Sunday, March 23, 2014

အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိလို့ မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ ၁နှစ် အယောက် ၁၀၀ခန့်ရှိ

ရင်သားထဲက အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိတာကြောင့် မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ အရေအတွက်ဟာ ၁နှစ်မှာ အယောက် ၁၀၀ခန့်ရှိပါတယ်။ဒီအမျိုးသမီးတွေဟာ သားမြတ်ကို ဖြတ်ထုတ်ခံရမယ့်အစား ကုသမှုခံရ သင့်တယ်လို့ သုတေသနရပ်က သက်သေပြပါတယ်။တချို့သော ဆေးရုံတွေမှာ သားမြတ်ဖြတ်ထုတ်တဲ့ ကိစ္စတွေထဲက ၆၀ရာခိုင်နှုန်းဟာ ၂၀ မီလီမီတာ (သုည ဒဿမ ၈ လက်မ) သာ အကျယ်ရှိပြီး အလွန်သေးငယ်တ့ အကျိတ်ဖုပဲဖြစ်ပါတယ်။ဒီသုတေသန ရလဒ်ကို မတ်လ ၂၁ရက်နေ့မှာပဲ လူထုကြားချပြခဲ့ပါတယ်။ ductal carcinoma...

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO အခုတော့ ၀န်ခံခဲ့ပြီ...

လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားတယ်ဆိုတဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ...

ရင်သားကြီးအောင်လို့ Vaseline အဆီထိုးထည့်ပြီးနောက် အဆုတ်ထဲသွေးခဲပြီး သေဆုံးသွားခဲ့သူ

အာဂျင်တီးနားနိုင်ငံက အသက် ၃၉ နှစ်အရွယ် အပျော်တမ်းအားကစားသမား ဆိုနီယာ ပီရက်ဇ် ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လက ဆေးရုံကို အသက်ရှုရခက်ခဲတဲ့ပြဿနာကြောင့် ရောက်ရှိလာခဲ့တာပါ။ ပထမတော့ သူမဟာ ဆရာဝန်တွေရဲ့ မေးမြန်းချက်တွေကို အကုန်ငြင်းဆန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်သားကြီး အောင်လို့ Vaseline အဆီကို ရင်သားထဲ မိမိဘာသာထိုးထည့်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။အခုတော့ သူမဟာ အဆုတ်ထဲမှာသွေးခဲတဲ့ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံမှာပဲသေဆုံးသွားခဲ့ပါပြီ။ ဗြူနိုအေးရိစ် မြို့ အနောက်တောင်ဘက်...

သင်္ကြန် သီချင်းသံတွေကြားရင် ပျော်တယ်လို့ဆိုတဲ့ သွန်းသစ္စာဇော်

Photo Model တွေထဲမှာ ခုနာမည်တော်တော်လေး ရလာတဲ့ မော်ဒယ် သွန်းသစ္စာဇော်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘ညီမ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ MTV ရိုက်ဖြစ်တယ်။ ညီမက Photo Model ဆိုတော့ မဂ္ဂဇင်းသီးသန့်ပဲ ရိုက်ဖြစ်တယ်ပေါ့နော်။’ လို့ သူမက ပြောပါတယ်။မကြာခင် ကျရောက်တော့မယ် အတာသင်္ကြန်အတွက် သူမရဲ့ စိတ်ခံစားချက်နဲ့ ဖက်ရှင် အကြောင်းကိုလည်း သူမက ‘သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ်။ သင်္ကြန်မကျခင်ကတည်းက...

သူနဲ့ စေ့စပ်ပြီးတဲ့အခါ သင်ကိုယ်တိုင် ပြောင်းလဲသွားနိုင်တဲ့ အချက်များ

လူတစ်ယောက်ဟာ အိမ်ထောင်မပြုသေးခင် စေ့စပ်လိုက်ပြီဆိုကတည်းက အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီလို ပြောင်းလဲသွားတဲ့အရာတွေထဲက တစ်ချို့ကို ထုတ်နုတ်ကြည့်ရရင် ၁။ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့စတင်လုပ်ဆောင်တော့တာပဲ။ အိမ်ထောင်မပြုရသေးပေမယ့် အိမ်ထောင်ကျသွားသလိုကို ကလေးဘယ်နှစ်ယောက်ယူမယ်၊ ငွေကို ဘယ်လိုစုမှ ဖြစ်မယ် စသဖြင့် တွေးတောလာကြပြီမို့ ပြုမူနေကျ အမူအကျင့်တွေကို ပြောင်းလိုက်ကြပါတယ်။ ၂။အရင်က သီးခြားနေတတ်တဲ့ ကိုယ့်ချစ်သူရဲ့...

လက်တွေ့မှာ စီးဖို့ အဆင်မပြေတဲ့ ထူးဆန်းတဲ့ ဖိနပ်ဒီဇိုင်းများ

နိုင်ငံတကာမှာ ကျင်းပပြုလုပ်တဲ့ တစ်ချို့ဖက်ရှင်ရှိုးတွေကြည့်မိရင် ကိုယ့်စိတ်ထဲမှာ သူတို့ဒါတွေကို အပြင်မှာ ဘယ်လိုများဝတ်မှာလဲဆိုတဲ့ မေးခွန်းမျိုး ခဏခဏ ပေါ်လာဖူးမှာပါ။ တစ်ခါတစ်လေ အံ့သြမှင်သက်ရတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ နောက်နှစ်ပေါင်းများစွာမှာ ခေတ်စားလာဖွယ်ရှိတယ်လို့ ဆိုပေမယ့် ခုချိန်ကတည်းက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခေါင်းခါမိတဲ့ ဒီဇိုင်းတွေလည်း အများကြီးရှိပါတယ်။ ခုလည်း လက်တွေ့မှာ တကယ်စီးရမလွယ်တဲ့ ဖိနပ်ဒီဇိုင်းတွေ ပေါ်ပေါက်လာခဲ့ပါပြီ။ အဲ့ဒီ ဒီဇိုင်းတွေထဲ...

Related Posts Plugin for WordPress, Blogger...