Friday, February 14, 2014

လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ်

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။ ၁) ရေကုထုံးသုံးပါရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာ စေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့်...

မိခင်နှင့်အစ်မတို့ရန်ဖြစ်စဉ် ၀င်ရောက် သတ်ပုတ်သည့်မောင်ကို အစ်မဖြစ်သူမှ ဓါးဖြင့်ထိုး၍ သေဆုံး

၁၂.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွန်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။ဖြစ်စဉ်မှာ ယင်းနေ့ ၂၁၀၀ အချိန်ခန့်က မိခင်ဖြစ်သူဒေါ်ထွေးကြည်နှင့် သမီးဖြစ်သူမတင်မာညိုတို့ (၂)ဦးမှာ စကားများရန်ဖြစ်ကြကြောင်း၊ ထိုစဉ် မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းက မိခင်နှင့်ရန်ဖြစ်နေသည့် အစ်မဖြစ်သူမတင်မာညိုကို ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊...

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။...

ဘယ်လ်ဂျီယမ်မှာ ညင်သာစွာ အသက်ထွက်ခွင့်ပြု

ဘယ်လ်ဂျီယမ် နိုင်ငံမှာ ရောဂါကျွမ်းနေတဲ့ ကလေးတွေကို ဘယ်အရွယ်မဆို သေချိန် မတိုင်ခင်မှာ ညင်ညင်သာသာနဲ့ အသက် ထွက်ခွင့် ပြုမယ့် ဥပဒေတရပ်ကို ပါလီမန်မှာ မဲခွဲ အတည်ပြုလိုက်ကြပါတယ်။၂၀ဝ၂ခုနှစ်ကစလို့ အရွယ်ရောက်သူတွေကို စာနာစိတ်နဲ့ အသက်ထွက်သွားစေခွင့် ပြုထားတဲ့ ဥပဒေကို ထပ်တိုးချဲ့ ပြဌာန်းရေးနဲ့ ပတ်သက်လို့ ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းတော်ရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ပါလီမန်မှာ တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ညင်ညင်သာသာနဲ့ အသက်ထွက်သွားအောင် လုပ်မယ့် ကလေးဟာ...

နိုင်ငံခြားသတင်းထောက်များ ဗီဇာသက်တမ်း အများဆုံးတစ်လထိသာ ပေးတော့မည်

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မည့် နိုင်ငံခြားသတင်းထောက်များ ပြည်ဝင်ခွင့် ဗီဇာသက်တမ်းကို အများဆုံးတစ်လထိသာ ခွင့်ပြုတော့မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က မဇ္ဈိမကို အတည်ပြုပြောသည်။ထို့ပြင် နိုင်ငံတွင်းပြုလုပ်သည့် အစည်းအဝေးများ၊ ပွဲများကို ၀င်ရောက်သတင်းယူလိုသူများသည် ယင်းအစည်းအဝေးမကျင်းပမီ နှစ်ရက်၊ အစည်းအဝေးကျင်းပနေချိန်နှင့် အစည်းအဝေးပြီး နောက်နှစ်ရက်တို့ကိုသာ ခွင့်ပြုသွားမည်ဟု ဆိုသည်။ နိုင်ငံခြားသတင်းထောက်များ မြန်မာနိုင်ငံအတွင်း...

၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေသည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။အဆိုပါ တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည် (၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး တရားမဝင်သင်္ဘော လိုင်းများဖြင့်...

ဆေးထိုးမှား၍ သေဆုံးရသည် စွပ်စွဲပြီး အထူးကုဆေးရုံ ဆရာဝန်ကို အမှုဖွင့်

 အင်းစိန်မြို့နယ်တွင် ဆေးထိုးမှား၍ လူတစ်ဦးသေဆုံးရသည်ဟု စွပ်စွဲပြီး အထူးကုဆေးရုံမှ ဆရာဝန်ကို အမှုဖွင့်တိုင်တန်းထားသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။အမှုကို ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ ပြည်တော်သာလမ်းတွင် နေထိုင်သည့် သေဆုံးသူ၏ ဇနီးတော်စပ်သူက အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ယင်းဖြစ်စဉ်တွင် ဆေးထိုးမှားခြင်း လုံးဝမရှိခဲ့ဘဲ လူနာ၏ နှလုံးရောဂါ အခံကြောင့်သာ...

ချစ်စရာကောင်းတဲ့ မုသား

ဇူလိုင်လရဲ့ အနောက်တောင်မုတ်သုန်လေက အားကောင်းနေဆဲ။ စခန်းကုန်းပေါ်ရှိ ကိုးတောင်ပြည့်ဘုရားပေါ်ကနေ အရှေ့မြေညက်ဘက်ဆီကိုငေးကြည့်နေမိတယ်။ ပလက်ခိုတောင်ကြောက မြူခိုးဝေဝေကြားမှာ ထီးထီးမားမာ။ ပေ ငါးထောင်ကျော်မြင့်တဲ့ တောင်ကြောပေါ်မှာ ကျောက်တုံးတွေနဲ့ အပင်ခတ်ကြဲကြဲက နေရာယူလို့။ ရှေ့တန်းရဲဘော်တွေအတွက် အရေးကြီးဆုံးက "ရေ" ။ ပလက်ခိုတောင်ကြောပေါ်ကရဲဘော်တွေ ဘယ်လိုများနေရှာကြမလဲ။ စကခ ၃ ဗျူဟာ ၁ ခမရ ၃၈၅ က အဲ့ဒီတောင်ကြောပေါ်မှာနေရာယူထားတာ။ ကရင်ပြည်နယ်က မိုးကောင်းတယ်ဆိုပေမယ့်...

လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်သုံးဦး ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၁၄ ရက် ရုံးထုတ်စစ်ဆေးမည်

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် ၄ ဦးတို့အား ထားရှိရာ ပခုက္ကူ အကျဉ်းထောင်အား မြင်တွေ့ရစဉ်လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် ရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုးတို့ သတင်းထောက် သုံးဦးသည် ယခုလ ၁၂ ရက်နေ့တွင် ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိလာပြီး တရားစွဲဆိုခံရသူ အားလုံးအား ယခုလ ၁၄ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း...

ချစ်သူများနေ့နှင့် မိန်းမသားတို့ စောင့်ထိန်းရမည့် အပျိုစင်ဘဝ

(ဦးမာဃ)မကြာမီ ကျရောက်မည့် ချစ်သူများနေ့တွင် မသိနားမလည်သော အပျိုစင် မိန်းကလေးများ ဖျက်ဆီးခံရမည်ကို သတိပေးချင်ပါသည်။ ချစ်သူများနေ့သည် (လင်မယားနေ့) မဟုတ်ပါလို့ ပြောချင်ပါသည်။ ချစ်သူများနေ့ ရောက်တိုင်း တည်းခိုခန်းများ၊ ဟိုတယ်များတွင် စုံတွဲများဖြင့် ပြည့်နေသည်ကို နှမသားချင်း စာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်။ချစ်သူစုံတွဲများသည် စိတ်ချင်းချစ်၍ ရပါသည်။ လူချင်း နယ်ကျွံ၍ ချစ်လို့မရပါ။ မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ် မဟုတ် မည်သူမျှ...

Related Posts Plugin for WordPress, Blogger...