Sunday, October 6, 2013

အငှားဖြင့်ပြောင်းရွှေ့လိုနေသည့် ဇာဟာ




Sunday 6th October 2013

မန်ယူအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဖာဟာ ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ အငှားနဲ့ ပြောင်းရွှေ့လိုနေတယ်လို့

သိရပါတယ်။ မန်ယူအသင်းဟာ ဇာဟာ ကို ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ် အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ခရစ်္စတယ်ပဲလေ့စ်အသင်းမှာ ရာသီကုန်အထိ အငှားချခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ် မိုယက်စ် လက်ထက်မှာ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာ ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဇာဟာ အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုင်းဟော်ဆန် ရဲ့ အင်္ဂလန်အသင်းမှာပါဝင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဇာဟာ ဟာလာမယ့် ဇန်န၀ါရီလအပြောင်းအရွှေ့မှာ မန်ယူအသင်းမှ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အခြားပရီးမီးယား လိဂ်အသင်းတစ်သင်းကို အငှားနဲ့ ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ ဇာဟာ ကို ခရစ္စတယ်ပဲလေ့စ် အသင်းက အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပြင် ဆွမ်ဆီး၊ ၀က်စ်ဘရွန်း၊ စတုတ်စီးတီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ကလည်း အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဇာဟာ ဟာ ယခုနှစ်ဘောလုံးရာသီမှာ ကွန်မြူနဒီ ဖလားပြိုင်ပွဲတစ်ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဆွမ်ဆီး၊ ခရစ္စတယ် ပဲလေ့စ်အသင်းတို့ပွဲစဉ်နဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကပ်ပီတယ်ဝမ်းဖလား ပွဲစဉ် တွေမှာ အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် အရံခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဇာဟာ ဟာ မန်ယူနည်းပြဟောင်း ဖာဂူဆန် နောက်ဆုံးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ လည်း သိရပါတယ်။

Mrtv-4

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...