Sunday, October 6, 2013

ကာကွယ်ရေး ၀န်ကြီးဌာနလည်း အွန်လိုင်းပေါ် ရောက်လာပြီ

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်လာရာမှာ ၀န်ကြီးဌာန တွေရဲ့ အင်တာနက်စာမျက်နှာတွေ ဖွင့်လှစ်လာတာလည်း တခုအပါအ၀င် ဖြစ်ပါတယ်။  အခု နောက်ဆုံး ကာကွယ်ရေး ၀န်ကြီးဌာနက အင်တာနက် စာမျက်နှာနဲ့ ဖေ့စ်ဘုတ် လူမှု ကွန်ရက် စာမျက်နှာ ကို အောက်တိုဘာလ ၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါပြီ။  ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန...

ပြည်တွင်းသောင်းကျန်းသူသမိုင်း အပိုင်း(၁)

နိဒါန်း ပြည်ထောင်စု  မြန်မာနိုင်ငံ၏  ပြည်တွင်း သောင်းကျန်းမှုသမိုင်းကို လေ့လာလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း၊  မြန်မာနိုင်ငံ၏ နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းတို့နှင့် ဆက်စပ်နေသည်ကိုတွေ့ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် သမိုင်းတစ်လျှောက်တွင် ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းများ မြောက်မြားစွာပင် ပေါ်ထွက်ခဲ့သည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် လည်းကောင်း၊ ကျဉ်းမြောင်းသော လူမျိုးရေးအမြင် ကြောင့်သော်လည်းကောင်း  လက်နက်ကိုင် ဆူပူ သောင်းကျန်းခဲ့ကြကုန်သော  သောင်းကျန်းသူအဖွဲ့ အစည်းအမျိုးမျိုးသည်...

ကလေးမြို့ရှိ ရေဘေးသင့် ပြည်သူများအား နေရပ်များသို့ ကူညီရွှေ့ပြောင်းပေး

  နေပြည်တော် အောက်တိုဘာ ၅ ကလေးမြို့နယ်အတွင်း စက်တင်ဘာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများဖြစ်သော အောင်မင်္ဂလာဇာတ်ရုံ၊ အမှတ်(၁၅)အခြေခံပညာ မူလတန်းကျောင်းနှင့် စကားလှဘုန်းကြီး ကျောင်းများ၌ ယာယီ ရွှေ့ပြောင်းထားသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၆၃၄ စု၊ လူဦးရေ ၂၁၆၂ ဦးအား မြစ်ရေများ ပြန်လည် ကျဆင်းသွားပြီ ဖြစ်သဖြင့် ယနေ့တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ တပ်မတော်သားများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီပြန်လည်ပို့ဆောင်...

မန္တလေးကားဈေးကွက် ကျပ်သိန်းလေးသောင်းကျော် လိမ်လည်မှု သမ္မတထံ တိုင်စာပို့

မန္တလေး၊ အောက်တိုဘာ ၅ မန္တလေးမြို့တော် မော်တော်ယာဉ် ဈေးကွက်တွင် စက်တင်ဘာလ လယ်ပိုင်းခန့်က ဖြစ်ပွားခဲ့သော ကျပ်သိန်းလေးသောင်းကျော် အကြီးမားဆုံး လိမ်လည်မှုကို နိုင်ငံတော်သမ္မတနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၄ ရက်နေ့က တိုင်ကြားစာ ပို့ခဲ့ကြောင်း အဆိုပါ ဆုံးရှုံးနစ်နာသူ ယဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်း ဖြေရှင်းပေးရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။ “သမ္မတနဲ့ ဝန်ကြီးချုပ်ကို တင်ပြထားသလို ကားဝယ်ရောင်း ကိစ္စမှာ ဒီငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးနဲ့ တာဝန်ရှိတဲ့ လင်းကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ ဦးအောင်ရဲလင်း တို့ကိုလည်း...

မျိုးချစ်စိတ် (Patriotism)

ကမ္ဘာပေါ်တွင် အမေရိကဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ရုရှားဖြစ်စေ နိုင်ငံ့ခေါင်းဆောင် အားလုံးသည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ကမ္ဘာနှင့် ရင်ပေါင်တန်းစေနိုင်သော နိုင်ငံများအဖြစ် တည်ဆောက် နေကြသည်မှာ အနည်းနှင့်အများ တူညီသည်ကို တွေ့မြင်နိုင်သည်။ တစ်နည်းအားဖြင့် မျိုးချစ်စိတ် (Patriotism) ဟူသည် ဝါးလုံးခေါင်းထဲတွင် လသာနေကာ ရှေးရိုးစွဲ အယူအဆများ သက်သက်ဖြင့် လုံးဝမလုံလောက်တော့ဘဲ မိမိနိုင်ငံ မိမိလူမျိုးကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသော စိတ်သည်ပင် မျိုးချစ်စိတ်ဟု ပြောနိုင်သလို အဘက်ဘက်တွင် နောက်ကျ ကျန်ရစ်ခဲ့ရသော အမိ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် နာလန်ထူနိုင်စေရန်...

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်းသား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။ ရဲတပ်ဖွဲ့မှ နေအိမ်များအတွင်း ၀င်ရောက်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁ ရက်က အဆိုပါ ကမန်လင်မယားနှစ်ဦး နေထိုင်သည့် နေအိမ်အတွင်း၌ ယင်းပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရွှေလှေကျေးရွာဘက်မှာ လက်ပစ်ဗုံး မိတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း...

"ကုန်းဘောင်ရှာပုံတော်"- အပိုင်း (၁)

  ကုန်းဘောင်ဟူသည်~~~~~~~~~~~~* သက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် ဦးအောင်ဇေယျသည် မင်းချစ်ညိုနှင့် မွန်းများကို သုတ်သင်ရှင်းလင်းပြီး၍ ချင်းတွင်းနှင့် ဧရာဝတီအကြား၌ ရှိသော တမ္ပဒီပ နယ်မြေအားလုံးကို ပိုင်ဆိုင်ခဲ့လေပြီ။ ထိုအခါ မြို့သစ်တည်ထောင်ရန် ညီတော်၊ သားတော်၊ မှူးမတ် စသည်တို့ကို ခေါ်ယူစိုင်းပြင်းလေသည်။အောင် ။ ။ ယခု ငါတို့ မုဆိုးဘိုကား ထီးဆောင်းနန်းနေရာ ရာဇဌာနီ မင်းနေပြည် အဖြစ်တွင် အပါအဝင်ဖြစ်နေပေပြီ။ လက်ရှိအခြေ၌ မုဆိုးဘိုသည် အလွယ်တကူ သစ်တိုင်ထူ၍...

“သမ္မတ အရည်အချင်း ပြင်ဖို့ သဘောမတူဘူး” ဟု တစညပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေမှပြော

ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ် ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတ အရည်အချင်း ကန့်သတ် ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား...

နိုင်ငံတကာ ထောက်ပံ့ငွေများကို နိုင်/ကျဉ်းများ ထက် နီးစပ်ရာ နိုင်ငံရေး အင်အားစုများကို ပိုမိုထောက်ပံ့နေဟုဆို

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေ အေပီပီ)က ပြည်တွင်း နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတကာ က ထောက်ပံ့သည့်ငွေကြေးများ အား အပြည့်အဝကူညီထောက် ပံ့မှုမရှိဘဲ ယင်းတို့အဖွဲ့နှင့်နီးစပ် သည့် နိုင်ငံရေးအင်အားစုများကို ပိုမိုထောက်ပံ့ကူညီမှုများပြုလုပ် နေကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကူညီထောက်ပံ့မှု များ စောင့်ကြည့်ရေး အဖွဲ့ကထုတ် ဖော်ပြောကြားသည်။အောက်တိုဘာ ၃ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ခန်း၌ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင်...

အင်္ဂါဂြိုဟ် ပေါ်တွင် မီးတောင် ဟောင်းကြီး တစ်ခု သိပ္ပံ ပညာရှင် များ လေ့လာ တွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံကျော် က ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည် ဟု ခန့်မှန်း ရေ သာ အင်္ဂါဂြိုဟ် ပေါ်မှ ရှေးဟောင်း မီးတောင်ကြီး တစ်ခု သည် ယခုအခါ ၎င်းဂြိုဟ် ပေါ်တွင် ပုံ သ ဏ္ဌာန် မမှန်သော ချိုင့်ကြီးများ အဖြစ် ပေါ်ထွက် လာ ခဲ့ကြောင်း သိပ္ပံ ပညာရှင်များ က လေ့ လာ တွေ့ရှိ ခဲ့သည်။အဆိုပါ ချိုင့်ကြီး များ သည် ဥက္ကာပျံ တစ်ခု ကဲ့သို့ အရာဝတ္ထု တစ်ခု၏ ၀င်တိုက် မှုကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည် ဟု အချို့ သိပ္ပံ ပညာရှင်များ က ယူဆ ခဲ့သော် လည်း "Oxus Patera" အမည်ရှိ...

Martin Jetpack

ကျွန်တော်တို့ ရုပ်ရှင်တွေ ထဲမှာ သာ အများဆုံး တွေ့ရ လေ့ ရှိတဲ့ မိုးပျံ ကျောပိုးအိတ် ( jet pack ) ကို New Zealand အ ခြေ စိုက် Martin Aircraft Company ကနေ ၂၀၁၄ မှာစတင် ရောင်း ချေ တာ့ မှာ ဖြစ်ပါတယ်။The Martin Jetpack လို့ အမည် ပေးထား တဲ့ jetpack ကို design ပိုင်း ပြန်လည် ပြောင်းလဲ ပြင် ဆင် ပြီး P12 prototype အနေနဲ့ ပြန်လည် ထုတ် လုပ် တာ ဖြစ်ပါတယ်။ P12 ဟာ Class 1 microlight အနေနဲ့ လူပါဝင် တဲ့ အစမ်း ပျံသန်းမှု ပြုလုပ် ရန် ခွင့်ပြု ချက် ရရှိပြီး ပါပြီ။...

ကိုယ်ဝန် တားဆေး အသက် မရွေး တော့

အမေရိကန် မှာ အရေးပေါ် ကိုယ်ဝန် တားဆေး ကို အရင် ကလို အသက် အကန့် အသတ် မထား တော့ဘဲ ဘယ်သူ မဆို ဝယ်ယူ နိုင်တော့ မယ် လို့ သိရပါတယ် ။ သူတို့ ဆီမှာ Morning after pill နဲ့ Plan B လို့ လူသိ များ ပါတယ်။ တခြား နိုင်ငံ တွေမှာ တော့ နာမည် ပေါင်း များစွာ နဲ့ ထုတ်လုပ် ရောင်းချ နေတာ ဖြစ် ပါတယ်။ FDA ကနေ ၁၉၉၉ ကတည်း ကနေ စိတ်ချ ရလို့ ခွင့်ပြုချက် ပေး ထား တာပါ။ ဆေး ၂ လုံး ပါပြီး၊ ပဌမ တလုံး သောက်ပြီး နောက် ၁၂ နာရီ မှာ နောက် တလုံး သောက်ရတာ ဖြစ် ပါတယ်။ Plan B One - Step ဆေး...

မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်သည့် Miss Universe Myanmar ပြိုင်ပွဲ၏ ပထမဆုအပြင် Healthy Skin ဆုနှင့် Miss Famous ဆုနှစ်ဆု ရရှိခဲ့သော မော်ဒယ်လ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ The Voice က မေးမြန်းထားခြင်း ဖြစ်သည်။Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့ပုံကို သိပါရစေ။MSW ။ ။ မိုးစက်က LA...

သကြား ထက် ချိုသော အရာ

အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အ၀တ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့ သူ့လိုလူ တစ်ယောက် ကို ဘယ်သူ ကများ ဆေးဖော် ကြောဖက် လုပ်ချင် ပါ့မလဲ။ ရေခဲလု...

iMessages နှင့်ပတ်သက်သော ပြဿနာများ ဖြေရှင်းရန် Apple ဆောင်ရွက်

Saturday 6th October 2013iPhone၊ iPad နှင့် iPod Touch တို့တွင် အသုံးပြုထားသော Apple ၏ နောက်ဆုံး ပြုပြင်ပြောင်းလဲ ထုတ်ဝေခဲ့သော iOS7 software နှင့် ပတ်သက်သည့်နောက်ထပ် ပြဿနာတစ်ခု ထွက်ပေါ်လာခဲ့ရာ ၄င်းမှာ ဖုန်းမှတစ်ဆင့် Apple ကိရိယာများနှင့် ကွန်ပြူတာများသို့ ပေးပို့လိုက်သော စာတိုပို့စနစ် iMessages တွင် သတင်းများ ပေးပို့/လက်ခံခြင်း ပြုလုပ်လို့မရသည့် ပြဿနာ ဖြစ်သည်။ ၄င်းပြဿနာကို Apple မှ အတည်ပြုခဲ့ပြီး ၊ ယခုအခါ ဖြေရှင်းရန် ကြိုးပမ်းလျှက် ရှိကြောင်း ပြောကြားခဲ့သည်။၎င်းတို့အနေဖြင့်...

Miley Cyrus ၏ ထူးခြားချက် (၅) ချက်ကို တွေ့ရမည့် The Movement MTV

Saturday 6th October 2013Miley Cyrus သည် သူမ၏ အချိန်တိုင်းကို ညှို့ချက်ပြင်းပြင်းနှင့် မည်ကဲ့သို့ ဆွဲဆောင်ရမည်လဲဟု ကြိုးပမ်းနေသူ တစ်ဦး မဟုတ်ပါ။ထိုကဲ့သို့ မဟုတ်သည့်သည့် အကြောင်းကို Miley မှ သူမ၏ ပရိတ်သတ်ကို တင်ဆက်သည့် တစ်နာရီကြာ The Movement MTV တွင် သူမ၏ ရိုက်ကွင်း နောက်ကွယ်မှ ဘ၀ရှင်သန် လှုပ်ရှားမှုများနှင့် သူမ၏ လုပ်ငန်းအား မည့်ကဲ့သို့ ဆောင်ရွက်နေသည်များကို ဖော်ပြထားပါသည်။ အမှန်ကတယ်ပင် ချစ်စရာကောင်းစွာ ပရိတ်သတ်ကို ဖျော်ဖြေထားမှု တစ်ခုပင် ဖြစ်ပါသည်။...

Glee သရုပ်ဆောင် သေဆုံးရခြင်းမှာ ဘိန်းဖြူနှင့် အယ်လ်ကိုဟော ရောစပ် အသုံးပြုမှုကြောင့် ဖြစ်ကြောင်း တွေ့ရှိ

Saturday 6th October 2013Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် Glee ဇာတ်လမ်းတွဲမှ နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်သည့် ကနေဒီယန် နိုင်ငံသားရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတပညာရှင် Cory Monteith သည် ဘိန်းဖြူနှင့် အယ်လ်ကိုဟောကို ရောစပ်ကာ အကြောထဲ ထိုးသွင်း သုံးစွဲပြီး အဆိပ်ဖြစ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ကနေဒါ နိုင်ငံ British Columbia သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိရုံးမှ အစီရင်ခံ ထုတ်ပြန် ကြေညာခဲ့ပါသည်။ အသက် (၃၁) နှစ် အရွယ် Monteith အား ကနေဒါ နိုင်ငံ Vancouver...

Microsoft ရင်းနှီးမြှပ်နှံသူများက ဘီဂိတ်အား ဥက္ကဌ ရာထူးသို့ ဆင်းပေးရန် ဖိအားပေး

Saturday 6th October 2013 Microsoft ကုမ္ပဏီ၏ ထိပ်တန်း ရင်းနှီးမြှပ်နှံသူ (၂၀) ဦးက ဘီဂိတ်အား ၄င်းကိုယ်တိုင် ၃၈ နှစ်ကြာ တွဲဖက် တည်ထောင်သူ အဖြစ်ဆောင်ရွက်ခဲ့သည့် ဆော့ဖ်ဝဲ ကုမ္ပဏီ၏ ဥက္ကဌ ရာထူးသို့ ဆင်းပေးရန် ဒါရိုက်တာ အဖွဲ့အား ဖိအားပေး တောင်းဆိုခဲ့ကြကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ နီးစပ်သော အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Steve Ballmer သည် ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် ရှယ်ယာဈေးနှုန်းများ တိုးတက် ကောင်းမွန်စေရန် နှစ်ပေါင်းများစွာ...

တဖြည်းဖြည်း မြင့်တက်လာသော စွမ်းအင် သုံးစွဲမှုအတွက် ကြိုတင် ပြင်ဆင်ထားသင့်သည့် အာရှဒေသ

Saturday 6th October 2013လာမည့် ၂၂ နှစ်ကျော်ကြာ ကာလအတွင်း ၈၀ ရာခိုင်နှုန်းခန့် ထပ်မံ မြင့်တက်လာနိုင်သည့် ဒေသတွင်း စွမ်းအင် သုံးစွဲမှုအားဖြေရှင်းနိုင်ရန် အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဆွေးနွေးညှိနှိုင်းကာ နည်းလမ်းကောင်းများ ရှာဖွေထားသင့်သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ (IEA) က အကြံပြု ပြောကြားခဲ့သည်။ IEA နှင့် ထိုင်းနိုင်ငံ စွမ်းအင် ၀န်ကြီးဌာနတို့မှ ပူးပေါင်း လေ့လာ သုံးသပ်ချက်အရ အာဆီယံ ဒေသတွင်း စွမ်းအင် သုံးစွဲမှု ပမာဏအား မလျှော့ချနိုင်သေးပါက...

ကျန်းမာနေထိုင်ရေး ဆောင်ရွက်မည့် Google ၏ ကျန်းမာရေး ကုမ္ပဏီ Calico လူသားများ သက်ရှည် ကျန်းမာနေထိုင်ရေး ဆောင်ရွက်မည့် Google ၏ ကျန်းမာရေး ကုမ္ပဏီ Calico

Saturday 6th October 2013California Life Co. သို့မဟုတ် Calico ကုမ္ပဏီသည် အသက်အရွယ် ကြီးရင့် လာခြင်းနှင့် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကျန်းမာရေး ကုမ္ပဏီဖြစ်ကာ Google သည် ၄င်းကုမဏီတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုထားသူ ဖြစ်သည်။ ကြီးမားသော အလောင်းအစားများ ပြုလုပ်ခြင်းမှ တော်လှန် တိုးတက်မှုများ ထွက်ပေါ်လာနိုင်ကြောင်း ဥပမာ မောင်းသူမဲ့ကားများ ၊ အင်တာနက်နှင့် ဆက်သွယ်ထားသည့် ၀တ်ဆင်နိုင်သော ကိရိယာငယ်များ ၊ ဝေးလံခေါင်သီ အရပ်ဒေသများသို့တိုင်...

ဓာတ်ပေါင်းဖိုလည်ပတ်မှု သုံးရက်ရပ်ဆိုင်းခဲ့ရသည့် နျူကလီးယားစွမ်းအင် စက်ရုံ

Sunday 6th October 2013 ဆွီဒင်နိုင်ငံမှာရှိတဲ့ နျူကလီးယားစက်ရုံတစ်ရုံက ဓာတ်ပေါင်းဖိုတစ်ခုဟာ တနင်္ဂနွေနေ့က စတင်ပြီး ဂျယ်လီငါးများကြောင့် လည်ပတ်မှုသုံးရက်တာ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ တာဘိုင်တွေဆီကို ရေအေးသယ်ဆောင်တဲ့ ပိုက်လိုင်းတွေမှာ ပိတ်ဆို့နေတဲ့ ဂျယ်လီငါးအမြောက် အများကို ဖယ်ရှားဖို့အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကတော့ ဆွီဒင်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘဲ့လ်တစ်ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ အော့စကာရှမ်း နျူကလီးယားစွမ်းအင်စက်ရုံမှာ ဖြစ်ပွားခဲ့...

အငှားဖြင့်ပြောင်းရွှေ့လိုနေသည့် ဇာဟာ

Sunday 6th October 2013 မန်ယူအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဖာဟာ ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ အငှားနဲ့ ပြောင်းရွှေ့လိုနေတယ်လို့သိရပါတယ်။ မန်ယူအသင်းဟာ ဇာဟာ ကို ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ် အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ခရစ်္စတယ်ပဲလေ့စ်အသင်းမှာ ရာသီကုန်အထိ အငှားချခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ် မိုယက်စ် လက်ထက်မှာ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာ ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။...

အိမ်ရှင်နိုင်ငံပြန်လည်ရွေးချယ်ဖွယ်ရှိနေသည့် ၂၀၂၂ ကမ္ဘာ့ဖလား

Sunday 6th October 2013 ၂၀၂၂ ခုနှစ်၊ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး အိမ်ရှင် နိုင်ငံပြန်လည်ရွေးချယ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။လက်ရှိအချိန်မှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်နေရာနဲ့ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ ဘလတ္တာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ၊ မြောက်အိုင်ယာလန်အားကစားဒါရိုက်တာ အဖွဲ့ဝင်ဖြစ်တဲ့ ဂျင်မ်ဘွုက်စ် တို့နဲ့ အခြားသော အဖွဲ့ဝင်များဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ အစည်းအဝေးပွဲ ပြန်လည်ကျင်းပ မှာဖြစ်ပါတယ်။ အစောပိုင်းကာလက...

လူတစ်ယောက်အောင်မြင်ရန်အတွက် ကြိုးစားရမည့်နည်းလမ်းများကို ဟောပြောခဲ့ခြင်း

Sunday 6th October 2013 ရန်ကုန်မြို့Junction Square ရှိMyanmar Media Development Center(MMDC) မှာ အောက်တိုဘာလ ၅ ရက်နေ့က လူတစ်ယောက်အောင်မြင်ဖို့အတွက်ကြိုးစားရမယ့်နည်းလမ်း များကို Fuel Your Life With Positive Energyခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောပွဲမှာတော့ စာရေးဆရာလင်းသိုက်ညွန့်မှ ဟောပြောပေးခဲ့တာဖြစ်ပြီး လူတစ်ယောက်ချင်းစီရဲ့ ဘ၀တိုးတက်ရေးအကြောင်းများကို ဟောပြောဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အခုလို ဟောပြောရာမှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး...

လာမယ့်နှစ်နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ၁၅၈ မဂ္ဂါဝပ် လိုအပ်မှုရှိနေခြင်း

Sunday 6th October 2013 လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား တွက်ချက်မှုများအရ လာမယ့် ၂၀၁၄ ခုနှစ် နွေရာသီကာလအတွင်းမှာ လျှပ်စစ်ဓာတ်အား၁၅၈ မဂ္ဂါဝပ်အထိ ထပ်မံလိုအပ်လျက်ရှိတယ်လို့ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လျှပ်စစ်ဓာတ်အားများကို လာမယ့် နွေရာသီကာလအတွင်းမှာ ရေအားလျှပ်စစ်နဲ့ ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံများမှ ၁၄၄၇ မဂ္ဂါဝပ်သာ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ...

သားအိမ်အတွင်း သန္ဓေတားပစ္စည်း ထည့်ခြင်းသည် ဘေးထွက်ဆိုးကျိုးများ

သန္ဓေတားခြင်း နည်းမျိုးစုံ အနက် သားအိမ်တွင်း သို့ သန္ဓေတား ပစ္စည်း ထည့်သွင်းခြင်း သည် သန္ဓေကို တားဆီး နိုင်သော် လည်း ဘေးထွက် ဆိုးကျိုးများ ပါရှိကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးစွဲခြင်းကြောင့် ရာသီ သွေးဆင်းမှု ရက်ကြာရှည်ခြင်း သွေးဆင်း မမှန်ခြင်း ၊ ရာသီ လာသောအချိန် ၀မ်းဗိုက် အောက်ပိုင်း ပိုမို ကိုက်ခဲခြင်းများ ဖြစ်ပေါ် တတ်ကြောင်း ၄င်း ထုတ်ပြန်ချက် တွင်...

ကရင်တပ်သားများ ပျောက်ဆုံးမှု ထိုင်းကို တိုင်တန်း

၁၉၉၉ ခုနှစ်က မြင်ရတဲ့ ဂျော်နီထူး (သေနတ်ကိုင်ထားသူ) နှင့် လူသာထူးထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က God Army တပ်ဖွဲ့ဝင် ကရင်လက်နက်ကိုင် ၅၅ ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ထိုင်းလုံခြုံရေးတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒါကို စုံစမ်းစစ်ဆေးပေးဖို့ ဒီတပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးကနေ တောင်းဆိုလိုက်ပါတယ်။ဒီကိစ္စကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပေးဖို့ နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ထိုင်းလူ့အခွင့်အရေးအရေး ကော်မရှင်နဲ့ ထိုင်းရှေ့များ...

တရုတ်တွင် အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် လူနှစ်သန်းကျော် ခန့်အပ်ထား

  Created on Saturday, 06 October 2013 တရုတ်နိုင်ငံ ထူထောင်ခြင်း (၆၄)နှစ်ပြည့် နေ့တွင် တီယန်မင်ရင်ပြင်သို့ သွားရောက်လည်ပတ်သူများကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (Photo:AFP) အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် တရုတ်အစိုးရက လူနှစ်သန်းကျော်ကို အလုပ်ခန့်အပ်ထားကြောင်း နိုင်ငံပိုင် မီဒီယာ တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းမှာ အစိုးရက အင်တာနက်ကို မည်သို့ထိန်းချုပ်ထားကြောင်း ရှားရှားပါးပါး ထုတ်ဖော်ပြသမှု တစ်ခုဖြစ်သည်။ အစိုးရက ခန့်အပ်ထားသော စောင့်ကြည့်သူများကို...

လွတ်လပ်မှုနှင့် တရားမျှတမှုကို တောင်းဆိုသည့် ဆန္ဒပြမှုများ ဆူဒန်တွင် ပြုလုပ်

Created on Saturday, 06 October 2013 စက်တင်ဘာ ၂၇ ရက်က မြို့တော် ခါတွန်တွင် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သည့် ဆန်ဟိုရီက ရိုက်ကူးထားသည့် ဆန္ဒပြနေသည့် ဓာတ်ပုံကို ထုတ်ပြန်ပေးခဲ့စဉ် (Photo:AFP) လွတ်လပ်မှုနှင့် တရားမျှတမှု တောင်းဆိုသည့် ဆန္ဒပြမှုများကို ဆူဒန်မြို့တော် ခါတွန်တွင် အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့စစ် တပ်ဖွဲ့များ၊ စစ်တပ်နှင့် အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသော်လည်း အမျိုးသားနှင့် အမျိုးသမီး...

အမေရိကန်ကို ဗီယက်နမ်မှ မောင်းထုတ်ခဲ့သော ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ် ကွယ်လွန်

Created on Saturday, 06 October 2013 ဗီယက်နမ် ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ်ထံ ဘရာဇီးလ် သမ္မတဟောင်း လူလာဒါဆေးလ်ဗား လာရောက်လည်ပတ်စဉ် ဟနွိုင်းမြို့ရှိ သူ၏နေအိမ်၌ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၀ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP) ဗီယက်နမ် လွတ်လပ်ရေး တိုက်ပွဲဝင် ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ်သည် အသက် ၁၀၂ နှစ်အရွယ်၌ အောက်တိုဘာ ၄ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ သားသမီးလေးဦး၏ ဖခင်ဇပ်သည် ဟနွိုင်းရှိ စစ်ဆေးရုံ၌ ပြီးခဲ့သည့် သုံးနှစ်ကတည်းက တက်ရောက်ကုသ နေခြင်းဖြစ်ပြီး...

အီဂျစ်တွင် ပြင်းထန်သည့် အဓိကရုဏ်းများကြောင့် လူ ၄ ဦး သေဆုံး၊ ၄၅ ဦး ဒဏ်ရာရရှိ

Created on Saturday, 06 October 2013 ရာထူးဖြုတ်ချခံရသော အီဂျစ်သမ္မတ မော်စီထောက်ခံသူများက အောက်တိုဘာ ၄ ရက်တွင် မြို့တော် ကိုင်ရို၌ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် (Photo:AFP) အီဂျစ်မြို့တော် ကိုင်ရိုတွင် အောက်တိုဘာ ၄ ရက်က အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသော အစ္စလာမ်များသည် စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ရာမှ ပြင်းထန်သည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးခဲ့ရသည်။ဇူလိုင် ၃ ရက်က မော်စီဖြုတ်ချခံရမှုအတွက် အစ္စလာမ် ထောင်ပေါင်းများစွာ...

Related Posts Plugin for WordPress, Blogger...