Sunday, October 6, 2013

တဖြည်းဖြည်း မြင့်တက်လာသော စွမ်းအင် သုံးစွဲမှုအတွက် ကြိုတင် ပြင်ဆင်ထားသင့်သည့် အာရှဒေသ




Saturday 6th October 2013


လာမည့် ၂၂ နှစ်ကျော်ကြာ ကာလအတွင်း ၈၀ ရာခိုင်နှုန်းခန့် ထပ်မံ မြင့်တက်လာနိုင်သည့် ဒေသတွင်း စွမ်းအင် သုံးစွဲမှုအား

ဖြေရှင်းနိုင်ရန် အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဆွေးနွေးညှိနှိုင်းကာ နည်းလမ်းကောင်းများ ရှာဖွေထားသင့်သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ (IEA) က အကြံပြု ပြောကြားခဲ့သည်။


IEA နှင့် ထိုင်းနိုင်ငံ စွမ်းအင် ၀န်ကြီးဌာနတို့မှ ပူးပေါင်း လေ့လာ သုံးသပ်ချက်အရ အာဆီယံ ဒေသတွင်း စွမ်းအင် သုံးစွဲမှု ပမာဏအား မလျှော့ချနိုင်သေးပါက ရှေ့လျှောက် ဒေသ၏ တစ်နေ့တာ ပျမ်းမျှ ရေနံ သုံးစွဲမှုမှာ လက်ရှိ စည် (၄.၄) သန်းမှ (၆.၈) သန်း ၊ ကျောက်မီးသွေး သုံးစွဲမှုမှာ လက်ရှိ ပမာဏထက် သုံးဆနှင့် သဘာဝ ဓာတ်ငွေ့ သုံးစွဲမှုမှာ (၈၀) ရာခိုင်နှုန်း အစရှိသဖြင့် အသီးသီး ဆက်လက် မြင့်တက်သွားမည်ဟု ခန့်မှန်းရကြောင်း ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အစိုးရများ အနေဖြင့် ယခုလက်ရှိ ရင်ဆိုင်နေရသည့် စွမ်းအင်သုံးစွဲမှု ပမာဏနှင့် သုံးစွဲမှု ကုန်ကျစရိတ်များ မြင့်တက်မှု ၊ နိုင်ငံများ၏ စွမ်းအင်များ လုံလောက်စွာ သုံးစွဲနိုင်မှု အစရှိသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန်နှင့် အာဆီယံ ဒေသတွင်းရှိ စွမ်းအင်နှင့် လျှပ်စစ် ပိုက်လိုင်းများ အပါအ၀င် အာဆီယံ စွမ်းအင် ကွန်ယက်ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ယခုကတည်းက ညှိနှိုင်း ဆွေးနွေးကာ ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းကောင်းများ ရှာဖွေ သွားသင့်ကြောင်း IEA မှ အထူး အလေးအနက်ထား တိုက်တွန်း ပြောကြားသွားခဲ့သည်။



Source: Bernama
http://www.nst.com.my/latest/asia-should-prepare-for-rising-energy-deman...



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...