
Apple ကို ကမ္ဘကျော် နည်းပညာ လုပ်ငန်းစုကြီး ဖြစ်လာအောင် အဓိက ဦးဆောင် ထူထောင်ခဲ့သည့် စတိဗ်ဂျော့ဘ်၏ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သော စီမံကိန်းကြီး တစ်ရပ်ကို Apple က ယခုအခါ ထုတ်ဖော် ပြသလာခဲ့ပြီ ဖြစ်သည်။ iPhone နှင့် iPad တို့၏ ဖခင်ကြီးအဖြစ် တင်စားခံရသော ဂျော့ဘ်သည် စိတ်ကူးစိတ်သန်း အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် Apple ဌာနချုပ်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်မီ ကွယ်လွန်ခဲ့ရှာသည်။ အမေရိကန်သား တီထွင်မှု ပါရမီရှင်ကြီးသည် အချင်း...