Thursday, November 28, 2013

အိမ်နီးချင်း နိုင်ငံများသို့ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်နေဆဲ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ

မြန်မာနိုင်ငံမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခို တင်ပို့မှု မြင့်တက်နေသောကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း မြန်မာနိုင်ငံနှင့် အမြတ်ရလွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြုပ်နှံ မှုများအကြောင်း ဖော်ပြထားသော နယ်သာလန် အခြေစိုက် Transnational Institute ၏ မကြာမီက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သစ်မှောင်ခို ထုတ်ယူမှု ပိုမိုများပြား...

ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသည့် မော်တော်ယာဉ်များကို ဖယ်ရှားအရေးယူသည့် ဖမ်းဆီးရေး အဖွဲ့များတိုးမြှင့်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင် စည်းကမ်းမဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးရေး အဖွဲ့များကို တိုးမြှင့်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ယခုလက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း...

အခကြေးငွေရယူကာဘင်္ဂါလီလူမျိုး(၇)ဦးကို ရန်ကုန်သို့ခိုးသွင်းလာသည့် ပါဂျဲရိုးကားကို မှော်ဘီတွင် ဖမ်းဆီးရမိ၊ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ကျပ် ၃၂သိန်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ဟု ယာဉ်မောင်းထွက်ဆို

White Card ကိုင်ဆောင်ထားသူ ဘင်္ဂလီနှစ်ဦးအပါအ၀င် ဘင်္ဂလီလူမျိုး (၇)ဦးကို ငွေကျပ် (၃၂)သိန်း ယူဆောင်ကာ လိုင်စင်မဲ့ ပါဂျဲရိုးကားနဲ့ ရန်ကုန်မြို့ကို ခိုးသွင်းလာမှုကို နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းက မှော်ဘီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာန တို့က ဖမ်းဆီးရမိခဲ့ပါတယ်။မှော်ဘီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့က အမှတ် (၄)လမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ မစ်ဆူဘီရှိ...

ကျပ် သိန်းပေါင်း တစ်သောင်းကျော်တန် Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် နယ်စပ်မှ သွင်းရာတွင် ဖုံးအုပ်ကာ အလုံပိတ် ပုံစံမျိုးဖြင့် ပြောင်းလဲတင်သွင်း

ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန် ကြေးရှိ Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် တင်သွင်းရာတွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ ကားအမျိုးအစားကို အလွယ်တကူ မမြင်တွေ့နိုင်သည့် ဖုံးအုပ်သယ်ယူသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်း လာသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။ယခင်က ကားတင်သွင်းရာတွင် Rolls Royce ကဲ့သို့ကားများ အပါအ၀င် တန်ဖိုး ကီး၊ တန်ဖိုးနည်း မည်သည့်ကား အမျိုးအစားကိုမဆို ကားသယ်ယူသည့် ယာဉ်ကြီးများပေါ်တွင် မြင်မြင်ထင်ထင်တင်ကာ...

နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်များမှ ၀င်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။ယင်းကဲ့သို့ လုံခြုံရေးကို...

တောင်သမန်အင်းအတွင်းသို့ ဆောင်းခိုငှက်များ စတင်ရောက်ရှိ

တောင်သမန်အင်းသို့ နိုဝင်ဘာ လလယ်ခန့်မှစ၍ ဆောင်းခိုငှက်များဖြစ်သော ငဟစ်မွဲနှင့် ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်များ စတင် ၀င်ရောက်လျှက်ရှိကြောင်း သိရသည်။ယခုနှစ်တွင် အင်းရေကျဆင်းမှု နောက်ကျခြင်းကြောင့် ဆောင်းခိုငှက်များ ၀င်ရောက်မှု နောက်ကျခဲ့ပြီး ပုလိပ်အင်းသို့ ဆောင်းခိုငှက် ၀င်ရောက်မှု မရှိသေးကြောင်း၊ ယခုဝင်ရောက်သည့် ဆောင်းခိုငှက်များမှာ အနည်း ငယ်သာရှိပြီး နှစ်စဉ်ဝင်နေကျ ငှက်မျိုးစိတ်များ ကျန်ရှိနေကာ အကောင်အရေအတွက် ပြည့်မီခြင်း မရှိသေးကြောင်း သိရသည်။"တောင်သမန်ကို...

ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်နိုင်ငံသို့ ထွက်ခွာ

၂၈.၁၁.၂၀၁၃၊ ကြာသပတေးနေ့ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။''ကျွန်တော်တို့ရဲ့ လွှတ်တော်နာယကကြီးကို ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌက ဖိတ်တဲ့အတွက် သွားကြတာ ဖြစ်ပါတယ်။ သွားတဲ့အထဲမှာ လွှတ်တော်ကိုယ် စားလှယ်တွေရော၊ စီးပွားရေးအရ...

မန္တလေးမြို့ ရေ၊ အမှိုက်၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၂သန်း ကူညီ

မန္တလေးမြို့၏ ရေပေးဝေရေးစနစ်၊ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း (ယူရိုငွေ ၉၆၉၀၀၀) ကူညီပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သတင်းရရှိသည်။ပြင်သစ်နိုင်ငံ အခြေစိုက် Sasege Engirenerring ကုမ္ပဏီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် အကူအညီပေးခြင်းဖြစ်ကာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြို့တော်စည်ပင်...

ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား လာရောက်မှု များပြားလာခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရ

ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသတွင်း ၀င်ရောက်လာသော ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ၎င်းတို့၏ ငွေကြေးပစ္စည်းများ လုံခြုံရေးထိခိုက် ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရသကဲ့သို့ ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများထဲမှ အဆင့်အတန်းမရှိသော ဧည့်သည်တချို့၏ ကျူးလွန်လာမည့် ယဉ်ကျေးမှုနှင့် မှုခင်းဆိုင်ရာ...

Related Posts Plugin for WordPress, Blogger...