Tuesday, October 22, 2013

AARM VILLAGE ရှိ စစ်ရေးပြကွင်း၌ အလံတင် အခမ်းအနား ကျင်းပပြုလုပ်





ပြင်ဦးလွင်မြို့ AARM VILLAGE ရှိ စစ်ရေးပြကွင်း၌
လာအိုနိုင်ငံ အလံတင် အခမ်းအနား ကျင်းပစဉ်


နေပြည်တော် ၊ ၂၂-၁၀-၂၀၁၃


ယမန်နေ့ ညနေ ၃ နာရီတွင် (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း) သေနတ်ပစ် ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည့် ပြင်ဦးလွင်မြို့ AARM VILLAGE ရှိ စစ်ရေးပြကွင်း ၌ လာအိုနိုင်ငံ အလံတင် အခမ်းအနား ကျင်းပ ပြုလုပ်ကာ အဆိုပါ နိုင်ငံ အလံအား လွှင့်တင်ခဲ့သည်။

အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မလေးရှားနိုင်ငံ အလံတင် အခမ်းအနား အား ကျင်းပ ပြုလုပ်၍ အဆိုပါ နိုင်ငံအလံအား လွှင့်တင် ခဲ့သည်။

အလံတင် အခမ်းအနားသို့ မြန်မာ့ တပ်မတော် အရာရှိကြီးများ ၊ လာအိုနိုင်ငံ တပ်မတော် သေနတ်ပစ် အသင်း နှင့် မလေးရှား နိုင်ငံ တပ်မတော် သေနတ်ပစ် အသင်းသို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)
You mig

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...