Tuesday, November 12, 2013

ထားထက်ထက်နဲ့အတူပြိုင်မယ့် နိုင်ငံတကာကအလှမယ်လေးတွေရဲ့ ရေလည်ဟော့တဲ့ဓာတ်ပုံတွေပါ...

2013 Miss Grand Miss Grand Wales  Miss Grand Cuba Miss Grand Brazil    Miss Grand Georgia Miss Grand Myanmar   Miss Grand Bolivia Miss Grand Belgium Miss Grand Kenya   Miss Grand Indonesia   Miss Grand Thailand   Miss Grand Sri Lanka   Miss Grand Ukraine Miss Grand Honduras ...

မိုင်လီ၏ ဖက်ရှင်အတွက် လူပြောများခဲ့ပြန်သည့် MTV EMA ဆုပေးပွဲ

မိုင်လီ၏ ဖက်ရှင်အတွက် လူပြောများခဲ့ပြန်သည့် MTV EMA ဆုပေးပွဲMTV၏ VMA ဆုပေးပွဲ အစီအစဉ်တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့ဖူးသည့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်သည် ယခုဆုပေးပွဲတွင် အကောင်းဆုံး ဗီဒီယိုဆုကို Wrecking Ballအတွက် ရရှိခဲ့ပြီးနောက် ဆုလက်ခံရယူသည့် ဖက်ရှင်ကြောင့် အများမျက်ခုံးပင့်စရာ ဖြစ်ခဲ့(၂၀၁၃)ခုနှစ်အတွက် MTV၏ ဥရောပ ဂီတဆုပေးပွဲ (EMA)တွင် One Direction အဖွဲ့က ဆုနှစ်ဆုဖြင့် အအောင်မြင်ဆုံး ဖြစ်ခဲ့သော်လည်း လူအများ အာရုံကို...

မြန်မာနိုင်ငံတွင် Wikipedia Zero တယ်လီနောက အခမဲ့ သုံးခွင့်ပြုမည်

Wikipedia Zero (အွန်လိုင်း စွယ်စုံကျမ်း) ၏ မိုဘိုင်းလ် ဝန်ဆောင်မှု တစ်ခုဖြစ်သော Wikipedia Zero ကို တယ်လီနော ဆက်သွယ်ရေး ဝန်ဆောင်မှု သုံးစွဲမည့် မြန်မာနိုင်ငံသားများကို အခမဲ့ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန် ကြေညာသည်။ အင်တာနက်သုံးစွဲခ ပေးဆောင်ရန် မလိုဘဲ Wikipedia Zero ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင်းရှိ တယ်လီနော မိုဘိုင်းလ်ဖုန်း သုံးစွဲသူများကို သုံးစွဲခွင့်ပြုရန် သဘောတူညီထားကြောင်း Wikipedia နှင့် တယ်လီနောက နိုဝင်ဘာလ ၇ ရက်နေ့တွင်...

ဦးနှောက်ကို စကင်ဖတ်ပြီး စိတ်ဝင်စားမှုများကို မှတ်တမ်းတင်နိုင်သည့်ပစ္စည်း ပေါ်ထွက်

Tuesday, 12 November 2013 ဦးခေါင်းတွင် ဖုန်းနှင့်တွဲကာ ဝတ်ဆင်ပြီး တပ်ဆင်ထားသူ၏ အမြင်နှင့် ခံစားချက်များကို မှတ်တမ်းတင် ပေးထားနိုင်သည့် Neurocam ဆိုသည့် ပစ္စည်းတစ်မျိုးကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် ကျင်းပ သည့် ၂၀၁၃ ခုနှစ် လူသားအားရုံခံစနစ် ညီလာခံပွဲတွင် လက်တွေ့ ပြသခဲ့သည်။ အဆိုပါနားကြပ်တွင် EEG ဆင်ဆာစနစ်များ ထည့်သွင်းထားပြီး ဦးနှောက်ကို တိုက်ရိုက် အာရုံဖမ်းနိုင်ကာ လူသားစိတ်ထဲတွင် ဖြစ်ပေါ်နေသည်များကို ပြန်လည် ဖော်ထုတ်ပြနိုင်ရန် မှတ်တမ်း ယူထားနိုင်သည်ဟု...

နည်းပညာထက် ကျန်းမာရေးက ပိုအရေးကြီးဟု ဘီလ်ဂိတ်ဆို

ကမ္ဘာကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်တွင် စီအီးအို ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော စတိဘောမား နုတ်ထွက်သွားချိန်တွင် ကုမ္ပဏီကို ထူထောင်ခဲ့သူ ဘီလ်ဂိတ်စ်သည် အရေးပါသော နေရာကို ပြန်လာပြီး တာဝန် ထမ်းဆောင်မည်ဟု သတင်းများ ပေါ်ထွက်နေချိန်၌ Financial Times သတင်းနှင့် အင်တာဗျူးတွင် ဂိတ်စ်က နည်းပညာထက် ကျန်းမာရေးက ပိုပြီးအရေးကြီးကြောင်း ပြောကြားလိုက်သည်။ ဂိတ်စ်က သူ့အနေဖြင့် ကမ္ဘာ့ အဆင်းရဲဆုံး နေရာများတွင် ကျန်းမာရေး အကူအညီများ ပေးပြီး...

နယ်သာလန် ဘုရင်ကို ရုရှား အတိုက်အခံများ ခရမ်းချဉ်သီးဖြင့် ပေါက်ပြီး ဆန္ဒပြ

Tuesday, 12 November 2013 ရုရှားဖယ်ဒရေးရှင်း နိုင်ငံသို့ လာရောက် လည်ပတ်သော နယ်သာလန် ဘုရင်ကို ရုရှား အတိုက်အခံများက ခရမ်းချဉ်သီးများဖြင့် ပစ်ပေါက်ကာ ရုရှား အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ခိုလှုံခွင့် ပယ်ချခဲ့ခြင်းအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။ နယ်သာလန်ဘုရင် ဝီလန်အလက်ဇန္ဒားက မြို့တော်မော်စကိုသို့ အလည်အပတ် ရောက်လျက်ရှိစဉ် နယ်သာလန်သို့ ခိုလှုံခွင့် တောင်းခံစဉ် လက်မခံခဲ့သဖြင့် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သော အတိုက်အခံ တစ်ဦးအတွက်...

အီလက်ထရွန်နစ် ဆိုင်ကြီးများကို ဗင်နီဇွဲလား အစိုးရသိမ်း၊ ဈေးလျှော့ရောင်း၍ လူများ ကြိတ်ကြိတ်တိုး

Tuesday, 12 November 2013 ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရို က အီလက်ထရွန်နစ် ကုန်တိုက်ကြီး များသည် ဈေးအလွန် ကြီးမားသဖြင့် ၎င်းတို့ကို သိမ်းဆည်းကာ ဈေးချပြီး ရောင်းရန် အမိန့်ထုတ်လိုက်ပြီးနောက် လူများ ကြိတ်ကြိတ်တိုးကာ အီလက်ထရွန်နစ်ပစ္စည်းများ ဝယ်ယူရန်အတွက် ညအိပ်ပြီး တန်းစီ စောင့်ဆိုင်းနေကြရာ စစ်တပ် လုံခြုံရေးပင် ယူထားရကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။ Daka ဟု အမည်ရသည့် အီလက်ထရွန်နစ် ကုန်တိုက် လုပ်ငန်းကြီးသည် အလွန်မတန်တဆ ဈေးတင်ထားကြောင်း သမ္မတ မာဒူရိုက...

မဟာမြတ်မုနိဘုရား မျက်လုံးတော်ပွင့်ဟူသော ကောလာဟလကြောင့် လုံခြုံရေးကင်မရာကို စစ်မည်

Tuesday, 12 November 2013    မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မန္တလေးမဟာမြတ်မုနိ ဘုရားကြီး ဘယ်ဘက်မျက်လုံးတော် ပွင့်တော်မူသည်ဟူသော ကောလာဟလများ နိုဝင်ဘာလ ၁၀ ရက်နေ့က ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဘုရားကြီးမျက်နှာတော် အနီးရှိ လုံခြုံရေး ကင်မရာကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကြီး ဂေါပက အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ “မဟာမြတ်မုနိဘုရား ဘယ်ဘက် မျက်လုံးတော် ပွင့်တယ်လို့ မနက် ၁၀ နာရီ ကျော်လောက် ကတည်းက ကြားလိုက်မိတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း...

ဧရာဝတီမြစ် လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းလှေ စီးရေတိုး

Tuesday, 12 November 2013 ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ...

မြန်မာအမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲ အင်ဂျလီနာဂျိုလီ သဝဏ်လွှာပို့

နာမည်ကြီး ဟောလီဝုဒ် အကျော်အမော် သရုပ်ဆောင် တစ်ဦးဖြစ်သော အင်ဂျလီနာဂျိုလီသည် ကျင်းပဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အဆိုပါ စကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောကြားသည်။ အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးနှင့်...

ဂျပန်နှင့်စင်ကာပူမှ တင်ပြထားသော ရန်ကုန်ဘူတာကြီးဝင်း တစ်ခုလုံး အဆင့်မြှင့်တင်ခြင်းအတွက် မကြာမီ တင်ဒါခေါ်ယူမည်

 Created on Tuesday, 12 November 2013 အဆင့်မြှင့်တင်ခြင်း ပြုလုပ်မည်ဖြစ်သော ရန်ကုန်ဘူတာကြီးဝင်း အတွင်းပိုင်းအား တွေ့ရစဉ် ဂျပန်နှင့် စင်ကာပူ နိုင်ငံတို့မှ လုပ်ကိုင်နိုင်ရန် တင်ပြထားသော ရန်ကုန်ဘူတာကြီးဝင်း တစ်ခုလုံး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် မကြာမီတင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယခုနှစ်အတွင်း ဂျပန်ကုမ္ပဏီ နှစ်ခုနှင့် စင်ကာပူကုမ္ပဏီ နှစ်ခုတို့မှ ရန်ကုန်ဘူတာကြီးဝင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်...

ရေနည်းကာလ မရောက်မီ ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုများ ပိုမိုကြုံတွေ့လာ

 Created on Tuesday, 12 November 2013 သဲသောင်များ ဖြစ်ထွန်းမှုကြောင့် ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုကို ကြုံတွေ့ရစဉ် မြန်မာနိုင်ငံ မြစ်ချောင်းများတွင် ရေနည်းကာလအဖြစ် နိုဝင်ဘာလ ၁၅ ရက် နေ့မှ မေလ ၁၅ ရက်နေ့အထိ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတ်မှတ်ထားပြီး ယခုနှစ် ရေနည်းကာလတွင် ဧရာဝတီ မြစ်ကြောင်း အတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုများ ပိုမိုကြုံတွေ့ လာနိုင်ကြောင်း သိရသည်။ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ဧရာဝတီမြစ်ရေသည်...

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျ တက္ကသိုလ်တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်မည့် စာချုပ်များ ပထမဆုံးအကြိမ် ချုပ်ဆိုမည်

 Created on Tuesday, 12 November 2013 ဆေးတက္ကသိုလ် (မန္တလေး)အား တွေ့ရစဉ် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များ ပူးပေါင်း၍ အဆင့်မြင့် ပညာကဏ္ဍ မြှင့်တင်မည့် စာချုပ်များကို ပထမဦးဆုံးအကြိမ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် ဆစ်ဒနီတက္ကသိုလ်ခွဲ တစ်ခုဖြစ်သည့် Sydney Medical School ဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရာတွင် အဆင့်မြင့် ပညာကဏ္ဍ၌ တက္ကသိုလ်...

ပညာရေးမြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများကို အနီးကပ်ညှိနှိုင်း ဆောင်ရွက်ရန် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်း

 Created on Tuesday, 12 November 2013 တက္ကသိုလ် စိန်ရတုခန်းမတွင် ဖွင့်လှစ်ထားသည့် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲအား တွေ့ရစဉ်(ဓာတ်ပုံ-အေးပပ) မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများကို အနီးကပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်မှုများ ပြုလုပ်ရန် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီအား၂၀၁၃ခုနှစ်၊ အောက်တိုဘာလ အတွင်းက ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီတွင် လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့...

စက်မှုဝန်ကြီးဌာနမှ ကျပ်နှစ်သိန်းဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်း Myanmar Egress ကြေညာ၊ ပြည်သူပိုင် မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ရောင်းချ၊ ငှားရမ်းထားသည့် တန်ဖိုးများအားလုံးကို အစိုးရကပွင့်လင်းမြင်သာ...

 Created on Tuesday, 12 November 2013 တစ်နှစ် ကျပ်သိန်းနှစ်ရာဖြင့် မြန်မာ့အဏ္ဏ၀ါ စွမ်းအားရှင် ဂရုအက်(စ်)ကုမ္ပဏီမှ ငှားရမ်းခွင့် ရထားသည်ဆိုသော ၁၇ ဧက ကျော် ကျယ်ဝန်းသည့် ယခင်အလုံမီးခံ ဘိလပ်မြေပြားစက်ရုံ မြေနေရာဟောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို) စက်မှုဝန်ကြီးဌာနမှ ကျပ်နှစ်သိန်းဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်း Myanmar Egress ကြေညာ၊ ပြည်သူပိုင် မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ရောင်းချ၊ ငှားရမ်းထားသည့်...

တရားဥပဒေ စိုးမိုးရေးနှင့် မထိန်းသိမ်းဘဲ ပြစ်မှုပြစ်ဒဏ်များနှင့် နိုင်ငံကို ထိန်းသိမ်းသွားမည် ဆိုပါက ပြည်သူများ အနေဖြင့် တကယ့်ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပေါ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 Created on Tuesday, 12 November 2013 နိုဝင်ဘာ ၁၁ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပါဝင်ဆွေးနွေးစဉ် တရားဥပဒေ စိုးမိုးရေးဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ပြစ်မှုပြစ်ဒဏ်များဖြင့်သာ နိုင်ငံကို ထိန်းသိမ်းမည် ဆိုပါက ပြည်သူများသည် တကယ့်ဒီမိုကရေစီ စိတ်ဓာတ် ဖွံ့ဖြိုးလာမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နိုဝင်ဘာ ၁၁ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်...

မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆိုင်ကယ် အပါအ၀င် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့

 Created on Tuesday, 12 November 2013 မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားပေါ်မှာ ပြည်တွင်းသို့ တင်သွင်းလာသော စက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို တွေ့ရစဉ် မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းတွင် ပြည်ပမှ တရားမ၀င် ကုန်စည်တင်သွင်းမှုအား Mobile Team ဖြင့် အရေးယူ ဆောင်ရွက်မှု တင်းကျပ်လာပြီးနောက် နယ်စပ်မှ တရားဝင်ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း တရားဝင် ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းနှင့်အတူ မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉...

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံ ဆွေးနွေးမည်ဟု SNDP ဆို

 Created on Tuesday, 12 November 2013 SNLD ပါတီ၏ ပါတီတည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို လားရှိုးမြို့၌ ပြုလုပ်စဉ် (ဓာတ်ပုံ-SNLD) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဘက်က ပါတီနှစ်ပါတီ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံဆွေးနွေး သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နှင့် ပူးပေါင်းရန်အတွက် ၎င်းတို့ဘက်မှ ဖိတ်ခေါ်ကမ်းလှမ်းမှု...

အသက်မသေဆုံးသေးသူ တစ်ဦးအား စောင့်ရှောက်မည့်သူ မရှိ၍ သင်္ချိုင်းဇရပ်တစ်ခုတွင် လာရောက်စွန့်ပစ်မှု မြိတ်မြို့တွင် ဖြစ်ပွား

 Created on Tuesday, 12 November 2013 မြိတ်မြို့ရှိ တရုတ်သင်္ချိုင်းဇရပ်တွင် စွန့်ပစ်ခံရသူတစ်ဦးကို တွေ့ရစဉ် လေဖြတ်ရောဂါ ခံစားနေရပြီး အသက်သေဆုံးခြင်း မရှိသေးသည့်လူနာတစ်ဦးအား စောင့်ရှောက်မည့်သူ မရှိသောကြောင့် မြိတ်မြို့ရှိ သင်္ချိုင်းဇရပ် တစ်ခုတွင် လာရောက် စွန့်ပစ်ခံထားရသူအား တာဝန်ရှိသူများက ဆေးရုံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃ ရက်က ကန်ကြီးရပ်ကွက် ဘီလမ်းရှိ နေအိမ်ဟောင်း တစ်ခုတွင် ၀င်ရောက်နေထိုင် နေသူတစ်ဦးမှာ လေဖြတ်ရောဂါ...

Related Posts Plugin for WordPress, Blogger...