Sunday, October 6, 2013

iMessages နှင့်ပတ်သက်သော ပြဿနာများ ဖြေရှင်းရန် Apple ဆောင်ရွက်




Saturday 6th October 2013

iPhone၊ iPad နှင့် iPod Touch တို့တွင် အသုံးပြုထားသော Apple ၏ နောက်ဆုံး ပြုပြင်ပြောင်းလဲ ထုတ်ဝေခဲ့သော iOS7 software နှင့် ပတ်သက်သည့်

နောက်ထပ် ပြဿနာတစ်ခု ထွက်ပေါ်လာခဲ့ရာ ၄င်းမှာ ဖုန်းမှတစ်ဆင့် Apple ကိရိယာများနှင့် ကွန်ပြူတာများသို့ ပေးပို့လိုက်သော စာတိုပို့စနစ် iMessages တွင် သတင်းများ ပေးပို့/လက်ခံခြင်း ပြုလုပ်လို့မရသည့် ပြဿနာ ဖြစ်သည်။ ၄င်းပြဿနာကို Apple မှ အတည်ပြုခဲ့ပြီး ၊ ယခုအခါ ဖြေရှင်းရန် ကြိုးပမ်းလျှက် ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် iMessage အသုံးပြုသူ အနည်းငယ်သာ အဆိုပါပြဿနာမျိုး ကြုံတွေ့ရသည်ကို သတိပြုမိကြောင်း ၊ မကြာမီ ထွက်ပေါ်လာမည့် software update တွင် ပြင်ဆင်မှု ပါဝင်လာမည် ဖြစ်ကြောင်းနှင့် အဆင်မပြေမှုနှင့် ကြုံတွေ့ခဲ့သူများကိုလည်း တောင်းပန်ကြောင်း Apple မှ ပြောကြားခဲ့သည်။ Apple ၏ iMessages စာတိုပို့စနစ်သည် အခြားစနစ်များနှင့် မတူပဲ iPhone အချင်းအချင်းဖြစ်စေ ၊ ဖုန်းမှ iPad နှင့် iPod တို့ ထံသို့ဖြစ်စေ ၊ နောက်ဆုံး ဖုန်းမှ Mac computer ထိတိုင်အောင် Wi-Fi ကြိုးမဲ့ ကွန်ယက်မှတစ်ဆင့် စာတိုပေးပို့နိုင်သော စနစ်ဖြစ်သည်။



http://www.usatoday.com/story/tech/2013/10/02/apple-issues-with-imessage...



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...