Tuesday, October 22, 2013

(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံများမှ ပြိုင်ပွဲဝင် အသင်းသားများ ရောက်ရှိ




စင်ကာပူ သေနတ်ပစ် အသင်းအား
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ရှိသူများက
ကြိုဆို နှုတ်ဆက်ကြစဉ်


နေပြည်တော် ၊ ၂၂-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် လာအိုနိုင်ငံ သေနတ်ပစ် အသင်း မှ အသင်း အုပ်ချုပ်သူ Major Thongsamay Soukpaseuth ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ် အသင်း ၊ မလေးရှား နိုင်ငံမှ အသင်း အုပ်ချုပ်သူ Lieutenant Colonel Aminullah Bin Hj Omar ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ် အသင်း ၊ ထိုင်းနိုင်ငံ သေနတ်ပစ် အသင်းမှ အသင်း အုပ်ချုပ်သူ Colonel Wanchat ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ် အသင်း ၊ စင်ကာပူ နိုင်ငံမှ အသင်း အုပ်ချုပ်သူ Lieutenant Colonel Peter Chee ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ် အသင်း နှင့် အင်ဒိုနီးရှား နိုင်ငံ သေနတ်ပစ် အသင်းမှ အသင်း အုပ်ချုပ်သူ Major Achiruddin ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းတို့သည် မန္တလေးမြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ယမန်နေ့ နံနက်ပိုင်း နှင့် မွန်းလွဲပိုင်း တွင် အသီးသီး ရောက်ရှိရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှူးကြီး တင်မောင်ညွန့် နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက် ကြကြောင်း သိရသည်။



ထိုင်း သေနတ်ပစ် အသင်းအား
ပြင်ဦးလွင် မြို့ရှိ AARM VILLAGE တွင် တာဝန်ရှိသူများက
ကြိုဆို နှုတ်ဆက်ကြစဉ်



မလေးရှား သေနတ်ပစ် အသင်းအား
ပြင်ဦးလွင် မြို့ရှိ AARM VILLAGE တွင် တာဝန်ရှိသူများက
ကြိုဆို နှုတ်ဆက်ကြစဉ်

ထို့နောက် ညနေပိုင်းတွင် သေနတ်ပစ် အသင်းသား များသည် မော်တော်ယာဉ် များဖြင့် ပြင်ဦးလွင် မြို့ရှိ AARM VILLAGE သို့ ရောက်ရှိရာ ပြင်ဦးလွင် တပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်မြင့် နှင့် တပ်မတော် အရာရှိကြီး များက ကြိုဆို နှုတ်ဆက် ကြသည်။

အလားတူ ဗီယက်နမ် နိုင်ငံမှ အသင်း အုပ်ချုပ်သူ Senior Colonel Tran Van Trieu ခေါင်းဆောင်သော သေနတ်ပစ် အသင်းသည် ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှူးကြီး ခင်မောင်စိုး နှင့် တာဝန်ရှိ သူများ က ကြိုဆို နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...