Sunday, March 23, 2014

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO အခုတော့ ၀န်ခံခဲ့ပြီ...




လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားတယ်ဆိုတဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစား တူကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...