Wednesday, December 11, 2013

မရမ်းကုန်းက " မမကြီး" အမည်ရှိ အနှိပ်ခန်းကို ရဲစခန်းက၀င်ဖမ်းဆီး၍ အနှိပ်သမလေး ၁၀ ဦးကိုပါဖမ်းဆီးသွား


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟုသတင်းရရှိထားသဖြင့်သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။

ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
By Mizzima

မံစီမြို့နယ်အတွင်းက ရှမ်းရွာ(၁၄)အား တစ်ရွာလျှင် လူ(၁၅)ဦး ပေးပို့ရန် ရွာလူကြီးများထံ KIA မှ ဖိအားပေးဆင့်ခေါ်


ဒီဇင်ဘာ ၁၁ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ဗန်းမော်-နန်းခမ်း လမ်းတစ်လျှောက်ရှိ မန်ဝိန်းကြီးတိုက်နယ်အတွင်းက ရှမ်းရွာ( ၁၄ )ရွာအား တစ်ရွာလျှင် လူ(၁၅)ဦးစီ KIA တပ်သားသစ် စုဆောင်းရေး စစ်သင်တန်းသို့ ပေးပို့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ KIA မှ ဖိအားပေး ဆင့်ခေါ် စာပို့ထားကြောင်း ဒေသခံများထံမှတဆင့် သိရှိရပါသည်။

မန်စီမြို့နယ်အတွင်း မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများ၌ ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များတွင် KIA က တပ်သားသစ်စုဆောင်းရေး အဓမ္မဖမ်းဆီးမှုများကြောင့် လယ်ယာလုပ်ငန်းခွင်မှ လူငယ်အများစုသည် မြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊

KIO ရဲ့ မဟာဗျူဟာလေ့လာရေးဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲတွေဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

ရွေးကောက်ပွဲ မတိုင်မီ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုချက်ကို ထိုင်းဝန်ကြီးချုပ် ပယ်ချ

Wednesday, December 11, 2013


ဒီဇင်ဘာ ၁၀ ရက်တွင် ဘန်ကောက်ရှိ Army Club သို့ ရောက်ရှိလာသော ၀န်ကြီးချုပ် ယင်လက်က ထိုင်းရိုးရာပုံစံ လက်အုပ်ချီ နှုတ်ဆက်နေစဉ် (Photo:AFP)

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ရာထူးမှ နုတ်ထွက်ပေးရန် အစိုးရဆန့်ကျင် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်က ဒီဇင်ဘာ ၁၀ ရက်တွင် ပယ်ချခဲ့ပြီး ဆန္ဒပြသူများ အနေဖြင့် "ပြည်သူ့တော်လှန်ရေး" ကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။

အစိုးရဆန့်ကျင် ဆန္ဒပြသူ ၁၄၀၀၀၀ ၀န်းကျင်သည် မြို့တော် ဘန်ကောက်တွင် ဒီဇင်ဘာ ၉ ရက်၌ စုဝေးခဲ့ကြပြီး အစိုးရကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ယင်လက်က နိုင်ငံရေး မတည်ငြိမ်မှု ပြေလျော့စေရန် ကြိုးပမ်းမှုအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြီး ၎င်းတို့အစိုးရက ရွေးကောက်ပွဲ ကျင်းပသည့် အချိန်အထိ အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

ဆန္ဒပြသူများသည် ရွေးကောက်ပွဲ စနစ်အား အသုံးချပြီး အစိုးရသစ်ကို ရွေးချယ်သင့်ကြောင်း ယင်လက်က ဒီဇင်ဘာ ၁၀ ရက် အစောပိုင်းတွင် အစိုးရအဖွဲ့ အစည်းအဝေး အပြီး၌ ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့် ကိစ္စကို ပါတီအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ခြင်း မရှိဟု ယင်လက်က ပြောကြားခဲ့သည်။

၎င်းတို့ မိသားစုကို ထိုင်းနိုင်ငံမှ ဖယ်ရှားမည်ဟု ဆန္ဒပြသူများ၏ တောင်းဆိုမှုများအား ယင်လက်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး မိမိဘက်မှ တတ်နိုင်သမျှ လိုက်လျောပေးခဲ့ သကဲ့သို့ မိမိကိုလည်း မျှမျှတတ ဆက်ဆံသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆင် မဟာမိတ် အစိုးရကို အင်အားသုံးပြီး ရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းပါက ထိုင်းတွင် နိုင်ငံရေး အကြမ်းဖက်မှု တစ်ကျော့ပြန် ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ယင်လက်၏ အာဏာရ ဖြူထိုင်းပါတီသည် လာမည့်ရွေးကောက်ပွဲတွင်လည်း သက်ဆင်၏ သြဇာလွှမ်းမိုးမှုကြောင့် အနိုင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည်။ အတိုက်အခံ ဒီမိုကရက် ပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်၊ မပြိုင် ကိစ္စကို မဆုံးဖြတ်ရသေးဟု ဒီဇင်ဘာ ၉ ရက်တွင် ပါတီတာဝန် ရှိသူများက ပြောကြားခဲ့သည်။

ဖမ်းဝရမ်း ထုတ်ခံထားရသော ဆန္ဒပြခေါင်းဆောင် ဆူသက်သောင် ဆူဘန်က ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို ပယ်ချခဲ့သည်။ စင်ပြိုင်အစိုးရ ထူထောင်ပြီး အခြေခံ ဥပဒေသစ် ရေးဆွဲသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။ ယင်လက်နှင့် သူ၏အဖွဲ့ဝင်များ အိမ်စောင့်အစိုးရမှ နုတ်ထွက်ရန် ဆူသက်က ဒီဇင်ဘာ ၉ ရက်ညတွင် ရာဇသံ ပေးခဲ့သည်။

Ref:AFP

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး

Wednesday, 11 December 2013


Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့မှာ အဆိုပါ Spa မှ ၀န်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် ယင်း Spa တွင် မီးငြှိမ်းသတ်ရန် အထောက်အကူပြု ပစ္စည်းများနှင့် အလိုအလျောက် မီးငြှိမ်းသတ်နိုင်ပြီး အချက်ပြနိုင်သည့်စနစ်များ တပ်ဆင်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ဆုံးထပ်ရှိ Venus Garden Spa တွင် လျှပ်စစ်မီးပူကို မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"ဒီမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အားလုံးပေါင်း ခုနစ်ဦးသေဆုံးခဲ့တယ်။ ကျား/မ ခွဲလို့မရဘဲ မီးလောင်သေဆုံးသွားတဲ့သူ နှစ်ဦးကို စစ်ဆေးတဲ့အခါမှာ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ အဖြေထွက်ရှိတယ်။ အဓိကကတော့ အခန်းကလုံပြီး မီးခိုးငွေ့တွေနဲ့ သေဆုံးခဲ့တယ်။ နောက်ပြီးတော့ အ၀င်အထွက်တံခါးပေါက်ကိုလည်း သော့ခတ်ပြီး ပိတ်ထားတဲ့ အတွက်ကြောင့် ပိတ်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။ အခုလောလောဆယ် ဆိုင်မန်နေဂျာကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်၌ Venus Garden Spa ဖွင့်လှစ်ရန်အတွက် (ရှမ်း/တရုတ်) အမျိုးသမီးဖြစ်သူ နန်းဟွန်ခမ်းက ၂၀၁၃ ဒီဇင်ဘာ ၁ ရက်တွင် ဦးမြင့်လွင်ဆိုသူထံမှ စတင်ငှားရမ်း ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသော စာချုပ်တွင် ရေးသားထားမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရမ်းကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက "အဓိကတော့ လျှပ်စစ်မီးပူ မီးပလပ်ထိုးထားရာကနေ အပူချိန်လွန်ကဲပြီးတော့ မီးပူက ကွေးကောက်သွားတယ်။ အဲဒီ မီးအရှိန်ကြောင့်ပဲ မွေ့ရာကို စလောင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ၀န်ထမ်းတွေက အိပ်နေတဲ့ အချိန်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ မီးကလောင်ကျွမ်းပြီးတော့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားတယ်။ ၀န်ထမ်းတွေသိတဲ့အချိန်မှာ အခန်းတစ်ခုလုံး မီးခိုးငွေ့တွေ ပြည့်နှက်နေပြီးတော့ မီးပျက်နေတဲ့အချိန်မှာ ထွက်ပေါက်ကို ပြေးထွက်ပေမယ့်လည်း မှန်သံတံခါးက သံကြိုးနဲ့သော့ခတ်ထားတဲ့အတွက် ပိတ်ပြီးတော့ အခုလိုမျိုး ဆိုးရွားတဲ့အထိ ဖြစ်သွားခဲ့တာပါ" ဟု ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပြောကြားသည်။



မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် Venus Garden Spa အား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa တွင် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ လူသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတိယန်ကြားရေးမှူး ဦးတင်မင်းက "၀န်ထမ်းတွေ အိပ်ပျော်နေတဲ့အချိန်မှာ မီးပူကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်။ သေဆုံးတဲ့သူတွေကလည်း မီးခိုးငွေ့တွေ အလွန်အကျွံရှူရှိုက်ခဲ့ရလို့ သေဆုံးတယ်။ ပြီးတော့ မီးလောင်ခံခဲ့ရတယ်။ ဒီ Spa မှာ အလိုအလျောက် မီးငြှိမ်းသတ်တဲ့ စနစ်တွေ တပ်ဆင်ထားခြင်းမရှိဘူး" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား ၀င်ရောက်ကူညီပေးခဲ့သူ Gandamar Wholesale ကုန်တိုက်အတွင်းရှိ Moon Bakery ဆိုင်မှ ၀န်ထမ်းတစ်ဦးက "မီးလောင်လောင်ချင်း ကျွန်တော်တို့ ၀န်ထမ်းတွေရယ် အနီးအနားမှာရှိတဲ့လူတွေက မီးလောင်တဲ့အခန်းက လူတွေကို တံခါးခေါက်နိုးသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထူးသံမကြားရဘူး။ မီးခိုးတွေကလည်း အလုံးလိုက် ထွက်လာတယ်။ လျှပ်စစ်မီးကလည်း ပျက်နေတော့ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း မီးခိုးငွေ့တွေနဲ့ အရမ်းမွှန်လာလို့ အပြင်ကို ပြန်ထွက်လာရတယ်။ မီးသတ်က လူတွေလာမှ မှန်တံခါးတွေ ရိုက်ခွဲပြီး ၀င်ကယ်တော့ ခြောက်ဦးက မီးလောင်ကျွမ်းပြီး သေနေပြီ။ ကျန်အမျိုးသမီး တစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်လို့ သိရတယ်" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် မသီသီဝင်း၊ မဂျာညိုခေါ၊ မစန်းစန်းသွယ်၊ မောင်အားချိုက်၊ မောင်အားဟိုင်း၊ မောင်အားခွင်နှင့် မသရဖီ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ Venus Garden Spa မှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာသုံးစွဲသည့် ထွန်းထွန်းနိုင် (ဘ) ဦးဟုန်တုံငုံအပေါ် မရမ်းကုန်း မြို့မရဲစခန်းမှ (ပ) ၅၁၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယား ရေကျော်ဗလီတွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဗလီအတွင်းရှိ စာသင်ကျောင်းသား ၇၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများကြား ပဋိပက္ခများဖြေရှင်းရာတွင် အင်အားမသုံးဘဲ သံတမန်နည်းအရ ဖြေရှင်းရန် ဆွေးနွေး

Wednesday, December 11, 2013



ပဋိပက္ခများဖြေရှင်းရာတွင် အင်အားမသုံးဘဲ သံတမန်နည်းအရ ဖြေရှင်းရန် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်စဉ်

အာဆီယံဒေသတွင်းနိုင်ငံများကြား ပဋိပက္ခများဖြေရှင်းရာတွင် အင်အားမသုံးဘဲ ယုံကြည်မှုတည်ဆောက်၍ သံတမန်နည်းအရ ဖြေရှင်းရန် ညှိနှိုင်းအစည်းအဝေးပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ပြုလုပ်စဉ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ ဆွေးနွေးဘက်နိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံတို့မှ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးပွဲကို မြန်မာနိုင်ငံနှင့် အီးယူတို့မှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင် ၂၅ နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"နိုင်ငံပေါင်း ၂၇နိုင်ငံပါဝင်တယ်။ အဲဒီနိုင်ငံက ကိုယ်စားလှယ်တွေကနေပြီးတော့ ဒေသဆိုင်ရာမှာ တိုးတက်ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အမြင်ချင်းဖလှယ်တဲ့ အစည်းအဝေးဖြစ်တယ်။ အမြင်ချင်းဖလှယ်တဲ့အခါမှာ တစ်ခုခုဖြစ်လာရင် ထိပ်တိုက်ရင်ဆိုင်မယ့်အစား ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံပြီးတော့ သံတမန်နည်းလမ်းအရ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးတာဖြစ်တယ်။ အာဆီယံမှာဆိုရင် ဘယ်လိုလဲဆိုတော့ အတွေ့အကြုံအရဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာ နယ်စပ်ကိစ္စတွေဖြစ်တယ်။ ယုံကြည်မှု တည်ဆောက်ရေးနဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းနည်းကို အခြေခံပြီးတော့ သူတို့ရဲ့ပြဿနာကို ဖြေရှင်းချင်တယ်။ ဒီလိုမျိုး ယုံကြည်မှု တည်ဆောက်ခြင်းကိုအခြေခံတဲ့ နိုင်ငံတကာဆက်ဆံရေးကို ဒီလိုမျိုး စီစဉ်ကျင်းပရခြင်းဖြစ်တယ်"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ဆိုသည်။

ယင်းအာဆီယံဒေသဆိုင်ရာဖိုရမ်၏ ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးပွဲတွင် အဆင့်သုံးဆင့်ရှိကြောင်း၊ပထမအဆင့်သည် ယုံကြည်မှုတည်ဆောက်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် သံတမန်နည်းလမ်းအရ ဖြေရှင်းခြင်း၊ တတိယအချက်သည် ပြဿနာများဖြေရှင်းခြင်း စသည့်နည်းလမ်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။အဆိုပါအဆင့်သုံးဆင့်ကို အကောင်အထည်ဖော်သည့်အခါတွင် ယုံကြည်မှုတည်ဆေက်ခြင်းအဆင့်မှာ ပြီးစီးပြီဖြစ်ကြောင်း၊ ယခု လက်ရှိတွင် သံတမန်နည်းလမ်းကို ကျင့်သုံးနေပြီဖြစ်ကာ ယခုအစည်းအဝေးပွဲသည် အဆိုပါကိစ္စများကို အခြေခံသည့် အစည်းအဝေးပွဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၁၃-၂၀၁၄ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကာ ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ ၉ ရက်အထိ ဘရပ်ဆဲမြို့တွင် အီးယူမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

EMG

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ တိုးတက်လိုပါက လယ်ယာကဏ္ဍကို ပြောင်းလဲရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား

 Wednesday, December 11, 2013


ဓာတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အမှာစကားပြောကြားစဉ်

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ တိုးတက်လိုပါက လယ်ယာကဏ္ဍကို ပြောင်းလဲရမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်က ပုဗ္ဗသီရိမြို့နယ် ဧက ၉၀၀ စံပြစိုက်ခင်းတွင် ပြုလုပ်သည့် ဓာတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်နိုင်ငံလုံးကို ချမ်းသာဖို့ဆိုရင် ဒီလယ်သမားတွေ ချမ်းသာမှ ရမှာဖြစ်ပါတယ်။ လယ်သမားတွေ ချမ်းသာဖို့ဆိုရင် လယ်ယာကဏ္ဍ တိုးတက်မှသာဖြစ်ပါတယ်။ လယ်ယာကဏ္ဍ တိုးတက်မှသာ နိုင်ငံချမ်းသာမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ တိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ တိုးတက်မှုရဲ့ အခြေခံဟာ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ရပ်နေရင် မတိုးတက်ပါဘူး။ လယ်ယာကဏ္ဍ တိုးတက်ချင်ရင် လယ်ယာကဏ္ဍကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍမှာ ပြောင်းလဲမှုကြီးငါးရပ် ပြောင်းလဲရမှာ ဖြစ်ပါတယ်" ဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားသည်။

ဆက်လက်၍ "စိတ်ဓာတ် ပြောင်းလဲရမယ်။ သီးနှံမျိုးကောင်းမျိုးသန့်တွေ ပြောင်းရမယ်။ ခေတ်မီနည်းကျ စိုက်ပျိုးတဲ့စနစ်တွေ ပြောင်းရမယ်။ ဆည်ရေသောက်စနစ် ပြောင်းရမယ်။ စက်နဲ့စိုက်၊ စက်နဲ့ရိတ်တဲ့ စက်မှုလယ်ယာစနစ် ပြောင်းလဲဖို့ကို ကျွန်တော်တို့အစိုးရကရော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကရော ကျွန်တော်တို့ တောင်သူလယ်သမားကြီးတွေ လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေ၊ နည်းပညာဖြန့်ဝေမှုတွေကို ကျွန်တော်တို့လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနမှာ ပိုပြီးတာဝန်ရှိပါတယ်" ဟု ဒုသမ္မတက ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း စံပြလယ်ယာအဖြစ် ဖော်ထုတ်ပြီးသော ဧကများမှာ ပျဉ်းမနား ဧက ၄၄၀၊ ဇဗ္ဗူသီရိ ၃၅၃ ဧက၊ ပုဗ္ဗသီရိ ၁၄၇၅ ဧက၊ ဒက္ခိဏသီရိ ၃၀၈၃ ဧက၊ လယ်ဝေး ၉၈၂ ဧကနှင့် ဇေယျာသီရိ ဧက ၅၀ စုစုပေါင်း ၆၃၈၂ ဧကများကို စံပြလယ်ယာအဖြစ် ဖော်ထုတ်ပြီးစီးကြောင်း သိရသည်။

EMG

Voyager 1 နေစကြဝဠာ အပြင်သို့ ထွက်ခွာပြီ



Wednesday, 11 December 2013

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ကနေ လွန်ခဲ့တဲ့ ၃၆ နှစ်က လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသယာဉ်ဟာ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာ အပြင်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီအာကာသယာဉ်ဟာ နေရဲ့ ဆွဲငင်အား သံလိုက် စက်ကွင်းကနေ ကျော်လွန်ပြီး ကြယ်တွေ ကြားက Interstellar Space ထဲကို ဝင်ရောက်သွားပြီ ဆိုတာကို တိုင်းတာ သိရှိရပြီလို့ နာဆာ က ပညာရှင်တွေက ပြောပါတယ်။

ဒါဟာ နေစကြဝဠာကနေ ထွက်ခွာသွားနိုင်ခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ ရင်သွေး အာကာသ ယာဉ်လည်း ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ဒီယာဉ်ဟာ အခုတော့ ကမ္ဘာ့ကနေ မိုင်ပေါင်း ၁၂ ဘီလျံ အကွာကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အလှမ်းကွာ ဝေးလွန်း တာကြောင့် အဲဒီယာဉ်ကနေ ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေကို ကမ္ဘာကနေ ဖမ်းယူဖို့ ၁၇ နာရီ အချိန်ကြာတယ်လို့ သိရပါတယ်။

ရွှေဓာတ်ပြား



ရွှေဓာတ်ပြားထဲမှာ မြန်မာလို နှုတ်ဆက်သံလည်း ပါတယ်လို့ ဆိုပါတယ်။
အကယ်၍ တခြား သက်ရှိ ဂြိုလ်သားတွေ အနေနဲ့ ဒီဗိုရေဂျာယာဉ်ကို တွေ့ရှိခဲ့လို့ လေ့လာခဲ့ရင် ကိုယ့် ဘက်က ပြောပြနိုင်ဖို့ ဂိုးဒင်းရကော့ ဆိုတဲ့ ရွှေဓာတ်ပြား တစ်ချပ်ကို နာဆာက ထည့်ပေး ထားတယ်လို့ ဆိုပါတယ်။

အဲဒီ ရွှေဓာတ်ပြားထဲမှာ ကမ္ဘာမြေပေါ်က ဓာတ်ပုံတွေ၊ သဘာဝအသံတွေ၊ သီချင်းတွေနဲ့ သင်္ချာပုစ္ဆာ တွက် ချက်မှုတွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ထူးခြားတာကတော့ ကမ္ဘာပေါ်က နှုတ်ခွန်းဆက်စကားတွေကို ဘာသာစကား ၅၅ မျိုးနဲ့ ထည့်ပေးလိုက်တာ ဖြစ်ပြီး အဲဒီထဲက တစ်မျိုးကတော့ 'မာရဲ့လားဗျာ' ဆိုတဲ့ မြန်မာစကားနဲ့ နှုတ်ဆက်သံကိုပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 'အညာစေရော' ဆိုတဲ့ ကိုရီးယားစကားနဲ့ နှုတ်ဆက်သံပါ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာ စတုန်း



ဗိုရေဂျာယာဉ် တာဝန်ခံ ဒေါက်တာ အက်ဒ်ဝက် စတုန်း
နာဆာရဲ့ အခု စီမံကိန်းမှာ ဗိုရေဂျာယာဉ် အတွက် တာဝန်ယူထား သူက သိပ္ပံပညာရှင် ဒေါက်တာ အက်ဝက် စတုန်း ဖြစ်ပြီး သူဟာ ဘီဘီစီ 'ကူးတက် နည်းပညာ ကမ္ဘာထဲမှာ' လာရောက် ရှင်းလင်း ပြောကြား ပေးခဲ့ဖူးပါတယ်။

သူက ရှင်းလင်း ပြောပြခဲ့ရာမှာ ဗိုရေဂျာယာဉ်ဟာ ၂၀၂၀ ခုနှစ်လောက် အထိ ကမ္ဘာပေါ်ကို လှမ်းပြီး အချက် အလက်တွေ ပို့ပေး နိုင်ဦးမယ်လို့ မျှော်လင့် ကြောင်း၊ ၂၀၂၅ ခုနှစ် မှာတော့ လောင်စာ ကုန်ပြီဖြစ်လို့ ဘာမှာ သိရတော့မှာ မဟုတ်ကြောင်း အဲဒီ တုန်းက ရှင်းပြ သွားခဲ့ပါတယ်။

ဒီဗိုရေဂျာ ယာဉ်အတွက် လောင်စာ ကတော့ ရေဒီယို အိုင်ဆိုတုတ် လို့ခေါ်တဲ့ အက်တမ်ကို ဖြိုဖျက်ပြီး အပူထုတ်ပေးတဲ့ RTG စနစ်လို့ ဆိုပါတယ်။ ပလူတိုနီယံ ၂၃၈ ကို သုံးထားပြီး အဲဒီ ကနေ အပူ ထုတ်ပေး ပါတယ်။ အပူ ကနေမှ သာမို လျှပ်စစ်ထုတ်တဲ့ စက်ကနေ လျှပ်စစ်ဓာတ် ပြန်ထုတ်ပေးတာ ဖြစ်တယ် လို့ သိရပါတယ်။

ဗိုရေဂျာယာဉ် အနေနဲ့ တစ်စက္ကန့်ကို ၁၇ ကီလိုမီတာ နှုန်းနဲ့ ကမ္ဘာကြီး ကနေ အဝေးကို အဆက် မပြတ် ခရီးဆက် နေတာ ဖြစ်ပါတယ်။

ဒေါက်တာစတုန်းရဲ့ 'ကူးတက်နည်းပညာကမ္ဘာထဲ' ရှင်းလင်းချက်တွေကို အောက်မှာ နားဆင်နိုင်ပါတယ်။

အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဖူး


Wednesday, 11 December 2013 
 
နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။

chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။

Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဆေးခြောက် ရောင်းဝယ် သုံးစွဲမှု တရားဝင် ဖြစ်ဖို့ ဥရုဂွေး ဆွေးနွေး


ဥရုဂွေး နိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ် ရောင်းချ သုံးစွဲ မှုတွေကို တရားဝင် ဖြစ်အောင် လုပ်မယ့် အစိုးရ တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေကြပါတယ်။

လ အတန်ကြာ ဆွေးနွေးနေခဲ့ရတဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တညလုံး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန် ရလိမ့်မယ်လို့ မျှော်လင့်နေကြပြီး တကယ်လို့သာ ဒီဥပဒေကြမ်း အတည်ဖြစ်သွားရင် ဥရုဂွေးဟာ ဆေးခြောက် ရောင်းဝယ်မှုကို တရားဝင် လက်ခံတဲ့ ပထမဆုံး နိုင်ငံ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

တကယ် လက်တွေ့မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အားနည်း ပျက်ကွက်မှုတွေ ရှိနေတာဟာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာ တရပ်ဘဲလို့ ဆီးနိတ် အမတ် Roberto Conde က ပြောပါတယ်။

မှတ်ပုံတင်ထားတဲ့ အသက်၁၈နှစ် အထက် နိုင်ငံသားတွေဟာ တလကို မူးယစ်ဆေး ၄၀ ဂ၇မ် ဝယ်ယူခွင့် ရှိလိမ့်မှာ ဖြစ်ပါတယ်။

ဒီကနေ တဆင့် အပြင်းစား မူးယစ်ဆေးတွေကို လူတွေ သုံးလာနိုင်တယ်လို့ ဝေဖန် သုံးသပ်သူတွေက ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး အကျဉ်းသား ဖလှယ်


Wednesday, 11 December 2013 
 
မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံက နယ်စပ်အရာရှိကြီးတွေဟာ မြန်မာနယ်စပ် တောင်ပြိုမြို့အနီးက ဘင်္ဂလားဒေ့ရှ် အပိုင် ခေါင်းတုံးကျေးရွာမှာ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ် အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင် နှစ်နိုင်ငံအကြား အကျဉ်းသားတွေကိုလည်း လဲလှယ်ခဲ့ပါတယ်။

မနေ့က ပြုလုပ်တဲ့ အစည်းအဝေးကို မြန်မာစံတော်ချိန် နံနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီကျော်ထိ ဘင်္ဂလာဒေခ့်ျ နယ်စပ်က ကျေးရွာ တစ်ခုဖြစ်တဲ့ ခေါင်းတုံးရွာမှာ ပြုလုပ်ခဲ့ပြီး နှစ်ဘက်နိုင်ငံက နယ်စပ် အရာရှိကြီးတွေလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာဘက်က ခရိုင်လ၀ကမှူး ဦးစောနိုင်နဲ့ တောင်ပြို အခြေစိုက် အမှတ် (၃၇) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညိုတို့ ဦးဆောင် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) ဘီဂျီဘီ တပ်ရင်းမှူးနဲ့ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂) တပ်ရင်းမှူးတို့ ဦးဆောင် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာတော့ နှစ်ဘက်တပ်မှူးတွေ အနေနဲ့ တယ်လီဖုံးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြီး နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဖြေရှင်းကြဖို့၊ လုံခြုံရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို၊ တစ်လ တစ်ကြိမ် တပ်မှူး အချင်းချင်း တွေ့ဆုံကြဖို့၊ မူးယစ်ဆေးဝါး၊ လူမှောင်ခို ကိစ္စတွေကို ပူးပေါင်းနှိမ်နှင်းကြဖို့ စတာတွေကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေး အပြီးမှာတော့ အကျဉ်းသား တချို့ကို လွဲပြောင်းပေးခဲ့ကြပါတယ်။

ဘင်္ဂလားဘက်က မြန်မာဘက်ကို အကျဉ်းသား ၅ ဦးကို လွဲပေးခဲ့သလို မြန်မာဘက်ကတော့ အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးကို ဘင်္ဂလားဘက်ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေအနေ ကတော့ အခုအချိန်မှာ တည်ငြိမ် အေးချမ်းနေပေမယ့် လူမှောင်ခိုကူးမူတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမူတွေနဲ့ နယ်စပ် ဖြစ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတာတွေ ရှိနေတဲ့ အတွက် နှစ်နိုင်ငံ အကြားမှာ ဒီပြဿနာတွေကို ပူးပေါင်း ဖြေရှင်းကြဖို့ ခုလိုမျိုး အရာရှိကြီးတွေ မကြာခဏ နယ်စပ် တွေ့ဆုံ နေကြတာ ဖြစ်ပါတယ်။

ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှုတွင် ထောက်လှမ်းရေး သတင်းများကို အမေရိကန် ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း ၀ါရင့်ဂျာနယ်လစ်တစ်ဦး စွပ်စွဲ

Wednesday, 11 December 2013



ဒီဇင်ဘာ ၇ ရက်တွင် ဒမတ်စကတ်အနီး နာဘက်မြို့တွင် တင့်ကားများဖြင့် ကင်းလှည့်နေသော ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်များ (Photo:AFP)

အယ်လ်ကေးဒါးနှင့် ဆက်နွှယ်နေသော ဆီးရီးယားရှိ သူပုန်အုပ်စု တစ်စုသည် ဆာရင်းဓာတ်ငွေ့ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိခဲ့သော်လည်း အမေရိကန်က ယင်းကိုဥပေက္ခာ ပြုခဲ့ပြီး သြဂုတ်လ ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ဆီးရီးယား အစိုးရကို ရွေးချယ်အပြစ်တင် ခဲ့ခြင်းဖြစ်ကြောင်း ၀ါရင့်အမေရိကန် ဂျာနယ်လစ် တစ်ဦးက စွပ်စွဲ ပြောကြားခဲ့သည်။

London Review of Books တွင် ဖော်ပြခဲ့သော ဆောင်းပါးရှည်တွင် စုံစမ်းထောက်လှမ်းမှု သတင်းထောက် ဆေမာဟက်ရှ်က သမ္မတ ဘာရက်အိုဘားမား အစိုးရသည် ၀င်ရောက်စွက်ဖက်နိုင်မှုအတွက် ဆီးရီးယား ဓာတုတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် ထောက်လှမ်းရေး သတင်းများကို ခြယ်လှယ်ကြိုးကိုင်ခဲ့ကြောင်း စွပ်စွဲရေးသားခဲ့သည်။

အိုဘားမား အစိုးရ တာဝန်ရှိသူများက စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ဟက်ရှ်၏ စွပ်စွဲမှု အထောက်အထား မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ဟက်ရှ်က ဒမတ်စကတ်မြို့စွန်တွင် သြဂုတ် ၂၁ ရက်က ဖြစ်ပွားခဲ့သော ဓာတုလက်နက် တိုက်ခိုက်မှုအတွက် သမ္မတ ဘာရှားအယ်အာဆတ် အစိုးရတွင် တာဝန်ရှိမှုကို လွတ်ငြိမ်းခွင့် မပြုခဲ့ပေ။ ယင်းဓာတုလက်နက် တိုက်ခိုက်မှုတွင် လူ ၁၄၀၀ ကျော် သေဆုံးခဲ့သည်ဟု အမေရိကန်က ခန့်မှန်းခဲ့သည်။

အိုဘားမား အစိုးရသည် ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ၎င်းတို့သဘောနှင့် ကိုက်ညီမည့် ထောက်လှမ်းရေး သတင်းအချို့ကို ရွေးချယ်ခဲ့ကြောင်း ၎င်းတို့သဘောနှင့် မကိုက်ညီသည့် အခြားသတင်းများနှင့် ပတ်သက်၍မူ ဆိတ်ဆိတ်နေခဲ့ကြောင်း ဟက်ရှ်က ပြောကြားခဲ့သည်။ ဓာတုလက်နက် တိုက်ခိုက်မှု မဖြစ်ပွားမီ လများစွာကပင် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ဆီးရီးယား အယ်လ်ကေဒါးအဖွဲ့ခွဲ အယ်နူဆရာဖရန့် (Al-Nusra Front) သည် ဆာရင်းဓာတ်ငွေ့ ထုတ်လုပ်သည့် စက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်းနှင့် ယင်းဓာတ်ငွေ့ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သက်သေအထောက်အထားများကို ကိုးကားပြီး အစီရင်ခံစာများ ထုတ်ပြန်ပေးထားခဲ့သည်။

"တိုက်ခိုက်မှု ဖြစ်တဲ့အခါ အယ်နူဆရာ အဖွဲ့က သံသယရှိရမယ့် အထဲမှာ ပါသင့်ပါတယ်။ ဒါပေမဲ့ အစိုးရဟာ အာဆတ်ကို တိုက်ခိုက်ဖို့ တရားမျှတတယ်လို့ ဆုံးဖြတ်ဖို့ရာ ထောက်လှမ်းရေး သတင်းတွေကို လိုရာဆွဲခဲ့ပါတယ်" ဟု ဟက်ရှ်က ရေးသားခဲ့သည်။

Ref:AFP

တရားရုံးများအား စောင့်ကြည့်သည့် ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် တင်သွင်းမည်၊ တရားရေး ၀န်ကြီးဌာန ပြန်လည်ထားရှိရန်နှင့် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေ အပါအ၀င် တရားရေးဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ရေးဆွဲရန် တိုက်တွန်းမှုများရှိ

Wednesday, 11 December 2013



အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ် မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ လျော့ပါးခြင်း မရှိသေးသော လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် တရားရုံးများအား စောင့်ကြည့်သည့် ဥပဒေကြမ်း တစ်ရပ်ကို လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တရားရုံးများကို စောင့်ကြည့်သည့် "တရားရုံးများ လေ့လာစောင့်ကြည့်ရေး ဥပဒေကြမ်း" ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၌ တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သော်လည်း တင်သွင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

"လာဘ်ပေးလာဘ်ယူ ကိစ္စကို ဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် အရေးယူဖို့၊ ကော်မတီ အနေနဲ့ တရားရုံးများကို စောင့်ကြည့်တဲ့ ဥပဒေကြမ်းပေါ့။ အဲဒါကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒါတွေကြိုးစားနေတယ်။ လာမယ့်လွှတ်တော်မှာ တင်မယ်" ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းထားပြီး ဥပဒေအရ ပေါ်ပေါက်လာမည့် လေ့လာစောင့်ကြည့်ရေး အဖွဲ့များတွင် သတင်းမီဒီယာများကို ထည့်သွင်းမည်ဟု သိရသည်။

လက်ရှိအချိန်တွင် တရားရုံးများ၏ ပုံစံသည် တရားစီရင်ရေးနှင့် စီမံခန့်ခွဲမှု အာဏာတို့ကို ပေါင်းစပ်ထားသဖြင့် အဂတိ လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ကိစ္စများမှာ ဆက်လက်ဖြစ်ပေါ် နေခြင်းဖြစ်ပြီး ထိုကိစ္စရပ်ကို ကိုင်တွယ်ရန်အတွက် တရားရေး ၀န်ကြီးဌာန ဖွဲ့စည်းပြီး ဖြေရှင်းသင့်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စကို ဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် အရေးယူဖို့၊ ကော်မတီ အနေနဲ့ တရားရုံးများကို စောင့်ကြည့်တဲ့ ဥပဒေကြမ်းပေါ့။ အဲဒါကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒါတွေကြိုးစားနေတယ်။ လာမယ့်လွှတ်တော်မှာ တင်မယ် . . . . .


"အခြေခံ ဥပဒေ ပြင်တဲ့အခါ အရင်ခေတ်ကလို တရားရေး ၀န်ကြီးဌာန ပြန်ထားပေါ့။ တရားရေး ၀န်ကြီးဌာနရဲ့ အလုပ်က ဘာလဲဆိုတော့ တရားရုံး အဆက်ဆက်ရဲ့ သီးခြားဌာန ဖြစ်တဲ့အတွက် တရားစီရင်ရေးရဲ့ စီရင်ချက်တွေကို သူလေ့လာ စောင့်ကြည့်မှာပေါ့။ အဂတိတရားလေးပါး လိုက်စားတဲ့ စီရင်ချက်လို့သူ သံသယရှိရင် သူလေ့လာ စုံစမ်းမှု လုပ်မှာပေါ့။ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့ အလုပ်က ထုတ်ပစ်တာတို့ တရားစွဲတာတို့ ရာထူးချပစ်တာတို့ နယ်ပြောင်းပစ်တာတို့ ဒါမျိုးတွေ လုပ်ပြီးတော့ ထိန်းကျောင်းတဲ့ဟာတစ်ခု လိုမှာပေါ့" ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာ့တရားစီရင်ရေး စနစ်တွင် တရားရေး ၀န်ကြီးဌာန ပြန်လည်ထားရှိသင့်ကြောင်း တိုက်တွန်းချက်ကို မြန်မာနိုင်ငံမှ ရှေ့နေ ၆၀ ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကောင်စီ (ICJ) ၏ ၂၀၁၃ အစီရင်ခံစာတွင်လည်း အချက်တစ်ချက် အနေဖြင့် ဖော်ပြထားသည်။ တရားရေး ၀န်ကြီးဌာနသည် တရားသူကြီးများ၏ လခသတ်မှတ်ခြင်းနှင့် ပင်စင်လစာ သတ်မှတ်ခြင်း အပါအ၀င် တရားရုံး စနစ်ကို စီမံအုပ်ချုပ်ရန် တာဝန်ရှိကြောင်း ICJ က ဆိုသည်။

ထို့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားသောအားဖြင့် တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေများကို ပြန်လည်ပြင်ဆင် ရေးဆွဲသင့်ကြောင်း ICJ က အကြံပြုထားသည်။ အစိုးရမှ ၀င်ရောက်စွက်ဖက်ခြင်း မပြုသော လွတ်လပ်သည့် ဘားကောင်စီ ဖြစ်ပေါ်ရေးအတွက် ဘားကောင်စီ အက်ဥပဒေ၊ ရှေ့နေများ အက်ဥပဒေနှင့် စည်းကမ်းပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ပြင်ဆင်ရေးဆွဲ သင့်ကြောင်း ICJ က အစီရင်ခံစာ၌ ထည့်သွင်းရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌတာဝန်ယူပြီး လုပ်ဆောင်နေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေဖြင့်လည်း ၎င်းတို့ကော်မတီ၏ အစီရင်ခံစာကို သမ္မတ ဦးသိန်းစိန်ထံသို့ တင်သွင်းပြီး ဖြစ်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက သမ္မတထံ နောက်ဆုံးတင်သွင်းခဲ့သည့် အစီရင်ခံစာ၌ တရားစီရင်ရေးနှင့် ပတ်သက်ပြီး အချက်လေးချက်ကို လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ ထိုအချက် လေးချက်မှာ (၁) တရားစွဲ အဖွဲ့အစည်းများကလည်း တရားရုံးကို ကူညီပံ့ပိုး ပေးရပါမည် (၂) ဥပဒေ အရာရှိများကလည်း တရားရုံး၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီ၊ မညီ စိစစ်ပြီး ပြည်သူများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာအကွယ် ပေးရပါမည် (၃) မှုခင်းဆရာဝန်များကလည်း မိမိတို့၏ စစ်ဆေးတွေ့ရှိချက်များကို တရားရုံးများသို့ မှန်မှန်ကန်ကန် တင်ပြရန်လိုခြင်း (၄) တရားရုံးများတွင် အမှုလိုက်ပါ ဆောင်ရွက်ကြသော ဥပဒေ အရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်လိုကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုခြင်းတို့ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့တရားစီရင်ရေး နယ်ပယ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး အစိုးရပိုင်းမှ အရေးယူ ကိုင်တွယ်ဆောင်ရွက်မှုများ အားနည်းနေကြောင်း ဒီဇင်ဘာ ၉ ရက်ထုတ် Weekly Eleven News ဂျာနယ် အတွဲ (၉)၊ အမှတ် (၉) တွင် ဖော်ပြခဲ့သော "တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲ ရှိလာတဲ့အခါ .... မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက် ခြစားမှုများ လျော့ပါးခြင်း မရှိသေး" သတင်းဆောင်းပါးတွင် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြခဲ့ပြီး ဒီဇင်ဘာ ၉ ရက်မှာပင် ရန်ကုန်တိုင်းဒေသကြီး၊ တရားသူကြီးများ၏ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ တည်ဆောက်လျက်ရှိသော ဟိုတယ်၊ လူနေအိမ်ခန်း ၂၀၂ ခန်း အပါအ၀င် အဝေးပြေး ယာဉ်ရပ်နားစခန်းကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်

Wednesday, 11 December 2013



မူဆယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အဝေးပြေး ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်

ရှမ်းပြည်နယ် အစိုးရ၏ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ မူဆယ်မြို့တွင် ဟိုတယ်တစ်လုံး၊ လူနေအိမ်ခန်းများ အပါအ၀င် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းအား တည်ဆောက်လျက်ရှိသည့် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ သိရသည်။

"ဒီစီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ တည်ဆောက်တာ ဖြစ်ပါတယ်။ မူဆယ်မြို့မှာ အဝေးပြေး ယာဉ်ရပ်နားစခန်း မရှိတဲ့ အဝေးပြေးကွင်းတစ်ခု ဆောက်တာဖြစ်ပြီး ဒီစီမံကိန်းထဲမှာ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တစ်လုံး ပါမယ်။ နောက်ပြီး လူနေအိမ်ခန်းတွေ ပါဝင်တဲ့ သုံးထပ်တိုက် ၂၀၂ လုံးလည်း တည်ဆောက်လျက် ရှိပါတယ်။ ဒါပေမဲ့ ၉၀ ခန့်ကတော့ အဝေးပြေး ယာဉ်ရပ်နားကွင်း ဖြစ်တဲ့အတွက် ဂိတ်တွေဖြစ်ပါတယ်။ ပန်းခြံတွေလည်းပါမယ်။ shopping mall တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်ဝင်းက အဆိုပါ စီမံကိန်း လုပ်ငန်းခွင်ရှိ ၎င်း၏ရုံးခန်းသို့ The Daily Eleven မှ သွားရောက်တွေ့ဆုံ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းအား မြေ ၁၃ ဒသမ ၆၉ ဧက အကျယ်အ၀န်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၄ ဖေဖော်ဝါရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဟိုတယ်မှအပ စုစုပေါင်း အဆောက်အအုံ ၄၁ လုံး၊ အခန်းပေါင်း ၂၀၂ ခန်းနှင့် အဝေးပြေး ကားရပ်နားကွင်းကို စတင်အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်းနှင့် အဝေးပြေး ကားရပ်နားကွင်းတွင် ကားအစီးရေ ၃၅၀ နှင့် ၄၀၀ ကြား ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အားလုံးပေါင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၂ ခု ရှိပါတယ်။ ဒါပေမဲ့ သူတို့က sub contractor အနေနဲ့ တည်ဆောက်နေကြတာပါ။ တကယ်တည်ဆောက် နေတာကတော့ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်က ဆောင်ရွက်တာပါ။ ဒီထဲမှာ အိမ်ရာတွေရော၊ ဟိုတယ်နဲ့ အဝေးပြေး ကားရပ်နားကွင်းကိုပါ တစ်ပြိုင်နက်တည်း တည်ဆောက်နေတာဖြစ်ပြီး စီမံကိန်းရဲ့ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပါတယ်" ဟုလည်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

မူဆယ်မြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာ ဆောက်လုပ်ရေး ကုမ္ပဏီခြောက်ခု တင်ဒါတင်သွင်းခဲ့ကြပြီး ယင်းတို့အနက် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ

Wednesday, 11 December 2013


ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ်အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့်သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေရကြောင်း တွေ့ရှိရသည်။

အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက်မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင်တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

EMG

တရုတ်အလံ မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က အမှုဖြင့်ပါ ရုံးတင်


Wednesday, 11 December 2013



ဒီဇင်ဘာ ၁၀ ရက်နေ့က ရုံးထုတ်လာစဉ် မြင်တွေ့ရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

တရုတ်အလံ မီးရှို့မှုအတွက် အမှုဖွင့်ထားသည့်သူ လေးဦးအနက် နှစ်ဦးသာ ဖမ်းမိပြီး ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ၀ရမ်းထုတ်ထားကြောင်း ရုံးထုတ်စစ်ဆေးစဉ် တရားသူကြီးက ဆိုသည်။

ထို့ပြင် ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် ၀တ်ပြုဆုတောင်း ခဲ့သည့်အတွက် အမှုဖွင့်ထားရာမှ ထွက်ပြေးသည့် အတွက်ဟု ဆိုကာ ပုဒ်မ-၂၉၆ ဖြင့် အမှုတွဲ ထပ်မံတင်ခဲ့ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှက "၂၀၀၇ တုန်းက အမှုကို အခုမှတင်လို့ အံ့သြသွားတယ်။ အဲ့ဒီတုန်းက ဒီအမှု ဖွင့်ထားတယ်ဆိုတာ ကျွန်မဆီကို အကြောင်းကြား မလာပါဘူး။ ကျွန်မ ဘယ်ကိုမှလည်း ထွက်မပြေးပါဘူး။ သူတို့ဘာသာ လာမဖမ်းတာပါ" ဟု ပြောကြားသည်။

တရုတ်နိုင်ငံ အလံကို မီးရှို့ ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်၊ ကိုအောင်စိုးနှင့် ကိုစည်သူတို့အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

အဆိုပါမှုကို လိုက်ပါဆောင်ရွက် ပေးနေသူ ဦးရောဘတ်စန်းအောင်က "ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား အလံတစ်ခုကို ဖျက်ဆီးရင် ပြစ်မှုဖြစ်တယ် ဆိုတယ်ဆိုတဲ့ ဥပဒေကို ရှာတာမတွေ့ သေးဘူးဗျ။ ဒီအမှုကို စစ်တော့မှပဲ လေ့လာရတော့မှာပါ" ဟု ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက သတင်းစာသို့ ပြောကြားသည်။

EMG

ယူကရိန်း ဆန္ဒပြသူများကို နှိမ်နင်းရန် ကြိုးပမ်းနေချိန်တွင် ဥရောပ သမဂ္ဂက ယူကရိန်း သမ္မတနှင့် အရေးပေါ် ဆွေးနွေးမည်


Wednesday, 11 December 2013

ဒီဇင်ဘာ ၉ ရက်တွင် မြို့တော်ကိဗ်ရှိ အစိုးရဌာနချုပ် အပြင်ဘက်၌ စုဝေးနေသော ဥရောပသမဂ္ဂ ထောက်ခံသူ ယူကရိန်း ဆန္ဒပြသူများ

ဥရောပ သမဂ္ဂ ထောက်ခံသော ယူကရိန်း ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နှိမ်နင်းနေသဖြင့် နိုင်ငံတကာက စိုးရိမ်မှု မြင့်တက်နေချိန်တွင် ဥရောပ သမဂ္ဂ ပြည်ပမူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်သည် ဒီဇင်ဘာ ၁၀ ရက်တွင် ယူကရိန်းသို့ သွားရောက်ပြီး သမ္မတ ဗစ်တာယာနူကိုဗစ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် ရဲတပ်ဖွဲ့များသည် အတိုက်အခံပါတီ ရုံးခန်းများကို စီးနင်းခဲ့ကြောင်း အတိုက်အခံ ပါတီခေါင်းဆောင် ယူလီယာတိုင်မိုရှင်ကိုက ပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၉ ရက်တွင် မြို့တော်ကိဗ်မြို့လယ်ကို အာဏာပိုင်များက ထိန်းချုပ်ရန် ကြိုးပမ်းနေဖွယ်ရှိဟု ခန့်မှန်းရသည်။

နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ဒီဇင်ဘာ ၁၀ ရက်တွင် ယူကရိန်း သမ္မတဟောင်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သမ္မတ ဗစ်တာယာနူကိုဗစ်က ကြေညာခဲ့ပြီး အတိုက်အခံများနှင့် ဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းချက်ကို ထောက်ခံခဲ့သည်။

ယူကရိန်း လုံခြုံရေးများနှင့် ဆန္ဒပြသူများအကြား ဖြစ်ပွားနေသော ပဋိပက္ခ ပြေလည်စေရေးအတွက် ကြိုးပမ်းမှုများမှာ အတိုက်အခံပါတီ ရုံးခန်းများ စီးနင်းခံရမှုကြောင့် လမ်းကြောင်းချော်သွား နိုင်သည်ဟု အက်ရှ်တန်က ဒီဇင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သို့သော် ယူကရိန်း ရဲတပ်ဖွဲ့ကမူ ယင်းကဲ့သို့ စီးနင်းခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

မြို့တော်ကိဗ်ရှိ အစိုးရ ဌာနချုပ်ကို ပိတ်ဆို့ထားသော ဆန္ဒပြသူများကို ဖယ်ရှားနိုင်ရန် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၉ ရက်တွင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ဥရောပ သမဂ္ဂနှင့် သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုရာမှတစ်ဆင့် ယူကရိန်း အစိုးရအပေါ် ဆန္ဒပြမှုမှာ သီတင်းပတ် နှစ်ပတ် ကျော်လာခဲ့ပြီဖြစ်သည်။

Ref:AFP

နျူကလီးယား စစ်ပွဲက လူ့ယဉ်ကျေးမှုကို အငတ်ဘေးနှင့် နိဂုံးချုပ်သွားစေနိုင်

Wednesday, 11 December 2013

ဟိုက်ဒရာဘတ်မြို့တွင် ဆင်းရဲနွမ်းပါး သူများအတွက် အစားအစာ ကျွေးမွေးရေး အစီအစဉ် တစ်ခုတွင် အိန္ဒိယ အိမ်ခြေရာမဲ့များကို တွေ့ရစဉ် (Photo:AFP)

အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်င်ငံ နျူကလီးယားစစ် ဖြစ်ပွားခဲ့လျှင် လူနှစ်ဘီလျံထိ သေဆုံးနိုင်သော ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေးကြီး ဖြစ်ပွားနိုင်ပြီး လူ့ယဉ်ကျေးမှု တစ်ခုလုံးလည်း ပျက်သုဉ်းသွားနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယား စစ်ပွဲသည် အကန့်အသတ်နှင့် ဖြစ်ပွားခဲ့သည့်တိုင် နျူကလီးယားလက်နက် ပဋိပက္ခသည် လေထုအတွင်း ကြီးမားသော ပျက်စီးမှု ဖြစ်ပေါ်မည်ဖြစ်ပြီး ကောက်ပဲသီးနှံများ ပျက်စီးစေမည်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်လည်း ကမောက်ကမ ဖြစ်သွားမည်ဖြစ်ကြောင်း ယင်းလေ့လာမှုက ဆိုသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရ နျူစစ်ဟန့်တားရေး နိုင်ငံတကာ ဆရာဝန်များနှင့် လူမှုတာဝန်ယူမှုဆိုင်ရာ ဆရာဝန်များအဖွဲ့ International Physicians for the Prevention of Nuclear War and Physicians for Social Responsibility က ၂၀၁၂ ခုနှစ် ဧပြီလတွင် ကနဦး ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ နျူစစ်အငတ်ဘေးကြောင့် လူတစ်ဘီလျံကျော် သေနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ဒုတိယအကြိမ် ယခုအစီရင်ခံစာတွင် ယင်းအဖွဲ့က တရုတ်တွင် နျူကလီးယား စစ်ပွဲ၏ သက်ရောက်မှုများကို လျှော့တွက်ထားပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီး အနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုကို အကြီးအကျယ် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြခဲ့သည်။

"ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ လူတစ်ဘီလျံ သေဆုံးမှုဟာ လူသားသမိုင်းမှာ မကြုံဖူးတဲ့ ကပ်ဆိုးကြီး တစ်ခုပါ။ တရုတ်နိုင်ငံမှာရှိတဲ့ လူ ၁ ဒသမ ၃ ဘီလျံဟာ အန္တရာယ်ကြုံရနိုင်ခြေ ရှိတယ်ဆိုတာကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် ကျွန်တော်တို့ဟာ လူ့ယဉ်ကျေးမှု သမိုင်းနိဂုံးကို ရောက်ရှိသွားမှာပါ" ဟု ယင်းလေ့လာမှုကို ရေးသားခဲ့သူ အီရာဟယ်ဖန်က ပြောကြားခဲ့သည်။

ယခု လေ့လာမှုသည် ၁၉၄၇ ခုနှစ်နောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ခဲ့ပြီး ကာလရှည်ကြာ တင်းမာနေသော နျူလက်နက်ပိုင် နှစ်နိုင်ငံ ဖြစ်ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကန့်သတ်နျူကလီးယား စစ်ပွဲမျိုး မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ အလားတူ ဆိုးကျိုးမျိုး ကြုံရမည်ဖြစ်ကြောင်း ဟယ်ဖန်က ပြောကြားခဲ့သည်။ ခေတ်သစ်နျူကလီးယား လက်နက်များသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနှင့် နာဂါစာကီတွင် လူ ၂၀၀၀၀၀ ကျော် သေဆုံးစေခဲ့သော အမေရိကန်၏ အဏုမြူဗုံးများထက် ပိုမိုပြင်းထန်သည်။

အမေရိကန်နှင့်ရုရှား စစ်ဖြစ်ခဲ့လျှင် လူသားမျိုး တုံးသွားနိုင်ကြောင်း၊ ထိုသို့သော စစ်ဖြစ်လျှင် ကမ္ဘာ့တစ်နေရာရာတွင် လူသားရှင်ကျန်မှုမှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ပရမ်းပတာ အခြေအနေများ၊ လူစဉ်မမီမှုများ ဖြစ်နိုင်ကြောင်း၊ တောင်အာရှနျူစစ်ကြောင့် လေထုတွင်းသို့ ကာဗွန်နက် ဖိသိပ်အမှုန်များ ပျံ့နှံ့ကာ ဆယ်စုနှစ်အတွင်း အမေရိကန်ပြောင်းနှင့် ပဲထုတ်လုပ်မှု ဆယ်ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းအမှုန်များသည် တရုတ်၌ ဆန်စပါး ထုတ်လုပ်မှု လေးနှစ်အတွင်း ၂၁ ရာခိုင်နှုန်း ကျဆင်းစေနိုင်ပြီး နောက်ထပ် ၆ နှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်သည်။

နျူစစ်၏ ဆိုးကျိုးကို တိကျစွာ ခန့်မှန်းရန်ခက်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။ နျူကလီးယားစစ်ပွဲ အငတ်ဘေးကို နျူကလီးယား အင်အားကြီး နိုင်ငံများမှ မူဝါဒ ချမှတ်သူများက သတိပြုရမည်ဖြစ်ကြောင်း ဟယ်ဖန်က သတိပေးခဲ့ပြီး သုတေသနများ ထပ်မံဆောင်ရွက်ရန်နှင့် နျူလက်နက်များ ဖျက်သိမ်းရေးသည် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

ဆင်းရဲနွမ်းပါးသော ဘိုးဘွားများကို စောင့်ရှောက်ရန် ဂေဟာများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဦးဆောင်ဖွင့်လှစ်ရန် အဆိုတင်သွင်း

Wednesday, 11 December 2013

ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်နေသည့် သက်ကြီးရွယ်အိုနှစ်ဦးအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက် နိုင်ရန်အတွက် သက်ကြီးဘိုးဘွားဂေဟာ (နေ့)များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ထူထောင် ဖွင့်လှစ်သွားရန် တိုက်တွန်းကြောင်း အဆိုကို ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးဘိုးဘွားများတွင် တောင်းရမ်းစားသောက်သူများ ရှိနေကြောင်း၊ ယင်းအတွက် သက်ကြီးရွယ်အိုများကို ထိန်းသိမ်းခဲ့ရမှုများလည်း ရှိကြောင်း၊ သို့ဖြစ်ရာ သက်ကြီးဘိုးဘွားများအား စောင့်ရှောက်မှု လုပ်ငန်းတွင် အစိုးရ အနေဖြင့် လျစ်လျူရှုထား သလားဟု တွေးမိကြောင်း၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများတွင် ငွေကျပ် ဘီလျံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့သည့်အတူ လူမှုရေး လုပ်ငန်းများတွင်လည်း ဘဏ္ဍာငွေများ မျှဝေသုံးစွဲသင့်ကြောင်း၊ နေ၀င်ချိန် ရောက်ရှိနေသည့် ဘိုးဘွားများအတွက် စောင့်ရှောက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

"စည်ပင်ကပဲဖြစ်ဖြစ်၊ တိုင်းအထွေထွေ အုပ်ချုပ်ရေးကပဲဖြစ်ဖြစ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ပဲဖြစ်ဖြစ် သုံးစွဲမယ့် အသုံးစရိတ်ငွေရဲ့ တစ်ရာခိုင်နှုန်းကို မျှဝေပြီး သက်ကြီးဘိုးဘွားတွေအတွက် စောင့်ရှောက်ရေး လုပ်ငန်းတွေပေးဖို့ အစိုးရ အဖွဲ့ကို တိုက်တွန်းချင်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းအဆို တင်သွင်းမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။

ဒေါက်တာညိုညိုသင်း အနေဖြင့် ယခင်လွှတ်တော် အစည်းအဝေးကလည်း ကိုယ်ဝန်ဆောင် မိခင်များအား စောင့်ရှောက်မှုပေးရန်၊ အာဟာရ ချို့တဲ့သည့် ဆင်းရဲနွမ်းပါးသော ကျောင်းများမှ ကလေးများအား စဉ်ဆက်မပြတ် အာဟာရ တိုက်ကျွေးသည့် အစီအစဉ်များ ပြုလုပ်ပေးရန် တောင်းဆိုသည့် အဆိုများအား တင်သွင်းခဲ့ဖူးသော်လည်း အများစုမှာ ရှုံးနိမ့်ခဲ့ရသည်။


EMG

EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှုအား ဖေဖော်ဝါရီလထက် နောက်မကျရန်နှင့် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆန်းစစ်ရမည့်ကဏ္ဍများ လျော့နည်းရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့သတိပေး


Wednesday, 11 December 2013




နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် EITI ဆွေးနွေးပွဲမြင်ကွင်း

၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်တွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမိန့်စာ ထုတ်ညွှန်ကြားခဲ့သော်လည်း ယခုနှစ်အတွင်း လျှောက်ထားရန်မဖြစ်နိုင်တော့သည့် မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားမှုအား လာမည့်နှစ် ဖေဖော်ဝါရီလထက် နောက်မကျရန်နှင့် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆန်းစစ်ရမည့် ကဏ္ဍများ အနည်းဆုံးဖြစ်ရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ms.Clare Short က သတိပေး ပြောကြားသည်။

"ကျွန်မတို့အနေနဲ့ ညွန့်ပေါင်းအဖွဲ့ (Multi Stakeholder Group) ဖွဲ့နိုင်ဖို့ ကြိုးစားနေတယ်။ အမြန်ဆုံးဖွဲ့နိုင်ရမယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြီးအောင်လုပ်နိုင်ရင် ကောင်းမယ်။ လျှောက်လွှာတင်တဲ့အခါမှာလည်း အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် သတ်မှတ်ခံရဖို့ ပွင့်လင်းမြင်သာမှုအတွက် စိစစ်သင့်တဲ့ ကဏ္ဍတွေကို အတတ်နိုင်ဆုံး နည်းအောင်လုပ်သင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ထိုသို့ ပြောကြားရခြင်းမှာ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားပြီးနောက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်စသည့် တွင်းထွက်သယံဇာတများပြားသည့် မြန်မာနိုင်ငံတွင် သယံဇာတကဏ္ဍစုံအား အလုံးစုံ စိစစ်နေမည်ဆိုပါက သတ်မှတ်ချိန် မလုံလောက်ခြင်း၊ အစီရင်ခံစာပြည်စုံမှု မရှိသဖြင့် အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှု ငြင်းပယ်ခံရခြင်း ဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း Ms.Clare Short က ဆိုသည်။

"မတ်လထဲမှာ အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့ရဲ့ ဆွေးနွေးပွဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇန်န၀ါရီလောက်မှာ အဖွဲ့ဝင်လောင်းအဖြစ် မလျှောက်နိုင်ရင် ဇွန်လထဲမှာလုပ်မယ့် အစည်းအဝေးကို ရောက်သွားမယ်။ အဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားပြီးရင်လည်း လျှောက်လွှာမှာဖော်ပြမယ် လုပ်ငန်းအစီအစဉ်တွေ လုပ်ငန်းတွေကို လာရောက်စိစစ်မှာမို့ သတိပေးတာပါ" ဟု မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးမင်းဇာနည်လင်းက ပြောကြားသည်။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးနှင့် သတ္တုတွင်းကဏ္ဍများဆိုင်ရာ ပွင့်လင်းမြင်သာရေး ဆောင်ရွက်ချက် (EITI) အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် တခြားသောနိုင်ငံများထက် ထူးခြား၍ အစိုးရမှ ဦးဆောင်ကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဆောင်ရွက်မည့် မြန်မာနိုင်ငံအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီး EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှုတွင် အရေးကြီးသည့် ညွန့်ပေါင်းအဖွဲ့(Multi Stakeholder Group) အား ဖွဲ့စည်းနိုင်မှု မရှိသေးကြောင်း သိရသည်။

ထိုသို့ အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလအတွင်း ဖွဲ့စည်းနိုင်ဖွယ်ရှိကာ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက် အဖွဲ့အစည်းများမှလည်း ကိုယ်စားလှယ်လောင်းများအား ယင်းတို့၏ အစီအစဉ်များအရ ရွေးချယ်မှုများ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးမင်းဇာနည်လင်းက ပြောကြားသည်။

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင်ထွန်းမှုများအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ

Wednesday, 11 December 2013

 

ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ်

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင်ထွန်းမှုများအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရကြောင်း သိရသည်။

ကျောက်ရေကြောင်း ပေါ်ထွန်းမှုများသည် နှစ်စဉ်ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်တွင် စစ်ကိုင်းတံတားအောက်ဘက် သောင်ဖြစ်ထွန်းသော နေရာများ၌ ရေအောက်ကျောက်တန်း ဖြစ်ပေါ်ထွန်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှု နှစ်တိုင်းရှိပေမယ့် အခုနှစ်မှာ စစ်ကိုင်းတံတား အောက်ဘက်မှာပါ ဖြစ်ပေါ်နေတာ တွေ့ရှိရတယ်။ ရေစကျနေပြီး သောင်ထွန်းမှုတွေ၊ ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုတွေကြောင့် ရေပေါက်များတဲ့အတွက် ဒီကာလမှာ ရေယာဉ်တွေ အနေနဲ့ ပိုဂရုစိုက် မောင်းနှင်သင့်ပါတယ်။ ကျောက်ရေကြောင်းတွေက ကျောက်ခွဲသင်္ဘောနဲ့ခွဲမှ ရတဲ့အတွက် အဲလိုနေရာတွေကို ရေကြောင်းပြ သင်္ကေတ အမှတ်အသား မှန်ကန်အောင် အဓိကထား လုပ်ဆောင်နေပါတယ်။ ရေကြောင်းကျပ်မှုက မန္တလေးအောက်ပိုင်းထက် မန္တလေးမြို့ အထက်ပိုင်း ရေလမ်းခရီးမှာ ပိုမိုကြုံတွေ့ ရတယ်။ မနှစ်က ဒီဇင်ဘာလထက် စာရင် ဒီနှစ် ရေကြောင်းကျပ်တည်းမှုက အဆိုးကြီး မဟုတ်သေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုများအား စစ်ကိုင်းတံတားအောက်ဘက် မီးသွေးဖုတ် ကျေးရွာအနီး၊ ဆီမီးခုံအောက်ဘက်နှင့် မြင်းမူအထက် ရွာသစ်ကြီးနှင့် မြင်းမူအကြား နေရာများတွင် တွေ့ရှိရကြောင်း သိရသည်။ မန္တလေးမြို့ အထက်ပိုင်း ရေလမ်းကြောင်းဖြစ်သော မန္တလေး-ဗန်းမော် ရေလမ်းကြောင်းတွင်လည်း ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်လျက်ရှိပြီး ဗန်းမော်နှင့် ကသာကြားတွင် ရေကြောင်းကျပ်တည်းမှု ပိုမိုကြုံတွေ့ရကြောင်း သိရသည်။

ရေနည်းကာလသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရေလမ်းကြောင်းအတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရေကြောင်းနယ်မြေအလိုက် ရေနည်းကာလ ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားရာ ဟင်္သာတမှ ပြည်အထိ ၅ ပေ ၆ လက်မ၊ ပြည်မှမန္တလေးအထိ ၅ ပေ၊ မန္တလေးမှ ကသာအထိ ၄ ပေ၊ ကသာ-ဗန်းမော် ၃ ပေ ၉ လက်မနှင့် ဆင်ဘို-မြစ်ကြီးနား ၂ ပေ ၆ လက်မအဖြစ် ကန့်သတ်ထားရာ ရေယာဉ်များ အနေဖြင့် ကန့်သတ်ချက်နှင့်အညီ ခုတ်မောင်းကြရန် အသိပေး နှိုးဆော်ထားသည်။

EMG

လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ သီလ၀ါတို့တွင် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်ခြင်းနှင့် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်မြို့နယ်တို့တွင် မြို့သစ်များတည်ရန် လျာထား


Wednesday, 11 December 2013




သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စတင်အကောင်အထည် ဖော်နေမှုကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့တော်၏ အနာဂတ် မြို့ပြတည်ဆောက်မှု ပုံစံအရ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ သီလ၀ါ စသည်တို့တွင် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်ခြင်းနှင့် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်စသည့် မြို့နယ်များတွင် မြို့သစ်များတည်ရန် လျာထားကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာ၏ "ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသော ရပ်ကွက်ကြီးလေးခုမှာ ဒေသဖွံ့ဖြိုးမှု နောက်ကျ၍ ယင်းဒေသမှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေသော စီမံကိန်းများကို မဟာရန်ကုန် မြို့သစ်ကြီး တည်ဆောက်သည့်အခါ ထည့်သွင်းရေးဆွဲရန် အစီအစဉ် ရှိမရှိ သိလိုကြောင်း" မေးမြန်းမှု အပေါ်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့တော်တွင် ၂၀၄၀ ပြည့်နှစ်၌ ထပ်မံတိုးပွားလာမည့် လူဦးရေ ငါးသန်းကျော်အတွက် လူနေအိမ်ခန်း တစ်သန်းကျော် လိုအပ်လာမည်ဟု ခန့်မှန်းထားကြောင်း၊ မြို့ပြပျံ့နှံ့မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အနာဂတ် မြို့ပြတည်ဆောက်မှု ပုံစံကို သတ်မှတ်ခဲ့ရာ ယင်းပုံစံအရ ရန်ကုန်မြို့လယ် ဗဟိုမှ ၁၀ နှင့် ၁၅ ကီလိုမီတာ အကွာအဝေးတွင် စီးပွားရေး ဖွံ့ဖြိုးမှု ပတ်လမ်းအဖြစ် တည်ရှိပြီး အဆိုပါ ပတ်လမ်းမှာ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်နှင့် သီလ၀ါတို့တွင် ဧက ၁၀၀ မှ ၂၀၀ အထိ ကျယ်ဝန်းသော မြေနေရာများ၌ စီးပွာရေး အဆောက်အအုံများ ပါဝင်သည့် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်မည်ဟု လျာထားကြောင်း၊ စီးပွားရေး ဗဟိုခွဲများတွင် တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ကုမ္ပဏီရုံးခန်းများ၊ ဟိုတယ်များ၊ ဈေးရောင်းစင်တာများ အဓိက ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စီးပွားရေး ဖွံ့ဖြိုးမှု ပတ်လမ်းမှ ၁၀၊ ၁၅ ကီလိုမီတာ အကွာအဝေးတွင် မြို့ပြင်ဖွံ့ဖြိုးမှု ပတ်လမ်းအဖြစ် တည်ရှိပြီး အဆိုပါ ပတ်လမ်းပေါ်တွင် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်၊ ဒလ၊ တွံတေးနှင့် ထန်းတပင်တို့ရှိ ဧက ၅၀၀ ကျယ်ဝန်းသော မြေနေရာများ၌ နေအိမ်၊ တိုက်တာ၊ ကျောင်း၊ ဆေးခန်းတို့ ပါဝင်သော မြို့သစ်များ တည်ရန်လျာထားပြီး အဆိုပါ မြို့သစ်များတွင်လည်း အလုပ်ခွင်ကို အလွယ်တကူ သွားလာနိုင်ရန် ဒေသနှင့် လျော်ညီသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးထားရှိရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့နှင့် သီလ၀ါတို့တွင် ဧက ၁၀၀ မှ ၄၀၀ အထိ ကျယ်ဝန်းသော မြေနေရာများ၌ စက်မှုနယ်မြေများ တည်ဆောက်သွားရန် လျာထားကာ ယင်းစက်မှု နယ်မြေများတွင် ၂၀၄၀ ပြည့်နှစ်တွင် ထပ်မံတိုးပွားလာရန် မျှော်မှန်းသည့် စက်မှုကဏ္ဍမှ လုပ်သားဦးရေ ငါးသိန်းခွဲအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းငယ်များ ဆောင်ရွက်ရန်လည်း ရည်ရွယ်ထားသည်ဟု သိရသည်။

အဆိုပါ စီမံကိန်းများကို ပထမ ကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၁၄-၂၀၁၅ မှ စတုတ္ထကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၃၀-၂၀၃၁ အတွင်း ဆောင်ရွက်ရန် လျာထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

EMG

`သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှု ဖြစ်ပွား´´


ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း Myanmar News Now မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင် ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်းရွာ ပန်းရစ်တောင် ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ ပြန်လာစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။

အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာအရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆိုသည်။

၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍ နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန်ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟု ဆိုကြောင်း သီလရှင်မှ ပြောပြပါသည်။

ထိုအချိန်တွင် ဆိုင်ကယ်တစ်စီး ရောက်လာ၍ သီလရှင်မှ `ကယ်ကြပါဦး´ ဟုအော်ရာ ၎င်းလူမှ သီလရှင်၏ ဘယ်ဘက်နားထင်အား လက်ဝါးဖြင့်ရိုက်ပြီး လမ်းဘေးခြုံထဲသို့ ဆွဲခေါ်သွားကြောင်း၊ ကျန်တစ်ဦးမှ နောက်ကနေ၍ သီလရှင်အား တွန်းပေးကြောင်း၊ ခြုံထဲအရောက်တွင် သီလရှင်အား ပါးစပ်ပိတ်ပြီး တွန်းလှဲပြီး အပေါ်မှခွထိုင်၍ ခလုတ်ဓါးဖြင့် လည်ပင်းအားထောက်ပြီး`မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်သတ်ပစ်မယ်´ပြောကြောင်း၊ သီလရှင်မှာကြောက်၍ ငြိမ်နေစဉ် ထိုသူက သီလရှင်အား သားမယားအဖြစ်စော်ကားကြောင်း၊ ထိုသို့စော်ကားနေစဉ် အရပ်ပုပု သွားခေါခေါလူမှ သီလရှင်၏ ၀မ်းဗိုက်သို့ ခလုတ်ဓားဖြင့်ထောက်ထားကြောင်း၊ သီလရှင်အား အလိုမတူဘဲ သားမယားအဖြစ်စော်ကားပြီး ထိုင်နေစဉ် ရွာသားများ အသံကြား၍ `ထိုင်နေ ငုတ်တုတ်ထိုင်နေ´ ၎င်းလူနှစ်ယောက်ကပြောကြောင်း၊ သီလရှင်မှ ကြောက်၍ ထိုင်နေစဉ် ထိုလူနှစ်ယောက်မှာ လာရာလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးထွက်ပြေးသွားရာ သီလရှင်မှ ကယ်တော်မှုကြပါအော်၍ ရွာသားများ ရောက်ရှိ လာကြောင်း သီလရှင်မှ မကွေးမြို့ မ ရဲ စခန်း တွင် ထွက်ဆို ခဲ့ကြောင်း သိရပါသည်။

ထို့နောက် ၎င်းနေ့ ည(၁၁)နာရီခန့် အချိန်တွင် ဖြစ်စဉ်နှင့် ပတ်သက်၍ သီလရှင်မ…..(၃၇)နှစ်က မကွေးမြို့မရဲစခန်းတွင်(ပ)၂၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၀၆/၁၁၄ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်

မြွေကောင်ရေ ၁၀၀၀ ကျော် ပုသိမ်ကြီး မြို့နယ်မှာ ဖမ်းမိ


မြွေပွေးနဲ့ လင်းမြွေတွေ တင်ဆောင်လာတဲ့ သေတ္တာပုံးတွေကို မန္တလးတိုင်း ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တို့က ဖမ်းဆီးမိခဲ့ပါတယ်။

စစ်ဆေးရေးဂိတ် တာဝန်ခံတွေက ပုံမှန်အတိုင်း ကုန်ကားတွေ၊ လူစီးကားတွေကို စစ်ဆေးရာမှာ မြွေပွေးနဲ့ လင်းမြွေတွေကို ထည့်လာတဲ့ သစ်သားသေတ္တာ အလုံး ၃၀ ကို ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ နယ်မြေခံ အုန်းချော ရဲစခန်းက စခန်းမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

အဲဒီနေ့က သယ်ယူလာတဲ့ မြွေကောင်ရေ ၇၇၈ ကောင်ရှိပြီး နောက်တစ်နေ့မှာတော့ ဖော့ဗူး ၁၀ ဗူးနဲ့ ထည့်ယူလာတဲ့ မြွေ ၂၅၃ ကောင်ကို ဖမ်းမိတယ်လို့ သူက ပြောပါတယ်။

ဒီမြွေတွေကို တရုတ်နိုင်ငံဘက်ဆီ သယ်ယူသွားဖို့ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သိရကြောင်းလည်း စခန်းမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

၁၆ မိုင် စစ်ဆေးရေးဂိတ်က အကောက်ခွန် ဦးစီးအရာရှိ ဗိုလ်ကြီးမင်းသန်းထိုက်ကတော့ ၇ ရက်နေ့က ဖမ်းဆီးမိတဲ့ လင်းမြွေနဲ့ မြွေပွေးတွေထဲက အသေတွေကို ဖယ်ပြီး ကျန်တဲ့ အကောင်ရေ ၇၀၀ ကျော်ကို ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်ဆီ ဒီဇင်ဘာ ၈ ရက်နေ့ကပဲ လွှဲပြောင်းပေးပို့လိုက်ပြီလို့ ပြောပါတယ်။

မြွေတွေကို သယ်ဆောင်လာတဲ့ ကားသမားတွေ ထွက်ပြေးသွားကြပေမယ့် ပထမနေ့က ဆယ်ဘီးကားကြီးပေါ်ကနေ သုံးဘီးကားဆီ မြွေတွေ ကဲ့ယူနေတဲ့ သုံးဘီးကားမောင်းသမားကိုတော့ ဖမ်းမိထားတဲ့အတွက် စစ်ဆေးနေကြောင်း၊ သစ်တောဆိုင်ရာ ဥပဒေအရ ဆက်လက် အရေးယူ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဗိုလ်ကြီးမင်းသန်းထိုက်က ပြောပါတယ်။

ဆေးလိပ် (သို့ မဟုတ်) ဖြေရှင်းရတော့မည့် ပြဿနာ တစ်ရပ်



"အစ်ကို ဆေးလိပ်သောက်အုံးမလား "


အသံကြားရာ မော့ကြည့်လိုက် တော့ ဆေးလိပ်ကုမ္ပဏီ တစ်ခုဧ။် ဝန်ထမ်းဝတ်စုံဝတ်ထားပြီး ဆေးလိပ်ဗူး များကို ကိုင်ထားသော အပြုံးချိုချို ဖြင့်မိန်းမပျိုလေး တစ်ယောက်။


"အခု ပရိုမိုးရှင်းကာလဆိုတော့ တစ်ဗူးဝယ်ရင် တစ်ဗူးလက်ဆောင်ပေးတယ်အကို၊ပြီးတော့ ဗလာမပါ ကံစမ်း မဲ လည်း နှိုက်လို့  ရတယ်" ဟု သူမက အားတက်သရောဆက်ပြောသည်။


"တော်ပါပြီ ညီမလေး ။ အကိုက ဆေးလိပ်မသောက်တတ်ပါဘူး " ဟု ငြင်းလွှတ်လိုက်တော့


"ကျေးဇူးတင်ပါတယ် အကို" ဟု ပြောကာ ကျွန်တော်ထိုင်နေသောလက်ဖက်ရည်ဆိုင်ထဲရှိ တခြား သူများ ထံသို့  သွားရောက်ကာ ဆက်လက်ရောင်းချနေသည်ကို တွေ့ ရသည်။ သူမနှင့်အတူ တူညီဝတ်စုံဝတ်ဆင် ထားသော အခြားအရောင်းမြှင့်တင်ရေးဝန်ထမ်းကောင်မလေး လေးငါးယောက် လောက် လက်ဖက်ရည် ဆိုင်ထဲရှိ လူ တစ်ချို့  ထံလိုက်လံရောင်းချကာ ပရိုမိုးရှင်းလုပ်နေသည်ကိုလည်း တွေ


့ရသည်။ဝယ်သူလည်းရှိ မဝယ်သူလည်းရှိသလို ပရိုမိုးရှင်းအနေနှင့်အခမဲ့ပေးသည့် ဆေးလိပ်ကို စမ်းသပ် သောက်သုံးကြည့်နေသူများလည်းရှိသည်။ဒီလို ဆေးလိပ်ကုမ္ပဏီ များ ဧ။် ပရိုမိုးရှင်း


မျိုးသည် မြန်မာပြည်ရှိ အမျိုးသား အများစု စုဝေးရာလက်ဖက်ရည်ဆိုင်များစားသောက်ဆိုင်များ ဘီယာ ဆိုင်များတွင် တွေ့ မြင်နေကျ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ တွင် စတင်ပြဌာန်းခဲ့သော်လည်း ယနေ့ချိန်ထိ အသက်ဝင်ခြင်းမရှိသေးသလို ထို ဥပဒေအရ


အရေးယူဆောင်ရွက်ခြင်းမျိုးလည်းမတွေ့ ရသေးပဲ ဆေးလိပ်ကြော်ငြာများ နှင့် ဆေးလိပ် ကုမ္ပဏီများဧ။်


အရောင်းမြှင့်တင်ရေးကို နိုင်ငံအနှံ့ အပြားတွင်ပုံစံအမျိုးမျိုးနှင့်တွေ့ နေရဆဲဖြစ်သည်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသောက်သုံးခြင်းကြောင့် ရရှိလာသောကျန်းမာရေးပြဿနာများသည် ဖွံ့ ဖြိုးဆဲ နိုင်ငံတစ်ခုအဖို့ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်ဖိစီးနှိပ်စက်လျက်ရှိသလို ဆေးလိပ်သောက်သုံး သူများနှင့်ထိတွေ့ ဆက်ဆံနေရသော မိသားစု နှင့်ပတ်ဝန်းကျင်ရှိကလေးလူကြီးကျားမမရွေး ဆေးလိပ် သောက်သူထံမှရှုထုတ်လိုက်သော ဆေးလိပ် မီးခိုးငွေ့ များ ကိုရှုရှိုက်နေရခြင်းကြောင့်လည်းကောင်း၊ ဆေးလိပ်ကိုမီး စွဲ လောင်ကျွမ်းရာမှထွက်လာသော မီးခိုးငွေ့ များကို ရှုရှိုက်ရာမှလည်းကောင်း ရရှိသောတစ် ဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့် ရောဂါဖြစ်ပွားနှုန်းသည်လည်း တနေ့ တခြား တိုးပွားလာလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းဆေးလိပ်သောက်သုံးခြင်း ကြောင့် နှစ်စဉ် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက်ရှိပြီး ထို အထဲမှ ခြောက်သိန်းကျော်သည်တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူများ ဖြစ်သည် ဟုလည်း သိရသည်။


အထူးသဖြင့်မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်ခြင်းကြောင့်အဆုတ်ကင်ဆာ၊နာတာရှည်အဆုတ်ရောဂါ၊ နှလုံးသွေးကြောရောဂါ အပါအဝင် အခြား နာတာရှည် ရောဂါများ နှင့် ကင်ဆာပေါင်းစုံ ဖြစ်ပွားလျက်ရှိကာ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအဖြစ်များဆုံး နိုင်ငံများစာရင်းတွင် ဒုတိယနေရာချိတ်လျက်ရှိသည့် အပြင် ဆေးလိပ်မသောက်သူများတွင်လည်း တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ၊ ကိုယ်ဝန်ဆောင်မိခင်ဆေးလိပ်သောက်သုံးခြင်း သို့  မဟုတ် တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့်သန္ဓေသားလောင်း ဧ။် အဆုတ်ကိုထိခိုက်စေသည့်အပြင် မွေးရာပါ ကိုယ်လက်အင်္ဂါချို့ ယွင်းခြင်းများ လည်း ပိုမို များပြားလာကာ တိုင်းပြည်ဧ။် လူစွမ်းအားအရင်းအမြစ်များကို တစစီ ဖဲ့ခြွေခြင်းခံရလျက်ရှိသည့်အပြင် ထိုရောဂါများကို ကုသရသည့်အတွက် ကျန်းမာရေး အသုံး စရိတ်များ ပိုမိုသုံးစွဲရခြင်း ၊ အလုပ်မလုပ်နိုင်သည့် နာတာရှည်ရောဂါသည်များကြောင့်တိုင်းပြည်ဧ။် ကုန်ထုတ်စွမ်းအားများ ကျဆင်းသလိုစီးပွားရေး ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။


ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ပြဿနာများကိုထိန်းချုပ်နိုင်ရန်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်များအပေါ်အခွန်များ တိုးမြှင့်ကောက်ခံသလို အသက် အရွယ်ကန့် သတ်ရောင်းချစေကာ၊လက်လီတစ်လိပ်ချင်း ရောင်းချမှုမျိုးကို ခွင့်မပြုပဲ ၊ ဆေးလိပ်ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အစိုးရပိုင် ကုမ္ပဏီများလုပ်ငန်းများနှင့် ယုံကြည်စိတ်ချရလောက်သည့် လုပ်ငန်းရှင် များကိုသာလုပ်ကိုင်ခွင့်ပေးသည်။ဒါမှသာသက်ဆိုင်ရာ အစိုးရအနေဖြင့် ထိန်းချုပ်ရလွယ်ကူပြီး မိမိတို့ နိုင်ငံအတွင်း အရည်အသွေး မကောင်းသော ဆေးလိပ်များ ပေါပေါများများထုတ်လုပ်မှုနှင့် နိုင်ငံတကာ ဆေးလိပ်ကုမ္ပဏီများဧ။်လက်ဝါးကြီး အုပ်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။မြန်မာနိုင်ငံမှာတော့ ထိုသို့ မဟုတ်ပါ။ ငွေကျပ် ငါးဆယ်၊ တစ်ရာရှိရုံဖြင့် နေရာတိုင်းလိုလိုတွင် အရည်အသွေး ပြည့်မီလား မပြည့်မီ လားမသိရသော ဆေးလိပ် အမျိုးစားပေါင်းများစွာ ကို လွယ်လင့်တကူ ဝယ်ယူသောက်သုံးနိုင်သလို ၊ အသက်အရွက် ကန့် သတ်မှုမရှိပဲရောင်းချနေမှုများကြောင့် ကျောင်းသား လူငယ် ကလေး အရွယ်များ အထိပါ ဆေးလိပ် သောက်သုံးခြင်း အလေ့ အထများတိုးတက်ထွန်းကားလျက်ရှိသည်။ ထို့ အပြင် အမြတ်ခွန် ရရှိရေးကို သာမျှော်ကိုပြီး နိုင်ငံဧ။် အနာဂတ်ကို ထည့်သွင်းတွက်ချက်မှုမရှိသဖြင့်အစိုးရသစ် လက်ထက် မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကစီးကရက် စက်ရုံသစ်နှစ်ရုံတည်ဆောက်ခွင့်ပြုခဲ့ခြင်းကလည်း အသက်မဝင်သေးသည့်ဥပဒေကို ပိုပြီး အင်အားချိနဲ့ အောင် လုပ်ဆောင်သလို ဖြစ်ခဲ့သည်။အစိုးရက ခွင့်ပြုထားသော ဆေးလိပ်စက်ရုံများမှ ထုတ်လုပ်သည့် ဆေးလိပ်အရေအတွက်မှ ၉၀ရာခိုင်နှုန်းခန့် ကို ပြည်ပသို့  တင်ပို့  ရောင်းချရသည်ဟု ဆိုသော်ငြားလည်းအများစုမှာ ပြည်ပသို့  အထွက်ပြကာ တရားမဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ပြည်တွင်း သို့ ပင်ပြန်လည်ဝင်ရောက်လာသောကြောင့် ကိုယ့်အတတ်နှင့်ကိုယ်စူးသလိုဖြစ်နေသည်။


မြန်မာ့နိုင်ငံတွင် ရောင်းချလျက်ရှိသော ဆေးလိပ် အမျိုးအစားပေါင်းတစ်ရာကျော်ရှိပြီး အများစုမှာ ပြည်တွင်းပြည်ပ မှ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာသော်လည်း ဥပဒေအကြောင်းအရ မည်သူ ကမျှအရေးယူဆောင်ရွက်ခြင်းမျိုးမရှိသည့်အပြင် ဆေးလိပ်ကုမ္ပဏီကြီးများဧ။် ပေါ်ပေါ်တင်တင် ပြုလုပ်သော ဆေးလိပ်အရောင်းမြှုင့်တင်ခြင်းများ၊ဂျာနယ်မဂ္ဂဇင်းမှ အစရုပ်သံမီဒီယာ ကြော်ငြာဘေလ်ဘုတ်အဆုံး မလိမ့် တပတ်နည်းလမ်းများသုံးကာ ကြော်ငြာခြင်းများသည်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ဥပဒေပါ အချက်များကို ပြောင်ပြောင်ကြီး ဆန့် ကျင်ရာ ရောက်နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့ အနေဖြင့် အရေးယူမှု မရှိပဲ လက်ပိုက်ကြည့်နေကြခြင်းကြောင့် ဆေးလိပ် သောက်သုံးသူ ဦးရေမှာ လျော့ ကျသွားခြင်းမရှိပေ။


ဥပဒေ ပါ ဆေးလိပ်မသောက်ရ နေရာများ အဖြစ် သတ်မှတ်ထားသော အများပြည်သူနှင့်ဆိုင်သော နေရာများ ပန်းခြံ ကလေးကစားကွင်း အားကစားရုံ ၊ ရုပ်ရှင်ရုံ ၊ဘတ်စ်ကား မှတ်တိုင်များ၊လေအေးပေးစက် တပ်ဆင်ထားသော အခန်းများ၊ ကျောင်း၊ဆေးရုံဘတ်စ်ကားများ၊ခရီးသည် သယ်ယူပို့ ဆောင်ရေး ယာဉ်များ ပေါ်တွင်No Smokingဆေးလိပ်မသောက်ရ ဟု စာတမ်းများ ကပ်ခြင်း မီဒီယာများတဆင့် အသိပညာ ပေးခြင်းများကို ပြုလုပ်လျှက်ရှိသော်လည်း လိုက်နာမှု အားနည်းကာ စည်းကမ်းပျက်သောဥပဒေကို မလေး စားသောဆေးလိပ်သောက်သုံးသူများကို တွေ့မြင်နေရဆဲပင်ဖြစ်သည်။ဒါကလည်း ထိုသူတို့ ဧ။် အပြစ် တစ်ခုတည်းကြောင့်တော့မဟုတ်ပါ။ အစိုးရဧ။်ဆေးလိပ်မသောက်ရဟူသောကန့် သတ်နယ်မြေများတွင် ဆေးလိပ်သောက်သုံးသူများအတွက် ဆေးလိပ်သောက်ခွင့်ရှိသော နေရာများ စီမံထားခြင်းမျိုး မရှိမှုကလည်းနိုင်ငံသူနိုင်ငံသားတို့ ဧ။် စည်းကမ်းလိုက်နာမှုကို အားနည်းအောင် ဥပဒေကိုချိုးဖောက်အောင် ပြုလုပ်ပေးနေသည်နှင့်တူသည်။


ကျောင်းနှင့်ဝန်းကျင် ပေတစ်ရာပတ်လည်တွင်ဆေးလိပ်၊ကွမ်းယာနှင့် အခြားမူးယစ်စေသည့် ပစ္စည်းများ ရောင်းချခွင့်မပြုရဟု အမိန့် ထုတ်ထားသော်လည်းသူတို့ နှင့် မဆိုင်သလို ပင် ခပ်တည်တည်နှင့် အသက်၁၈ နှစ်အောက်လည်း မသိကျောင်းသားလည်း မရှောင် လာဝယ်သမျှ အကုန် ရောင်းချနေကြသော


လမ်းဘေးဈေးသည်များကြောင့်လည်းကောင်း ထိုသို့ရောင်းချနေခြင်းမျိုးကိုလည်း သိသိကြီးနှင့်


အရေးယူမှုများ မရှိခြင်းကြောင့်လည်းကောင်းကျောင်းသားလူငယ်လူရွယ်များအကြားဆေးလိပ်သောက်သုံးသူများပြားလာသည်။မူးယစ်ဆေး အစ ဆေးလိပ်က ဆိုသလိုယခုကဲ့သို့  အထိန်းအကွပ်မဲ့မှု အသိပညာဗဟုသုတဖြန့် ဝေရာတွင် အားနည်းမှုတို့ ကြောင့် ဆေးလိပ်မှ တဆင့်တက်ကာ ဆေးခြောက် နံပါတ်ဖိုး အစရှိသည့်မူးယစ်ဆေးဝါး များကို စမ်းသပ် သုံးစွဲကြရင်း မူးယစ်ဆေးဝါးဧ။်သားကောင်များအဖြစ်သို့ ကျရောက်ကာဘဝပျက်သွားသူ ကျောင်းသားလူငယ်လူရွယ်လေး


များကြောင့်တိုင်းပြည်ဧ။် အနာဂတ်မှာ ရင်လေးစရာ ပင်ဖြစ်သည်။


ဆေးလိပ်ဧ။် ဆိုးကျိုးကို သိရှိနားလည်ပြီး ဆေးလိပ်ဖြတ်လိုသူ များအတွက်လည်းဆေးလိပ်ဖြတ်စင်တာများ လူမှုအဖွဲ့ အစည်းများ မရှိခြင်း ၊ အစိုးရနှင့် NGOအဖွဲ့ အစည်းများဧ။် ဆေးလိပ်ဖြတ်လိုသူများအပေါ် ပံ့ပိုးမှု အားနည်းခြင်း၊ဆေးလိပ်ဖြတ်လိုသူများအတွက် ထုတ်လုပ်သော ဆေးလိပ်ဖြတ်ပစ္စည်းများ ဥပမာelectronic cigretteသည်လည်းလူတန်းစားအလွှာအသီးသီးအတွက်လက်လှမ်းမှီနိုင်သော ဈေးနှုန်းအနေအထားတွင်


မရှိခြင်း ၊မိသားစုနှင့်ပတ်ဝန်းကျင် အပေါင်းအသင်းဧ။်ကူညီပံ့ပိုးမှု အားနည်းခြင်းတို့ ကြောင့် ဆေးလိပ်ဖြတ်ရန် အခက်အခဲများရှိနေဆဲဖြစ်သည်။


ဖွံ့ ဖြိုး ဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုး အဖြစ် တည်ရှိနေသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ပြဿနာကိုဖြေရှင်းရာတွင် အဘက်ဘက်က အားနည်းချို့ ယွင်းမှုများကြောင့်မြန်မာနိုင်ငံရှိ ကျားမမရွေး အသက်သေဆုံးရခြင်းဧ။် အဓိကအကြောင်းအရင်းများတွင် ဆေးလိပ်သောက်ခြင်းသည် နံပါတ် ၃နေရာတွင်ရပ်တည်လျက်ရှိသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဧ။် စစ်တမ်းများတွင် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အသက်၁၅ နှစ် မှ ၆၄ နှစ်ကြားအရွယ်ရောက်ပြီးသူ အမျိုးသားများအကြားဆေးလိပ်သောက်သုံးမှုသည် ၄၄.၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများမှာ ၇.၈ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသလို တစ်ဆင့်ခံဆေးလိပ်သောက်သုံးသူအရေအတွက်သည်လည်း စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ အပြင်အများပြည်သူနှင့်ဆိုင်သောနေရာများ ဥပမာ စားသောက်ဆိုင်များ၊ရုံးခန်းများ၊သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် ဆေးလိပ်သောက်သုံးမှုများကိုထိန်း


ချုပ်ခြင်းမရှိနိုင်သေးသလို ဆေးလိပ်နှင့် ဆေးရွက်ကြီးပြဿနာများထိန်းချုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာဧ။် အကူအညီကိုလည်းလိုအပ်လျက်ရှိနေဆဲ ဟု ဖော်ပြထားသည်။ ဆေးလိပ်နှင့် ဆေးရွက်သောက်သုံးခြင်းနှင့် တစ်ဆင့်ခံဆေးလိပ်သောက်သုံးခြင်း တို့ ကြောင့်ဖြစ်ပေါ်လာသော ဆေးလိပ်နှင့် ပတ်သက်ဆက်နွှယ် ရောဂါဝေဒနာရှင်များလည်း


ဆေးရုံဆေးခန်းများတွင်တနေ့  တခြား တိုးပွားလာလျက်ရှိသည်။


ဆေးလိပ်သောက်သုံးသူ ကိုသာမက လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း ပါမကျန်အဘက်ဘက်က ဆိုးကျိုးများကို ဖြစ်ပေါ်စေလျက်ရှိသော ဆေးလိပ်နှင့်ဆေးရွက်ကြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး ဆေးလိပ်သောက်သုံးသူလျော့ကျရေး ၊ စည်းကမ်းတကျ ဆေးလိပ်သောက်သုံးမှု များ ဖြစ်ပေါ် လာစေရေးအတွက်အစိုးရအနေနှင့်ထုတ်ပြန်ပြီးသား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ


ထိန်းချုပ်မှုဥပဒေကို အသက်သွင်းပေးဖို့  လိုအပ်နေပြီဖြစ်သည်။ တရားဥပဒေချိုးဖောက်ကာ ဆေးလိပ်နှင့်ဆေးရွက်ကြီး တရားမဝင်ထုတ်လုပ်ရောင်းချခြင်းများ၊ လက်လီ တစ်လိပ်ချင်း ရောင်းချခြင်းများ၊အရောင်းမြှင့်တင်ခြင်းများ၊စာသင်ကျောင်းများနှင့်အနီးအနားပတ်ဝန်းကျင်


တွင်ရောင်းချနေခြင်းများကိုထိရောက်စွာအရေးယူဖို့ လိုသလိုဥပဒေပါဆေးလိပ်မသောက်ရနေရာများတွင်


လည်းဆေးလိပ်သောက်သုံးသူများအတွက် နေရာများအခန်းများ ဖန်တီးပေးကာ ဥပဒေကို လေးစားလိုက်နာစေသလို အများပြည်သူဒုက္ခရောက်မည့်ဘေး မှကယ်တင်ဖို့ လည်းလိုပေသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများ ရောင်းချသူလမ်းဘေးဈေးသည်များ လျော့ နည်းလာစေရေးအတွက် ထိုသူတို့  အပေါ် အခွန်တိုးမြှင့်ကာ ကောက်ခံမည့်အစားတခြားသင့်တော်ရာ အလုပ်အကိုင်အခွင့် အလမ်း များဖော်ဆောင်ပေးသင့်သည်။ကျန်းမာရေးဝန်ကြီးဌာနနှင့် တကွ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဧ။် အထင်ကရပုဂ္ဂိုလ်များ ၊ အနုပညာရှင်များ အနေနှင့်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်များကို အများပြည်သူ သိရှိနားလည်သဘောပေါက်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရေး လုပ်ငန်းစဉ်များ


အောင် မြင်အောင် မိမိတို့  ကိုယ်တိုင်က ရှေ့ဆောင်စံပြအဖြစ်ဦးစီးဦးဆောင်ပြုလုပ်ဆောင်ရွက်သင့်သည်။ ပြည်တွင်းပြည်ပအဖွဲ့ အစည်းများဧ။်အကူအညီဖြင့်ဆေးလိပ်ဖြတ်ချင်သူများအတွက် ဆေးလိပ်ဖြတ်စင်တာများ


ထူထောင်ပေးဖို့ လိုသလို ၊ ဆေးလိပ်ဖြတ်ပစ္စည်းများ ကိုလည်း အလွှာစုံမှ လက်လှမ်းမီ သောဈေးနှုန်းများဖြင့်ရရှိ နိုင် အောင် ဆောင်ရွက်ပေးသင့်သည်။ဆေးလိပ်ကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်းမိမိအကျိုးစီးပွားထက် အများအကျိုးကို ဦးစားပေး၍ ဥပဒေကို


လက်တစ်လုံးခြား မလုပ်ပဲ တိတိကျကျ လေးစားလိုက်နာဖို့ လည်း လိုပေသည်။ထို့အပြင် ဆေးလိပ်သောက်သုံးသူ ပြည်သူများ ကလည်း နိုင်ငံကြီးသားပီသစွာဖြင့် အများပြည်သူနှင့်ဆိုင်သောနေရာများလူစည်ကားထူထပ်သောနေရာများတွင်ဆေးလိပ်သောက်သုံးခြင်း ကိုရှောင်ကြဉ် ခြင်းဖြင့်  မိမိ ဧ။် ဆေးလိပ်ငွေ့ ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်ခြင်း တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့်သူတစ်ပါးကိုပါ ရောဂါရစေခြင်းမျိုး မဖြစ်အောင် ဂရုစိုက်သင့်သည်။


ဒါမှသာ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်မှ ဖွံ့ ဖြိုးပြီး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ရင်ဆိုင်ကျော်လွှားရမည့် အရာများထဲမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးပြဿနာ ၎င်းနှင့် ဆက်စပ်လျက်ရှိသော


နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို့ ဖြေရှင်း ရာတွင် အစိုးရ၊အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပြည်သူလူထု များအားလုံး တာဝန်သိစွာဖြင့် အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာအောင်မြင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။


ဇေယျာဖြိုး
(ယနေ့ ထုတ် 7 Day Daily သတင်းစာပါ ဆောင်းပါး)

Related Posts Plugin for WordPress, Blogger...