
ဦးသန်းအောင်။ ဟုတ်ကဲ့၊ အခုလို ဆရာဆွေးနွေးသွားတဲ့အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သမိုင်းနောက်ခံလေးတွေကို မသိသေးတဲ့သူတွေလည်း သိသွားရသလို၊ သိရှိပြီးသားသူတွေအတွက်လည်း ပြန်လည် အမှတ်ရစေပါတယ်။ အသစ်ရေးမလား၊ ပြင်ဆင်မလား ဆိုတဲ့ စဉ်းစားစရာ၊ တွေးခေါ်စရာကိစ္စနဲ့ ပတ်သက်လို့ ဆရာရဲ့အမြင်လေးကို တင်ပြသွားတဲ့အတွက်ကြောင့် ပြည်သူတွေအများကြီး ဗဟုသုတရကြမှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ဆရာ ဒေါက်တာမနန်တူးဂျာက တိုင်းရင်းသားတွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိစေဖို့နဲ့...