Tuesday, November 12, 2013

မြန်မာနိုင်ငံတွင် Wikipedia Zero တယ်လီနောက အခမဲ့ သုံးခွင့်ပြုမည်




Wikipedia Zero (အွန်လိုင်း စွယ်စုံကျမ်း) ၏ မိုဘိုင်းလ် ဝန်ဆောင်မှု တစ်ခုဖြစ်သော Wikipedia Zero ကို တယ်လီနော ဆက်သွယ်ရေး ဝန်ဆောင်မှု သုံးစွဲမည့် မြန်မာနိုင်ငံသားများကို အခမဲ့ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန် ကြေညာသည်။

အင်တာနက်သုံးစွဲခ ပေးဆောင်ရန် မလိုဘဲ Wikipedia Zero ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင်းရှိ တယ်လီနော မိုဘိုင်းလ်ဖုန်း သုံးစွဲသူများကို သုံးစွဲခွင့်ပြုရန် သဘောတူညီထားကြောင်း Wikipedia နှင့် တယ်လီနောက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ဝန်ဆောင်မှုကို လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲခွင့် မရရှိသေးဘဲ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ စတင်ဆောင်ရွက်သည့် အခါမှသာ တရားဝင် သုံးစွဲရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး တယ်လီနော မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ အင်တာနက် အသုံးပြုခ ပေးဆောင်ရန်မလိုဘဲ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“Wikipedia Zero က အခု Google Play ကနေ ဒေါင်းလုတ်ဆွဲပြီး သုံးလို့ ရနေတယ်။ တယ်လီနောက အခမဲ့သုံးခွင့် ပေးမယ်ဆိုတော့ ကောင်းတယ်။ ဒါပေမဲ့ အသုံးဝင်သလောက် ဖိုင်ဆိုက်ကလည်း အရမ်းကြီးတယ်” ဟု လက်ရှိ Wikipedia Zero ကို အသုံးပြုနေသူ ဦးနေလင်းအောင်က ဆိုသည်။
တယ်လီနောသည် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရရှိရန် စောင့်ဆိုင်းနေပြီး လိုင်စင်ရရှိပြီးနောက် ဆက်သွယ်ရေး ကွန်ရက်ကို ရှစ်လဖြင့်အပြီး တည်ဆောက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...