Wednesday, August 21, 2013

BRT ယာဉ်မောင်းများကို လစာကျပ်လေးသိန်းခွဲဖြင့် ခန့်မည်



အောင်သူ(ဒေးဒရဲ)၊သြဂုတ်(၂၀)၊

ရန်ကုန်မြို့ တွင်းပြေးဆွဲမည့် BRT (အမြန် သယ်ယူပို့ဆောင်ရေးစနစ်) တွင် ယာဉ်မောင်းများကို တစ်လလျှင် လစာ ကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။

လက်ရှိတွင် အဆိုပါယာဉ် လိုင်းမှ အမေရိကန်ဒေါ်လာခုနစ် မီလီယံခန့်ရင်းနှီးမြှုပ်နှံရန် နိုင်ငံ တော်သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြု ချက်များတင်ပြထားကြောင်း သိ ရသည်။

ဦးကျော်သီဟက ''ယာဉ် မောင်းတွေကို တစ်လကို ကျပ်လေး သိန်းခွဲ၊ ယာဉ်အကူကိုတော့ ကျပ် ၂၂၅၀၀၀ အထိ သတ်မှတ်ထား တယ်။ နောက်ပြီးစည်းကမ်းနဲ့ပတ် သက်လို့လဲ ဆုကြေးဒဏ်ကြေးတွေ နဲ့ သတ်မှတ်ထားပါတယ်။ ခန့်အပ် တဲ့နေရာမှာလဲ သတ်မှတ်အရည် အချင်းတွေပြည့်မီမှသာ အလုပ် ခန့်သွားမှာပါ''ဟု ပြောသည်။

ယင်းအပြင် အဆိုပါကုမ္ပဏီ မှ ဗဟိုထိန်းသိမ်းရေးစနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ခန့်၊ ယာဉ်ထိန်းဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှုဌာနအတွက် ကျပ် ၁၀၈သိန်း၊

သတ်မှတ်လမ်း ကြောင်းထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၂၀ဝခန့်၊ Station ၃၉ခု အတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ်ကုမ္ပဏီမှကုန်ကျမည့် ငွေကြေးများဖြစ်ကြောင်းနှင့် ကုမ္ပ ဏီ၏ဝင်ငွေခွန်များကိုလည်း ပေး ဆောင်ထားပြီးဖြစ်ကြောင်း ယင်း ကရှင်းလင်းပြောသည်။

အဆိုပါယာဉ်လိုင်းယာဉ်အ စီးရေ ၈ဝဖြင့် ပြေးဆွဲရန် စီစဉ်ထား ပြီး ယင်းစနစ်ကျင့်သုံးရန် အသင့် တော်ဆုံးလမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော်အစိုးရမှ ချမှတ်ပေး ထားပြီး ယင်းလမ်းကြောင်းလေး ခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။

ယင်းကုမ္ပဏီ၏ လူမှုဆက် ဆံရေးအရာရှိ ဦးနေဝင်းက ''ယာဉ် စီးခကောက်ခံတဲ့ စမ်းသပ်ကာလ မှာBRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) မှတ်တိုင်တိုင်းမှာကို လက်မှတ်ရောင်းချတဲ့စနစ်နဲ့ စတင် ကျင့်သုံးမယ်။

ပြီးတော့ ဝန်ဆောင်ခ မပါတဲ့ ကတ်စနစ်ကိုလဲ ဒီစီမံကိန်း စတင်ပြီးချိန်မှာ ကျင့်သုံးဖို့လဲစီစဉ် ထားတယ်''ဟု ပြောသည်။

BRT (အမြန်သယ်ယူပို့ ဆောင်ရေးစနစ်)အား နိုင်ငံပေါင်း ၃၆နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄မြို့ တွင် အောင်မြင်စွာ ကျင့်သုံးနေပြီး BRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့် နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ်တစ်ဝက်တစ် ပြက်ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာလှိုင်းယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ်ကားများကို ယာဉ်စီးခအနေဖြင့် ကျပ် ၄၀၀ သတ်မှတ်ထားကြောင်းသိ ရသည်။

၄၃ခရီးသည် တင်ယာဉ်လိုင်း မှ ယာဉ်မောင်းတစ်ဦးက ''လက်ရှိ မောင်းနေတာကတော့ နေ့စဉ်အ ခေါက်ကြေးနဲ့မောင်းနေတယ်။

ဘယ်နှကြောင်း မောင်းနိုင်မလဲ။ မောင်းနိုင်သလောက် ယာဉ်မောင်း တွေအတွက်ရတယ်။ လစာနဲ့ကျ တော့ မပြောတတ်ဘူး။ ကိုက်ရင် တော့ မောင်းကြမှာပေါ့'' ဟု သုံး သပ်ပြောသည်။

မိန်းမတွေအတွက် အရေးကြီးဆုံးအရာ




၁) မိန်းမတွေအတွက် အရေးကြီးဆုံးအရာက ငွေကြေးဖူလုံမှုပဲ....

၂) ငွေကြေးဖူလုံမှုကအရေးကြီးပေမဲ့ သူတို့ဟာ တန်ဖိုးကြီးအဝတ်အစားတွေကို အမြဲသွားဝယ်တတ်ကြတယ်...

၃) တန်ဖိုးကြီးအဝတ်အစားတွေ အမြဲလိုလိုဝယ်နေပေမဲ့ သူတို့မှာ ဘယ်တော့မှ ဝတ်စရာကောင်းကောင်းမရှိတတ်ကြဘူး...

၎) ဝတ်စရာမရှိဘူးလို့ အမြဲပြောပေမဲ့ လှလှပပအမြဲဝတ်တတ်ကြပြန်တယ်....

၅) လှလှပပဝတ်စားထားပေမဲ့ သူတို့ကိုယ်သူတို့ ဘယ်တော့မှ စိတ်တိုင်းမကျကြဘူး...

၆) သူတို့ကိုယ်သူတို့ စိတ်တိုင်းမကျပေမဲ့ ယောက်ျားတွေက ချီးမွမ်းလာမှာကို အမြဲတမ်းမျှော်လင့်နေကြတယ်...

၇) ယောက်ျားတွေချီးမွမ်းတာကြားချင်ပေမဲ့ တကယ်ချီးမွမ်းလာတဲ့အခါကျတော့လည်း မယုံကြပြန်ဘူး...

(၈) မယုံကြဘူးဆိုပေမဲ့ ယောက်ျားတွေချစ်ရေးဆိုလာရင် ရင်ခုန်တတ်ပြန်ရော..

(၉) ရင်ခုန်တယ်ဆိုပေမဲ့ ငွေကြေးဖူလုံမှုကိုပဲ အရေးကြီးဆုံးလို့ပြောပါတယ်...

၁၀) မိန်းမတွေအတွက် အရေးကြီးဆုံးအရာက ငွေကြေးဖူလုံမှုပဲ...

ကျပ်တစ်သောင်းရှိရုံဖြင့် မြန်မာ့ဆက်သွယ်ရေးကွန်ရက် အစုရှယ်ယာ မည်သူမဆိုဝယ်ယူနိုင်မည်



၂၁.၈.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

မြန်မာ နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီအများ စုပါဝင်ဖွဲ့စည်းထားသည့် မြန်မာ့ ဆက်သွယ်ရေးကွန်ရက် အများ ပိုင်ကုမ္ပဏီလီမိတက်မှ အစုရှယ် ယာများရောင်းချသွားမည်ဖြစ် ပြီး တစ်စုလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆို ပါအများပိုင်ကုမ္ပဏီလီမိတက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်တင့် ဆွေက ပြောသည်။

အဆိုပါအများပိုင်ကုမ္ပဏီ လီမိတက်မှ အစိုးရ၏ခွင့်ပြုချက် ဖြင့် မြန်မာ တစ်နိုင်ငံလုံးသို့ ဆက်သွယ်ရေးအခြေခံအဆောက်အ ဦများတည်ဆောက်မည့် လုပ်ငန်း အား လုပ်ကိုင်သွားမည်ဖြစ်ပြီး အ စုရှယ်ယာဝယ်ယူနိုင်ခြင်းအား ကန့်သတ် ထားခြင်းမရှိဘဲ အစု ရှယ်ယာအနည်းဆုံး ငါးထောင်စု (မူရင်းတန်ဖိုးကျပ်သန်းငါးဆယ်) ဝယ်ယူပိုင်ဆိုင်ထားသည့် အစု ရှယ်ယာတစ်ဦးသည် ဒါရိုက်တာ အဖြစ် ဝင်ရောက်ရွေးချယ်ပိုင် ခွင့်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့စု ပေါင်းဖွဲ့ စည်းထား တဲ့ အများပိုင်ကုမ္ပဏီလီမိတက်မှာ သတ်မှတ်မတည်ရင်း နှီးငွေကျပ်သိန်းပေါင်းတစ်သိန်း နဲ့စမှာဖြစ်ပါတယ်။ စုပေါင်းထား တဲ့ကုမ္ပဏီအားလုံးက စီးပွားရေး လုပ်ငန်းတွေလုပ် ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေပါပဲ။

မြန်မာနိုင်ငံ မှာဆက် သွယ်ရေး ကွန်ရက်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဆက် သွယ်ရေးအခြေခံအဆောက်အ ဦတည်ဆောက်မယ့် အပိုင်းကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။ ဒီအတွက်လဲ အများပြည်သူပါဝင် လာအောင် တန်ဖိုးတစ်သောင်း သတ်မှတ်ပြီး အစုရှယ် ယာ တွေ ရောင်းမှာပါ''ဟု ဦးကျော်တင့် ဆွေက ပြောသည်။

ယင်းအများပိုင်ကုမ္ပဏီလီ မိတက်အနေဖြင့် အဖိုးနှုန်းချိုသာ စိတ်ချရသည့် 3Gz နှင့်4Gကွန် ရက်မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ် ငန်းများ၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ၊ Voice Over IP (VOIP) လုပ်ငန်းများ၊ တီဗွီ၊ ဗီဒီ ယိုစ သည့် Broadcasting လုပ် ငန်းများ၊

အင်တာနေရှင်နယ် Roaming နှင့် အင်တာနေရှင်နယ် ကောလ်လုပ်ငန်းများ၊ ဆက်သွယ် ရေးကွန်ရက်ဒီဇိုင်းရေးဆွဲခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုအ တွက်သာ အခြေခံအဆောက်အ ဦတည် ဆောက် ခြင်း၊ ဒေတာစင် တာများတည်ဆောက်ခြင်း အစ ရှိသည့်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေးကွန် ရက်အများပိုင်ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူ ဦးသိန်းထွန်းက ''အစုရှယ်ယာတွေကို မိမိစိတ် ကြိုက်နှစ်သက်တဲ့တန်ဖိုးဖြင့် အ ခြားပုဂ္ဂိုလ်တစ်ဦးဖြစ်စေ၊ အဖွဲ့အ စည်းဖြစ်စေ၊ ကုမ္ပဏီသို့ဖြစ်စေ၊

အစုစပ်လုပ်ငန်း သို့ဖြစ် စေ၊ အစု ရှယ်ယာရှင်က ဒါရိုက်တာအဖွဲ့ ရဲ့ ကြိုတင်သဘောတူခွင့်ပြုချက် နဲ့ လွှဲပြောင်းမှတ်ပုံတင်ခွင့်ရှိတယ်။ အစုရှယ်ယာတွေရဲ့ အကျိုးအမြတ် တွေကို နှစ်ပတ်လည်မှာ ကြေညာ ထုတ်ဝေသွားဖို့ အစီအစဉ်တွေရှိ ပါတယ်''ဟု ပြောသည်။

ဖူးပွင့်သော်

မြန်မာ့ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်ရန်တယ်လီနောက ကမ္ဘာကျော်မိုဘိုင်းဖုန်းကုမ္ပဏီများနှင့်ပူးပေါင်း


တယ်လီ ဖုန်းအော်ပရေတာအဖြစ် လုပ် ကိုင်ဆောင်ရွက်မည့် တယ်လီနော (မြန်မာ)မှမြန်မာနိုင်ငံတွင်အဆင့် မြင့်ဆက်သွယ်ရေး ကွန်ရက်ဖြန့် ကျက်နိုင်ရန် ကမ္ဘာကျော်မိုဘိုင်း ဖုန်းကုမ္ပဏီကြီးများနှင့် ဩ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ် ကြောင်း တယ်လီနောမြန်မာမှ သိရသည်။
မြန်မာနိုင်ငံအနှံ့တွင် တယ် လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြန့်ကျက်နိုင်ရန်အတွက် တယ် လီနော(မြန်မာ)မှ Ericsson, Wipro, Huaweitp အစရှိသည့် ကုမ္ပဏီများနှင့် နားလည်မှုစာချွန် လွှာ MOU ရေးထိုးထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

''မြန်မာအစိုးရနဲ့ လိုင်စင် ဆိုင်ရာတရားဝင်သဘောတူညီ မှုများရရှိပြီးတာနဲ့ တစ်ချိန်တည်း မြန်မာနိုင်ငံတွင်း လုပ်ငန်းလည် ပတ်နိုင်စေဖို့အတွက် ကြိုတင် စီစဉ်မှုတွေ လုပ်ဆောင်နေပါ တယ်။ ဒီကုမ္ပဏီတွေနဲ့ပူးပေါင်း လုပ်ဆောင်မှုအသေးစိတ်ကို ဒီ လုပ်ငန်းတွေနဲ့တရားဝင်စာချုပ် ချုပ်ဆိုပြီးတဲ့အခါမှ ထုတ်ပြန် ကြေညာသွားမှာပါ''ဟု တယ်လီ နော(မြန်မာ)မှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ကုမ္ပဏီများအနေ ဖြင့် တရားဝင်စာချုပ်ချုပ်ဆိုခြင်း သည် လိုင်စင်လက်ဝယ်ရရှိပြီး နောက်ပိုင်းတွင်သာ အကျုံးဝင် လာမည်ဖြစ်ပြီး Huawei ကုမ္ပဏီ အနေဖြင့် ယင်းပရောဂျက်ငွေ ကြေးပမာဏအမေရိကန်ဒေါ် လာတစ်ဘီလီယံရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး Core Network, VAS (Value Added Service), IN (Inte lligent), IP (Internet Protocol) နှင့် Transmission များ၊ ရန်ကုန်မြို့အပါအဝင် Value Area တို့၏ ဝါယာလက်စက်ပစ္စည်း များ၊ သက်ဆိုင်ရာစက်ပစ္စည်း၏ှSiteTK(Turnkey) နှင့်ဝန်ဆောင် မှုလုပ်ငန်းများ၊ ငါးနှစ် CAPEX (Capital Expense) နှင့် ရှစ်နှစ် OPEX (Operating Expense)Capital Expense) တို့လည်း ပါ ဝင်ကြောင်း သိရသည်။

''တယ်လီနောကုမ္ပဏီက ၂၀၀၆ခုနှစ်ကစပြီး ဟွာဝေးကုမ္ပ ဏီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် တယ်လီ နောကုမ္ပဏီရဲ့ အရေးကြီးတဲ့ တစ် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းလုပ် ကိုင်ရမယ့် ပါတနာဖြစ်လာခဲ့ပါ တယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံ ရဲ့ ကွန်ရက်အတွက် လုပ်ကိုင်ဖို့ အစီအစဉ်တွေ ရှိပါတယ်''ဟုံHuawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တယ်လီ နောမှ အော်ပရေတာလိုင်စင် လက်ဝယ်ရရှိနိုင်ရန် ပြင်ဆင် ဆောင်ရွက်နေသည့်ကာလဖြစ် ပြီး ခြောက်လအတွင်း မြန်မာနိုင်ငံ တွင် ဆင်းမ်ကတ်များ စတင်ဖြန့် ချိသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းငွေဖြည့်ကတ် ငွေပါမလာမှုကြောင့် သုံးစွဲသူများ နစ်နာမှုများရှိနေ



မိုဘိုင်းလ်ဖုန်း အသုံးပြု သူများ အနေဖြင့် ဖုန်းငွေဖြည့်ကတ် များ ၀ယ်ယူ အသုံးပြုရာတွင် ငွေဖြည့်ကတ် error များကြောင့် သုံးစွဲသူများ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ဖုန်း အရောင်းဆိုင် များနှင့် ဖုန်းသုံးစွဲ သူများထံမှ သိရသည်။

ဖုန်းသုံးစွဲ သူများ အနေဖြင့် ဖုန်းအတွင်းသို့ ငွေဖြည့်တင်းရန် အတွက် ငွေဖြည့်ကတ်များ ၀ယ်ယူ အသုံးပြုရာတွင် ငွေဖြည့်ကတ်များ အတွင်း ဖုန်းဘီလ် မပါရှိခြင်းများ ဖြစ်နေကြောင်း သိရသည်။

" ဖုန်းငွေဖြည့်ကတ် တွေထဲမှာ ပိုက်ဆံ မပါလာတာတွေ ရှိတယ် ၊ ငွေဖြည့်ကတ် ကို ဆိုင်က၀ယ်တယ် ၊ ပြီးရင် ခဲခြစ်ပြီး ငွေဖြည့်တယ် ၊ ဒါပေမယ့် ငွေဖြည့်လို့ မရဘူး ၊ ဖြည့်တဲ့ ငွေပမာဏ တက်မလာဘူး ၊

ဆိုင်ကို သွားပြန်ပြော တော့လည်း ငွေဖြည့်ကတ်ဖိုး ပိုက်ဆံ ပြန်မပေးဘူး ၊ အခု နောက်ပိုင်း ငွေဖြည့်ကတ် ၀ယ်ရင် ၀ယ်တဲ့ ဆိုင်မှာပဲ တစ်ခါတည်း ခဲခြစ်ပြီး ငွေဖြည့်တော့တယ် ... " ဟု ကိုယ်တိုင် တွေ့ကြုံဖူးသူ တစ်ဦးက ပြောကြား ခဲ့သည်။

မိုဘိုင်းလ်ဖုန်း အသုံးပြု သူများ အနေဖြင့် ငွေဖြည့်ကတ် ၀ယ်ယူ အသုံးပြု ရာတွင် အထက်ပါ ဖြစ်စဉ်များကို အထူးပင် ဂရုပြု သင့်ကြောင်း ၊ ငွေဖြည့်ကတ် ၀ယ်ယူရာတွင် လည်း ၀ယ်ယူသည့် ဆိုင်တွင်ပင် ငွေတစ်ခါတည်း ဖြည့်တင်း ခဲ့သင့်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

" ငွေဖြည့်ကတ် error ဖြစ်တာက ဆိုင်မှာ တစ်ခါတည်း ငွေဖြည့်လို့ error ဖြစ်ရင် လဲပေးလို့ ရတယ် ၊ ဆိုင်ကနေ ၀ယ်သွားတယ် ၊ အိမ်ရောက်လို့ error ဖြစ်လို့ လာပြောရင် လဲပေးလို့ မရပါဘူး ၊

အိမ်ရောက်မှ တခြားဖုန်း နဲ့ ငွေဖြည့်ပြီး error ၀င်တာပါ ဆိုပြီး ဆိုင်ကို လိမ်ရင် ဘယ်လို လုပ်မလဲ .... " ဟု ဖုန်းနှင့် ငွေဖြည့်ကတ် အရောင်းဆိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ညီမလေးအတွက် စကားလက်ဆောင်(၄၄)



မိမိပာာ သူတစ်ပါးလောက် ရုပ်ဆင်းအင်္ဂါ မလှခဲ့ရင် သူတစ်ပါးထက် ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားပါ။ မိမိကိုယ်ကို ဖြူစင်အောင် ကြိုးစားပါ။ အဲဒီလိုသာ ကိုယ်ကျင့်တရားကောင်းပြီး ဖြူစင်နေရင် ရုပ်ချောပြီး မဖြူစင်တဲ့လူထက် အဆပေါင်း များစွာ ပိုလှတာပါပဲ။

မိမိပာာ သူတစ်ပါးလောက် ပညာမတတ်ခဲ့ရင် သူတစ်ပါးထက် ပိုပြီး လိမ္မာအောင် ကြိုးစားပေးပါ။ ပညာတတ်ပြီး မိုက်ရိုင်းတဲ့လူထက် ပညာမတတ်ပေမယ့် လိမ္မာယဉ်ကျေးတဲ့လူက ပိုပြီး တန်ဖိုးရှိပါတယ်။

မိမိပာာ သူတစ်ပါးလောက် ငွေကြေး မပြည့်စုံခဲ့ရင် သူတစ်ပါးထက် ပိုပြီး ရိုးသားအောင် ကြိုးစားပေးပါ။ ငွေကြေးချမ်းသာပြီး မရိုးသားတာထက် ဆင်းရဲပေမယ့် ရိုးသားတာပာာ ပိုပြီး ဂုဏ်ရှိပါတယ်။

မိမိပာာ သူတစ်ပါးလောက် ရာထူးမကြီးခဲ့ရင် သူတစ်ပါးထက် ပိုပြီး စည်းကမ်း လိုက်နာနိုင်အောင် ကြိုးစားပါ။ မခိုးပါနဲ့။ ရာထူးကြီးပြီး စည်းကမ်းမရှိဘဲ ခိုးတာ ထက်စာရင် ရာထူးငယ်ပြီး စည်းကမ်းရှိရှိနဲ့ မခိုးမ၀ှက်တဲ့လူက ပိုပြီး တန်ဖိုးကြီးပါတယ်။

စိန်လက်စွပ် ၀တ်ပြီး အကျင့်မကောင်းတာနဲ့ စာရင် ဆင်မြီးလက်စွပ် ၀တ်ပြီး ရိုးရိုးသားသားနေတာက ပိုပြီး ဂုဏ်ယူစရာပါ။

ပာမ်ဘာဂါစားပြီး ခိုးတဲ့ လူနဲ့စာရင် ငပိဖုတ်စားပြီး ရိုးရိုးသားသား နေတာက အကုသိုလ်ကင်းပြီး ဂုဏ်ယူစရာကောင်းပါတယ်။

အားလုံး ရွှင်လန်း ချမ်းမြေ့ပါစေ။

ပြည်ငြိမ်း

"ရာဇဂုရု တတိယမောင်းထောင် ဆရာတော်ကြီး၏ ဆုံးမစကား (၆)မျိုး"




၁။ အား သက်လုံပျက်တဲ့ နွား
------------------------------

- ထိုနွားသည် ပါးစပ်က အမြုပ်ထွက်လွယ်ပြီး လေးလံတဲ့ဝန်ကို မသယ်နိုင်လို့ ဒုက္ခရောက်တတ်၏။

၂။ မေတ္တာ သက်လုံပျက်တဲ့ လူ
--------------------------------

- ထိုလူသည် ဒေါသ အမြုပ်ထွက်လွယ်ပြီး စိတ်ဆိုးတတ်လို့ ခန္တီဝန်ကို မနိုင်ဖြစ်တတ်၏။

၃။ အလောဘ သက်လုံပျက်တဲ့ လူ
------------------------------------

- ထိုလူသည် ရာဂ အမြုပ်ထွက်လွယ်ပြီး သမာဓိမရှိလို့ သမထ၀န်ကို မနိုင်ဖြစ်တတ်၏။

၎။ အမောဟ သက်လုံပျက်တဲ့ လူ
-----------------------------------

- ထိုလူသည် မောဟ အမြုပ်ထွက်လွယ်ပြီး ဉာဏ်ထိုင်းမှိုင်းလို့ ၀ိပဿနာဝန်ကို မနိုင်ဖြစ်တတ်၏။

၅။ ဟိရီ သြတ္တပ္ပ သက်လုံပျက်တဲ့ လူ
-------------------------------------

- ထိုလူသည် ကိလေသာ အမြုပ်ထွက်လွယ်ပြီး အရှက် အကြောက်မရှိလို့ သီလ၀န်ကို မနိုင်ဖြစ်တတ်၏။

၆။ သဒ္ဓါတရား သက်လုံပျက်တဲ့ လူ
------------------------------------

- ထိုလူသည် မစ္ဆေရ အမြုပ်ထွက်လွယ်ပြီး နှမြောတွန့်တိုလို့ ဒါန၀န်ကို မနိုင်ဖြစ်တတ်၏။

ထို့ကြောင့် အရေးကြီးသော သက်လုံ(၆)မျိုး မပျက်စီးရအောင် ကြိုးစား အားထုတ်နိုင်ကြပါစေ..။

ဦးနရပတိ ဆရာတော်

ငြိမ်းချမ်းရေး ပရိယတ္တိစာသင်တိုက် - မန္တလေးမြို့ ... ။


— ဦးနရပတိ ဆရာတော်

လျော့ဖို့လိုလား ၊ တိုးဖို့လိုလား


    ဟိုတစ်နေ့က မြန်မာ ဂလိုဘယ်ပိုစ့် မှာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဆောင်းပါးရှင် ကတော့
သူအမြင်ကို တင်ပြတာ ဖြစ်ပေမယ့် ဖတ်မိသူ ကျွန်တော် အနေနဲ့ဖြင့် စာဖတ်ရေး စာဖတ်တဲ့ ဆောင်းပါးရှင်
လို လူမျိုးတောင် ဒီအတွေး ရှိတယ်ဆို ကျန်တဲ့ ဗဟုသုတ နည်းတဲ့သူတွေ ရော ဘယ်လို ဖြစ်မလဲလို့တွေး
စရာ တွေက ခေါင်းထဲ ကို အလျှံအပါယ် ၀င်လာပါတော့တယ်။ဆောင်းပါး တစ်ခုလုံးတော့ ချေပသလို ပြန်
ပြောမနေတော့ပါဘူး.။ဆောင်းပါ ကတော့ ၈၈ ရဲ့ ၂၅ နှစ်မြောက် ငွေရတု ကိုဦးအောင်မင်း တက်ရောက်ရာကနေဆန့်ရေး ရင်း  မိကျောင်းမင်း ရေကင်းပြ တပ်မတော် ကြီးကိုတောင် အင်အားလျော့ချဖို့ လိုတယ်ဆိုတဲ့အထိတောင် ရောက်သွားပါလေရော။ဒါနဲ့ပတ်သတ်ပြီး တပ်မတော်ကို တကယ်အင်အားလျော့ချဖို့ လိုသလားဆိုတာ ဟာ စဉ်းစား စရာဖြစ်လာပါတော့တယ်။

          တပ်မတော် ဆိုတဲ့ စကားလုံး ဟာ နိုင်ငံတော် ရဲ့ လေထု ၊မြေထု ၊ ရေထု ဖို့ ကာကွယ်ရမည့် အဖွဲ့အစည်းလို့အဓိပ္ပယ်ဖွင့်ဆိုမယ် ဆိုလည်းမမှားဘူးလို့ထင်ပါတယ်။ပထမဆုံး ဦးဆုံး ကျွန်တော်တို့ မြန်မာ နိုင်ငံ တည်နေရာအနေအထား ကို သိကြဖို့လိုပါတယ်။မြန်မာ နိုင်ငံ ဟာ ပထ၀ီ အနေအထား အရ အရှေ့တောင်အာရှဒေသမှာ တည်ရှိပါတယ်။ မြန်မာ နိုင်ငံ နဲ့ နယ်နိမိတ်ချင်း ဆက်စပ် နေတဲ့ နိုင်ငံတွေ ကတော့ မြောက်ဘက် နဲ့ အရှေ့မြောက်ဘက်မှာ တရုတ် ၊ အရှေ့ဘက်မှာ လာအို နိုင်ငံ ၊ အရှေ့တောင်ဘက်မှာ ဆိုရင် ထိုင်းနိုင်ငံ၊အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ အနောက်မြောက်ဘက် မှာအိန္ဒိယ နိုင်ငံတို့တည်ရှိကြပါတယ်။မဟာဗျူဟာအနေအထားအရ မြင်ကြည့်မယ်ဆိုရင် မြန်မာ နိုင်ငံဟာ တောင်အာရှနဲ့အရှေ့တောင် အာရှအကြားတည်ရှိပြီး မြောက်ဘက် နဲ့ အရှေ့မြောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ရှိပါတယ်။ဒါ့ထက် ပိုပြီး သတိထား ရမယ့် အချက်ကတော့ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ရှိတဲ့ နိုင်ငံ နှစ် နိုင်ငံဖြစ်တဲ့တရုတ် နဲ့ အိန္ဒိယ နိုင်ငံ ကြားမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ဘင်္ဂလား ဒေ့ရှ် နိုင်ငံဟာ ဆိုရင် မြန်မာနိုင်ငံထက် အကျယ်အ၀န်း အားဖြင့် ငါးဆ လောက်သေးငယ်ပေမယ့် လူဦးရေ အရ သုံးဆပိုများပြားထူထပ်နေတာကိုတွေ့နိုင်ပါတယ်။

           မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ ရှိတဲ့ တရုတ်ပြည်ဟာ လှူုဦးရေ ၁၃၅၉ သန်း ကျော်ရှိပြီးတော့ အနောက်ဘက်ကအိန္ဒိယ နိုင်ငံမှာ ဆိုရင် ၁၂၃၂သန်း ကျော် ရှီပြီးတော့ အနောက်မြောက်ဘက်က ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ သန်းပေါင်း၁၅၀ ကျော် ရှိပါတယ်။ဒီလို လူဦးရေထူထပ်လှတဲ့ နိုင်ငံကြီးများ ကြားက လူဦးရေ ၅၄ သန်းကျော်သာ ရှိတဲ့ မြန်မာ နိုင်ငံအတွက်ဘယ်လောက်တောင် ရင်လေးဖို့ကောင်းလဲ ဆိုတာ တွေးကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ကမ္ဘာ့နိုင်ငံများထဲက ပိုလန်ကိုကြည့်ပါ ။အချင်းချင်းမညီညွတ်ကြတဲ့ အတွက်ကြောင့်ရယ် ၊ ခေတ်မီ တောင့်တင်းတဲ့ တပ်မတော် မရှိတာရယ်ကြောင့် အိမ်နီးနားချင်းတွေဖြစ်တဲ့ ရုရှား ၊ ပရပ်ရှား ၊ သြစတြေးလျား တို့က အမဲသား တုံး သလို အပိုင်းပိုင်းလှီးဖြတ်ပြီး ယူတာ ကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ နိုင်ငံငယ်တိုင်း သူများ စော်ကားခံရမလား ဆိုတော့လဲ မဟုတ်သေးပါဘူး။သူများ ရန် စ မခံရဖို့အတွက် နိုင်ငံတစ်ခု အတွက် မရှိမဖြစ် လိုအပ်သည်မှာ စည်းလုံးညီညွတ်ရေး နဲ့ စစ်ရေးပြင်ဆင်ပြီးဆီးမှု တွေ ရှိဖို့လိုပါတယ်။ အစ္စရေး နဲ့ဆွစ်ဇာလန် နိုင်ငံတွေဟာ အကောင်းဆုံးသာဓက တွေဖြစ်ပါတယ်။အစ္စရေးမှာလူဦးရေ ၈ သန်းမျှကျော်မျှသာ ရှိပါတယ်။ ဒါပေမယ့် အာရပ်နဲ့စစ်ဖြစ်တိုင်း အစ္စရေးကသာ အနိုင်ရခဲ့သည်ချည်းပဲဖြစ်ပါတယ်။နှစ်နိုင်ငံလုံး သေငယ်ပေမယ့် ဒေါင်ဒေါင်မြည် ဒိတ်ဒိတ်ကြဲ များဖြစ်တာကြောင့် ဘယ်သူမှ စော်ကား အနိုင်ကျင့်တာ မခံရတာပဲဖြစ်ပါတယ်။နိုင်ငံ က သေးပြီး အချင်းချင်း မညီ ညွတ်ကြတဲ့ အခြေအနေအဖို့ သာ၍ပင် အန္တရာယ်ကြီးပါသည်။ဒါကြောင့် နိုင်ငံမြေပုံကို ဘိုးဘေးတွေထားခဲ့သလိုတည်မြဲနိုင်စေရေးအတွက်ခေတ်မီတပ်မတော်တစ်ရပ်ဟာ မရှိမဖြစ်လိုအပ်နေ တယ်ဆိုတဲ့ အချက်ဟာထင်ရှားသိသာနေစေတာပဲဖြစ်ပါတယ်။
         နောက်တစ်ချက်က အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းဟာ ဆိုရင် ယခင်က ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ အောင်ပွဲခံခဲ့တဲ့နိုင်ငံ ပဲဖြစ်ပါတယ်။ နှစ် ၁၀၀ နီးပါး ကျွန်ပြုခံခဲ့ရတဲ့ နယ်ချဲ့ မျက်နှာဖြူတွေကိုကျွန်တော်တို့စိတ်နာကြသလိုသူတို့လဲပဲကျွန်တော်တို့အပေါ်စိတ်မနာဘူးဆိုရင်တောင်မျိုး တိုးမြက်တက်ကလေးတော့ ရှိမှာပဲလို့ တွေးဆကြည့်လိုက်ပါ.။၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်ဝန်ကျင်လောက်မှာ အိမ်နီးချင်း ထိုင်းနဲ့ဖြစ်ပျက်ခဲ့တဲ့ O7 တောင်ကုန်း ၊ ထိုင်း-မြန်မာ နယ်စပ်တင်းမာ မှုပေါက်ကွဲ ခဲ့တဲ့အဖြစ်အပျက်က အမြဲသတိထား စောင့်ကြည့်နေရမယ့် အိမ်နီးချင်း တစ်ယောက်ရှိနေတာဆိုတာကိုသတိပေးနေတာပဲဖြစ်တာနဲ့ တပြိုင်နက် ခေတ်မီတဲ့ တပ်မတော် တစ်ရပ်ကိုတည်ဆောက်ထားဖို့ လိုနေပြီ ဆိုတဲ့ အချက်လဲ ဖြစ်ပါတယ်။ဒါကြောင့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်ရှိနေတာတောင်  အိန္ဒိယ နဲ့ နယ်စပ် စည်းရိုးကိစ္စ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နဲ့  ရေပိုင်နက်အငြင်းပွား မှု ကိစ္စတွေဟာ မြန်မာပိုက်နက် နယ်မြေတွေ ကို သွေးတိုးစမ်း ချင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာ သတိရကြဖို့လိုပါတယ်။့် 
        ဒီလို လတ်တလော သွေးတိုးစမ်းချင်တဲ့ အခြေအနေမျိုးတွေ ရှိနေတာတောင်  တပ်မတော် ကို အင်အားလျော့ချဖို့ရေးသားတင်ပြလာတာကိုတွေ့ရတော့ (အမှန်အတိုင်းဝန်ခံရင်) အံ့သြဘနန်း ဖြစ်မိရင်းဖြင့် တပ်မတော် ကို အင်အားလျှော့ချဖို့ လိုသလား ၊ ထပ်မံအားဖြည့်ပြီးခေတ်မီ တဲ့မျိုးချစ်တပ်မတော်အဖြစ်ထားရှိဖို့လိုသလားဆိုတာစာဖတ်သူကိုယ်တိုင်တွေးတောဆင်ခြင်သုံးသပ်နိုင်ပါ ရန် တင်ပြဆွေးနွေးရပါတော့သည်။

 သားရွှေလူ

Paypal တည်ထောင်သူ Elon Musk သို့မဟုတ် ဥာဏ်ကြီးရှင် Elon Musk

အသက်က ၄၂ နှစ်၊ တောင်အာဖရိက- အမေရိက လူမျိုး၊ လက်ရှိ ကမ္ဘာမှာ ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ရဲ့  နည်းပညာနဲ့ စက်မှုဖွံ့ဖြိုးရေးမှာ အင်မတန် အရေးပါးတဲ့ ပုဂ္ဂိုလ် တစ်ဦး ကတော့ Elon Musk ဖြစ်ပါတယ်။
Paypal ဆိုရင် အားလုံး သိကြမှာပါ။ Paypal ကိုတည်ထောင်ခဲ့သူထဲမှာ ပါဝင်သူတစ်ဦး ဖြစ်ပြီး SpaceX အမည်ရ အာကာသ ခရီးသွားလာရေး ကုမ္မဏီတည်ထောင်သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းအင်အား ၃၀၀၀ ကျော်ရှိတဲ့ Space X ကို ဦးစီးဦးဆောင်နေသူ CEO ကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် အခြေဆိုက် လျှပ်စစ်ဓာတ်အား သုံး မော်တော်ယာဉ်နဲ့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ၊ပစ္စည်းထုတ် Tesla Motors ကုမ္မဏီ ရဲ့  စီအီးအိုကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ပြီးတော့ Tesla Motors ကို တည်ထောင်ခဲ့သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Elon Musk တစ်ယောက် ဘာကြောင့် အမေရိကန်စီးပွားရေး နဲ့ နည်းပညာ လောကမှာ လူသိများရခြင်း ကို လေ့လာကြည့်တဲ့အခါ သူ့ရဲ့ ပရိုဖိုင်ကို ယခုလို ဖတ်ရှုလေ့လာ မိခဲ့ ပါတယ်။

မွေးဖွားရာ ဇာတိက တောင်ဖရိကမှာ ဖြစ်ပြီး ကနေဒါ နဲ့ တောင်ဖရိက လူမျိုး ဆက်တဲ့ သူ ဖြစ်ပါတယ်။ ကွန်ပြူတာ Programming ကို စိတ်ဝင်စားပြီး ဆရာမပါပဲ သူ့ကိုယ်တိုင် ငယ်ငယ်လေးကတည်းက လေ့လာ သင်ယူပါတယ်။ အသက် ၁၂ နှစ်သား ရောက်ချိန်မှာတော့ သူ့ရဲ့  ပထမဆုံး ပရိုဂရမ်ဖြစ်တဲ့ Space Game ကို ရေးဆွဲအောင်မြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ဒါက သူ့ရဲ့ ဘဝ အမှတ်တရ တစ်ခုပါ။ အသက် ၁၇ နှစ်ရောက်တော့ တောင်အာဖရိကမှာ စစ်မှုမထမ်းချင်တာနဲ့ အမေရိကန်ပြည်ထောင်စုကို အပြီးတိုင်း ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Queen’s University တက်ပြီး စီးပွားရေး ဘာသာရပ်ကို လေ့လာ သင်ယူခဲ့ပါတယ်။ ပြီးတော့ University of Pennsylvania မှာ ရူပဗေဒ ဘာသာရပ်ကို အထူးပြုပြီး ဆက်လက် သင်ကြား လေ့လာခဲ့ ပါတယ်။ Ph.D ပါဆက်ယူဖို့ စိတ်ကူးရှိတော့ Stanford University မှာ လက်တွေ့အသုံးချ ရူပဗေဒနဲ့ Material Science ကို အထူးပြု လေ့လာသင်ကြားခဲ့ပါတယ်။

သူအထင်ကြီး လေးစားတဲ့ ပုဂ္ဂိုလ်များကတော့ Nikola Tesla, Bill Gate, Steve Jobs, Walt Disney များ ဖြစ်ပြီး သူတို့ရဲ့  ကြိုးစားမှု၊ ခံယူချက်များကို အချိန်ပေးလေ့လာခဲ့ပါတယ်။ ပြီးတော့ သူ့မှာ အိုင်ဒီယာ တစ်ခုရှိလာပါတယ်။ ယင်းအိုင်ဒီယာကတော့ အနာဂတ်မှာ လူတွေအတွက် အခက်အခဲ ရှိလာနိုင်တဲ့ နယ်ပယ် သုံးရပ်ကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ တစ်ခုက အင်တာနက်၊ တစ်ခုက Clean Energy, တစ်ခုက အာကာသ အစရှိသဖြင့် အိုင်ဒီယာ တစ်ခုထဲမှာ ရည်ရွယ်ချက် သုံးခုပါပြီး ပထမဦးဆုံးအနေနဲ့ အင်တာနက်လောကကို စတင် ခြေလှမ်းပါတယ်။

သူကိုယ်တိုင်က ငယ်ငယ်လေးကတည်းက Programming ကို Self taught လုပ်ခဲ့သူဖြစ်တဲ့အတွက် IT Business အတွက်ခြေလှမ်းသွက်ခဲ့ပါတယ်။ အစ်ကို အရင်းဖြစ်သူနဲ့ Zip2 အမည်ရ ဆော့ဖ်ဝဲဖြန့်ချိရေး ဝဘ်ဆိုဒ် တစ်ခု တည်ထောင်ပြီး ၁၉၉၉ ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၃၀၇ သန်းနဲ့ ရောင်းချနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ X.com လို့အမည်ရတဲ့ Paypal အွန်လိုင်း ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကိုလည်း သူငယ်ချင်းတို့နဲ့ အတူတည်ထေင်ခဲ့ပြီး ၂၀၀၂ ခုနှစ်အရောက်မှာ eBay ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချ နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထဲ မှာ Paypal မှာ သူ့ရဲ့  ရှယ်ယာတွေ အများစု ပါဝင်နေပါသေးတယ။်

အင်တာနက်မှာ အောင်မြင်ပြီး သူနောက်ထပ် လှမ်းလိုက်တဲ့ ခြေလှမ်း ကတော့ အာကာသ ဖြစ်ပြီး Space X အမည်ရ ကုမ္မဏီကို တည်ထောင်ခဲ့ ပါတယ်။ Falcon 1, Falcon 9 နှစ်စီးဟာ သူပိုင်တဲ့ အာကာသ ယာဉ်ပျံ များ ဖြစ်လာပြီး အမေရိကန်ရဲ့  အရေးကြီးတဲ့ အာကာသ ပို့ဆောင်ဆက် သွယ်ရေးနဲ့ နည်းပညာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် သူ့ရဲ့  လုပ်ငန်းကို လာရောက် လေ့လာရတဲ့အထိ ဖြစ်ခဲ့ပြီး အစိုးရရဲ့  ထောက်ပံ့မှုလည်း ရရှိခဲ့တဲ့ အာကာသ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ NASA နဲ့ ၁.၆ ဘီလျံတန်တဲ့ စာချုပ်ရရှိထားပြီး ပို့ဆောင်ဆက်သွယ်ရေးကို တာဝန်ယူထားပေးရပါတယ်။

နောက်ထပ်ခြေလှမ်းတစ်ခုကတော့ Tesla Motors ပါ။ ၂၀၀၃ ခုနှစ်က Space X ကိုလည်း လုပ်ကိုင်နေစဉ် ပူးတွဲ တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့  ပထမဆုံး နည်းပညာမြင့် လျှပ်စစ်ဆလွန်းများ ထုတ်လုပ်ပြသ နိုင်ခဲ့ ပါတယ်။ တိုယိုတာ၊ Daimler တို့ က ရှယ်ယာလာခွဲဝယ်ရတဲ့အထိ သူ့မှာ အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ခဲ့ပြီး Tesla မှာ စီအီးအိုအဖြစ် ယနေ့တိုင် လုပ်ကိုင်နေပါတယ်။ Tesla မှာ သူ့ရဲ့ လစာက တစ်လကို ၁ ဒေါ်လာ တည်းပါ။ သို့ပေမယ့် သူပိုင်တဲ့ ရှယ်ယာက ၃၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ကုမ္မဏီကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး။

ကဏ္ဍကြီး သုံးခု ဖြစ်တဲ့ အင်တာနက်၊ အာကာသ၊ မော်တော်ယာဉ် သုံးခုစလုံးကို ခြေလှမ်းလှမ်းပြီး လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အောင်မြင်မှု ရရှိတဲ့ ပုဂ္ဂိုလ်အဖြစ် Elon Musk ဟာ ကမ္ဘာမှာ စီးပွားရေး အမြင်ရှိသူများ စာရင်းထဲ ထိပ်တန်းပါဝင်လာပါတယ်။ စီးပွားရေးအမြင်တင်မက အိုင်တီနဲ့ နည်းပညာ မှာပါ တီထွင်ဥာဏ်စွမ်းရှိတဲ့ Elon Musk ဟာ အမေရိကန်ရဲ့  အားထားရတဲ့ စီးပွားရေးနဲ့ နည်းပညာရှင်တစ်ဦးအဖြစ် လည်း သိထား ကြပါတယ်။ အခြားသော စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းငယ်များကိုလည်း တည်ထောင်ထားပါသေးတယ်။

လက်ရှိ သူပိုင်ဆိုင်တဲ့ ငွေကြေး တန်ဖိုးဟာ ၇.၇ ဘီလျံရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Ref: wiki

Aung Kham (TSJ team)

သွေးတိုး၊ သွေးချိုဆီးချို၊ အသည်းနှင့် ကျောက်ကပ်ရောဂါဝေဒနာရှင်များ အတွက် အစွမ်းထက်ဆေးဖက်ဝင် “ယာကွန်”

 Wednesday, August 21, 2013

ယာကွန်သည် နေကြာမျိုးနွယ်အုပ်စုတွင် ပါဝင်ပြီး မူလထွက်ရှိရာဒေသမှာ တောင်အမေရိကတိုက် ပီရူးနိုင်ငံရှိ ကုန်းမြင့်ဒေသမှဖြစ်သည်။ ယခုအခါ ဖီလစ်ပိုင်နိုင်ငံတွင်လည်း စိုက်ပျိုးလျှက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ယာကွန်မျိုးကို ၂၀၀၇ ခုနှစ်တွင် တောင်ကြီး Terra People Association (TPA) မှ ဂျပန်နည်းပြဆရာ Koichi Morinaka မှ ယာကွန်ပင်စိုက်ပျိုးထိန်းသိမ်းနည်းကို လက်တွေ့သင်တန်းပို့ချပေးခဲ့ပြီး လက်တွေ့ပြန်လည်စိုက်ပျိုးနိုင်ရန် သင်တန်းသားများကို ပေးလိုက်သောမျိုးဥအနည်းငယ်မှ မျိုးပွားစိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

ယာကွန်ပင်ကို ဓါတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေးများကို အသုံးမပြုပဲ သဘာဝမြေသြဇာ၊ မြေဆွေးများဖြင့် စိုက်ပျိုးထားသောကြောင့် အပင်၏သဘာဝအစွမ်းသတ္တိများ ပြည့်စုံစွာရရှိသည့်အပြင် ဓာတုဓာတ်ကြွင်းကြောင့် ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများမရှိပဲ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေနိုင်သည်။


သွေးတိုးရောဂါ သက်သာစေရန် ယာကွန်အခြေခံသော သဘာဝနည်းဖြင့်ကုစားနိုင်ပါသည်။ ယာကွန်ရွက်ခြောက်ကို ဖန်ခွက်အတွင်း ရေနွေးဆူဆူဖြင့် ခပ်သောက်ခြင်း (သို့မဟုတ်) ရေနွေးဓါတ်ဗူးဖြင့် ထည့်ခပ်ပြီး ရေနွေးကြမ်းသောက်သလို သောက်သုံးနိုင်သည်။ တနေ့လျှင်ဖန်ခွက် (၃)လုံးခန့် နေ့စဉ် ပုံမှန် မပျက်မကွက် သောက်သုံးပေးခြင်းဖြင့် ဆီးကောင်းခြင်း၊ ၀မ်းပျော ̸့ မှန်ခြင်း၊ သွေးတိုးရောဂါ သက်သာစေခြင်းနှင့် ဆီးချိုသွေးချိုကျခြင်း စသည့် အကျိုးကျေးဇူးများကို ရက်ပိုင်းအတွင်း သိသာစွာခံစားတွေ့ရှိနိုင်ပါသည်။ သွေးတိုးရောဂါခံစားနေရသူများအတွက် ဆေးဖက်ဝင်ယာကွန်သည် အသင့်တော်ဆုံးဖြစ်သည်။

ယာကွန်ဥသည် အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာ ချိုသောအရသာရှိသည့်အတွက် မြေအောက်ပန်းသီးဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ယာကွန်ဥတွင် ပါဝင်သောအချိုဓာတ်သည် သွေးချိုဆီးချိုဝေဒနာရှင်များအတွက် အန္တရာယ်မရှိသောကြောင့် တစ်ခုတည်းသော အချိုပါသည့်အစားအစာဟု သုတေသနပညာရှင်များက မှတ်တမ်းတင်ထားပါသည်။ သွေးလည်ပတ်မှုအားကောင်းစေနိုင်သောကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း၊နှလုံးရုတ်တရက်ရပ်ခြင်းတို့ကို ကာကွယ်စေနိုင်သည့်အပြင် သွေးတိုးရောဂါကို သက်သာစေနိုင်ပါသည်။

Moi Bio
Moi Bio Health n Beauty 82လမ်း 37*38ကြားမှာရပါတယ်

တစ်ကမ္ဘာလုံး အင်တာနက်ရရန် Facebook, Nokia, Samsung တို့ ပူးပေါင်းပြီ




တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုလာနိုင်ရေးအတွက် ကြိုးပမ်းမှုကို Samsung, Nokia, Samsung တို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အပြင် အခြားသော ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္မဏီများလည်း ပါဝင်ပါသေးတယ်။

ယင်းကုမ္မဏီအားလုံးက ပူးပေါင်းပြီး Internet.org ဆိုတဲ့ဆိုဒ်ကို အရင်စထောင်ပါတယ်။ Facebook တည်ထောင်သူ Mark Zukerberg ကိုယ်တိုင် တရားဝင်ကြေညာပြီး မိတ်ဆက်ပေးလိုက်တဲ့ ယင်း ဝဘ်ဆိုဒ် ဟာ ၎င်းတို့ ကြိုးစားဖန်တီးနေတဲ့ Activity တွေကို အချိန်တိုင်း တင်ပေးနေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုနိုင်သူ ဦးရေ ၂.၅ ဘီလျံ ဝန်းကျင်သာ ရှိသေးသပြီး ပထမစီမံကိန်းအတွက် ၅ ဘီလျံ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အင်တာနက် အသုံးပြုရန် လွယ်ကူပေမယ့် ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသော နိုင်ငံတွေမှာ အင်တာနက် ရရှိနိုင်ဖို့ဟာ အင်မတန် ခက်ခဲနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အကုန်အကျ နည်းနည်းနဲ့ ကောင်းကောင်း အသုံးပြုနိုင်မယ့် အင်တာနက် ချိတ်ဆက် နည်းပညာများကို ဖန်တီးပြီး ကမ္ဘာ့အနှံ့ လိုအပ်တဲ့ နေရာတွေဆီ သွားရောက် တပ်ဆင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Nokia ဟာလည်း လူဦးရေ သန်း ၁ထောင်ကျော်ကို ဖုန်းရောင်းချပေးပြီးခဲ့ Connecting People ဆိုတဲ့ ဆောင်ပုဒ် အတိုင်း တာဝန်ကျေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ခြေလှမ်းအနေနဲ့ လိုအပ်နေသေးတဲ့ ကမ္ဘာ့ ဆင်းရဲ နိုင်ငံများမှ အင်တာနက် အသုံးပြုနိုင်ရန် Facebook, Samsung တို့နဲ့ အတူ ရင်းနှီးမြှုပ်နှံ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Internet.org
Aung Kham (TSJ team)

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ



ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောင့်ရေး ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။

သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။

ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။

Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။
--
Ref: greatist.com

Aung Kham ( ရိုးရာလေး )

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာ အမျိုးသမီးများအတွက် လုံခြုံရေး ချထား



ရန်ကုန်၊ သြဂုတ် ၂၀

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ဆိုသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့် ဇွန် လဆန်းတို့တွင် မြန်မာ လုပ်သားများကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်



ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။

ရေတပ်သား George ဟာ နယူးယောက်မြို့ က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့  ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။ ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထား မိခဲ့ကြပါတယ်။

အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။ နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့  ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။
----

အောင်ခမ်း (ရိုးရာလေး)

Ref: wiki

ဘင်္ဂလီခေါင်းဆောင် ကျော်မြင့်အတွက် NLD က ဦးလှမျိုးမြင့်မှာ ‘တာဝန်ပေးချက်အရ’ စစ်တွေအထိ ရှေ့နေလာလိုက်ပေးနေ



By Thaung Kwre  

NLD ၏ ဗဟို ဥပဒေအထောက်အကူပြုကော်မတီ မှ ဥပဒေ အကြံပေးတစ်ဦးဖြစ်သူ ရှေ့နေ ဦးလှမျိုးမြင့်သည် (စစ်တွေတွင် ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံသည့် ပထမဆုံးနေ့က လ၀က အရာရှိတစ်ဦး နှင့် တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိသွားအောင်တိုက်ခိုက်ခံရပြီး ယင်း ဆွဲ၊တင်၊စစ် စီမံချက် ပျက်ပြားသွားသည်အထိ အကြမ်းဖက်နှောင့်ယှက်မှုကို ဦးဆောင်ပြုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံထားရသူ) ကုလားခေါင်းဆောင် ကျော်မြင့် နှင့် သားဖြစ်သူ လှမြင့် အပါ အ၀င် ကုလားတရားခံ ခုနစ်ဦးတို့အတွက် စစ်တွေသို့လာရောက်ပြီး ရှေ့နေလိုက်ပေးလျက်ရှိသည်။

ထိုကဲ့သို့ ကျော်မြင့်အတွက် လာရောက်ရှေ့နေလိုက်ပေးရခြင်းမှာ ၄င်းအား တာဝန်ပေးချက် အ ရဖြစ်ကြောင်း ၄င်းကပြောသည် ဟု ဆိုသည်။ ဈေးကြီးလှသော စစ်တွေဟိုတယ်တွင် တည်းခိုနေသည့် ဦးလှမျိုးမြင့် နှင့် ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေ တက်ကြွလှုပ်ရှားသူအချို့ သွားရောက်တွေ့ဆုံ စကားပြောခဲ့ကြရာ၊ ယင်းတွင် ပါဝင်ခဲ့သူ တစ်ယောက်က “ကုလားတွေက သူ့ကို တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ဘူးလို့ ပြောတယ်။ တာဝန်ပေးချက်အရ ဒီအမှုကို သူလိုက်တာဖြစ်တယ် လို့ပြော တာ ကြားလိုက်တယ်။ NLD ပါတီက တာဝန်ပေးတာလား၊ အစ်မက တာဝန်ပေးတာလား ဆိုတာကိုတော့ သူ ခွဲခြားပြောမသွားဘူး” ဟု Coral Arakan News အား ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းက တရားခံ ကျော်မြင့် နှင့် အပေါင်းအပါများကို စစ်ဆေးကြားနာခြင်းကို စစ်တွေမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့ရာ ရဟန်းအပါး နှစ်ဆယ်ခန့် နှင့် လူပုဂ္ဂိုလ် နှစ်ဆယ်ခန့် လာရောက် နားထောင်ခဲ့ကြသည်။ဦးလှမျိုးမြင့်သည် ဂျွန်ယက်တော အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားပြု ခုခံကာကွယ်ခဲ့သော ရှေ့နေဖြစ်ပြီး၊ယခုကျော်မြင့်အမှုတွင် ၄င်းနှင့်အတူ ၄င်း၏လက်ထောက် အဖြစ် ရှေ့နေ ဦးအောင်မင်းက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြသည်။

ယမန်နေ့ ကျော်မြင့်အမှုတွင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေစဉ် ဦးလှမျိုးမြင့်သည် ၄င်း၏တိုက်ပုံ ရင်ဘတ်တွင် NLD ရင်ထိုးကို ဂုဏ်ယူဝင့်ကြွားစွာ တပ်ဆင်ထားသည်ကို တွေ့ရသည်။ စစ်တွေဟိုတယ် တွင် ဧည်သည်များနှင့်တွေဆုံစဉ်ကမူ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ ရင်ထိုးကို ၀တ်ဆင်ထားသည်ဟု မြင်တွေ့သူများက ပြောကြားသည်။

ဤအမှုတွင် သူ၏ လက်ထောက်အဖြစ် ဆောင်ရွက်သူ ဦးအောင်မင်းကမူ NLD ပါတီဝင်တစ်ဦးမဟုတ်ပေ။
၂၀၁၃-ခုနှစ် ဧပြီလ (၂၆) ရက်နေ့က စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီလူဦးရေရှိရာနေရာများတွင် ဆွဲ၊တင်၊စစ် (ခေါ်) ကုလားလူဦးရေ မှတ်တင်းတင်ခြင်းကို ဆောင်ရွက်ရန်သွားကြသည့်အနက် သက်ကယ်ပြင် ကုလားရွာတွင် ဆောင်ရွက်သည့် မှတ်တမ်းတင်အဖွဲ့အား ကုလားလူစုလူဝေးဖြင့် တိုက်ခိုက်ခြင်းဖြစ်ပွားရာ လ၀ကအရာရှိတစ်ဦး ပြင်းထန်စွာရိုက်နှုက်ခံရကာ ဒဏ်ရာရပြီး အခြားနောက်တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ သည်။

ထိုနေ့က သက်ကယ်ပြင်ကျေးရွာမှာသာမက အခြားနေရာအသီးသီး၌လည်း ဘင်္ဂါလီများက အစီအစဉ် တကျ အုပ်စုဖွဲ့ ဆူပူ ဆန့်ကျင်မှုကိုခံရကာ ဆွဲ၊တင်၊စစ် အစီအစဉ်မှာ ရပ်တန့်သွားခဲ့သည်။ ထိုဖြစ် စဉ်နောက်ကွယ်တွင် စနစ်တကျ ကြိုးကိုင်စီမံမှုရှိနေသည် ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သဘော ထားမှတ်ချက်ပေးခဲ့သည် ဟု သိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီများအား ဦးစီးကွပ်ကွဲနေသူ ဦးကျော်မြင့် (ခေါ်) မာမောက်ချော်ဘီ (၅၈-နှစ်) အပါအ၀င် ကုလားခုနစ်ဦးအား ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။

ဘင်္ဂါလီများအား နိုင်ငံသားဟုတ်/မဟုတ် စိစစ်ရေးသည် ပြဿနာများ၏ အခြေခံကို စတင်ကိုင် တွယ်ဖြေ ရှင်းခြင်းဟု ရခိုင်အသိုက်အ၀န်းတစ်ရပ်လုံးက သဘောထားရှိနေကြရာ၊ ဆွဲ၊တင်၊စစ် ဖြစ်စဉ်ကို ဘင်္ဂါလီ များက အနှောင့်အယှက်ပေးခြင်းအားဖြင့် ဤပဋိပက္ခပြဿနာများသည် တစ်ဘက်နိုင်ငံမှ ခိုးဝင်သူ များ နှင့် နိုင်ငံမဲ့ ဘင်္ဂါလီများက ဖန်တီးနေခြင်းဖြစ်သည် ဆိုသော ယူဆချက်ကို ပိုမိုခိုင်မာ လာစေသည်။

ယခု ကျော်မြင့်ပါ ကုလားခုနစ်ဦး အမှုတွင် နိုင်ငံခြားအဖွဲ့အစည်းများ နိုင်ငံခြား NGO များမှ နိုင်ငံခြားသားများ လာရောက်နားထောင်ကြသည်သာမက မည်သည့်နေရာမှ ရမှန်းမ သိသောငွေ များဖြင့် ငွေကို ပုံအော သုံးစွဲကာ အမှုကွင်းလုံးကျွတ်လွတ်မြောက်ရေးကို ဆောင်ရွက်နေကြရာ ဤကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့သူမြို့သားများ အကြားတွင် မကျေနပ်မှု ကြီးထွားလျက်ရှိသည်။

အရိုက်နှုက်ခံရသော လ၀က အရာရှိအား အစိုးရဘက်မှ တရားလိုသက်သအဖြစ်တင်ထားရာ ၄င်း၏ထွက်ဆိုချက်များမှာ ကျော်မြင့်တို့၏ အပြစ်ကိုပေါ့စေအောင်ထွက်ဆိုထားသည်ဟု ထင်မြင်စရာရှိနေရာ၊ ၄င်းကိုယ်တိုင်ပင် ကုလားကျော်မြင့်တို့ဘက်မှ သိန်းရာချီ လာဘ်ငွေယူထား သည်ဟု ကောလဟာလများထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်းမရှိပေ။

ပြီးခဲ့သော နှစ်ပတ်ခန့်က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် NLD မှ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းသော နိုင်ငံရေး အကျဉ်းသားစာရင်း တွင် ခေတ် အဆက်ဆက် မောင်တော ဘင်္ဂါလီလှုပ်ရှားမှုများကို နောက်ကွယ်က ကြိုးကိုင်သူ အကြမ်း ဖက်ခေါင်းဆောင် ဒေါက်တာထွန်းအောင်အား နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းထဲ ထည့်ထားရာ၊ ဦးဇော်အေးမောင်၊ ဦးလှမောင်ရွှေ နှင့် ဇာဂနာ တို့က ကန့်ကွက်ခဲ့ကြသည် ဟု ဆိုသည်။

ထိုကဲ့သို့ ကုလားအကြမ်းဖက်လှုပ်ရှားမှုများကို ထောက်ခံအားပေးသော လုပ်ရပ်များကြောင့် NLD မှာ ထိပ်ဆုံးကနေ အောက်ခြေအလွှာအသီးသီးတွင် ကုလားများက ထိုးဖောက်နေရာယူ သြဇာလွှမ်းမိုးနေပြီးဖြစ်သည် ဆိုသည့်အချက်မှာ မှန်ကန်နိုင်ကြောင်းကို စောင့်ကြည့်သူများက စိုးရိမ်မှုဖြင့် မှတ်ချက်ပေးကြသည်။

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိဟု ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ပြောကြား


နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့
သတင်းဌာနတွေက ဆက်သွယ်မေးမြန်းလာကြပါတယ်။

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ( လုံးဝ)
မရှိကြောင်း အသိပေးတင်ပြအပ်ပါတယ်။


Ye Htut (ပြန်ကြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး)

မြန်မာနိုင်ငံ၏ အကြီးဆုံးအဝေးပြေးကားဝင်း အောင်မင်္ဂလာအတွင်း နိုင်ငံတကာအဆင့်မီ ပထမဆုံးဆိုက်ရောက်ခရီးသည်ကားကွင်း စမ်းသပ်ဖွင့်လှစ်


21-8-2013

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းသည် ဧရာဝတီတိုင်းဒေသကြီးမှလွဲ၍ မြန်မာတစ်နိုင်ငံလုံးရှိ ခရီးသည်တင်ယာဉ်များ ဆိုက်ရောက်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် ခရီးသည်တင်ယာဉ် ၆ဝဝ ခန့် ပြေးဆွဲလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်းကို အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် သြဂုတ် ၁၉ ရက် နံနက်က စမ်းသပ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်းသည် ဧရိယာ အကျယ် ၁ ဒသမ ၄၂ ဧက ရှိပြီး Myint and paing Company နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ BOT စနစ်ဖြင့် ၇- ၂-၂ဝ၁၃ မှ စတင်ကာ ၈-၈-၂ဝ၁၃ အထိခြောက်လအတွင်း တည်ဆောက်နိုင်ခဲ့သည်။ ခရီးသည်တင်ဆိုက်ရောက် ဂိတ်တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကျပ်သိန်း ၅ဝဝဝ ကျော် ကုန်ကျပြီး Myint and paing Company မှ ၁၇ နှစ်ကြာ လုပ်ကိုင်ခွင့် ရရှိထားသည်။ မြန်မာနိုင်ငံ၏ပထမ ဆုံးသော ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်း (AUNGMINGALAR HIGH-WAY BUS ARRIVAL) နှင့် ပတ်သက်ပြီး အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးသော်ဇင်အောင်(Myint and Paing Company Director)

မေး။ ။ မြန်မာနိုင်ငံမှာ ယခင်က မရှိခဲ့ဖူးသေးတဲ့ ယာဉ်ဆိုက်ရောက် ကွင်း (Arrival)ကို ဘယ်လို ရည်ရွယ်ချက်နဲ့ စတင်တည်ဆောက် ဖြစ်သလဲဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ ဒီအောင်မင်္ဂလာ အဝေးပြေးဝင်းဟာ ဧရာဝတီတိုင်းဒေသကြီး ကလွဲလို့ တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၃)ခုကို ပြေးဆွဲနေတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးယာဉ်ရပ်နားကွင်းလို့ ပြောလို့ရပါတယ်။ နောက်ဒီဆိုက်ရောက် ကွင်းတည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ လေယာဉ်နဲ့သွားမှ အဆင့်မြင့်တာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ SEA Games အပြင် အလှည့်ကျ ASEAN ဥက္ကဋ္ဌ တာဝန်အတွက်ပါ ပြင်ဆင်နေချိန်ဖြစ်တော့ နိုင်ငံတော်ကလည်း လုပ်ချင်တဲ့ ဆန္ဒရှိနေတဲ့ အချိန်မှာကျွန်တော်တို့ လုပ်ခွင့်ရတာပါ။ အခြားနိုင်ငံတွေမှာလို နိုင်ငံတကာ အဆင့်မီဖြစ်အောင်ပေါ့။ ကျွန်တော်တို့ စီးပွားရေးသဘောတရား တစ်ခုတည်းမကြည့်ဘဲ နိုင်ငံနဲ့ပြည် သူတွေအကျိုးရှိအောင် လုပ်ပေးထားပါတယ်။ ကျွန်တော်တို့က ၁၇ နှစ်သာ လုပ်ပိုင်ခွင့်ရပေမယ့် ရေရှည်တည်တံ့ခိုင်မာမှု ရှိအောင် ဆောက်ထားပါတယ်။

ဦးဇော်မင်း(ဌာနခွဲမှူး) အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
ဒုတိယစခန်းတာဝန်ခံ

မေး။ ။ AUNGMINGLAR HIGH-WAY BUS ARRIVAL ကို စတင်တည်ဆောက်ခဲ့ချိန်နဲ့ ဘယ်အချိန်မှာ စတင်စမ်းသပ်အသုံးပြုနိုင်ခဲ့သလဲ သိပါရစေ။

ဖြေ။ ။ စတင်ဆောက်လုပ်တာကတော့ စည်ပင်သာယာနဲ့ Myint and paing Company ပူးပေါင်းပြီး BOT စနစ်နဲ့ ဆောက်လုပ်ခဲ့တာပါ။ (၈-၈-၂ဝ၁၃) မှာ ဒီအဆောက်အအုံကို ကျွန်တော်တို့စည်ပင်သာယာကို လွှဲပါတယ်။ သြဂုတ် ၁၉ ရက် နံနက် ၁ နာရီကစတင်ပြီး ၂၅ ရက်အထိ ယာဉ် ရပ်နားကွင်း (၂)မှာ ဝင်နေတဲ့ ကားတွေအကုန်လုံး ဒီ Arrival ထဲကတစ်ဆင့် ဝင်ရောက်ခိုင်းပါတယ်။ ခရီးသည်တွေချတယ်။ ကားတွေဝင်ရတာ အဆင်ပြေမပြေဒါတွေကို ကြည့်ပါတယ်။ ကျွန်တော်တို့ဘက်က ပိုကောင်းအောင် ဘာတွေပြုပြင်ပေးရမလဲ။ ဘာတွေဆောင်ရွက်ပေးရမလဲ ဆိုတာကို စမ်းသပ်တာပေါ့။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ဆိုရင် ဒါဟာ ပထမဆုံး Arrival ပါ။ ဒီတော့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာဖို့ စမ်းသပ်ကာလ အချိန်နှစ်ပတ်ယူဖို့ သတ်မှတ်ထားပါတယ်။ ဒီအပတ် ၁၉ ရက်ကစပြီး အောင်မင်္ဂလာကားဝင်းထဲဝင်တဲ့ ကားတွေရဲ့ သုံးပုံနှစ်ပုံကို တစ်ပတ်စမ်းသပ်မယ်။ နောက်အပတ် တနင်္လာနေ့ကစပြီး ယာဉ်ရပ်နားကွင်း (၁)အရပ်အခေါ် ပစောက်ကွင်းမှာရှိတဲ့ ကားတွေအပါအဝင် တစ်ဝင်းလုံးမှာရှိတဲ့ ကားအားလုံး Arrival ကို ဝင်ရမယ်။ အဲဒီအချိန်ကျမှ အဖြေက ပိုသိရမှာပေါ့။

မေး။ ။ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီက ဒီ Arrival ကို နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ်တွေနဲ့အညီ တည်ဆောက်ခဲ့လို့ဆိုပါတယ်။ ဒီ Arrival မှာ ခရီးသည်တွေအတွက် ဘယ်လိုအဆောက်အအုံတွေ ပါဝင်ပါသလဲ။

ဖြေ။ ။ ဒီ Arrival ထဲမှာ Lane ကငါးခုရှိတယ်။ တစ်ခုကို ကားကြီးခြောက်စီး ရပ်နိုင်တယ်။ တစ်ပြိုင်တည်းမှာ အပြည့်ရပ်ရင် ကားအစီး သုံးဆယ် ရပ်လို့ရတယ်။ ဒီထဲမှာ ခရီးသည်တွေကို ဝန်ဆောင်မှုအနေနဲ့ သန့်စင်ခန်း ကျားအိမ်သာ (၂ဝ)၊ မအိမ်သာ (၂ဝ) စုစုပေါင်း (၄ဝ)ရှိပါတယ်။ နောက်ရေချိုး ခန်းပါတယ်။ အိမ်သာတွေကတော့ ဝန်ဆောင်မှုနဲ့ သန့်ရှင်းရေး ကုန်ကျစရိတ်တွေကြောင့် လူတစ်ယောက်ကို တစ်ရာနှုန်းကောက်ခံသွားမှာပါ။ အခမဲ့ဆိုရင် ခရီိးသည်မဟုတ်ဘဲ အခြားလူတွေပါရောက်လာနိုင်တယ်။ ကုမ္ပဏီအနေနဲ့ သန့်ရှင်းရေးလည်း နိုင်မှာမဟုတ်ဘူး။ ခရီးသည်တွေထိုင်နားဖို့ထိုင်ခုံ အလုံး ၁၂ဝ ရှိတယ်။ ခရီးသည်တွေမှာပါတဲ့ ဝန်စည်တွေတင်တွန်းဖို့ လက်တွန်းလှည်း အစီး ၂ဝဝ ရှိတယ်။ ဒီတွန်းလှည်းတွေကို Arrival ဧရိယာဝင်းအတွင်းမှာ ခရီးသည်တွေအသုံးပြုနိုင်ပါတယ်။ လုံခြုံရေးက Company ကခန့်ထားတဲ့ ၂၄ ဦးရှိတယ်။ CCTV ကင်မရာ ၁၆ လုံးပါတယ်။ ဖျော်ဖြေရေးနဲ့ ပညာပေးဖို့ အတွက်လက်မ ၆ဝ ရှိတဲ့ Plasma TV 13 လုံး တပ်ဆင်ပေးထားတယ်။ ငွေလဲကောင်တာနဲ့ ATM ငွေထုတ်စက်အတွက် ကမ္ဘောဇဘဏ်ကသုံးခန်း၊ CB ဘဏ်က သုံးခန်း၊ စားသောက်ဆိုင်သုံးခန်း၊ ဆိုက်ရောက်တဲ့ကား တွေရဲ့ City Plan သိမ်းဖို့အတွက် မထသက ရုံးခန်းတစ်ခန်း စုစုပေါင်း ၁ဝ ခန်းပါရှိတယ်။

မေး။ ။ ဒါ့အပြင် ဘယ်လိုဝန်ဆောင်မှုတွေများ ထပ်မံဖြည့်ဆည်းပေး ထားပါတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။အင်တာနက်ကို အခမဲ့အသုံးပြုနိုင်အောင် WL-Fi စနစ်အသုံး ပြုထားတယ်။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ဖို့ ၂၄ နာရီဆေးခန်း တစ်ခန်းပါတယ်။ ATM စက်တွေနဲ့ ငွေလဲကောင်တာတွေကို ၂၄ နာရီ အသုံးပြုနိုင်မယ်။ အဓိကကတော့ ခရီးသည်တွေ မိုးလုံလေလုံ နားနားနေနေ ဆိုက်ရောက်နိုင်အောင်ပေါ့။ နောက်ခရီးသည်တွေမှာ ကုန်ပစ္စည်းအလေးအပင် တွေပါရင် မပေးမယ့်အလုပ်သမားဝန်ထမ်းတွေ ရှိသေးတယ်။ ဒီဝန်ထမ်းတွေကို စေတနာ့ဝန်ထမ်းအနေနဲ့ ခန့်ထားတယ်။ အခကြေးငွေ မသတ်မှတ်ထားဘူး။ ခရီးသည်က စေတနာရှိလို့ ပေးတာကိုပဲ ယူခိုင်းတယ်။ လောလောဆယ် ၂ဝ လောက်ရှိတယ်။ တူညီဝတ်စုံအပြာနဲ့ ကတ်ပြားတွေ ဆွဲထားပေးတယ်။ အပြင်လူနဲ့ မရောအောင်ခွဲခြားထားတာပါ။ သူတို့က ခရီးသည်ကို ဘယ်လောက်ပေးပါလို့ တောင်းခွင့်မရှိဘူး။ တောင်းခဲ့လို့ complain ရှိရင် သူတို့ကို အရေး ယူမယ်။

မေး။ ။ ဆိုက်ရောက်ပြီးတဲ့ ခရီးသည်တွေ အဆင်ပြေပြေသွားလာနိုင်အောင် လုပ်ဆောင်ပေးထားတာမျိုး ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ အဆောက်အအုံဘေး ဘယ်ညာနှစ်ဖက်မှာ Taxi way ပါတယ်။ Taxi way တစ်ခုကို အစီး ၂ဝ ခန့် ရပ်နိုင်တယ်။ လက်ရှိမှာ အောင်မင်္ဂ လာစခန်းထဲမှာ Taxi အသင်းဆိုပြီး ဖွဲ့စည်းထားတာရှိတယ်။ လောလောဆယ်မှာတော့ ဒီ Taxi အသင်းက ကားတွေပဲသွင်းပါသေးတယ်။ Taxi ကွင်းထဲက ကားတွေက ဒီ Taxi way မှာအလှည့်ကျလာရပ်ပြီး ခရီးသည်တင်ခွင့်ပြုထား တယ်။ Taxi တွေကို ကြီးကြပ်သူတွေရှိမယ်။ တက္ကစီသမားတွေက ကားနားလာပြီး အလုအယက်ခေါ်လို့ မရဘူး။ Private လာကြိုတဲ့ကားတွေအတွက်လည်း ကားရပ်ဖို့နေရာတွေ လုပ်ထားပေးပါတယ်။

မေး။ ။ ပထမဆုံး စတင်စမ်းသပ်တဲ့ နေ့မှာကြုံတွေ့ရတဲ့ အခြေအနေနဲ့ အခက်အခဲတွေရော ရှိပါသလား။

ဖြေ။ ။ ဒီနေ့အစ်ကိုတို့ စတင်တဲ့ စမ်းသပ်မှုမှာ Arrival ထဲဝင်ပြီး ပြန်ထွက်ရတဲ့ မန္တလေးလမ်းတစ်လျှောက်၊ ဒနင်းရိုးချောင်းပတ်လမ်း တစ်လျှောက်မှာ ကားကြီးတွေညအိပ်ရပ်နားတာမျိုး မလုပ်အောင် ကြိုရှင်းထားရတယ်။ ဒီနေ့က ပထမဆုံးစတင်တဲ့နေ့ဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုက ကျပ်နေသေးတယ်။ ခရီးသည်ရော၊ ကားသမားတွေရော အသားကျသွားရင်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့သွားမှာပါ။ စတင်စမ်းသပ်တဲ့ သြဂုတ် ၁၉ ရက် နံနက် ၁ နာရီကနေ ၇ နာရီထိက ၁၆၆ စီး၊ နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိက ၃၁ စီးဆိုက်ရောက်တယ်။

မေး။ ။ ဆိုက်ရောက်ကွင်းမပြုလုပ်ခင်က အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်းရဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ အရင်အဆင့်မမြှင့်ခင်အချိန်ကတော့ ဝင်လာသမျှခရီးသည်တင်ကား တွေဟာ ဒီမြေသားနေရာမှာ လာဆိုက်တယ်။ မြေသားဆိုတော့ မိုးတွင်းမှာ ဗွက်တွေနဲ့ ခရီးသည်တွေအတွက် အဆင်မပြေဘူး။ ဒါကြောင့် တချို့က ကိုယ့်ဂိတ်ကိုယ် သွားရပ်ကြတယ်။ Taxi တွေက ခရီးသည်လိုချင်တော့ အဲဒီ ဂိတ်တွေဆီလိုက်တယ်။ အောင်မင်္ဂလာဝင်းထဲမှာက သတ်မှတ်ထားတဲ့ နေရာက လွဲရင် ပြင်ပ Taxi တွေကို ဝင်ကြေးနှစ်ရာကျပ်ပေးပြီး ဝင်ခွင့်ပြုထားတယ်။ ကားတစ်စီးဂိတ်ထိုးတာနဲ့ Taxi က လေးစီးကနေ ၁ဝ စီးကြား ရပ်တယ်။ ဒီတော့ လမ်းတွေပိတ်တယ်။ ပြီးရင် နောက်ဆိုက်မယ့်ကားတစ်စီး ထပ်ဝင်လို့ မရတော့ဘူး။ အရင်က ဒီလိုအခြေအနေမျိုးတွေ အမြဲဖြစ်ခဲ့တာပါ။

မေး။ ။ Arrival ကို အသုံးပြုတဲ့အတွက် ခရီးသည်တွေမှာ ဘယ်လိုရလဒ် တွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။

ဖြေ။ ။ ကားဂိတ်တွေအကုန်လုံးကို လိုက်ပြီး လုံခြုံရေးမပေးနိုင်တဲ့အတွက် ရပ်နားကွင်းဆိုတာ ပေါ်လာတာ။ လုံခြုံရေးကို တစ်နေရာတည်းမှာ ပေးတဲ့သဘောပေါ့။ CCTV တွေတပ်ထားတော့ တစ်ခုခုဖြစ်ရင် ပြန်ကြည့်လို့ရတယ်။ ခရီးသည်ချင်း ပစ္စည်းမှားယူသွားရင်တောင် CCTV က ကြည့်ပြီး ပြန်လိုက် လို့ရတာပေါ့။ ပြည်တွင်းခရီးသည်တွေသာမကဘူး၊ တောင်ကြီး၊ မန္တလေး ဘတ်စ်ကားတွေဆို နိုင်ငံခြားသားခရီးသည် တော်တော်ပါတယ်။ သူတို့အတွက်လည်း လုံခြုံစိတ်ချရတာပေါ့။ လုံခြုံရေးဝန်ထမ်းတွေရှိတယ်။ တစ်ခုခုဖြစ်ရင် အကူအညီတောင်းလို့ရတယ်။ မီးရောင်လည်း ကောင်းကောင်းရှိတယ်။

ဦးမြင့်ဆွေ(တာဝန်ခံ)GI Group အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

မေး။ ။ အန်ကယ်တို့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ စတင်ကောက်ခံမယ့် ယာဉ်တစ်စီးဆိုက်ရောက်ခ ငါးရာကျပ်အပေါ် ဘယ်လိုသဘော ရပါသလဲ။

ဖြေ။ ။ငါးရာဆိုတာလည်း ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ ယာဉ်မောင်းတွေအနေနဲ့လည်း အဆင်ပြေမှုရှိပါတယ်။
ဒီလိုစနစ်တကျလုပ်ထားတဲ့အတွက် ယာဉ်ကြောပိတ်တာ သက်သာသွားမယ် ထင်တယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဒီမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်သွားတယ်။ ညကိုးနာရီ ထွက်ရမယ့်ဟာ ၁ဝ နာရီလောက်မှ ထွက်ရတယ်။ ဦးတို့က ကားထွက်သွားတော့ ခရီးတော်တော်ရောက်သွားပြီထင်နေတာ။ ကားက ဒီဝင်းထဲမှာပဲ ပိတ်မိနေ သေးတယ်။ ခရီးသည်တွေအတွက်ကလည်း အများကြီးပိုလုံခြုံတယ်။ အန်ကယ် တို့ကတော့ လုံးဝစိတ်ကျေနပ်ပါတယ်။ အန်ကယ်တို့ထမ်းဆောင်ရမယ့်ဝန်ကို တစ်စိတ်တစ်ပိုင်းကူထမ်းပေးတယ်လို့ မြင်ပါတယ်။ ဒီကဂိတ်တွေက ကျဉ်းပါတယ်။ ကားတစ်စီးကို အနည်းဆုံးခရီးသည် လေးဆယ်ပါရင်တောင် ဂိတ်မှာက ထိုင်စရာဆယ်နှစ်ခုံလောက်ပဲ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အန်ကယ်တို့ဆီမှာ အိမ်သာနှစ်လုံးပဲရှိတယ်။ ကိုယ့်ဂိတ်နဲ့ယှဉ်ကြည့်တာ။ အန်ကယ်တို့ အတွက်ရော ပတ်ဝန်းကျင်ဂိတ်တွေအတွက်ပါ ကောင်းတယ်လို့ မြင် ပါတယ်။

ဦးသန်းရွှေ(နယ်မြေအုပ်ချုပ်ရေးမှူး)
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
ကားဝင်းထဲမှာရှိတဲ့ မူးရူးသမားတွေ၊ တက္ကစီလူခေါ်ပွဲစားတွေက ပစ္စည်းမေ့ကျန်တာမျိုးတွေက စိတ်မချရဘူး။ နံနက်ကကြည့်ရတာတော့ တက္ကစီက တက္ကစီနေရာ၊ ကိုယ်ပိုင်ကားကလည်း သူ့နေရာနဲ့သူဆိုတော့ ပြီးတော့ လုံခြုံရေးနဲ့ အလုပ်သမားနဲ့ဆိုတော့ အဆင်ပြေပါတယ်။ နံနက်အစောကြီးဝင် လာတဲ့ခရီးသည်တွေ သွားရလာရမှာ ဝေးတဲ့လူတွေက အဖော်ပါရင် ပြဿနာ မရှိပေမယ့် တစ်ယောက်တည်းဆိုရင် တက္ကစီစီးဖို့ မိုးလင်းတဲ့အထိစောင့်ရတယ်။ ဒါအတွက်လည်း အဆင်ပြေတာပေါ့။ နောက်တစ်ခုက ဒီ Arrival ရဲ့ဘေးမှာ မထသမြို့တွင်းဘတ်စ်ကားတွေ ရှိတယ်။ ဆူးလေထိရောက်တယ်။ ဒီတော့ အငှားကားစီးစီး၊ လိုင်းကားစီးစီး အဆင်ပြေမယ်။ ဒီးကားဂိတ်ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ပြဿနာတွေ ယခင်ထက် လျော့နည်းသွားမယ်လို့ ထင်ပါတယ်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် FACEBOOK မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ



စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။
အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။
“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာအိမ်ဖော်မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

By The Star

မြ၀တီ၌ အယောင်ဆောင်လက်နက်ကိုင်အဖွဲ့အစည်းများ ရှိလာ

fake armedgroup in Myawaddy 2

ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသအတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်း အယောင်ဆောင်မှုများရှိလာသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ Boder Gward Force တပ်မှ ဗိုလ်မှူးကြီး စောချစ်သူက ပြောကြားသည်။ “အားလုံးသိထားဖို့က ဒီမှာအတုအယောင်တွေ တော်တော်များတယ်။ အတုအယောင်ဆိုတာက BGF လိုလို၊ KNU ယောင် ယောင်၊ DKBA ယောင်ယောင်တွေ အများကြီးရှိတယ်ဟု BGFတပ်မှ ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
နယ်စပ်မြို့များ၌ လက်နက်များ တရားမဝင်ဝယ်ယူကိုင်ဆောင်မှုများကြောင့် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့ အစည်း အယောင် ဆောင်သူများ ရှိလာခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့အယောင်ဆောင်များကို ထိန်းချုပ်နိုင်ရေး ကရင့် လက်နက်ကိုင် အဖွဲ့အစည်း ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားသည်ဟု သိရှိရသည်။
ဒီကိစ္စက ဝုန်းဒိုင်းဝုန်းဒိုင်းလုပ်လို့မရဘူး။ အချိန်ယူပြီးတော့ အတုအယောင်ရယ် မှန်ကုန်တဲ့ အဖွဲ့အစည်းရယ်လို့ ကွဲကွဲ ပြားပြားသိလာရအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေ များများလုပ်ရမယ်ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။ 
နယ်ခြားစောင့်တပ်(BGF)များသည် တရားဝင်အဖွဲ့အစည်းများဖြစ်သည့်အတွက်ကရင်ပြည်နယ်တစ်ခုလုံးတွင် လက်နက်ကိုင် ဆောင်ခွင့်ရှိကြောင်းနှင့် တာဝန်အရဆိုပါက တစ်နိုင်ငံလုံး၌ပင် လက်နက်ကိုင်ဆောင်ခွင့်ရှိသည်ဟု အဆိုပါအဖွဲ့အစည်းမှ သိရှိ ရသည်။
ဗဟို ကွပ်ကဲရေးနှင့် အကြံပေး အထွေထွေအတွင်းရေးမှူးအပြင် BGF တပ်မှ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့သူများတွင် ခေါင်းဆောင် တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၇ ခုနှစ်တွင် ၎င်းဦးဆောင်သော DKBA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သြဂုတ်၃ရက် က မြဝတီမြို့ပေါ်၌  နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီး ရမိခဲ့သည်ဟု နယ်စပ်ဒေသလုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
From : ..Myit Ma Kha

ပုဂ္ဂလိကဆန်သည့် အသံဖိုင်၊ ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ် ဖြန့်သင့်လား



အများပြည်သူနှင့် တိုက်ရိုက် မသက်ဆိုင်သော ပုဂ္ဂလိကဆန်သည့် အသံဖိုင်၊ ဗီဒီယိုဖိုင်များကို မကောင်းသော ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်သို့ ဖြန့်လိုက်သည့်အခါ အပြုသဘော မဆောင်သော ဝေဖန်မှုများ ရှိလာသောကြောင့် ကျင့်ဝတ်စည်းကမ်းရှိသော လူ့ အဖွဲ့အစည်းတခု ဖန်တီးရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိလာသည်။
ရုံးတွင်း အစည်းအဝေးများတွင် ပြောဆိုသော အသံဖိုင်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အွန်လိုင်း လူမှု ကွန်ရက်များပေါ်သို့ တင်ကြပြီး ဝေဖန် ဆွေးနွေးကြသည့်အခါ ပါဝင်သူများသာမက နှစ်ဘက်စလုံးတွင်ပါ ထိခိုက်မှုများ ရှိလာနေကြောင်း သိရသည်။
ယခုလအတွင်း အင်ပါယာ သတင်းစာ ထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ် ပြောကြားချက်တချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ညစာစားပွဲ ကျင်းပပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ ရောက်ရှိလာပြီးနောက် အွန်လိုင်း သုံးစွဲသူများအကြား ဆွေးနွေးမှုများ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာသည်။
Yangon Times သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက နိုင်ငံတကာ အဖွဲ့အစည်းများတွင် အွန်လိုင်းပေါ်၌ ရုံးနှင့် ပတ်သက်သော မဟုတ်မမှန် သတင်းများ မရေးသားပါဟု ရုံးတက်သည့်နေ့တွင် ကျင့်ဝတ်စည်းကမ်းအရ လက်မှတ် ထိုးရလေ့ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ကျင့်ဝတ်စည်းကမ်းနှင့် သက်ဆိုင်သော စာချုပ်ချုပ်ဆိုမှု အားနည်းလျှက် ရှိသောကြောင့် ပြဿနာတချို့ ပေါ်ပေါက်လျှက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အွန်လိုင်းမှာတော့ အားလုံးက ရေးချင်တိုင်း ရေးပေမယ့် ရေးသားလိုက်တဲ့ ကိစ္စက ကိုယ့်ရဲ့ အကျင့်သိက္ခာကို ပြဌာန်းတာပဲ။ကျနော်တို့ အနေနဲ့ မြင်တာကတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။ အွန်လိုင်းမှာ ရေးသားတဲ့ အချိန်မှာတော့ ရိုက်ခတ်မှု တချို့ ရှိကောင်းရှိနိုင်တယ်။ ရေးထားတဲ့ ကိစ္စက အမှန်တရား တခုဆိုရင်တော့ Impact ကြီးကြီး ရိုက်ခတ်မှု ရှိတယ်။ ကောလာဟလ ဆိုရင်တော့ ဒီလိုပဲ ပြီးသွားမှာပဲ” ဟု ဦးကိုကိုက ဆိုသည်။
လူတိုင်းတွင် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ရှိကြောင်း၊ ရုံးတွင်း ပြောဆိုချက်များကို အသံဖိုင်အဖြစ် အပြင်သို့ ထုတ်ခြင်းသည် ရုံးဝန်ထမ်း ဖြစ်ပါက ရုံးစည်းကမ်း ချိုးဖောက်ရာ ရောက်ကြောင်း၊ ရုံးဌာနများတွင် လိုက်နာရမည့် စည်းကမ်းများကိုမူ လိုက်နာ သင့်ကြောင်း၊ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်နိုင်ရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ လုပ်ပိုင်ခွင့်မရှိသော ကိစ္စတခုကို လုပ်ဆောင်ပါက ဥပဒေကြောင်းအရ မည်သို့ အရေးယူသင့်သည်ကို ဆွေးနွေးသင့်ကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေးနှင့် အိုင်တီစာပေများ ရေးသားနေသူ စာရေးဆရာ ဦးတင်ညွန့်က ပြောသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးရင် ပါတီတွေ ဘာတွေက Privately လုပ်တာဗျ။ သမ္မတကြီးက Private ပါတီ ပေးတယ်ဗျာ။ ပါတီပွဲမှာ ကတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတီပွဲတက်ပြီး သမ္မတကြီးနဲ့ တွဲကတယ်။ ဒါဟာလည်း လူတိုင်းရဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပဲ။ အဲဒါကို အွန်လိုင်းတင်ပြီးတော့၊ ဟာ … ဒါကြီးကတော့ ဒီလိုကြီးလား ဆိုပြီးတော့
သွားပြောလို့ မရဘူး” ဟု ဦးတင်ညွန့်က ဆိုသည်။
အွန်လိုင်းတွင် မည်သည့် အကြောင်းအရာမဆို လွတ်လပ်စွာ တင်ပြခွင့် ရှိပြီး လိုက်နာလက်ခံရန်မှာ မိမိအပေါ်တွင်သာ မူတည်ကြောင်း ဆွေးနွေးမှုများ ရှိသကဲ့သို့၊ မိမိသဘောထား ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသော်လည်း အွန်လိုင်း ပေါ်တွင်လည်း လူ့ကျင့်ဝတ် စည်းကမ်းများကို လိုက်နာသင့်ကြောင်း အကြံပြုသူများလည်း ရှိသည်။
သြဂုတ်လ ၅ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး ကျင်းပသည့် ညစာစားပွဲ အကြောင်းကို
ဗီဒီယိုရိုက်ကူးပြီး YouTube အွန်လိုင်းပေါ် တင်သူမှာ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည် မသိသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC ) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“ဆိုရှယ် မီဒီယာက ကျနော်တို့ဆီမှာ သုံးစွဲလာတာ သိပ်မကြာသေးဘူးဗျ။ သုံးစွဲတဲ့သူတွေရဲ့ Capacity အပေါ်မှာပဲ မူတည်တယ်။ တချို့ ကိစ္စရပ်က Personal ကိစ္စတွေကို ဝေဖန်ဖို့မဟုတ်ဘူး ဆိုတဲ့ ကိစ္စမျိုးကို နားလည်တဲ့ သူလည်း ရှိနိုင်တယ်။ ဒီဟာကိုပဲ အဓိပ္ပာယ်တမျိုးနဲ့ ပုံဖော်ချင်တဲ့သူလည်း ဖြစ်နိုင်တယ်” ဟု ဦးလှမောင်ရွှေက ဆက် ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီးပါက ညစာစားပွဲများ ပြုလုပ်ပေးခြင်းဖြင့် နှစ်ဘက် ပိုမိုရင်းနှီး စေသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အကျိုးရှိကြောင်း၊ မိမိတို့နိုင်ငံသည် နှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆက်ပြတ်ခဲ့ရာမှ အချိန်တိုအတွင်း ပြန်လည် တည်ဆောက်ရန် အခက်အခဲရှိကြောင်း ၎င်းက သုံးသပ်သည်။
“နှစ်ဘက် Personal Trust တွေ လိုတယ်ဗျ။ ဒီလို ရင်းရင်းနှီးနှီးနဲ့ တပျော်တပါး ဆိုတဲ့ ပုံစံဟာလည်း ဖြစ်သင့်တယ်။ ဒါဟာ အနာဂတ်ကို သွားမယ့် National Recomsilation ကို အဆင့်လိုက် သွားနိုင်ဖို့ အထောက်အကူ ဖြစ်မှာပါ” ဟု သူက ဆိုသည်။
ငြိမ်းချမ်းရေး ညစာစားပွဲနှင့် ပတ်သက်သော ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့နေခြင်းကို သိရှိသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကာလတွင် မည်သည့်မှတ်ချက်မှ မပြုလိုကြောင်း၊ လိုအပ်လာပါက သတင်း ထုတ်ပြန်ချက်များ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း ABSDF မှ ကိုဆန်နီက ဧရာဝတီကို ပြောသည်။
အင်ပါယာ သတင်းစာထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ်က ၎င်း၏ သတင်းထောက်တချို့ကို ရုံးတွင်း စကားပြောသည့် အသံဖိုင် အွန်လိုင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ပြီး အသံဖိုင်တွင် ပြောကြားချက်တချို့ကြောင့် အများ ဝေဖန်စရာ ကိစ္စတခု မကြာသေးခင်က ဖြစ်ခဲ့သည်။
ယင်း အသံဖိုင်နှင့် ပတ်သက်၍ ပြောကြားချက်တချို့မှာ မှန်ကန်ကြောင်း ဦးကောင်းမြင့်ထွဋ်က ၀န်ခံခဲ့သော်လည်း အသံဖိုင်မှာ အပြည်အစုံ မဟုတ်ဘဲ ဖြတ်တောက်ထားသည့် ပုံစံဖြင့် မိမိကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
သတင်းထောက်တချို့နှင့် ပြဿနာ တက်သော ကိစ္စနှင့် အသံဖိုင်ကိစ္စ နှစ်ခု ဖြစ်နေရာ သတင်းထောက်များကို လစာ လုံးဝ မပေးနိုင်ခြင်း မဟုတ်ဘဲ စောင့်ဆိုင်းစေခြင်းသာ ဖြစ်ကြောင်း၊ အသံဖိုင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချလိုစိတ် မရှိဘဲ မိမိ ယုံကြည်ရာကိုသာ ပြောဆိုခြင်း ဖြစ်ကြောင်း၊ တခြား နိုင်ငံရေးသမားများကိုလည်း တိုက်ခိုက်ခြင်း မဟုတ်ကြောင်း
ဦးကောင်းမြင့်ထွဋ်က ရှင်းပြသည်။
“အသံဖိုင်ကို ကျနော် နားထောင်ကြည့်ပြီးပြီ။ တမင်သက်သက် ကျနော့် အကျိုးစီးပွားကို ပျက်စီးပါစေဆိုပြီးတော့ ဖွတာသက်သက်ပဲ ဖြစ်နေတယ်။ အသံဖိုင် အဖြတ်အတောက်က ကျနော်နဲ့ ပတ်သက်ပြီး တခုခုကို ရည်ရွယ်ထားမှန်း သိသာတယ်။ အခုလို ရုံးတွင်းပြောတဲ့ ကိစ္စကို အွန်လိုင်းပေါ် တင်တာကို ဘယ်အဖွဲ့အစည်းက အရေးယူပေးမှာလဲ” ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
၎င်း၏ သတင်းထောက်များ ကလည်း လစာအချိန်မီ ထုတ်မပေးခြင်း အပါအ၀င် တခြား ပြဿနာများအတွက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတရပ်တွင် ပြောဆိုထားသည်။
လူတဦးချင်းကို အပုပ်ချခြင်း မဟုတ်ပါက အွန်လိုင်းပေါ်တွင် မိမိခံစားချက်များကို ရေးသားတင်ပြခွင့် ရှိကြောင်း၊ ရုံးတွင်း ပြဿနာတချို့ကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် ကိစ္စတခုအတွက် သတင်းစာတိုက်တခုမှ အလုပ်ထုတ် ခံခဲ့ရဖူးကြောင်း ပြည်တွင်း သတင်းထောက် ကိုဇေယျာစိုပြေက ဧရာဝတီကို ပြောသည်။
“ရုံးမှာ စာမူခကို ပါသမျှ မပေးတော့ဘဲ တပတ်ကို ၆ ပုဒ်ကျော်မှ ပေးတယ်။ ပေးတဲ့ စာမူခကလည်း အရင်ကထက် ခေါက်ချိုး နည်းသွားတယ်။ အဲဒါကို facebook ပေါ်မှာ တက်ရေး လိုက်တယ်။ နောက်တနေ့ မနက်ကျတော့ ခေါ်ပြောပြီး အလုပ် ထုတ်လိုက်တယ်။ သူတို့ အကြောင်းပြချက် ကတော့ facebook ပေါ်မှာ ရုံးကို ဂုဏ်သိက္ခာကျစေတဲ့ အရေးအသား ရေးတယ်။ ရုံးချိန် နောက်ကျတယ် ဆိုပြီး ထုတ်လိုက်တာပဲ” ဟု ကိုဇေယျာစိုပြေက ဆိုသည်။
မိမိလေ့လာခဲ့ဖူးသည့် အဖွဲ့အစည်းများတွင် အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူမှလွဲ၍ မီဒီယာကို စကားပြောခွင့် မရှိကြောင်း၊ အဖွဲ့အစည်း တိုင်းတွင် စည်းကမ်း သတ်မှတ်ချက်များ ရှိသောကြောင့် ယင်း စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာ နိုင်မှသာလျှင် လက်မှတ်ထိုး စာချုပ်သင့်ကြောင်း Yangon Times နေ့စဉ်သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက ပြောသည်။



စာရေးဆရာ ဦးတင်ညွန့်ကလည်း “အမေရိကားမှာ စနိုးဒင် ကိစ္စဖြစ်သွားတယ်။ အဲဒီကိစ္စကြောင့် ပင်တဂွန်က ၀န်ထမ်းတွေ အားလုံးရဲ့ Memory Stick ကို ရုံးထဲ မယူခိုင်း တော့ဘူး။ အတွင်းကို ၀င်လာရင် ရှာတယ်။ တောင်ကိုးရီးယား မှာလည်း ဒီလိုပဲ လုပ်နေရတာ။ ဖုန်းတွေမှာ Software တွေ ထည့်ခိုင်းထားတယ်။ ဌာနတွင်း ကိစ္စတွေ အပြင် မရောက်အောင် ကာကွယ် တာမျိုးတွေ လုပ်လာကြတယ်” ဟု ဆိုသည်။
irrawaddy

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု


Wednesday, August 21, 2013

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း

သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။
သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း

အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။
ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း

ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။
သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း

ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း

သင်ရှာတာကိုပဲ သင်တွေ့တာပါ။
သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း

ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက် …အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ


Tuesday, August 20, 2013

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။


6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကိုမင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကိုဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်(Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်းဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်းဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကိုဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်းထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကိုဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကိုဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကိုမင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကိုဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကိုငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီးသိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူနှစ်မျိုးသာရှိတယ်။

(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလိုသုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

မှတ်ချက်။ ။ ဗဟုသုတ အဖြစ် မျှဝေပါသည်။

Credit to မြန်မာ့ရောင်စဉ်

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး


Wednesday, August 21, 2013

ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင်
ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရ
ပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။

သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့
အတွက်လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက်
ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေ
ကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့
ပါတော့တယ်။

မှတ်တိုင် (၆) အနီး ကေအိုင်အေနှင့် နယ်ခြားစောင့်တပ်တိုက်ပွဲဖြစ်



သြဂုတ်လ ၂၀ ရက် ၂၀၁၃

      ကချင်ပြည်နယ် ချီဖွေနှင့် ဆော့လော်မြို့နယ်အကြား တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် အမှတ် (၆) တည်ရှိရာ   မျော်ဂျောင်ဒေသ ရှိ ကေအိုင်အေ တပ်စခန်းတစ်ခုကို နယ်ခြားစောင့်တပ် NDAK နှင့် ဒေသခံ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ   ၁၇ ရက်နေ့ မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ စစ်ဘက်ထောက် လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးကြီး မရန်ဇော်တောင်က The Voice သို့ ပြောကြားသည်။ 



     သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၉ နာရီခွဲတွင် တစ်ကြိမ်နှင့် သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီနှင့် ၇ နာရီ ကြားတွင်တစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့မှာ အင်အား ၈၀ ခန့်ရှိကြောင်း၊ ယင်း ကေအိုင်အေ တပ်စခန်းတွင် ကေအိုင်အေ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) မှ ကေအိုင်အေ စစ်သားနှင့် ကေအိုင်အေ ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀ ဦးကျော်ခန့် ရှိကြောင်း ဗိုလ်မှူးကြီး မရန်ဇော်တောင်က ပြောသည်။ 

“သူတို့ (NDAK) ဘက်က အရင်လာပစ်တာပါ။ ၁၇ ရက်နေ့ မနက်ပိုင်းလာပစ်ပြီး ပြန်ဆုတ်သွားတော့ သူတို့ဘက်က ပြည်သူ့စစ် တစ်ယောက် ကျခဲ့တယ်။ M 23 တစ်လက် M 22 တစ်လက်နဲ့ ဘဇူကာတစ်လက် ကျွန်တော်တို့ ရထားတယ်” ဟု ၎င်းကဆိုသည်။ နယ်ခြားစောင့်တပ် (NDAK) နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းနှင့် ပတ်သက်ပြီး   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော် ဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ကေအိုင်အေမှ အသိပေး အကြောင်းကြားထားကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်များထံ ယင်းကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် တားမြစ်ညွှန်ကြားထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ ပြောကြားသည်။ 

      “နယ်ခြားစောင့်တပ်ဘက်ကလည်း သူတို့တွေ လှုပ်ရှားသွားလာနေတဲ့ စစ်ကြောင်းကို ကေအိုင်အေဘက်က စပြီးပစ်တယ်ဆိုပြီး တိုင်းမှူးဆီကို တင်ပြထားတယ်လို့ သိရတယ်။ ကေအိုင်အေ ဘက်က စစ်ဘက်တာဝန်ရှိ အကြီးအကဲတွေ အနေနဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ ပြောတယ်။ တိုက်ပွဲ ဖြစ်ပွားရတဲ့ အကြောင်း အရင်းကို သေချာ မသိရသေးပါဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။ယင်းကဲ့သို့ တိုက်ပွဲများ မဖြစ်ပွားမီ ရက်ပိုင်း အလိုခန့်တွင် ကချင် အထူးဒေသ (၁) မှ ပြည်သူ့စစ်နာယက၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း က ကေအိုင်အို (ဗဟို) မှ တာဝန် ရှိ သူ များထံသို့ ၎င်းတို့နယ်မြေအတွင်း ကေအိုင်အေများ တပ်စွဲထားမှုကို   ပြန်မရုပ်သိမ်းပါ က ပြဿနာ များ ပြန် လည် ဖြစ်ပွားလာနိုင်သည်ဟူသော အဓိပ္ပာယ်ပါရှိသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ပေး ပို့ခဲ့ကြောင်း ဗိုလ်မှူးကြီး မရန်ဇော်တောင်၏ ပြောပြချက်အရ သိရသည်။ 

   လက်ရှိတိုက်ပွဲ ဖြစ်ပွားလျက်ရှိသော မျော်ဂျောင်ဒေသကို ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး   နောက်ပိုင်း   ကေအိုင်အေက ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း ကေအိုင်အေ အသိုင်းအဝိုင်းအတွင်းမှ သိရှိရသည်။အဆိုပါဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကချင်အထူးဒေသ (၁) ပြည်သူ့စစ် နာယက ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ကို The Voice က ဆက်သွယ်မေးမြန်းရာ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အတိအကျ မသိရှိရကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားစေနိုင်မည့် ညွန်ကြားချက်များကို မည်သူမျှ မပေးခဲ့ပါကြောင်း၊ နယ်ခြားမှတ်တိုင် (၆) ဒေသတွင် ကေအိုင်အေဘက်မှ စစ်အင်အား ၅၀၀ ခန့် ဖြည့်တင်းထားသည်ဟု သိရှိ ရကြောင်း ဖြေကြားသည်။ 

    “ကေအိုင်အေကြောင့် အဲဒီဒေသတွေမှာ ဖွံ့ဖြိုးမှုတွေ နောက်ကျလာတော့ မခံနိုင်တဲ့အဆုံး ဒေသခံတွေက   ပေါက်ကွဲ လာပြီး ဖြစ်ကြတယ်လို့ ထင်ပါတယ်။ အကုန်လုံးက တိုင်းရင်းသားတွေပဲ။ ဒီလိုတွေ မဖြစ်စေချင်ပါဘူး။ အားလုံးသဘောပေါက်ဖို့ လိုပါတယ်” ဟု ဦးဇခုန်ယိန်းဆောင်က ဆိုသည်။ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ ၂၀၁၃ ခုနှစ် မတ်လမှစတင်ကာ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်ခဲ့ပြီး ယခုတစ်ကြိမ် နယ်ခြားမှတ်တိုင် (၆) အနီးတွင် ဖြစ်ပွားသော တိုက်ပွဲများမှာ တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားခြင်း မဟုတ်ဘဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK တပ်မှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့်တပ်များနှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

ကလေးဝမြို့တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ဆွဲကြိုးချသေဆုံး



စစ်ကိုင်း ၊ ၂၁-၈-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးဝမြို့ ၊ အမှတ်(၃) ရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အလယ်တန်းပြ ကျောင်းဆရာ တစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ သေဆုံး ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ၀န်ထမ်းတစ်ဦး က အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ခန်စန်းမြင့် သည် အသက် ၅၃ နှစ်ခန့် အရွယ်ရှိပြီး အိမ်ထောင် မရှိသူ တစ်ဦးတည်းနေ အပျိုကြီး တစ်ယောက်လည်း ဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ကလေးဝမြို့ ရဲဌာန၏ မှတ်တမ်းများတွင် အဆိုပါ လူသေဆုံးမှု နှင့် ပတ်သက်၍ သေဆုံးသူ ဆရာမ ဒေါ်ခန်စန်းမြင့် သည် ကလေးဝမြို့ အထက်တန်း ကျောင်း၌ အလယ်တန်းပြ တာဝန် ထမ်းဆောင် နေသူ တစ်ဦးဖြစ်ပြီး ဆေးနားခွင့် ရယူထားသူ တစ်ဦးဖြစ်ကာ စိတ်ကျ ရောဂါ ဝေဒနာရှင် တစ်ဦး ဖြစ်သည်။

" ဆရာမကြီး က သဘောထား ကောင်းပြီး သင်ကြားမှုပိုင်း ဆိုင်ရာ မှာလည်း စိတ်ရှည် သည်းခံနိုင်တာ ကြောင့် တပည့်တွေ အားလုံး နီးပါးက ချစ်ခင် ရိုသေကြ ပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်နေ ရေယာဉ် ပိုင်ရှင် တစ်ဦးက ပြောသည်။ ထိုနေ့က စစ်ဆေးချက် အရ သေဆုံးသူသည် ၄င်း၏ နေအိမ် အပေါ်ထပ်ရှိ ထုပ်တန်း၌ အရှည် ၁၁ ပေခန့်ရှိ ဖြူ နီကျား နိုင်လွန်ကြီး ကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံး နေခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုတွင် မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို စစ်ဆေး ဆောင်ရွက် နိုင်ရန် ဒုတိယ ရဲအုပ် ရဲစိုးမိုး က တရားလိုပြု ၍ တိုင်တန်းခဲ့ရာ ကလေးဝ ရဲစခန်းက သေမှုသေခင်း အမှတ် ၃/၂၀၁၃ အရ ရေးဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ


Wednesday, August 21, 2013

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍ ရေမြောင်း သန့်ရှင်းရေး တူးဖော်နေကြစဉ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အနက်တစ်ပေခန့် မြေကြီးအတွင်းမှ ပွိုင့်-၃၀၃ ကျည်ဆန် ၂၅၅၀ တောင့်နှင့် ကျည်ဆန်အခွံ ၃၂၅ ခွံတို့ တူးဖော်တွေ့ရှိခဲ့ကြသဖြင့် ကလောမြို့နယ်မှူးရုံးသို့ သွားရောက် သတင်း ပေးပို့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဆွေဦးနှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက် လက်ခံယူခဲ့ကြသည်။

ထို့အတူ ကလောမြို့နယ် ပိန္နဲပင်ကျေးရွာ ပလောင်တောင်လိမ္မော်ခြံနေ စိုင်းကော်ခမ်း(ခ)အိုက်ကော် ဥယျာဉ်ခြံစောင့် လုပ်ကိုင်နေထိုင်သော လိမ္မော်ခြံ တွင် ဩဂုတ် ၁၆ ရက် နံနက် မိနစ် ၃၀ တွင်လည်း ကလောမြို့နယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေခဲ့ကြရာ အမ်-၁၆ဒင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၇ ဒသမ ၆၅ မီလီမီတာ (၃၂)ပစ္စတိုသေနတ် တစ်လက်၊ တစ်လက်မ ၉ မမ ကျည်ဆန် ၄၅ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည်ဆန် ၁၅ တောင့်၊ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန်အတောင့် ၁၃၀၊ ပွိုင့် ၃၀ မမ ကျည်ဆန် အတောင့် ၃၀၊ ပွိုင့်-၁၂ မမ ကျည်ဆန် ၁၄ တောင့်၊ BA- ၉၁ လက်ပစ်ဗုံး စနက်တံ နှစ်ခုနှင့် ကျည်ဆန်အိမ်မျိုးစုံ ၁၁ ခုတို့ကို ရှာဖွေသိမ်းဆည်းဖမ်းမိခဲ့ကြသည်။ အဆိုပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိသူ လိမ္မော်ခြံစောင့် စိုင်းကော်ခမ်း(ခ)အိုက်ကော်အား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(ဇော်သိန်းရီ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ


21-08-2013

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ “နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊ Hobart (Tasmania)၊ (Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina)၊ Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး (မြန်မာ)၊ Margaret River (သြစတေးလျ)၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ Chaingmai (ထိုင်း)၊ Christchurch (နယူးဇီလန်)၊ Dubblin (အိုင်ယာလန်)၊ Galenal(Illinois)၊ Victoria( British Columbia)၊ Auckland (နယူးဇီလန်)၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့် နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကားဖြစ်သည့် “မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်


Tuesday, August 20, 2013

လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။
မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။

ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင် တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေ စက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာ တတ်ကြပါတယ်။

အနှစ်ချုပ်

အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့
စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။
.
အောင်ခမ်း (TSJ team)

Related Posts Plugin for WordPress, Blogger...