Friday, March 21, 2014

အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံ ကို ဂျပန်နိုင်ငံသား တီထွင်




ဟယ်ရီပေါ်တာချစ်သူများရဲ့ အိပ်မက်လို့ ဆိုရတော့မှာပဲ။ ဟယ်ရီပေါ်တာရဲ့ မှော်တက္ကသိုလ်ကြီးမှာ ယှဉ်ပြိုင်ကြတဲ့ Quidditch ကစားနည်းထဲက ဘောလုံးပျံရဲ့ လက်တွေ့ဗားရှင်း တစ်မျိုးပေါ့လေ။

ဒီဂိမ်းကို လက်တွေ့ကစားနိုင်ဖို့အတွက် ဂျပန်နိုင်ငံသား တီထွင်ပညာရှင်တစ်ဦးက အထဲမှာ မောင်းသူမဲ့လေယာဉ်ပါတဲ့ ဘောလုံးပျံကို တီထွင်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ကစားနိုင်ဖို့ ဒီဘောလုံးပျံကို အရှိန်လျှော့နိုင်ပါသေးတယ်။ အားကစားပြိုင်ပွဲတစ်ခုမှာ မမျှမတ ကစားချင်ရင် သတ်မှတ်ထားတဲ့ ကစားသမားကို ဘောလုံးပျံကရှောင်သွားဖို့အတွက် ပရိုဂရမ် ရေးထားလို့လည်း ရပါသေးတယ်။

ဘောလုံးပျံနဲ့ ကစားမယ်ဆိုရင် တိကျတဲ့ လှုပ်ရှားမှုဆိုင်ရာ နည်းစနစ်တွေရှိပါတယ်။ ပစ်လွှတ်တာ၊ ရိုက်ပုတ်တာ၊ ပတ်ချာလည် လှည့်တာ၊ ကန်တာ စတဲ့ လှုပ်ရှားမှုတစ်ခုစီကို ဘောလုံးပျံကလိုက်နာတဲ့ တိတိကျ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေရှိတယ်လို့ သိရပါတယ်။

ဒီဘောလုံးပျံကြောင့် အားကစားနည်းသစ်တမျိုး ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပူပြင်းတဲ့နွေရာသီမှာ ရှောင်ရှားသင့်တဲ့ အစားအစာများ




ပူပြင်းခြောက်သွေ့တဲ့နွေရာသီကိုတော့ ရောက်လို့လာပါပြီ။ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ

ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာအလုပ်အများကြီးလုပ်ဖို့လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။

သင်္ကြန်ဆိုရင် မရောက်ခင်ကတည်းက ရင်ခုန်နေပြီလို့ ပြောတဲ့ ၀တ်မှုန်ရွှေရည်


သင်္ကြန်နီးပြီဆိုတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ရင်ခုန်သံလေးတွေကို သိချင်ကြပြီပေါ့နော်။ အဲ့ဒါကြောင့် ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန်ရင်ခုန်သံကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ခုရိုက်နေတဲ့ ကားလေးရဲ့ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ မင်းသားက ကောင်းပြည့်ပေါ့။ အချစ်ဖန်စီကားလေးပေါ့။ ဒီကားလေးကို စရိုက်တဲ့အချိန်မှာ ကစ်ကိုယ့်ကိုကိုယ်ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။ တကယ့် ကျောင်းအစစ်ပြန်တက်နေရသလို ခံစားရတဲ့အတွက် ကစ်ပရိသတ်တွေလဲ ဒီကားလေးကိုကြည့်တဲ့အခါ ကစ်နဲ့ စိတ်ခံစားချက်ချင်း နီးစပ်မယ်လို့ ထင်မိပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုကားတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။



သင်္ကြန်နဲ့ပတ်သတ်တဲ့စိတ်ခံစားမှုကိုတော့ ‘ဒီနှစ်ကတော့ ကစ်ဘယ်မှာရှိမှန်း မသိသေးဘူး။ သင်္ကြန်ဆိုရင်တော့ မရောက်ခင် ကတည်းကကို ကစ်ရင်ခုန်တယ်။ ပျော်တယ်။ ကိုယ့်မြန်မာတွေရဲ့ နှစ်ကူးပွဲတော်တစ်ခုလဲ ဖြစ်သလို မြန်မာ့ပွဲတော်တွေထဲမှာ သင်္ကြန်ဆိုတာ အစည်ဆုံးပေါ့နော်။ ရှုတင်ရှိရင်တော့ ရှုတင်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ ခုနောက်ပိုင်းသင်္ကြန်ကတော့ တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်တာ များပါတယ်။ ချစ်သူရှိတဲ့သူတွေကတော့ ကောင်းတာပေါ့နော်။ ကစ်ကတော့ ဒီနှစ်လဲ တစ်ယောက်တည်းပါပဲ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကားရိုက်မရှိရင် ဘုရားသွားပြီး ကောင်းမှုကုသိုလ်လေးတော့ လုပ်ချင်တယ်။ ခုလာမဲ့၂၀၁၄ သင်္ကြန်မှာလဲ ကစ်ရဲ့ပရိသတ်ကြီး အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးကင်းနိုင်ကြပါစေ’လို့လည်း သူမက ဆုတောင်းပေးလိုက်ပါသေးတယ်။

ကိုယ်အလေးချိန် လျှော့နေသူတွေအတွက် သတင်းဆိုး၊ ရေသောက်တိုင်း ၀ိတ်မကျဟုဆို




ကိုယ်အလေးချိန် လျှော့ချနေသူ တော်တော်များများမှာ ရေပိုသောက်ရင် ကိုယ်အလေးချိန် ပိုကျမယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ပိန်ဖို့အတွက် ရေသောက်တာဟာ ယုံတမ်းသက်သက်ပဲလို့ အာဟာရ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Beth Kitchinက ဆိုပါတယ်။

Alabama တက္ကသိုလ်က ဒေါက်တာ Beth Kitchinရဲ့ ဖော်ပြချက်အရ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျဖို့အတွက် ပဉ္စလက်နည်းတစ်ရပ် မဟုတ်ဘူးလို့ သိရပါတယ်။

“ရေသောက်လို့ ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ သက်သေက သိပ်နည်းပါတယ်။ ကိုယ့်ဘာသာကိုယ် လက်ခံထားတဲ့ ယုံတမ်းတွေထဲက တစ်ခုပါ။ ရေသောက်တာ မကောင်းဘူးလို့ ကျွန်မ မပြောပါဘူး။ ရေများများ သောက်တာဟာ ကယ်လိုရီအပို နည်းနည်းကိုပဲ လောင်ကျွမ်းပေးတာပါ။ တစ်နေ့လုံးနေမှ ၂ ကယ်လိုရီလောက်ပါ။ လူဆိုတာ အရည်တစ်ခုခုသောက်ဖို့ လိုတာပေါ့။ ဒါပေမဲ့ ရေချည်းသောက်နေလို့ မရဘူး။ ကော်ဖီသောက်တာ ဘာမှမဟုတ်ဘူးလို့ လူတွေက ထင်ကြတယ်။ မဟုတ်ဘူး။ ကော်ဖီသောက်ရင် တကယ်ထူးတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ် အများကြီးရှိတယ်။ အထူးသဖြင့် ကဖိန်းဓာတ်ပါတဲ့ အရည်သောက်ကျင့်ရှိသူတွေဟာ ကိုယ်အလေးချိန်လျော့တာကို တွေ့ရတယ်။” လို့ ဒေါက်တာ Beth Kitchin ကပြောခဲ့ပါတယ်။

ဆွီဒင်‌လူမျိုး‌တွေရဲ့ ပြင်‌မရ‌နောင်‌တ မြန်‌မာမြန်‌မာနိုင်‌ငံအအတွက်‌ ဖြစ်‌လာနိုင်‌သလား?



ဆွီဒင်လူမျိုးတွေ ပြင်မရတော့တဲ့ အကြီးဆုံး နောင်တကတော့ မူဆလင်တွေကို မိမိနိုင်ငံတွင်းမှာ
နေထိုင်ခွင့် ပေးလိုက်တာပါပဲ။


ဥရောပမှာ ဆွီဒင်က အင်မတန် ငြိမ်းချမ်းတဲ့ နိုင်ငံ။ စီးပွားရေးလည်း ကောင်းတယ်။ ဆွီဒင်လူမျိုးတွေက သနားတတ်တယ်။ အာဖရိကမှာ၊ အရှေ့ဥရောပမှာ မူဆလင်တွေ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခရောက်တာ မြင်ရတော့ သနားမိတာနှင့် နိုင်ငံထဲမှာ ခိုလှုံခွင့် ပေးမိတယ်။ လူနည်းနည်းပဲ ရှိတုန်းကတော့ မုတ်ဆိတ်တွေက သနားစရာမျက်နှာလေးတွေနဲ့။ ဆွီဒင်တွေက ဒါကိုကြည့်ပြီး သနားပြန်တာနှင့် ကျန်ခဲ့တဲ့ မူဆလင်ဆွေမျိုး၊ မိတ်ဆွေတွေကိုပါ နေထိုင်ခွင့် ပေးလိုက်ကြတယ်။

မာမူတွေလဲ အင်အားစုမိသွားရော။ ဖြစ်လိုက်တဲ့ မူဆလင် အကြမ်းဖက်မှု။ စတော့ဟုမ်းမြို့တော်ကြီးတောင် မီးဟုန်းဟုန်းတောက်သွားတယ်။ ဖြစ်လိုက်တဲ့ မူဆလင်မုဒိမ်းမှု။ အရင် အေးချမ်းလှပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံက ဥရောပမှာ မုဒိမ်းမှုအမြင့်ဆုံး နိုင်ငံဖြစ်သွားတယ်။

ဟိုအရင် ဒုက္ခရောက်နေစဉ်က ပလီပလာ တစာစာနှင့် မုတ်ဆိတ်တွေ။ ဆွီဒင်မှာ မူဆလင်အင်အားစုလည်း ဖြစ်လာရော လေသံက တစ်မျိုးပြောင်းသွားတယ်။

သူတို့ကို ကယ်တင်တာ အလ္လာဟ်အရှင်မြတ်သာ ဖြစ်ပါသတဲ့။ သူတို့ ဒုက္ခရောက်နေတာ မမြင်ရက်လို့ ခုလို ကယ်တင်လိုက်ခြင်းသာ ဖြစ်ပါသတဲ့။ ဆွီဒင်တွေဟာ ကာဖိရ်တွေဖြစ်လို့ ဆွီဒင်မတွေကို မုဒိမ်းကျင့်တာ ကုသိုလ်တောင် ဖြစ်ပါသတဲ့။မိုဟာမက်တပည့်တွေက မိုဟာမက်လိုပဲ မိုက်ရိုင်း၊ စော်ကား၊ ကျေးဇူးကန်း
ချက်က ကမ်းကုန်တယ်။

ဒီလိုနဲ့ပဲ မူဆလင်တွေက အခါအခွင့်သင့်ရင် သင့်သလို နိုင်ငံတွင်း အကြမ်းဖက်၊ ဆွီဒင်မိန်းမပျိုတွေကို မုဒိမ်းကျင့်၊ ဒါမျိုးတွေကျူးလွန်နေတာ ခုဆိုရင် ဆွီဒင်အမျိုးသမီးတွေရဲ့ ဘဝတွေ မလုံမခြုံဖြစ်နေပြီး အိမ်ထဲက အိမ်ပြင် မထွက်ဝံလောက်အောင်တောင် ဖြစ်နေပြီ။

ဘယ်လောက်ထိ မူဆလင်တွေကို ဆွီဒင်အမျိုးသမီးတွေ ကြောက်လန့်နေရတယ်ဆိုတာကို ဆွီဒင် သတင်း website မှာ ဖော်ပြထားတာတစ်ချို့ကို highlight လုပ် ဖော်ပြပေးလိုက်ပါတယ်။

"ဆွီဒင်အမျိုးသမီးလေးယောက်တွင် တစ်ယောက်မှာ ၎င်းတို့ နေထိုင်ရမှုသည် လုံခြုံခြင်းမရှိဟု ခံစားနေရပြီး ဆယ်ဦးတွင် တစ်ဦးမှာ ညအချိန် တစ်ယောက်တည်း အပြင်မထွက်ရဲဟု ဆွီဒင်အမျိုးသား မှုခင်းတားဆီးရေးကောင်စီမှ ၎င်းတို့၏ အမျိုးသားလုံခြုံရေးလေ့လာမှု၌ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားသည်။"

မူဆလင်တွေက သနားစရာပါ၊ နိုင်ငံသား ဖြစ်ခွင့်ပေးသင့်တယ် ဆိုသူတွေ ဆွီဒင်ကို နမူနာကြည့်
ထားကြလို့ပဲ ပြောလိုက်ပါရစေ။

Credit to: Myo Min ThantCredit.

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း





ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံ ခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေး ဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုး ကို ရွှေပြည် သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

တရုတ်(တိုင်ပေ) လွှတ်တော်ကို ဆန္ဒပြသမားများသိမ်းပိုက်



ပါလီမန်ရှေ့ မှာတွေ့ ရတဲ့တရုတ်ဆန့် ကျင်ရေးဆန္ဒပြသမားတွေ။


တရုတ်ပြည်မကြီးနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ကို အစိုးရအဖွဲ့က အတည် မပြုနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ် (တိုင်ပေ) ကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးတို့က တရုတ်(တိုင်ပေ) ပါလီမန် လွှတ်တော်တွင်းသို့ မတ် ၁၉ ရက်တွင် ၀င်ရောက် သောင်း ကျန်းခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသမားများသည် လွှတ်တော်လုံခြုံရေး အတားအဆီးများကို မမျှော်လင့်သည့်အချိန်တွင် ချိုးဖျက် ၀င်ရောက် ၍ လွှတ်တော်ပင်မခန်းမ ဆောင်ကြီးအား သိမ်းပိုက်ခဲ့ရာ တရုတ် (တိုင်ပေ)ကျွန်း သက်တမ်း တစ်လျှာက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်အဆောက် အအုံ သိမ်းယူ ခံခဲ့ရ ခြင်း ဖြစ်သည်။

ကျောင်းသားလူငယ်အများစု ပါဝင်သော ဆန္ဒပြသမားများသည် လွှတ်တော် အဆောက်အအုံဝင်ပေါက်ကို ပိတ်ဆို့ထားကြရာ လွှတ်တော် သိမ်းယူခံရမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသော ရဲတပ်ဖွဲ့ဝင်များနှင့်
ပဋိပက္ခ ဖြစ်ပွားခဲ့ရသည်။

တရုတ်နိုင်ငံနှင့် ချုပ်ဆိုမည့် ကုန်သွယ်ရေးစာချုပ်ကို လက်ရှိ အာဏာရ ကူမင်တန်ပါတီက အတည်ပြုရန် ကြိုးပမ်းမှုမှာ တရားမ၀င်ကြောင်း ဆန္ဒပြသမားများက စွပ်စွဲထားပြီး စာချုပ်ပါ ပြဋ္ဌာန်းချက် တစ်ပိုဒ် ချင်းစီကို ပြန်လည်သုံးသပ်ရန် တရုတ် (တိုင်ပေ) အစိုးရအဖွဲ့အား တောင်းဆိုခဲ့သည်။

အဆိုပါ ကုန်သွယ်ရေးစာချုပ်ကြောင့် တရုတ် (တိုင်ပေ) စီးပွားရေး လုပ်ငန်းငယ်များ နစ်နာမှုရှိလာနိုင်ပြီး စီးပွားရေးကိုလည်း ထိခိုက်လာ မည့်အရေး အစိုးရ အတိုက်အခံများက စိုးရိမ်လျက်ရှိသည်။


ပြည်မကြီး၌ ကွန်မြူနစ်ပါတီ အာဏာရရှိပြီးနောက်ပိုင်း (၆၅) နှစ်ကြာမျှ သီးခြားစီ ရပ်တည်ခဲ့ကြသော တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) ကျွန်းတို့သည် ၂၀၀၈ ခုနှစ် နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လာခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ





လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ် ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင် ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်း ဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေ လည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာ သမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည် တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။ စတုဒိသာကျွေးတယ်။ ဆယ်တန်း ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက် ပိုင်း သင်္ကြန်နဲ့ ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေ တာ များ တယ်။ အပြင် သိပ်မထွက်ဖြစ် ဘူး။ နောက် ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း ရက်တွေလိုပဲ ဖြစ် လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့ အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း ရေစိုချင်တယ်။ အပြင် ထွက်ရမှာ လည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါ တယ်။ မြန်မာနိုင် ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန် က ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

Popular Journal

ဓာတ်ပုံ- အောင်ဇော်မင်း


ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ




(Child Pornography - အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်စေသော၊ ကျုးလွန်သော၊ စော်ကားသော ဓာတ်ပုံ၊ ရုပ်သံများ၊ မီဒီယာထုတ်လုပ်မှုများ)


ဆန်ဖရန် ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ မြန်မာတဦးဖြစ်သည့် မိုက်ကယ်ဂေါ၊ (အောင်ဂေါ) ၂၅ နှစ် နှင့်အတူ အခြား ၁၃ ဦးကို အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်ကျုးလွန်သော ရုပ်သံ၊ ဓာတ်ပုံများ တင်ဆက်သည့် ၀က်ဆိုက် လုပ်ဆောင်နေသည့် ရာဇ၀တ်မှုဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဌာနက တရားစွဲဆို၊ အရေးယူရန် ဖမ်းဆီးလိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။


အမှုသွားမှာ ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၃ မေလ ၉ ရက်အတွင်း ကျုးလွန်သော ပြစ်မှုများဖြစ်သည်ဟု ဆိုသည်။ ထိုအမှုတွင် ထိခိုက်ခံရသည့် ကလေးသူငယ်များမှာ ပြည်တွင်းမှ ၂၂၈ ဦး ပြည်ပမှ ၂၃ ဦး ရှိသည်။ ထိုဝက်ဆိုက်ကို မြေအောက်တရားမ၀င် အင်တာနက်လမ်းများကနေ တင်ဆက်နေပြီး အဆိုပါ ရုပ်သံပေါင်း ၂ ထောင်နှင့် အသင်းဝင်ပေါင်း ၂ သောင်း ၇ ထောင် ရှိနေသည်ဟု ဆိုသည်။


ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျုးကျော်စော်ကားခံနေရမှုများမှ ကာကွယ်ရန်အတွက် ပြည်ထောင် စုအစိုးရ ဆောင်ရွက်နေသည့် Project Safe Childhood စီမံချက်ကနေ ဖော်ထုတ်အရေးယူနိုင်ခြင်း ဖြစ်သည်။ ကလေးများအနက် ၁၅၉ ဦးမှာ ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ဖြစ်သည်။ ၇ ဥင်္ီးမှာ ၉ နှစ်အောက်များ ဖြစ်သည်။ အများစုမှာ အသက်မပြည့်သေးသည့် ယောကျာ်းကလေးများ ဖြစ်သည်ဟု ဆိုသည်။


ဖမ်းဆီးခံရသူများတွင် အသက်အကြီးဆုံးမှာ ၄၄ နှစ်၊ အသက်အငယ်ဆုံး အမှုကျုးလွန်သူမှာ ၂၄ နှစ် ဖြစ်သည်။ ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်သည့်၊ စော်ကားသည့်၊ ကျုးလွန်သည့် ဓာတ်ပုံရုပ်သံများ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ကလေးများကို လှည့်ဖြားပြီး လုပ်ဆောင် ပြုမှုစေခြင်း၊ လက်ဝယ်ထားခြင်း၊ ဖြန့်ချိခြင်း၊ ရောင်း ချခြင်းသည့် အမေရိကန်ပြည်ထောင်စုတွင် ထောင်ဒဏ် ၃၀ နှင့် ရာသက်ပန် လိင်ရာဇ၀တ်မှု ကျုးလွန်သူအဖြစ် မှတ်ပုံ တင်ခြင်း ခံရသည်အထိ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။


အခြားလူမျိုးအများအပြားပါဝင်သည့် တရားခံအဖြစ် စွပ်စွဲခံရသူများ အနက် မြန်မာလူမျိုး လူငယ်တဦး ပါဝင်နေခြင်းအတွက် ဆန်ဖရန်ဘေး ဧရိယာမြန်မာများအကြား အထူးစိတ်ဝင်စားစရာဖြစ်နေသည်။ မိုက်ကယ်ဂေါ ခေါ် အောင်ဂေါ (Michale Gaw aka Aung Gaw) သည် ဒေသခံ အိုလုံးကောလိပ်ထွက်ဖြစ်သည်။ UC Berkeley တွင် ကျောင်း ဆက်တက်ခဲ့သည် ဆိုသည်။ လက်ရှိတွင် အိမ်ရောင်းဝယ် အကျိုးဆောင် တဦးအဖြစ် ဆောင်ရွက်နေသည်ဟု သိရသည်။ ၂၀၁၃ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ် မတ် ၁၈ တွင် ပြည်ထောင်စုတရားရုံးတော်တွင် တရားစွဲဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။


အမှုအသေးစိတ်ကို ပြည်ထောင်စုအစိုးရ၏ တရားရေးဌာန၀က်ဆိုက်တွင် အသေးစိတ်ဖတ်နိုင်သည်။
မိုးမခ

Related Posts Plugin for WordPress, Blogger...