ကိုတိုးကြီး|ဖေဖော်ဝါရီ ၃၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် နာဂတိုင်းရင်းသား အမျိုးသားတစ်ဦးသည် နေအိမ်မှ ဆယ်ရက်ကြာ ပျောက်ဆုံး သွားခဲ့ပြီး တမူးမြို့၏ အရှေ့တောင်ဘက် တစ်မိုင်နှင့် လေးဖာလုံခန့်အကွာရှိ တောတွင်းတစ်နေရာတွင် ပုပ် ပွနေသည့်အလောင်းကို ဇန်န၀ါရီ ၃၁ ရက်က ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူမှာ တမူးမြို့၊ မြို့မ အမှတ် (၁၃) ရပ်ကွက်နေ ကိုဆလိုက်စီ အသက် (၃၄)နှစ်ဆိုသူ ဖြစ်သည်။ ထိုသူ၏ ပုပ်ပွနေသော အလောင်းအား (၁၄/ခ)ရပ်ကွက်နေ ဦးအေးဖေဆိုသူက သူ၏ အခင်းတော၌ သစ်ခုတ်ရန် သွားရောက်စဉ် အင်တောအတွင်း ချောက်ကမ်းပါးတွင် ပေါက်နေသည့် သခွပ်ပင်ပေါ်တွင် အဆိုပါ အလောင်းအား စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဦးအေးဖေက ဆယ်အိမ်စုမှူး ဦးမောင်စန်းထံပြောပြခရာ ဆယ်အိမ်စုမှူးမှတစ်ဆင့် တမူးမြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်လက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြောင်းကြားချက်များအရ ရဲစခန်းက ထိုအရပ်သို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များ အရ သေဆုံးနေသူမှာ အပြာရောင် လျှပ်စစ်ဝိုင်ယာကြိုး အသုံးပြု၍ ဆွဲကြိုးချသေဆုံးနေခြင်းဖြစ်ပြီး၊ ထိုသူ၏ ခန္ဓာကိုယ်မှာ ပုပ်ပွညိုမဲလျက် ရဲဌာနက စိစစ်တွေ့ရှိခဲ့သည်။ ရဲစခန်းက အဆိုပါလူသေဆုံးမှုအား သေမှုသေ ခင်းအမှတ်စဉ် (၂/၂၀၁၄)အရ အမှုရေးဖွင့်ထားသည်။









ချက်ချင်းမသတ်စားပါဘူး။ အထီးပင့်ကူနဲ့ အရင်ဆုံး မိတ်လိုက် ပါတယ်။ ပြီးတော့ စိတ်တိုင်းကျပြီဆိုမှ ယင်း ပင့်ကူအထီးကို သတ်စား ပါတယ်။ Sexual cannibalism လို့ခေါ်တဲ့ လုပ်ဆောင်ချက် မျိုး ဖြစ်ပြီး Black Widow မှာ ပါတဲ့ အဆိပ်ကို အသုံးချပါတယ်။ ယင်းအဆိပ်က အမျိုးတူ Latrodectus ပင့်ကူ အထီး တွေထက် သုံးဆပိုပြင်းပါတယ်။


















