*
*အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..*
*မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို
ပြေးသွားတက်ကြပါတယ်..*
*အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
*
*လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..*
*မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..*
*မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..*
*မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..*
*ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ
ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..*
*အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..*
*ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
*
*အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
*
*ထွန်းပေါက်နိုင်ပါတယ်..
*
*မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..*
*အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!
!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၅)*
*မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..*
*မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..*
*ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
*
*တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
*
*ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
*
*မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..*
*တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..*
*ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...*
*မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့*
*မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...*
*မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
*
*ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...*
*အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..*
*မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၆)*
*အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..*
*မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ
မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
*
*မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
*
*မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....*
*ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..*
*ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..*
*မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..*
*တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..*
*မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို*
*နှစ်သက်တဲ့သူတဦးပါ..*
*အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..*
*ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..*
*အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့..
4, 5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၇)*
*မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..*
*မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..*
*ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..*
*မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..*
* အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..*
*မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)*
* အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..*
*အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..*
*နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာအဆင်မပြေကြတာများပါတယ်..
*
*အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..*
*အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..
မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်*
*မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..*
*ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ
မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..*
*မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့
လူတယောက်ပါ..မင်းဟာ
*
*ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4
!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၈)*
*မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး..*
*သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့
ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..*
*အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက*
*မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို
တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.*
*မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.*
*ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..
ဘ၀ကိုလည်း..အထီးကျန်စွာ*
*ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..*
*မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ
ဖြစ်ပွားတက်ပါတယ်)*
*မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့
မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..*
*မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..(
အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
*
*သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..*
*အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..*
*မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...*
*မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့
5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၉)*
*မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..*
*မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..*
*မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..*
*သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.*
*ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ
ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..*
*စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက
မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..*
*မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..*
*မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..*
*ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..*
*မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..*
*မင်းဟာ
လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
*
*မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...*
*မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..*
*မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့
အဖော်မွန်ကတော့ 2!*
ခြစားမှုဆန့်ကျင်ရေး ဥပဒေကို အိန္ဒိယသမ္မတ လက်မှတ်ရေးထိုး
နယူးဒေလီတွင် ဇန်န၀ါရီ ၁ ရက်က အိန္ဒိယသမ္မတနန်းတော်၌ သမ္မတမူခါဂျီနှင့် ကျောင်းသားများ နှစ်သစ်ကူးပွဲ ဆင်နွှဲနေစဉ် (Photo:AFP)
အတည်ပြုရန် ကာလအတန်ကြာ ကြန့်ကြာနေခဲ့သော ခြစားမှုဆန့်ကျင်ရေး ဥပဒေကြမ်းကို အိန္ဒိယသမ္မတ ပရာနပ်မူခါဂျီက ဇန်န၀ါရီ ၁ ရက်တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်ဟု သိရသည်။
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် မဲခွဲမှုတွင် အာဏာရ ကွန်ဂရက်ပါတီနှင့် အဓိကအတိုက်အခံ Bharatiya Janata Party(BJP) ပါတီတို့က ထောက်ခံခဲ့ပြီးယင်း ဥပဒေကို ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့ကြသည်။ ယင်းမှာ အိန္ဒိယပါလီမန်တွင် အာဏာရပါတီနှင့် အတိုက်အခံ ပါတီတို့၏ ရှားပါးသော ညီညွတ်မှုတစ်ခု ဖြစ်ခဲ့သည်။
လာမည့်မေတွင် ကျင်းပရန် စီစဉ်ထားသော အိန္ဒိယ အထွေထွေရွေးကောက်ပွဲအတွက် အရှိန်မြှင့် ပြင်ဆင်နေစဉ် သမ္မတမူခါဂျီက ယင်းဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယခင်လက ကျင်းပခဲ့သည့် ဒေလီပြည်နယ် ရွေးကောက်ပွဲတွင် လာဘ်စားမှုဆန့်ကျင်ရေး အာဗင်ကက်ဂျရီဝါးနှင့် ၎င်း၏ Aam Aadmi ပါတီက ကွန်ဂရက်ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။
အသက် ၄၅ နှစ်ရှိ ကက်ဂျရီဝါးသည် အန်နာဟာဇာရီ၏ ခြစားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အဓိကအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ လက်ရှိအာဏာရ ကွန်ဂရက်ပါတီ ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အမေရိကန်ဒေါ်လာ ဘီလျံမြောက်မြားစွာ တန်ဖိုးရှိ လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ စွပ်စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။
ခြစားမှုဆန့်ကျင်ရေး လှုံ့ဆော်တောင်းဆိုမှုကြီးက အိန္ဒိယနိုင်ငံရေးသမားများကို ယင်းဥပဒေရေးဆွဲရန် တွန်းအားပေးခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ တက်ကြွလှုပ်ရှားသူ အန်နာဟာဇာရီ၏ ၁၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု အပါအ၀င် ၎င်းဦးဆောင်သော အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုက အိန္ဒိယတွင် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဥပဒေ ပြဋ္ဌာန်းရန် အစိုးရကို တောင်းဆိုခဲ့သည်။
Lokpal ဟုခေါ်သော ယင်းဥပဒေအရ အစိုးရ၀န်ထမ်းများကို စောင့်ကြည့်ရန် အလွတ်အရာရှိများကို အစိုးရက ခန့်အပ်၍ ခြစားမှုဆန့်ကျင်ရေး စောင့်ကြည့်အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။ ယင်းအရာရှိများက လွှတ်တော်အမတ်များ၊ ၀န်ကြီးများအပါအ၀င် ပြည်သူ့ဝန်ထမ်းများကိုသာမက ခိုင်လုံသော အချို့ကိစ္စများ၌ ၀န်ကြီးချုပ်ကိုပင် ခြစားမှုအတွက် စုံစမ်းစစ်ဆေးခွင့်နှင့် တရားစွဲခွင့်ရှိမည်ဟု သိရသည်။
Ref:AFP
အမေရိကန်၏ ပထမဆုံး ဆေးခြောက်တရားဝင် လက်လီအရောင်းဆိုင်များကို ကော်လိုရာဒိုပြည်နယ်တွင် ဖွင့်လှစ်
ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့တွင် ဆေးပေးခန်းတစ်ခုတွင် ဇန်န၀ါရီ ၁ ရက်က ဆေးခြောက်ရွေးချယ်နေသူတစ်ဦး (Photo:AFP)
အမေရိကန်တွင် ကော်လိုရာဒိုပြည်နယ်၌ ဆေးခြောက်လက်လီ အရောင်းဆိုင်များကို ဇန်န၀ါရီ ၁ ရက်က စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံတွင်း၌ ဆေးခြောက်ကို ပထမဆုံး တရားဝင်ရောင်းချခွင့်ပြုသည့်ပြည်နယ် ဖြစ်လာခဲ့သည်။ စကိတ်အပန်းဖြေစခန်းများနှင့် တောင်ပေါ်ရှုခင်း မြင်ကွင်းများကြောင့် ကျော်ကြားသော အနောက်ဘက်ပြည်နယ် ကော်လိုရာဒိုတွင် အသက် ၂၁ နှစ်နှင့်အထက် ရှိသူများအား ဆေးခြောက် ၂၈ ဂရမ်အထိ ရောင်းချနိုင်သော လက်လီဆိုင် ၃၄၈ ဆိုင်အား လိုင်စင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဝါရှင်တန်ပြည်နယ်တွင်လည်း ဆေးခြောက်ရောင်းချမှုများကို ဇွန်၌စတင်ခွင့်ပြုသွားမည်ဖြစ်ပြီး ဆိုင် ၃၀၀ ကျော် ဖွင့်လှစ်ဖွယ်ရှိသည်။
အပန်းဖြေရာတွင်သုံးသည့် ဆေးခြောက်များအား ကော်လိုရာဒိုပြည်နယ်တွင် ဇန်န၀ါရီ ၂ ရက်က ပထမဆုံး တရားဝင်ဝယ်ယူခဲ့သူမှာ အီရတ်စစ်ပြန် တစ်ဦးဖြစ်သည့် ဆီယန်အဇာရီတီဖြစ်သည်။
“ဒီထက်ပျော်စရာကောင်းတဲ့ အစီအစဉ် မရှိတော့ပါဘူး။ အခြားပြည်နယ်တွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လုံးဝလက်ခံပါတယ်” ဟု အဇာရီတီက ပြောကြားခဲ့သည်။
ဆေးခြောက်များအား တရားဝင်ရောင်းချခွင့် ပြုရေးအတွက် လှုံ့ဆော်တိုက်တွန်းခဲ့သူ အဇာရီတီက ဆေးခြောက်သည် စိတ်ဖိစီးမှုကြောင့်ဖြစ်သည့် အခြေအနေများကို လျော့ပါးသက်သာစေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသားများ အနေဖြင့် ဆေးခြောက်သုံးစွဲရန် ပိုမိုလိုလားလျက် ရှိသောကြောင့် အပန်းဖြေရန် ဆေးခြောက်သုံးစွဲမှုအား တရားဝင် အသိအမှတ်ပြုရေးအတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကော်လိုရာဒိုပြည်နယ်နှင့် ၀ါရှင်တန်ပြည်နယ်များတွင် ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆေးခြောက်ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ခြင်းကိုပါ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဆေးခြောက်ရောင်းချမှုမှ နှစ်စဉ်အခွန်ဒေါ်လာ ၆၇ သန်း ရရှိနိုင်ကြောင်း ပြည်နယ်အရာရှိများက ပြောကြားခဲ့သည်။ ဆေးခြောက်ကို ဆေးအဖြစ် သုံးစွဲမှုကို အမေရိကန်တွင် တရားဝင် ခွင့်ပြုထားပြီး ပြည်နယ် ၁၉ ခုတွင် စည်းမျဉ်းများ ပြဋ္ဌာန်းထားသည်။ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲသည့် ဈေးကွက်သည် ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံထိ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၃၄ ဘီလျံထိ ရှိလာမည်ဟု ဈေးကွက်သုတေသနလုပ်ငန်း ArcView Market က ခန့်မှန်းထားသည်။
Ref:AFP
ပြည်နယ်နှင့်တိုင်း ၁၅ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးများ၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်
Written by:
နေပြည်တော်သတင်းအဖွဲ့
မြန်မာနိုင်ငံကူးလက်မှတ်ရုံးခွဲ (နေပြည်တော်) အား ဇန်န၀ါရီ ၂ ရက်က ဖွင့်လှစ်သည်ကို တွေ့ရစဉ်
နေပြည်တော်အပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးစိုက်ရာ မြို့ကြီးများ၌ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် နေထိုင်သော ဒေသခံပြည်သူများ အနေဖြင့် ရန်ကုန်နှင့် မန္ထလေးမြို့များသို့ သွားရောက်ရန် ခက်ခဲခြင်း၊ ကျန်းမာရေး မကောင်းသူများရှိခြင်း၊ ၀န်ထမ်းများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ လွယ်ကူအဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများတွင် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းနှင့် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂၅၀၀၀ ကုန်ကျမည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများတွင် စတင်လျှောက်ထားသည့်နေ့မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် အမျိုးအစားများမှာ အလည်သွားရောက်မည့်သူများ၊ အလုပ်အကိုင်ဖြင့် သွားရောက်မည့်သူများ၊ ပညာသင်သွားရောက်မည့်သူများ၊ စီးပွားရေးဖြင့် သွားရောက်မည့်သူများ၊ ဘာသာရေးဖြင့် သွားရောက်မည့်သူများ၊ မှီခိုဖြင့် သွားရောက်မည့်သူများ၊ သင်္ဘောသားဖြင့် သွားရောက်မည့်သူများဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးခွဲများတွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများ ကုန်ကျမည့်ငွေစာရင်းမှာ မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်တန်ဖိုး) နှင့် online ၀န်ဆောင်ခ ကျပ် ၂၀၀၀၀၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ ဆေးဖိုးမင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ကျပ် ၁၀၀၀၊ လျှောက်လွှာပုံစံဖိုး ကျပ် ၂၀၀ နှင့် စက်ပစ္စည်းနှင့် ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစုပေါင်း ကျပ် ၂၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ
နေ့သစ်ကူးနေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုကြောင့် ပျက်စီးသွားသော ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လမ်းနံဘေး ပလက်ဖောင်းပေါ်ရှိ တယ်လီဖုန်းတိုင်နှင့် ကိုလှမင်းထွန်း၊ ကိုကျော်ကျော်နိုင်တို့အား ဆက်လက်တိုက်မိပြီး သစ်ပင်အား ၀င်တိုက်ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ပုဇွန်တောင်မြို့နယ်နေ ကို.....မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းနေ့ည ၇ နာရီခန့်တွင် ထပရ ၃၂၃၊ မင်္ဂလာဒုံမြို့နယ် တပ်သားကျော်စွာဦး မောင်းနှင်လာသော တပ်မတော်ပိုင် တီအီးယာဉ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ကို.....၏ ဆိုင်ကယ်အား တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းသူ ကို.....မှာ နဖူးဝဲဘက်အခြမ်း ကွဲအက်ပေါက်ပြဲကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုက်ကယ်နောက်က စီးလာသူဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ ကျူးလွန်သူ ယာဉ်မောင်းအား ဖမ်းဆီးပြီး ၎င်း၏တပ်သို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။
ယင်းအတူပင် မြောက်ဥက္ကလာပမြို့နယ် သံသုမာ လမ်းပေါ်တွင် မြောက်ဥက္ကပမြို့နယ်နေသူ ကိုဖြိုး (ခ)အောင်သန်းစိုး(၄၁)နှစ် မောင်းနှင်လာသည့် ဖူဆိုဘတ်စ်(၁၅၇)လိုင်း ခရီးသည်တင်ယာဉ်မှာ မဟာနွယ် စားသောက်ဆိုင်ရှေ့တွင် ရှေ့မှဟီးနိုး အငှားယာဉ်အား ၀င်တိုက်မိခဲ့ပြီး ယာဉ်နောက်လိုက် ကို.....မှာ ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် နံနက် ၁ နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်းမပေါ် ပုလဲကွန်ဒိုရှေ့၌ ယာဉ်သုံးစီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
ဆိပ်ကမ်းမြို့နယ် ကွန်ကရစ်လမ်းပေါ်တွင်လည်း နစ်ဆန်း ၁၀ ဘီး အငှားယာဉ်မှ လမ်းဖြတ်ကူးသူ မ......(၁၂)နှစ်အား ပွတ်တိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဒေါပုံမြို့နယ် မဟာဗန္ဓုလ တံတားပေါ်၌ ညပိုင်းတွင် ယာဉ်မောင်းဌေးအောင် မောင်းနှင်လာသော ၅ခ/....(၂၁၀)ယာဉ်လိုင်း၊ ခရီးသည်တင် ယာဉ်သည် ဘရိတ်ပေါက်ကာ ယာဉ်ငါးစီးအား ဆင့်ကဲဝင်တိုက် မိခဲ့သည့်ဖြစ်စဉ်၊ တွံတေးမြို့နယ်တွင်လည်း ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်၊ ဒဂုံမြို့နယ်ရှိ ယောမင်းကြီးလမ်းတွင် တိုယိုတာ ဒိုင်နာထရပ်ယာဉ်မှ အရှိန်ဖြင့် ရွှေတိဂုံဘုရားလမ်း ဘက်သို့ကွေ့စဉ် ယာဉ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ယာဉ်မောင်းများအား သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာ တူနီးရှား၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် မဲခွဲ
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တူနီးရှားနိုင်ငံမြို့တော် တူးနစ်ရှိ တိုင်းပြည်ပြုလွှတ်တော်၌ ဆွေးနွေးပွဲတက်ရောက်နေသော လွှတ်တော်အမတ်များ (Photo:AFP)
တူနီးရှားတွင် မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာနှင့် လက်ရှိအာဏာရ အစ္စလာမ္မစ်များနှင့် အတိုက်အခံတို့အကြား မကျေလည်မှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပြီးနောက် ငါးလအကြာ ဇန်န၀ါရီ ၃ ရက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုတော့မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ တင်သွင်းနိုင်ခြင်းသည် အာရပ်နွေဦးခေါ် အာရပ်တော်လှန်ရေး စတင်မွေးဖွားရာဖြစ်သော တူနီးရှားနိုင်ငံတွင် အလွန်အရေးပါသော သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာလိမ့်မည်။ တူနီးရှားနိုင်ငံနှင့် အခြားဒေသတွင်း နိုင်ငံများတွင် မငြိမ်သက်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်ကာ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ပြောင်းလဲရေးအတွက် မျှော်လင့်ချက်များ ပေါ်ထွက်လာသောကြောင့် ယင်းကို ‘အာရပ်နွေဦး’ ဟု ကင်ပွန်းတပ်ခဲ့ကြသည်။
တူနီးရှားနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရန်အတွက် နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး အသစ်ဖြည့်စွက်မှုများလည်း ပြုလုပ်ခဲ့ရသည်။ ဥပဒေမူကြမ်း ရေးဆွဲရန်အတွက် အချိန်များစွာ ကြန့်ကြာခဲ့ပြီး မဲခွဲဆုံးဖြတ်ရန် သတ်မှတ်ထားသည့်အချိန် မတိုင်မီ နှစ်ရက်အလိုကျမှသာ လေ့လာရန် ဖြန့်ဝေနိုင်ခဲ့သည်။ ညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ပိုဒ်ချင်း မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။
လက်ရှိအာဏာရ အစ္စလာမ္မစ်ပါတီဖြစ်သော အန်နာဒါပါတီက ဥပဒေမူကြမ်းသည် ဇွန်လကတည်းက ပြီးစီးခဲ့ပြီးဖြစ်သော်လည်း အတိုက်အခံအဖွဲ့က ပယ်ချလိုက်၊ လွှတ်တော်အမတ်များထံ ပြန်တင်လိုက်နှင့် ကြန့်ကြာနေခဲ့ရပြီး အသစ်ဖြည့်စွက် ထားသည်များကို အသေးစိတ်ဖော်ပြထားသည့် အညွှန်းတစ်ရပ်ကို ဒီဇင်ဘာလအတွင်းမှသာ အတိုက်အခံများနှင့် အကြမ်းဖျင်း သဘောတူညီချက် ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဥပဒေမူကြမ်းတွင် ညှိနှိုင်းရန်အချက်များ ကျန်ရှိနေဆဲဖြစ်ပြီး သီးခြားအပိုဒ်များကို ထပ်မံထည့်သွင်းရန် ဖြစ်နိုင်နေဆဲ အနေအထား၌ ရှိကြောင်းနှင့် ဥပမာအားဖြင့် ဘာသာရေးဆိုင်ရာ ပြင်ဆင်မှုတစ်ရပ်နှင့် ပတ်သက်၍ နောက်ဆုံးအချိန်ထိ တပ်အပ်မပြောနိုင်သေးကြောင်း အတိုက်အခံ မက်ဆာပါတီမှ လွှတ်တော်အမတ် နာဒီယာချာဘိန်းက ပြောကြားခဲ့သည်။
အန်နာဒါပါတီသည် အစ္စလာမ္မစ်ရှာရီယာ ဥပဒေကို အဓိကဥပဒေအဖြစ် ပြဋ္ဌာန်းရန် တောင်းဆိုချက်ကို ၎င်းတို့၏ ဆုံးဖြတ်ချက်အဖြစ် ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် အထူးပြု ပြောကြားခဲ့သည်။
Ref:AFP
၂၀၁၁ ခုနှစ် အောက်တိုဘာမှစ၍ ၂၀၁၃ ခုနှစ်ကုန်အထိ တင်သွင်းခဲ့သော ယာဉ်အစီးရေ ၂၃၀၀၀၀ ကျော်ရှိပြီး ပိုင်ရှင်များမှ ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ ၈၀၀၀ ကျော်ရှိနေ
January 3, 2014
Written by:
ရွှန်းလဲ့ဝင်း
သီလ၀ါဆိပ်ကမ်းဝင်းအတွင်း ရပ်နားထားသည့် ပြည်ပမှတင်တွင်းလာသော ကားများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
အစိုးရမှ မော်တော်ယာဉ်များအား အထူးအစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာမှစ၍ ၂၀၁၃ နှစ်ကုန်အထိ တင်သွင်းခဲ့သော ယာဉ်အစီးရေ နှစ်သိန်းသုံးသောင်းကျော်အနက် ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကားအစီးရေ ရှစ်ထောင်ကျော်အထိ ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင် မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်ခွင့်ရသည့် ဆိပ်ကမ်းများအနေဖြင့် MITT၊ MIPL၊ MIP၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အေးရှားဝေါလ်နှင့် ထီးတန်းဆိပ်ကမ်းတို့ ဖြစ်သည်။ အဆိုပါ ဆိပ်ကမ်းများတွင် MITT နှင့် MIPL ဆိပ်ကမ်းများမှာ မော်တော်ယာဉ်တင်သင်္ဘော ၀င်ရောက်မှု အများဆုံးဖြစ်သည်။
မော်တော်ယာဉ် တင်သွင်းခွင့်ပြုခဲ့ချိန်မှစ၍ ၂၀၁၃ နှစ်ကုန်အထိ မော်တော်ယာဉ် ၀င်ရောက်မှုနှင့် ထုတ်ယူမှု အများဆုံးဆိပ်ကမ်းမှာ MITT ဆိပ်ကမ်းဖြစ်ပြီး၊ ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်းမရှိသည့် ကားလက်ကျန်အများဆုံး ၆၀၉၁ စီးအထိရှိကြောင်း သိရသည်။
မော်တော်ယာဉ် ၀င်ရောက်မှုနှင့် ထုတ်ယူမှု ဒုတိယအများဆုံး ဆိပ်ကမ်းမှာ MIPL ဆိပ်ကမ်းဖြစ်ပြီး ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကားလက်ကျန် ၁၅၅၂ စီးရှိကြောင်း သိရသည်။
အခြားဆိပ်ကမ်းများ၏ ကားလက်ကျန်များမှာ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ခုနစ်စီး၊ ဆူးလေဆိပ်ကမ်းတွင် ၇၄ စီး၊ MIP တွင် ၁၄၆ စီး၊ အေးရှားဝေါလ်တွင် ၁၆၁ စီး၊ ထီးတန်းတွင် ၁၆၄ စီးတို့ဖြစ်သည်။ ဆိပ်ကမ်းခုနစ်ခုတွင် ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကားလက်ကျန် ၈၁၉၅ စီးရှိကြောင်း သိရသည်။
ယခုကဲ့သို့ ကားတင်သွင်းသူအချို့မှ ကားများအား လာရောက်ထုတ်ယူခြင်း မရှိခြင်းမှာ ကားထုတ်ယူရန် စာရွက်စာတမ်း ပြည့်စုံခြင်း မရှိသည့်အတွက်ဖြစ်ပြီး၊ ဆိပ်ကမ်းတွင် လာရောက်ထုတ်ယူခြင်း မရှိသည့် ကားများအတွက် အကောက်ခွန် ဦးစီးဌာနမှ သတ်မှတ်သည့် ဒဏ်ကြေးမှာလည်း အလွန်နည်းပါးနေသည့် အတွက်ဖြစ်ကြောင်း မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းသူများ အသင်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
“ဆိပ်ကမ်းတွေမှာ ပိုင်ရှင်တွေက လာမထုတ်တဲ့ ကားတွေကို အကောက်ခွန်ဌာနက သတ်မှတ်တဲ့ ဒဏ်ကြေးက နည်းပါးနေတဲ့ အတွက်လည်း ဆိပ်ကမ်းတွေမှာ ကားလက်ကျန်တွေ များနေတယ်လို့ ထင်ပါတယ်။ အကောက်ခွန်ဌာနက သတ်မှတ်ဒဏ်ကြေးကို ဒီ့ထက်ပိုများတဲ့နှုန်းနဲ့ သတ်မှတ်သင့်ပါတယ်” ဟု မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းသူများ အသင်းမှ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားခဲ့သည်။
EMG

အစိုးရက အမြန်ချောပို့ဝန်ဆောင်မှု လုပ်ငန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီလေးခုအား သုံးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ထပ်မံချပေး
Written by:
အေးသော်တာလှိုင်
အမြန်ချောပို့လုပ်ငန်း လုပ်ဆောင်နေပုံ
အစိုးရက အမြန်ချောပို့ ၀န်ဆောင်မှုလုပ်ငန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၄ ခုအား သုံးနှစ်စာချူပ်ဖြင့် လုပ်ကိုင်ခွင့် ထပ်မံချပေးခဲ့ပြီး ယခင်လုပ်ကိုင်နေသော ကုမ္ပဏီအပါအ၀င် ယင်းဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့် ကုမ္ပဏီ ငါးခုထိ ရှိလာခဲ့ကြောင်း သိရသည်။
ပြည်တွင်းအမြန်ချောပို့ ၀န်ဆောင်မူလုပ်ငန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့ပြီး ယခုနှစ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် သုံးနှစ်စာ လုပ်ကိုင်ခွင့်ပြုကာ တစ်နှစ်လျှင် သိန်း ၆၀၀ ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီများတွင် UCS, MGL, Royal Company, SBS တို့ပါဝင်ပြီး ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှစကာ ၀န်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက အမြန်ချောပို့ လုပ်ကိုင်ခွင့်ရရှိသည့် United Courier Services (UCS) မှ ဒါရိုက်တာ ဦးဝင်းဆန်းထွေးက “ပထမအကြိမ် တင်ဒါခေါ်တုန်းက တစ်နှစ်စာပဲ လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ ယခုကတော့ ညှိနှိုင်းဆွေးနွေးပြီး ၃ နှစ်စာ လုပ်ကိုင်ခွင့်ရတယ်။ ကုမ္ပဏီက ၂၀၁၄ ဇန်န၀ါရီလကစပြီး ၀န်ဆောင်မှုပေးသွားမယ်။ အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်များလာတာ ပြည်သူတွေအနေနဲ့ ရွေးချယ်ခွင့်တွေ ပိုများလာမယ်။ တရားဝင်မှတ်ပုံတင် လုပ်ကိုင်ခွင့်ဖြစ်တဲ့အတွက် အာမခံချက်နဲ့ လုံခြုံမှုစိတ်ချမှုတွေ ပေးနိုင်မယ်” ဟုဆိုသည်။
ပြည်တွင်းပုဂ္ဂလိက ချောပို့လုပ်ငန်းများတွင် စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်းနမူနာများ၊ ကျောင်းဝင်ခွင့်၊ အလုပ်ဝင်ခွင့် ပုံစံများနှင့် ဌာနဆိုင်ရာ ချောစာများ စသည့်ဝန်ဆောင်မှုများဖြင့် မြို့ကြီးများသို့ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကာ ရန်ကုန်-နေပြည်တော် ကျပ် ၂၅၀၀ သတ်မှတ်ထားပြီး အလေးချိန်ပေါ်မှုတည်ကာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကသို့ ယခင်နှစ်မှစကာ တင်ဒါခေါ်ယူ စိစစ်ရွေးချယ်၍ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအ၀င် တရားဝင်မှတ်ပုံတင်ဖြင့် ပြည်တွင်းအမြန်ချောစာပို့ ၀န်ဆောင်မှုလုပ်ငန်း ငါးခုရှိကြောင်း သိရသည်။
EMG
အီသီယိုးပီးယားတွင် တောင်ဆူဒန်အစိုးရနှင့် သူပုန်များ အပစ်အခတ် ရပ်စဲရေးအတွက် စတင်ဆွေးနွေး
ဒီဇင်ဘာ ၃၁ ရက်တွင် တောင်ဆူဒန်ရှိ Upper Nile ပြည်နယ်၌ လုံခြုံရေးစောင့်ကြပ်နေသော တောင်ဆူဒန် စစ်သားတစ်ဦး (Photo:AFP)
လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် သုံးပတ်နီးပါးကြာ တောင်ဆူဒန် ပြည်တွင်းပဋိပက္ခကို အဆုံးသတ်စေရန် ရည်ရွယ်သော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် တောင်ဆူဒန်အစိုးရနှင့် သူပုန်တို့သည် အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာတွင် ဇန်န၀ါရီ ၁ ရက်က တွေ့ဆုံခဲ့ကြသည်။ ကယ်ဆယ်ရေး လုပ်သားများက တောင်ဆူဒန် ပဋိပက္ခကြောင့် ပြည်သူများ အကျပ်အတည်း ပိုမိုဆိုးရွားလာကြောင်း သတိပေးနေချိန်တွင် အစိုးရနှင့် သူပုန်ဘက်မှ စေ့စပ်ညှိနှိုင်းရေး အဖွဲ့များသည် အဒစ်အဘာဘာရှိ ဟိုတယ်ကြီးတစ်ခုတွင် စုဝေးခဲ့ကြသည်။
ယင်းသို့ နှစ်ဖက်စလုံးက ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းမှာ တိုးတက်မှုလက္ခဏာ တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထူးသံတမန် ဟေဒီဂျွန်ဆင်က ပြောကြားခဲ့သည်။ တောင်ဆူဒန်တွင် သီတင်းပတ် သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော အကြမ်းဖက် ပဋိပက္ခကြောင့် လူ ၂၀၀၀၀၀ ခန့် နေအိမ်စွန့်ခွာ ပြေးခဲ့ရသည်။ ယင်းအခြေအနေတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ အရေးတကြီး လိုအပ်နေသည်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
တောင်ဆူဒန် အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်စစ်ဆေးရာတွင် အာရုံစိုက်မည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် အီသီယိုးပီးယား အစိုးရက ကြေညာခဲ့သည်။ တောင်ဆူဒန်အစိုးရနှင့် သူပုန်များသည် ဇန်န၀ါရီ ၂ ရက်တွင် စတင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သော်လည်း တရားဝင် ဆွေးနွေးညှိနှိုင်းမှုများမှာ ရက်အတန်ကြာ စောင့်ဆိုင်းရဖွယ် ရှိသည်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
တောင်ဆူဒန်တွင် ဒုတိယသမ္မတဟောင်း ရိတ်မာခါသည် အာဏာသိမ်းရန် ကြိုးပမ်းနေသည်ဟု သမ္မတဆယ်လ်ဗာကီရာက စွပ်စွဲခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် အကြမ်းဖက်ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းစွပ်စွဲချက်ကို မာခါက ငြင်းဆန်ခဲ့ပြီး ဆယ်လ်ဗာကီရာသည် အတိုက်အခံများကို အကြမ်းဖက် နှိမ်နင်းနေသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။
ယင်းနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရေနံရင်းမြစ် ကြွယ်ဝသည့် နိုင်ငံမြောက်ပိုင်း ဒေသအများအပြားကို သူပုန်များက သိမ်းပိုက်ခဲ့သည်။ ဂျောင်လေးပြည်နယ်မြို့တော် ဘော်ကိုလည်း သူပုန်များက ဒီဇင်ဘာ ၃၁ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
Ref:AFP
အင်းလေး၊ ကလောရှိ တောင်တန်းဒေသများနှင့် ချောင်းသာကမ်းခြေတို့ကို ရေရှည်ဖွံ့ဖြိုးသော ခရီးသွားလုပ်ငန်း ဖြစ်လာရန် လေ့လာမှုများ ပြုလုပ်မည်
Written by:
အောင်ရဲကို
ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်မည့် ချောင်းသာကမ်းခြေအား တွေ့ရစဉ်
အင်းလေး၊ ကလောရှိ တောင်တန်းဒေသများနှင့် ချောင်းသာကမ်းခြေတို့ကို ရေရှည်ဖွံ့ဖြိုးသော ခရီးသွားလုပ်ငန်း ဖြစ်လာရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
ယင်းလေ့လာမှုကို IID (Institute for international Development) နှင့် ICIMOD (International Centre for Integrate Mountain Development) မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ၀န်ကြီးဌာနမှလည်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ကိုင်နိုင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
ချောင်းသာကမ်းခြေကိုလည်း ဧရာဝတီတိုင်းဒေသ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် လျှပ်စစ်စွမ်းအင်ကိုလည်း အပြည့်အ၀ရရှိရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းအရ အာဆီယံနိုင်ငံများတွင် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့်အတွက် အီတလီနိုင်ငံနှင့် အခြားနိုင်ငံတို့မှလည်း ခရီးသွားကဏ္ဍကို ဖြည့်စွက်ကူညီရန် ကမ်းလှမ်းထားမှုများ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရီးသွား ပင်မစီမံကိန်းကို စတင်အကောင်အထည် ဖော်တော့မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း ပါဝင်သော ဒေသများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီ၊ ငွေဆောင်၊ ပူတာအို၊ မြိတ်၊ နာဂ၊ နတ်မောက်တောင်နှင့် လွိုင်ကော်တို့အပြင် လက်ရှိလေ့လာမည်ဖြစ်သော ချောင်းသာကမ်းခြေလည်း ပါဝင်နေသည်။ ၂၀၁၃ ခုနှစ် ခရီးသွားလာရောက်မှု ကဏ္ဍတွင် မြန်မာနိုင်ငံသို့ အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကတိုက်များမှ လက်ရှိအချိန်ထိ နှစ်သန်းခန့်ထိ လာရောက်ခဲ့ပြီး လာမည့်နှစ်တွင် သုံးသန်းထိ လာရောက်နိုင်ရန် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ကဏ္ဍပေါင်းစုံကို ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ လာရောက်မှုအများဆုံးမှာ အာရှနိုင်ငံများမှ အများဆုံးဖြစ်နေပြီး ဥရောပ၊ အမေရိကနိုင်ငံများမှလည်း အလည်အပတ်ဖြင့် လာရောက်မှု များပြားလျက်ရှိပြီး အလည်အပတ် အများဆုံး ပြုလုပ်နေသော နေရာများတွင် ရန်ကုန်၊ ပုဂံဒေသများ ထိပ်ဆုံးတွင်ရှိနေပြီး မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီကမ်းခြေများသို့လည်း ၀င်ရောက်မှု မြင့်မားနေသည်။
EMG
မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်၍ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိ
January 3, 2014
Written by:
နေထွန်းနိုင်၊ ဝေယံဖြိုးဦး
ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခွဲ၌ ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ ပြတ်သားမှုမရှိကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။
တရုတ်ကုမ္ပဏီ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို လွတ်လပ်သည့် အာရှအသံ (RFA) က “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တွင် မေးမြန်းခဲ့ပြီး ထိုမေးမြန်းချက်များကို ဇန်န၀ါရီ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။
RFA သီးသန့်မေးမြန်းခဲ့သော အစီအစဉ်၌ ဦးခင်မောင်စိုးက “မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက်၂၀၁၅ တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းမယ်လို့ တရုတ်ကုမ္ပဏီက
အဲဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင် အဲဒီလို ဆောင်ရွက်မှာလား” ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ မြစ်ဆုံစီမံကိန်းကို ၎င်းတို့ပါတီ အနိုင်ရချိန်တွင် ဆက်လုပ်မည်၊ မလုပ်မည်ကို တိကျပြတ်သားစွာ ဖြေကြားခဲ့ခြင်း မရှိဘဲ ညှိနှိုင်းရေးမှတစ်ပါး အခြားနည်းလမ်း မရှိကြောင်းဆိုသည်။
“ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလဲ။ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ။ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရ အဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါတော့ အစ်မက မကြိုက်ဘူး။ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် လက်ရှိအစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
“ပြတ်ပြတ်သားသား လုပ်ရမှာပေါ့။ ဒါဆွေးနွေးပြီးတော့ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ရမှာပေါ့။ အခုဟာက မတင်မကျကြီး။ ငါးနှစ်ရပ်ထားတယ်ဆိုတော့ ဒါဘယ်လိုအဓိပ္ပာယ်လဲ။ နောက်လာတဲ့ အစိုးရပဲ တာဝန်ယူပြီး ဖြေရှင်းလို့ ပြောနေသလို ဖြစ်နေတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်
သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ကို တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် လွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့ခဲ့ကာ “မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” ဟု ကတိပြုပြောဆိုခဲ့သည်။ ထိုသို့ ရပ်ဆိုင်းရခြင်းသည် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အလေးထားသောအားဖြင့် ဆုံးဖြတ်ခဲ့ခြင်းဟု သမ္မတဦးသိန်းစိန်က ဆိုသည်။ ထို့အတူ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကုမ္ပဏီ (ACHC) က မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် ထုတ်ဖော်ပြောဆိုလာချိန်၌ သမ္မတက ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
တရုတ်ကုမ္ပဏီဘက်က ဥပဒေကြောင်းအရ လုပ်လာမည်ဆိုပါက မိမိတို့အစိုးရ သက်တမ်းအတွင်း နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ရင်ဆိုင်တုံ့ပြန်မည်ဟု ဦးရဲထွဋ်က ပြောဆိုခဲ့သည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီဝင်များက ယခင်အစိုးရကို ဝေဖန်ထောက်ပြလေ့ ရှိသော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီး အစိုးရဖြစ်လာမည် ဆိုပါက မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ခွင့်ပြုမည်၊ မပြုမည်ဆိုခြင်းအား ပြတ်ပြတ်သားသား ပြောဆိုခြင်း မရှိသေးချေ။
ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေး အပြီးတွင် မြစ်ဆုံစီမံကိန်းအား ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား ပြတ်ပြတ်သားသား သိရှိနိုင်ရန် The Daily Eleven က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
“အန်တီဆိုရင် ဒီမြစ်ဆုံ Contract ထဲမှာ ဘာပါလဲဆိုတာ ပထမကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ Contract ထဲမှာ ဘာပါမှန်းလဲ မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ ဘာတွေကတိက၀တ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိက၀တ်တွေ ခံရမှာက နိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။ အဲဒီတော့ အဲဒါတွေလည်း မသိဘူး။ ဘာတွေ သဘောတူထားမှန်းလဲ မသိဘူး။ ဘာပဲပြောပြော ဒီ Contract တွေကို လက်မှတ်ထိုးတဲ့ သူတွေက တာဝန်သိစိတ်တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး။ မသိကျိုးကျွန် ပြုနေလို့မရဘူး။ အသေးစိတ် အချက်အလက်တွေကို မသိဘဲနဲ့ မှတ်ချက်မချချင်ဘူး။ ဒါပေမဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးတားတဲ့ သူတွေကတော့ တာဝန်ယူစိတ် ရှိရမယ်။ တာဝန်ယူရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ CPI နှင့် ACHC တို့က ဆန္ဒရှိနေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ အပါအ၀င် အခြားနိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ကိုယ်စားပြု အဖွဲ့များကိုလည်း နောက်ကွယ်မှ CPI ကုမ္ပဏီ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တရုတ်အစိုးရက တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းများ ရှိခဲ့ကြောင်း သိရပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အနေဖြင့်လည်း တရုတ်နိုင်ငံသို့ သုံးကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီးဖြစ်သည်။
၂၀၁၁ ခုနှစ်အတွင်းက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ပြည်သူလူထု၏ တောင်းဆိုသံများ ကျယ်ပြန့်စွာ ထွက်ပေါ်လာချိန်၌ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဟူ၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ယတိပြတ်ပြောဆိုခဲ့ခြင်း မရှိဘဲ “အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးကို ရှေးရှုလျက် သက်ဆိုင်သူအားလုံးတို့က မြစ်ဆုံစီမံချက်အား ပြန်လည်သုံးသပ်ကာ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မည့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေရန် တိုက်တွန်းကြောင်း” ပြောကြားခဲ့သည်။
ထိုအချိန်က ပြောကြားမှု၌ ယတိပြတ် ပြောကြားခြင်း မရှိသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီက မဲအများဆုံး အနိုင်ရပြီး သမ္မတဖြစ်ရန် လက်ရှိရေပန်းစားနေချိန် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် သဘောထားကို ယတိပြတ် ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။
“မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်။ အရင်အစိုးရဟာ မြစ်ဆုံဆည်ဆောက်ဖို့ လုပ်ခဲ့တဲ့အတွက် သမိုင်းတရားခံ ဖြစ်ခဲ့တယ်။ အခုအစိုးရကတော့ မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်။ နောင်လာမယ့် အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမှာပဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

Subscribe to:
Posts (Atom)