Wednesday, December 11, 2013

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ တည်ဆောက်လျက်ရှိသော ဟိုတယ်၊ လူနေအိမ်ခန်း ၂၀၂ ခန်း အပါအ၀င် အဝေးပြေး ယာဉ်ရပ်နားစခန်းကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်

Wednesday, 11 December 2013



မူဆယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အဝေးပြေး ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်

ရှမ်းပြည်နယ် အစိုးရ၏ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ မူဆယ်မြို့တွင် ဟိုတယ်တစ်လုံး၊ လူနေအိမ်ခန်းများ အပါအ၀င် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းအား တည်ဆောက်လျက်ရှိသည့် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ သိရသည်။

"ဒီစီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ တည်ဆောက်တာ ဖြစ်ပါတယ်။ မူဆယ်မြို့မှာ အဝေးပြေး ယာဉ်ရပ်နားစခန်း မရှိတဲ့ အဝေးပြေးကွင်းတစ်ခု ဆောက်တာဖြစ်ပြီး ဒီစီမံကိန်းထဲမှာ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တစ်လုံး ပါမယ်။ နောက်ပြီး လူနေအိမ်ခန်းတွေ ပါဝင်တဲ့ သုံးထပ်တိုက် ၂၀၂ လုံးလည်း တည်ဆောက်လျက် ရှိပါတယ်။ ဒါပေမဲ့ ၉၀ ခန့်ကတော့ အဝေးပြေး ယာဉ်ရပ်နားကွင်း ဖြစ်တဲ့အတွက် ဂိတ်တွေဖြစ်ပါတယ်။ ပန်းခြံတွေလည်းပါမယ်။ shopping mall တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်ဝင်းက အဆိုပါ စီမံကိန်း လုပ်ငန်းခွင်ရှိ ၎င်း၏ရုံးခန်းသို့ The Daily Eleven မှ သွားရောက်တွေ့ဆုံ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းအား မြေ ၁၃ ဒသမ ၆၉ ဧက အကျယ်အ၀န်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၄ ဖေဖော်ဝါရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဟိုတယ်မှအပ စုစုပေါင်း အဆောက်အအုံ ၄၁ လုံး၊ အခန်းပေါင်း ၂၀၂ ခန်းနှင့် အဝေးပြေး ကားရပ်နားကွင်းကို စတင်အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်းနှင့် အဝေးပြေး ကားရပ်နားကွင်းတွင် ကားအစီးရေ ၃၅၀ နှင့် ၄၀၀ ကြား ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အားလုံးပေါင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၂ ခု ရှိပါတယ်။ ဒါပေမဲ့ သူတို့က sub contractor အနေနဲ့ တည်ဆောက်နေကြတာပါ။ တကယ်တည်ဆောက် နေတာကတော့ သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်က ဆောင်ရွက်တာပါ။ ဒီထဲမှာ အိမ်ရာတွေရော၊ ဟိုတယ်နဲ့ အဝေးပြေး ကားရပ်နားကွင်းကိုပါ တစ်ပြိုင်နက်တည်း တည်ဆောက်နေတာဖြစ်ပြီး စီမံကိန်းရဲ့ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပါတယ်" ဟုလည်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

မူဆယ်မြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာ ဆောက်လုပ်ရေး ကုမ္ပဏီခြောက်ခု တင်ဒါတင်သွင်းခဲ့ကြပြီး ယင်းတို့အနက် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...