Sunday, October 6, 2013

Microsoft ရင်းနှီးမြှပ်နှံသူများက ဘီဂိတ်အား ဥက္ကဌ ရာထူးသို့ ဆင်းပေးရန် ဖိအားပေး




Saturday 6th October 2013

Microsoft ကုမ္ပဏီ၏ ထိပ်တန်း ရင်းနှီးမြှပ်နှံသူ (၂၀) ဦးက ဘီဂိတ်အား ၄င်းကိုယ်တိုင် ၃၈ နှစ်ကြာ တွဲဖက် တည်ထောင်သူ အဖြစ်

ဆောင်ရွက်ခဲ့သည့် ဆော့ဖ်ဝဲ ကုမ္ပဏီ၏ ဥက္ကဌ ရာထူးသို့ ဆင်းပေးရန် ဒါရိုက်တာ အဖွဲ့အား ဖိအားပေး တောင်းဆိုခဲ့ကြကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ နီးစပ်သော အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။

ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Steve Ballmer သည် ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် ရှယ်ယာဈေးနှုန်းများ တိုးတက် ကောင်းမွန်စေရန် နှစ်ပေါင်းများစွာ ဖိအားများအောက် အလုပ်လုပ်ခဲ့စဉ် ယခုကိစ္စသည် နည်းပညာ လောကတွင် အများက လေးစားမှု အရှိဆုံးနှင့် သြဇာလွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသည့် Gates အား ကုမ္ပဏီ၏ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူများ၏ ပစ်မှတ်အဖြစ် ပထမဦးဆုံး အကြိမ် ရောက်ရှိလာခြင်းပင် ဖြစ်သည်။ အောက်တိုဘာလ (၁) ရက်နေ့က Microsoft ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာပေးရန် ငြင်းပယ်ခဲ့သည်။


http://gadgets.ndtv.com/others/news/microsoft-investors-push-for-bill-ga...



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...