Sunday, August 25, 2013

Myanmar Academy Award Winner- Chit Snow Oo


myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

myanmar academy award winner chit snow oo

ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦးအား ကာအိနြေ္ဒပျက်ပြားအောင် ပြု လုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား



စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက ကာအိနြေပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊

တာဝန်ရှိသူများက အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကား ရန် ကြိုးစားခဲ့ကြောင်း၊

ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အခိျု့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြားခဲ့ကြောင်း သိရှိရသည်။

( သတင်းစဉ်)
ပြန်ကြားရေးဝန်ကြီးဌာန

ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို



ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြု လုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံး သိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

“အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည် သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း



သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။


ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာ ရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်းကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄၀၀၀ဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့ Gas မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operator အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ရင့်ကျက်တယ်ဆိုတာ....


ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။
အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊
ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။
ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။
လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့
လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ
တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊
မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့
အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

I Miss You
WT

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ များရဲ့ တာဝန်

ဦးရဲထွဋ် ၏ ဖြေကြားခြင်း


သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ တင်ပြချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းဆွေးနွေးချက်အပြည့်အစုံ ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီနေ့ည ၈ နာရီ သတင်းအပြီးမှာ အပြည့်အစုံ ထုတ်လွှင့်ပေးခဲ့ပါတယ်။

အဲဒီလိုထုတ်လွှင့်တာနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက ကျွန်တော့်ကို ဘာ့ကြောင့် အပြည့်အစုံ ပြန်လည်ထုတ်လွှင့်ပေးရတာလဲ၊ အဲဒီလို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော့်အနေနဲ့ ဘယ်လို မြင်သလဲလို့ မေးခဲ့ပါတယ်။

ဒီမေးခွန်းကို ကျန်မီဒီယာများကလည်း မေးလာနိုင်တဲ့အတွက် မေးလာသူကို ကျွန်တော့်ရဲ့ Facebook ပေါ်ကနေပဲ အားလုံးအတွက်ဖြေပေးပါ့မယ်လို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ပထမမေးခွန်းအတွက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ သမ္မတကြီးရဲ့ မူဝါဒအတိုင်း ပြည်သူ့ဗဟိုပြုမူဝါဒကို အကောင်အထည်ဖော်နေပါတယ်၊ ဒါ့ကြောင့် ပြည်သူတွေက အတိအကျ အပြည့်အစုံ သိချင်တယ်လို့ အကြံပြုလာတဲ့ အတွက် အပြည့်အစုံ ပြန်လည်ထုတ်လွှင့်ပေးရတာဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။

ဒုတိယမေးခွန်းနဲ့ အတွက် ကျွန်တော်ဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ တာဝန်ထမ်း ဆောင်နေသူဖြစ်တဲ့ အတွက် ဥပဒေပြုရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက် အပေါ်မှာ ဘာမှ မှတ်ချက်မပေးလိုပါဘူး၊

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်ထားတဲ့ သမ္မတ၊ ဒုတိယသမ္မတများနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်ကဲ့သို့သော ပုဂ္ဂိုလ်များကို အရည်အချင်းပျက်ယွင်းတယ်လို့ ယူဆရင် လွှတ်တော်က စွတ်စွဲပြစ်တင်ပြီး တာဝန်မှ ရုပ်သိမ်းနိုင်တဲ့ ပြဋ္ဌာန်းချက်များပါဝင်ပါတယ်၊

အဲဒီလိုပဲ ပြည်သူက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူက တာဝန်ကပြန်လည် ရုပ်သိမ်း နိုင် ခွင့်ပေးထားတဲ့ ပုဒ်မ ၃၉၆၊ ၃၉၇ တို့ပါဝင်ပါတယ်၊

အခု ပြည်သူ့လွှတ်တော်ကဆိုင်းငံဖို့ ဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ပုဒ်မ ၃၉၆၊ ၃၉၇ ပါ အခွင့်အရေးများကို ပြည်သူက ကျင့်သုံးနိုင်အောင် ရည်ရွယ်ရေးဆွဲထားတဲ့ အခြေခံဥပဒေပါအခွင့်အရေးများကို ကျင့်သုံးနိုင်ဖို့ ရေးဆွဲထားတာဖြဖစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့လွှတ်တော်က ဒီဥပဒေကြမ်းကို အခြေအနေအရပ်ရပ်ကို ထည့်သွင်း စဉ်းစားပြီး ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်မှုဟာ သင့်တော်၏၊ မသင့်တော်၏ လို့ ဆုံးဖြတ်ရမှာ က ပြည်သူများပဲဖြစ်ပါတယ်။ အဲ ပြည်သူများအနေနဲ့ ချင့်ချိန်ဆုံးဖြတ်နိုင်အောင် အခြား ဒီမိုကရေစီနိုင်ငံများမှ ကျင့်သုံးနေတဲ့ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ Recall Vote များနဲ့ နှိုင်းယှဉ်သုံးသပ်တင်ပြရမှာက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ များရဲ့ တာဝန်သာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။

ဦးရဲထွဋ် ဖေ့ဘွတ်ခ်  စာမျက်နှာမှ ပြန်လည်ဖော်ပြသည်။

အီဂျစ် မွတ်စလင် အစွန်းရောက် သမ္မတ မိုဟာမက် မော်စီ လက်ထက်မှာ ၉ နှစ်သမီး အရွယ်ကို လက်ထပ်နိုင်ဖို့  ဥပဒေ ပြင်ဆင်ရန်မအောင်မြင်

အီဂျစ် မွတ်စလင် အစွန်းရောက် သမ္မတ မိုဟာမက် မော်စီ လက်ထက်မှာ
၉ နှစ်သမီး အရွယ်ကို လက်ထပ်နိုင်ဖို့  ဥပဒေ ပြင်ဆင်ရန် ကြိုးစားခဲ့တာ
မအောင်မြင်ခဲ့ပါ။

အီဂျစ်နိုင်ငံ၏ အခြေခံ ဥပဒေအသစ် ပြင်ဆင်ရေးဆွဲရေးကော်မီတီမှာ ပါဝင်သူ တစ်ဦး ဖြစ်တယ့် အစ္စလာမ်
ဘာသာရေးဆရာ Yassir Barhami ဟာ မိန်းခလေးများလက်ထပ်နိုင်သော အသက်အရွယ်ကို ၁၈ နှစ်မှ
၉ နှစ်အထိ လျှော့ချဖို့ တိုက်တွန်း အကြံပြုခဲ့ပါတယ်။

သူ ဟာ ကုရ်အာန်ကို ကိုးကားပြီး ပြောဆိုပါတယ်၊ကုရ်အာန်မှာ ပါရှိတယ့် အတိုင်း မိန်းခလေးများဟာ
၁၄ နှစ် ဆိုရင် ကလေးမွေးသင့်ပြီ၊ ၉ နှစ်၊ ၁၀ နှစ်အရွယ်ဆို လက်ထပ်သင့်ပြီလို့ ဆိုပါတယ်။

အီဂျစ်စစ်တပ်သာ အာဏာသိမ်းပြီး မော်စီကို ဖယ်ရှားခြင်း မလုပ်ခဲ့ဖူးဆိုရင်အီဂျစ်နိုင်ငံဟာ Muslims Brotherhoods ဦးဆောင်သော မွတ်စလင်အစွန်းရောက်များရဲ့ လက်အောက်မှာ အေဒီ ခြောက်ရာစု
ဆီကို ပြန်ဆွဲခေါ်ယူခြင်း ခံရတော့မှာ သေချာပါတယ်။

Khin Mg Ye Sein
________________________________________________________
An ultraconservative Egyptian cleric– who is part of the committee drafting Egypt’s new constitution– is suggesting the country drastically lower the age limit at which girls can marry, Egyptian media is reporting.

According to BikyaMasr, cleric Yassir Barhami cited the Koran in stating that once a girl begins menstruating, usually around 14-years-old, she should begin having children.

Therefore, he reportedly explained, “it is permissible for the girl at the age of 9 or 10 to marry.”

မူရင်းလင့်= http://www.theblaze.com/stories/2012/09/29/will-new-democratic-egyptian-constitution-allow-9-year-old-girls-to-marry/

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း အတိအကျ



ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။

ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။

ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။

တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံ အား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။

သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေ မျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMCမူးဘောင်မှ ရေဖြည့်ခြင်း ကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျှက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

ဆိုင်ကယ်နှင့် ဆယ်ဘီးယာဉ် တိုက်မှုဖြစ်ပွား



တောင်ငူ သြဂုတ် ၂၃

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာအုပ်စု ရွာသာယာကျေး ရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်(၁၃၇/၄)နှင့် (၁၃၇/ ၅) အကြားတွင် ယမန်နေ့ နံနက် ၅ နာရီခွဲက ဆယ်ဘီးယာဉ်နှင့် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း နန်းဝင်းအောင် ၂၆ နှစ် (ဘ)ဦးဝင်းဌေး ကံကြီးကုန်း ကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် လ/---- ထရပ် (၁ဝ)ဘီး အပြာရောင် ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ နေမျိုး ၃ဝ နှစ် (ဘ)ဦးထွန်းဝင်း ဆည်မြောင်းဝင်း ဖြူးမြို့နေသူ မောင်းနှင်ပြီး နောက်တွင် အောင်ကျော်မိုး ၃၇ နှစ်(ဘ)ဦးသက်တင် လိုက်ပါ စီးနင်းလာသည့် ဆိုင်ကယ်အမှတ် ၁၉ယ/---- လော်ဂျား-၁၁ဝ အနက် ရောင်နှင့် မျက်နှာချင်းဆိုင် တိုက်မိရာ နေမျိုးမှာ ဝဲဘက်ချိုစောင်း သွေးထွက်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံး ခဲ့ပြီး အောင်ကျော်မိုး တွင် ယာမျက်ခုံးပေါက်ပြဲ၊ ယာမျက်လုံး ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးရဲစခန်းမှ (ပ) ၁၄/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိ သည်။

မော်တော်ယာဉ် ဘရိတ်ပေါက်၍ လမ်းဘေး ထိုးကျ



တောင်ကုတ် သြဂုတ် ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စွပ်ပစ်ကျေးရွာ အနီး တောင်ကုတ်-ပန်းတောင်း ကားလမ်း မိုင်တိုင် အမှတ် (၅ဝ/၂) တွင် ယမန်နေ့ ညနေ ၅ နာရီက မော်တော်ယာဉ် တစ်စီး လမ်းဘေး ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း နိုင်နိုင် (ခ) ကိုကိုနိုင် ၂၄ နှစ်(ဘ)ဦးကျော်သိန်း ဥသျှစ်ပင် (၅)ရပ်ကွက် ပြည်တော် လမ်း ပန်းတောင်းမြို့နယ် နေသူသည် ကားပေါ်တွင် ဆန်အိတ် ၁၅ဝ တင်ဆောင် လျက် ယာဉ်နောက်လိုက် သိန်းဇော် ထွန်း ၂၈ နှစ် (ဘ)ဦးမြင့်အောင် ဥသျှစ်ပင် ရွှေပင်ရပ်ကွက် မာလာမြိုင်လမ်း ပန်းတောင်းမြို့ နေသူနှင့်အတူ တောင်ကုတ်မှပန်းတောင်းသို့ မောင်းနှင်လာရာ စွပ်ပစ်ရွာ အနီးတွင် ကားဘရိတ်ပေါက်၍ ကားလမ်း ဝဲဘက်ဘေးရှိ ချောက်ထဲ သို့ ထိုးကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကုတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၆/၂ဝ၁၃ ပြစ်မှုပုဒ်မ-၂၇၉ အမှုရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

နယ်ဝယ်လက်များကြောင့် ရန်ကုန် ကားဈေးကွက် အရောင်း အဝယ်တက်


ရန်ကုန် သြဂုတ် ၂၄

အရောင်း အဝယ် အေးနေသည့် ရန်ကုန် ကားဈေးကွက် အတွင်း၌ နယ်ဝယ်လက် အချို့၏ ဝယ်ယူ မှုကြောင့် အရောင်းအဝယ် အနည်းငယ် ပြန်လည် ကောင်းမွန် လာကြောင်း ရန်ကုန်


ကားဈေးကွက် အတွင်းမှ စုံစမ်း သိရှိ ရသည်။

ရန်ကုန် ကားဈေးကွက် အတွင်း လွန်ခဲ့သော ရက်ပိုင်းများ အတွင်းက ဝယ်ယူမည့်သူ မရှိဘဲ အရောင်း အဝယ် အေးစက် နေခဲ့ပြီး ကား ရောင်းချ လိုသူ များသာ များပြား နေသောကြောင့် အရောင်း အဝယ်များ မရှိ သလောက် နည်းပါး ခဲ့ကြောင်း မော်တော်ယာဉ် အကျိုးဆောင်များ ထံမှ သိရသည်။

''အခု ရက်ပိုင်း အတွင်းမှာ အရောင်းအဝယ် နည်းနည်း ပြန်ကောင်း လာတယ်။ ကား ရောင်းချ လိုသူတွေ အတွက် အခြေအနေ၊ အခွင့်အရေး နည်းနည်း ပြန်ပေးလာတယ်။ ကားရောင်းတဲ့ သူတွေ ကတော့ ဈေးနည်းနည်း လျှော့ပြီး ရောင်းနေ ရတာပေါ့။ နယ် ဝယ်လက်တွေရဲ့ ဝယ်ယူ မှုကြောင့် ရန်ကုန် ကားဈေးကွက် အခြေ အနေ ပြန်ကောင်း လာပါတယ်'' ဟု လုပ်သက်ရင့် ကား အကျိုးဆောင် ဦးမောင်က ပြောကြား ခဲ့သည်။

နယ်ဝယ်လက်များ အကြိုက် တွေ့ပြီး ဝယ်ယူမှု များသည့် ကား အမျိုး အစားများမှာ ငွေကျပ်သိန်း ၁၅ဝ ပတ်ဝန်း ကျင်ရှိ Mark II ရွှေငါး၊ ဟာရီရာ၊ ဆက်ဖ် အစရှိသော ကားများ ဖြစ်ပြီး ငွေကျပ်သိန်း ၁၈ဝ ဝန်းကျင် ကားများမှာ ပို၍ အရောင်းအဝယ် ကောင်းမွန် နေကြောင်း သိရသည်။

ထက်နေ

ဘိုလီဗီးယား နိုင်ငံရှိ အကျဉ်းထောင် တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွား ၂၉ ဦးသေဆုံး



လာပါ့ဇ် သြဂုတ် ၂၄

ဘိုလီဗီးယား နိုင်ငံ အရှေ့ပိုင်း ဆန်တာခရုဇ်မြို့ရှိ အကျဉ်းထောင် တစ်ခုတွင် သြဂုတ် ၂၃ ရက် အစော ပိုင်းက အဓိကရုဏ်း တစ်ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၂၉ ဦး သေဆုံး၍ အခြားလူ ၅ဝ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ယင်း အဓိကရုဏ်းသည် ပါမာဆိုလာ အကျဉ်းထောင်တွင် ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၎င်းအကျဉ်းထောင်ရှိ အကျဉ်းသား များအား ထိန်းချုပ်ရန် ထောင် အာဏာပိုင် များက ခန့်အပ်ထားသည့် အကျဉ်းသားများ အကြား အငြင်းပွား ခဲ့ရာမှ ယင်းကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဓိကရုဏ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာ ရရှိသူများအား ဒေသတွင်း ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး ၎င်းအခြေ အနေကို အကျဉ်းထောင် တာဝန်ရှိသူများက ထိန်းသိမ်း၍ သေဆုံးသူ ရုပ်အလောင်း များအား မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ထုတ် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးဖြစ်သူ ဂျော့အရာစီနာက ပြောကြား ခဲ့သည်။ အဆိုပါ အကျဉ်းထောင်သည် အကျဉ်းသား အများအပြားကို အဆမတန် ချုပ်နှောင် ထားပြီး ထောင်အတွင်း ၌ အကျဉ်းသား ၃၅ဝဝ ခန့် ရှိကြောင်း သိရသည်။

(အင်တာနက်)

အမေရိကန် ပြည်ထောင်စုတွင် အမျိုးသား တစ်ဦး ခုနစ်လွှာ အထပ်မြင့်မှ ပြုတ်ကျ သော်လည်း အသက်ဘေးမှ လွတ်မြောက်



ဝါရှင်တန် သြဂုတ် ၂၄

အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ် ဖီလာဒဲဖီးယားမြို့ ရစ်တန်ဟောက်စ် ရင်ပြင်ရှိ အဆောက် အအုံတစ်ခု၏ အထပ်မြင့် ခုနစ်လွှာမှ သြဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်က ပြတင်းပေါက် သန့်ရှင်းရေး သမားတစ်ဦး ပြုတ်ကျ ခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေး သမားသည် Rittenhouse Claridge အဆောက်အအုံရှိ အထပ်မြင့် ခုနစ်လွှာ အပြင် ဘက်တွင် ပြတင်းပေါက်ကို ဆိုင်းကြိုး အသုံးပြု၍ သန့်ရှင်းရေး ပြုလုပ် နေစဉ် ပြုတ်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ဖီလာဒဲဖီးယား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

၎င်း သန့်ရှင်းရေး သမားသည် အမှိုက်အိတ်ကြီး တစ်ခုပေါ် ပြုတ်ကျ ပြီးမှ မြေပြင် ပေါ်သို့  ပြုတ်ကျ ခဲ့ခြင်း ဖြစ်ဟန် တူကြောင်း၊ ယင်းနောက်တွင် အရေးပေါ် ဌာနသို့ မိမိက အကြောင်း ကြားခဲ့ကြောင်း မျက်မြင် တစ်ဦးက ပြောကြား ခဲ့သည်။ အထပ်မြင့်မှ ပြုတ်ကျ ခဲ့သော အဆိုပါ သန့်ရှင်းရေး သမားသည် သတိ မေ့ သွားခြင်း မရှိကြောင်း၊ ဆေးဘက် အဖွဲ့၏ အကူ အညီဖြင့် ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ယခုအခါ ၎င်း၏ အခြေ အနေမှာ စိတ်ချ ရသော အနေ အထားတွင် ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သန့်ရှင်း ရေးလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ စိတ်ချ ရမှုရှိ၊ မရှိကို စစ်ဆေးရန် မြို့တော် စစ်ဆေးရေး အဖွဲ့က အဆိုပါ နေရာသို့ လာရောက် စစ်ဆေး ခဲ့ကြကြောင်း မီးသတ် ဌာန၏ ပြောကြားချက် အရ သိရသည်။

(အင်တာနက်)

ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို မယူဘူး၊ အသေခံသွားမယ် ဆိုတဲ့ မြင့်မြတ်


Sunday, August 25, 2013

လတ်တလောမှာ မြင့်မြတ်တစ်ယောက် အသည်းရောဂါနဲ့ ဆေးရုံတင်နေ
ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သြဂုတ်23ရက်က အမျိုးသားကဇာတ်ရုံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြဇာတ်မှာ ပါဝင်ကပြနေတဲ့
မြင့်မြတ်ကို ကျန်းကျန်းမာမာနဲ့တွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး
သူက ပရိသတ်တွေကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်``

ဒီသတင်းက တော်တော်လေးပြောနေကြတယ်။ တချို့ဆို သေပြီလို့တောင် ပြောကြတာလေ။ အဲဒီသတင်းတွေ လုံးဝ
မဟုတ်ဘူး။ ကျွန်တော်စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်ရေးတွေနဲ့ ပုံမှန် ဇာတ်ကားတွေ ရိုက်နေတယ်။ အဓိကပြောချင်တာကတော့ ကျွန်တော်
နေကောင်းပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အခုလို စိတ်ပူပေးကြတဲ့ ပရိသတ်
တွေကို အရမ်းကျေးဇူးတင်တယ်။ ၀မ်းလည်းသာတယ်။ အသည်းရောဂါဖြစ်
နေတယ်ဆိုပြီး ဖုန်းဆက်ကြတယ်။ မက်ဆေ့ခ်ျပို့ကြတယ်။ ပရိသတ်တွေ လှမ်းမေးကြတော့ ကြားကြားချင်း ထွေထွေထူးထူး ဘာမှ တော့ မခံစားရ
ပါဘူး။ တကယ်နေမကောင်းဖြစ်ရင် ပရိသတ်ကို အသိပေးမှာပါ။

ကျွန်တော့်ကို အသည်းလှူရင် ဘာပေးမယ်၊ ညာပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် မကောင်းဘူးလေ။ တကယ်ဖြစ်ခဲ့ရင်လည်း သူများ
ဆီက အသည်းတစ်ခြမ်းကို ကျွန်တော်မယူရက်ဘူး။ ဖြစ်ရင်လည်း အသေပဲ ခံသွားမယ်´´လို့ ပြောကြားခဲ့ပါတယ်. ..

Sunday Journal

ကမ္ဘာကျော် Cardillac Escalade အမေရိကန်ကား၏ အဆင့်မြင့် နည်းပညာကြောင့် လူကြိုက်များ



Sunday, August 25, 2013

Cardillac Escalade onf Full Size Lu- xury SUV ကားအမျိုးအစားဖြစ် ပြီး အမေရိကန်ကားကုမ္ပဏီ General Motors လက်အောက်ရှိ Luxury Brand တစ်ခုဖြစ် ကာ ၁၉၉၉ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Cardillac Esca-lade ကို New GMT 900 Platform ဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့သည်။ ယင်းတွင် အလူမီနီယံ 6.2L Vortec V8 အင်ဂျင်၊ VVT Nonover head အင်ဂျင် မြင်းကောင်ရေ အား ၄၀၃ကောင်အားစနစ်ကို တပ်ဆင်ထားသည်။ Transmis-sion အဖြစ်New 6 Speed Auto- matic ကိုအသုံးပြုထားသည်။

Cardillac သည် ကမ္ဘာကျော် ကားတစ်စီးဖြစ်သည့်အလျောက် နောက်ဆုံးပေါ်နည်းပညာများကို စုံလင်စွာထည့်သွင်းထားသည်။ အ ပူချိန်ထိန်းညှိနိုင်သည့် သားရေ ထိုင်ခုံ၊ အဝေးထိန်းရီမုဒ်ဖြင့် ကား အင်ဂျင်စက်နှိုးနိုင်သည့်စနစ်၊ CD ခြောက်ချပ်ထည့်သွင်း နိုင် သည့် CD Player ၊ ပြင်ပအပူချိန်ကို တိုင်း တာနိုင်သည့်စနစ်များ စသည့် နောက်ဆုံး ပေါ် နည်းပညာများ အပြင် Trizone Automatic Cli-mate Control? Real Leather and Wood Wrapped Steering Wheel with Controls? Cruise Control စသည်တို့ လည်း ပါဝင်သည်။

Escalade သည် အဆင့် မြင့် လုံခြုံရေးစနစ်များကိုလည်း ထည့်သွင်းထားပြီး Bluetooth Hands Free Interface Sa-tellite Navigation System With Instant Traffic and Re- routing? Side Zone Blind Sport စသည့်စနစ်များလည်း ပါဝင်သည်။

Escalade သည် လူခုနစ်ဦး သက်သောင့်သက်သာလိုက် ပါစီးနင်းနိုင်သည့် ကျယ်ဝန်းလှပ သော အတွင်းခန်းအားသာချက် ရှိသည်။ Cardillac Escalade သည် ဈေးနှုန်းအားဖြင့် မြင့်မား သော်လည်း ယင်းကား၏စွမ်းဆောင် ရည်များနှင့် ထူးဆန်းလှပသော အသွင်အပြင်များရှိသောကြောင့် ပေးရသည့်တန်ဖိုးနှင့် ထိုက်တန် သော အမေရိကန်ထုတ်ကားတစ် စီးဖြစ်သည်။

တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ချင်းပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်၊ အအောက်အဦများ ပျက်စီး


Sunday, August 25, 2013

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာတွင၂၂-၈-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်းသို့ ရေ ၃၀ စင်တီမီတာ ခန့် မြင့်တက်ခဲ့သဖြင့် အိမ်ခြေ ၄ လုံး၊ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၇ ဦးတို့အား ရေလွတ်သည့် ဆွေမျိုးများထံ ရွှေ့ပြောင်းပေးခဲ့သည်။ ၁၂၃၀ ချိန် သစ်သားတံတား(အဟောင်း) အရှည်ပေ ၄၂၀ သည် ဒီရေလှိုင်းပုတ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရာ တန်ဘိုး ၄၂ သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ပြီး ၂၃-၈-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၄ စုသည် ၄င်းတို့နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်း ရဲဇာနည်မှ သိရသည်။

၂၃-၈-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် (၈၈၈)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး စိုးရိမ်ရေအမှတ်(၉၁၀) စင်တီမီတာအောက် (၂၂)စင်တီမီတာခန့်ထိ မြင့်တက်ခဲ့သဖြင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သော ကျောက်ကြီးစု၊ ရွာသစ်၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ဇိုင်းမြောက်နှင့် ဥဿာမြို့သစ် ရပ်ကွက်(၇)ခုတို့တွင် ရေ ၁ ပေခွဲမှ ၅ ပေခန့်ထိ ၀င်ရောက်လျက်ရှိရာ ကလျာဏီရပ်ကွက်မှ အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၂၁၃ ဦး တို့အား ကလျာဏီရပ်ကွက်၊ ကလျာဏီသိမ်ဘုန်းကြီးကျောင်း သို့ ခေတ္တယာယီပြောင်းရွှေ့ထားသည်။

၁၅၃၀ အချိန် ကျွန်းသာယာရပ်ကွက်ရှိ ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိလျက်ရှိသော ရေဘေးဒုက္ခသည် အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၆၆ ဦးတို့အား ပရဟိတဥူးကိတ်္တိကျောင်းတိုက် ဆရာတော် ဥူးကိတိ္တမှ ဆန် ၁၅ အိတ်၊ ယမ်ယမ်ခေါက်ဆွဲ ၉၀၀ ထုပ်၊ ပုဇွန်ငါးပိ ၁၅၀၀ ဗူးတို့အား လှူဒါန်းခဲ့ပြီး ကျန်ရှိခေါက်ဆွဲထုပ်နှင့် ပုဇွန်ငါးပိဗူး များအား ရွှေနံ့သာကျောင်းထိုင် ဆရာတော် ဥူးကောသံလထံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အလားတူ ထိုနေ့ ၁၆၀၀ ချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လိုင်ဇိုးရွာနှင့် ဇာလိုင်ရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လိုင်ဇိုးရွာတွင်နေအိမ် ၁လုံး၊ ဇာလိုင်ရွာတွင် နေအိမ် ၃လုံး၊ စုစုပေါင်း ၄လုံးပြိုကျပျက်စီးခဲ့သဖြင့် တန်ဘိုးငွေကျပ်(၅၁)သိန်း ဆုံးရှုံးခဲ့သည်။

၂၀၃၀ အချိန် မြေပြိုမှုဖြစ်ပွားသည့်နေရာသို့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့် ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ရောက်ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ၂၄-၈-၂၀၁၃ ရက်နေ့ ၁၁၀၀ မှ ၁၃၀၀ ချိန်ထိ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေတက်မှုကြောင့် (၁၂)ရပ်ကွက်အတွင်းရှိ လမ်းကြားများအတွင်း ရေအမြင့် ၄ ပေခန့် ရောက်ရှိခဲ့ရာ အိမ်ခြေ ၁၃၇ လုံးခန့်ရေနစ်မြုပ်နေသဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များမှ ရေနစ်မြုပ်နေသည့် အိမ်ထောင်စုများအား မဇ္ဇျိမသုခလမ်းရှိ ရွှေပြည်သာ ရွာမကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

အလားတူ ၁၃၀၀ မှ ၁၅၀၀ ချိန်ထိ (၁၄)ရပ်ကွက်နှင့် (၁၆)ရပ်ကွက်များအတွင်းရှိ မြေအနိမ့်ပိုင်းများတွင် ရေအမြင့် ၃ ပေခန့်နစ်မြုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ရုံး မှ တပ်ဖွဲ့ဝင်များက ရေနစ်မြုပ်သည့်အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၆၀၈ ဦးတို့အား ရေလွတ်ရာ တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့လည်းကောင်း၊ (၁၄)ရပ်ကွက်ရှိ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၆၆ ဦးတို့အား ပန်းခြံ(၁၃)ရှိ ဓမ္မာရုံနှင့် ပန်းခြံ(၁၄)ရှိ ဓမ္မာရုံတို့တွင် အသီးသီးပြောင်းရွှေ့ ပေးခဲ့သည်။

၁၆၃၀ အချိန် မိုးထပ်မံရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း ရေအမြင့် ၃ ပေခန့် မြင့်တက် လာသဖြင့် အိမ်ခြေ ၉၉ အိမ်၊ အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၄၃၄ ဦးတို့အား လှော်ကား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ အမှတ်(၃၃)ခြေခံပညာမူလတန်းကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ရွှေ့ပြောင်းပေးခဲ့ကြောင့်နှင့် စုစုပေါင်း အိမ်ခြေ ၂၆၄ အိမ်၊ အိမ်ထောင်စု ၂၆၄ စု၊ လူဦးရေ ၁၁၄၁ ဦးတို့အား နေရာချထားပေးခဲ့ကြောင်း ရဲဇာနည်မှသိရသည်။

Popular Myanmar News Journal

လောင်းကစား စိတ်ဓာတ်ကြောင့် မြေဈေးမြင့်တက်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား၊ မြို့နယ်အလိုက် မြေပေါက်ဈေးနှုန်းများ သတ်မှတ်ပြီး မြေဈေးမြင့်တက်မှုကို အခွန်ဖြင့်ထိန်းမည်


ဒလမြို့ရှိ မြေကွက်များကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထားဝေ)

မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား စိတ်ဓာတ်ကြောင့်၊ လောင်းကစားသဘော လုပ်ကိုင်မှုများကြောင့် မြင့်တက်ခြင်းဖြစ်ပြီး မြို့နယ်အလိုက် မြေပေါက်ဈေးနှုန်းများ သတ်မှတ်ပြီး အခွန်ဖြင့် ထိန်းချုပ်သွားရန် စီစဉ်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ သြဂုတ် ၂၃ ရက်က ကျင်းပသည့် တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက "တကယ်တော့ မြေဈေးမြင့်တက်မှုတွေက ဒလဘက်မှာဆိုရင် လောင်းကစားသဘောမျိုး လုပ်ကြတဲ့ အနေအထား ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဖွံ့ဖြိုးစဖြစ်တဲ့ အတွက်ကြောင့် လောင်းကစားလုပ်ချင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒီလောင်းကစား စိတ်ဓာတ်ကလည်းပဲ တော်ရုံတားလို့ မရပါဘူး။ လောင်းကစားစိတ်ဓာတ် ထွက်ပေါက်ပေးလို့ရမယ့် အနေအထားကို ကျွန်တော်တို့ ဖန်တီးနေပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ Stock Exchange စဆောက်ဖို့ ဖြစ်ပါတယ်။ Stock Exchange ကလည်း လုပ်လို့ကောင်းတဲ့နေရာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ဆက်လက်၍ မြေဈေးအားထိန်းမည့်အပေါ် ဒုတိယ၀န်ကြီးက "အဓိကကတော့ မြေဈေးကို ထိန်းဖို့အတွက်ကို တံဆိပ်ခေါင်းခွန်တို့ဘာတို့ မှန်မှန်ကန်ကန်ရဖို့ အဓိက ဖြစ်ပါတယ်။ တံဆိပ်ခေါင်းကပ်တဲ့ အခါမှာ တစ်ရာတန်တဲ့ မြေကွက်ကို ငါးဆယ်နဲ့ လျှော့ကပ်ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နေတဲ့ အစီအစဉ်ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေကို မြေဈေးတွေကို ပေါက်ဈေးကိုမှ စိစစ်ပြီးတော့မှ တစ်ပေပတ်လည်ကို ဘယ်လောက်ကျမလဲ ဆိုတာကို သတ်မှတ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းကတော့ ကျွန်တော်တို့ ရပြီးဖြစ်ပါတယ်။ သတ်မှတ်ပြီးတော့ ကျွန်တော်တို့က တံဆိပ်ခေါင်းခွန် ကောက်ခံမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်သည့် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "တားတော့လည်းတားတယ်။ အရမ်းတော့လည်း တားလို့မရဘူး။ သူရဦးသောင်းလွင် ဦးဆောင်တဲ့ Tax Monitoring Board ဖွဲ့ထားတယ်။ အဲဒီနောက် အခွန်တွေ ယခင်ထက် ပိုရလာတယ်။ နောက်တစ်ချက်က မြေနဲ့ပတ်သက်တဲ့ အခွန်တွေကို ပြုပြင်သင့်တာလည်း ပြုပြင်ရမယ်။ ကောက်တာလည်း ကောက်ရမယ်။ နောက်အရောင်းအ၀ယ်။ ဒီမြေကြီးကို ဟိုလူကိုရောင်းတယ်။ ဒီအိမ်ကို ဟိုလူကိုရောင်းတယ်။ ဒီအရောင်းအ၀ယ်တွေပေါ်မှာ Tax တွေလိုက်ပြီး Tax ကသာလျှင် သူ့ကိုထိန်းနိုင်မယ်" ဟု ပြောကြားသည်။


မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်သည့် သုတေသနပြုလုပ်မှု မရှိသလောက်နည်းပါးနေ



Sunday, August 25, 2013

မြန်မာနိုင်ငံ တွင် အရက်နှင့်ပတ်သက်သည့် သုတေသနပြုလုပ်မှုမရှိသလောက် နည်းပါးနေသဖြင့် အရက်နှင့်ယင်း ၏ဆိုးကျိုးများကို သုတေသနပြု လုပ်ဆောင်ရွက်သင့်နေပြီဖြစ် ကြောင်း ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာဘုန်းမြင့်က အ ကြံပြုပြောကြားသည်။

ယခုအခါတွင် အရက်နှင့် ဘီယာသောက်သုံးသူများမှာ များ ပြားလာပြီး ရပ်ကွက်များတွင်လည်း အရက်ဆိုင်၊ ဘီယာနှင့်အကင်တွဲ ဖက်ရောင်းချသည့်ဆိုင်များပြား လာနေခြင်းက နောင်တစ်ချိန်တွင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးများကိုထိခိုက် လာစေနိုင်သည့်အတွက် အရက်ဆိုးကျိုးများကိုသုတေ သနပြုပြီး ပြည်သူများကြားတွင် ကျယ်ကျယ် ပြန့်ပြန့်ချပြနိုင်ရန် အတွက်ဖြစ် ကြောင်း သိရသည်။

''ဘာသာရေးအရကြည့် လဲ တားမြစ်ထားတဲ့အရာပါ။ အ ရက်ရဲ့သဘောကိုက မေ့လျော့ သတိမရှိစေတဲ့ပုံစံဆိုတော့ အ မှားအမှန် မခွဲခြားနိုင်တော့ဘူး။ အရက်သောက်သုံးသူတွေများ လာတာလဲ မျက်မြင်ပဲ။ ဒီတော့ ပညာသင်ချိန်မှာဆိုရင် ပညာရေး ဆုံးရှုံးရတာတွေ ရှိနိုင်တယ်။ အ ရွယ်အလိုက် ဆိုးကျိုးတွေရှိလာ မယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အရက်နဲ့ပတ်သက်တဲ့သုတေသန တွေကို သေသေချာချာပြုလုပ်ပြီး အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုနေပါတယ်'' ဟု ဒေါက်တာဘုန်းမြင့်က ပြော ကြားခဲ့သည်။

အရက်နှင့်ပတ်သက်ပြီး သု တေသနများပြုလုပ်ရာတွင် အ ရက်ရောင်းချသည့် အသက်အ ရွယ်ကန့်သတ်ချက်၊ အရက်ဝယ် ယူသည့်အသက်အရွယ်ကန့်သတ် ချက်၊ အရက်ရောင်းချသည့်နေ ရာ၊ အရက်ဝယ်ယူခွင့်ရှိသည့် အ တိုင်းအတာပမာဏများကို သုတေ သနပြုလုပ်ပြီး အရက်နှင့်ပတ်သက် သော နောက်ဆက်တွဲဆိုးကျိုး များကို ကိုင်တွယ်ဖြေရှင်းသင့် ကြောင်းြွဥ ဝန်ထမ်းတစ်ဦး ဖြစ်သူ ဒေါက်တာစိုင်းကျော်ဟန် ကလည်း ပြောကြားခဲ့သည်။

ယင်းက ''အရက်နှင့်ပတ် သက်တဲ့နောက်ဆက်တွဲဆိုးကျိုး တွေမှာလဲ လူသတ်မှု၊ မုဒိမ်းမှုများ သာမက အရက်ကြောင့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက် နစ်နာမှုတွေကိုပါ သုတေသနပြု လုပ်ရမှာဖြစ်ပြီး ဒီအချက်ပေါ်မူ တည်ပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါ တယ်''ဟုပြောသည်။
လူငယ်များအနေဖြင့် အ ရက်သောက်သုံးပါက မိမိတို့လုပ် ဆောင်နေသောလုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်များကျဆင်းလာ နိုင်ပြီး ကျောင်းနေအရွယ်ကလေး များ အရက်သောက်သုံးပါကလည်း မှတ်ဉာဏ်များကိုထိခိုက်ကာ ပညာ ရေးသင်ကြားရေးတွင် ထိခိုက်မှု များရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အရက် ဆိုင်များ၊ ဘီယာဆိုင်များတွင် မိသားစုအလိုက် အပန်းဖြေစား သောက်ခြင်းများလည်းရှိနေရာ အမျိုးသမီးများနှင့် ကလေးငယ် များပါလာခြင်းကြောင့် နုနယ်သော ကလေးများစိတ်တွင် ယင်းကို စံ နမူနာအဖြစ်မှတ်ယူသွားနိုင်ကြောင်း၊ အချို့သောမိသားစုများတွင် က လေးကိုအရက်ဝယ်ခိုင်းခြင်းများ ရှိနေသည့်အတွက် ယင်းကိစ္စရပ် များကို ဆင်ခြင်ရန်လိုအပ်ကာ သုတေသနပြုမည်ဆိုပါက ယင်း အချက်ကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သုတေသနပြု လုပ်ရာတွင် အရက်နှင့်ပတ်သက် သည့် ဥပဒေတိတိကျကျပြဋ္ဌာန်း နိုင်ရန်အတွက်ကိုပါ ဆောင်ရွက် ပေးစေလိုကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းတွင်နေထိုင်သူ မသီ တာက ''ဒီလိုသုတေသနလုပ်ပြီး ရင် ပြည်သူတွေကိုလဲပြန်ချပြသင့် တယ်။ ရလာတဲ့အချက်တွေပေါ် မူတည်ပြီး ဆေးလိပ်လိုပဲ အရက် နဲ့ပတ်သက်တဲ့ဥပဒေတွေ တိတိ ကျကျပြဋ္ဌာန်းနိုင်ဖို့ လိုပါတယ်''ဟုပြောသည်။

အရက်သောက်သုံးခြင်းဖြင့် အသည်းခြောက်ခြင်း၊ အသည်း ကင်ဆာ၊ အစာအိမ်သွေးကြော ပေါက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်၍ လေဖြတ်ခြင်းတို့အပြင် အဆုတ်ရောဂါ၊ စိတ်ဖောက်ပြန် ခြင်းများကိုခံစားရနိုင်ကြောင်း သိရ သည်။

အသွင်ပြောင်း မိုးပျံကား လူအများရှေ့တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း


Sunday, 25 August 2013

(၂၀၁၅)ခုနှစ်တွင် စတင်ရောင်းချမည့် အသွင်ပြောင်း မိုးပျံကားကို လူအများရှေ့တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုမှ အောင်မြင်
ချောမောခဲ့ကြောင်း သိရှိရသည်။ ဒေါ်လာ(၃၀၀၀၀)ဝန်းကျင်ဖြင့် ရောင်းချရန် ရည်ရွယ်ထားသည့် မော်တော်ကားကို အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် EAA AirVenture ပြပွဲတွင် မိနစ်(၂၀)ကြာ ပျံသန်းမှု ပြုလုပ်ပြခဲ့ခြင်း
ဖြစ်သည်။ (၂၀၁၅)ခုနှစ်တွင် ဈေးကွက်ထဲ ရောက်ရှိလာမည့် Terrafugia
မော်တော်ကားသည် လေယာဉ်ငယ် အနေဖြင့်ရော၊ မော်တော်ကား
ငယ်လေး အနေဖြင့်ပါ နှစ်မျိုး အသုံးဝင်မည်ဟု ဆိုသည်။

အဆိုပါ မော်တော်ကားကို မက်ဆာချူးဆက် အခြေစိုက် Chas ကုမ္ပဏီက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဝစ္စကွန်ဆင်တွင် ဇူလိုင်လအတွင်းက ပထမဆုံးအကြိမ် ပျံသန်းပြခဲ့ခြင်း ဖြစ်သည်။

လေကြောင်းပျံသန်းမှု နည်းပညာဆိုင်ရာ စိတ်ပါဝင်စားသူများသည် Terrafugia၏ ပျံသန်းသရုပ်ပြမှုကို နှစ်သက် အထင်ကြီးခဲ့ကြောင်းလည်း သိရသည်။ ယခုအခါ အဆိုပါ မိုးပျံကား ဝေဟင်ထဲတွင် ပျံသန်းနေသည်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ကုမ္ပဏီက ထုတ်ဖော် ပြသခဲ့သည်။ Terrafugia မော်တော်ကားငယ်လေးသည် လမ်းပေါ်တွင် လှည့်ပတ် မောင်းနှင်နေရင်းမှ လေယာဉ်ငယ်အသွင်
ပြောင်းလဲကာ ဝေဟင်ထဲတွင် ပျံသန်းပြသွားခဲ့သည်။

အဆိုပါ မော်တော်ကားကို ဖန်တီးထုတ်လုပ်ရန် (၇)နှစ်ကြာ အချိန်ယူခဲ့
ရသည်။ ယမန်နှစ်က ကုမ္ပဏီ၏ သီးသန့် အစီအစဉ်ဖြင့် စမ်းသပ် ပျံသန်းမှု ပြုလုပ်ရာတွင် (၈)မိနစ်ကြာ ပျံသန်းခဲ့ပြီး ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ (၂)ယောက်စီး ကားငယ်လေးသည် လူအများရှေ့မှောက်တွင် မိနစ်(၂၀) သရုပ်ပြ ပျံသန်းသွားခြင်း ဖြစ်သည်။ ယင်းမော်တော်ကားလေးသည် ယာဉ်မောင်း (သို့မဟုတ်) လေယာဉ်
မှူးအပြင် အပိုဆောင်း လူတစ်ဦးကို တင်ဆောင်နိုင်ပြီး ပစ္စည်းအချို့ကို ထည့်သွင်းနိုင်သည့် နေရာလည်း ပါရှိသည်။ လေယာဉ်အတွက် လောင်စာ
အဖြစ် ခဲဓာတ်ဖယ်ရှား သန့်စင်ထားသည့် ဓာတ်ဆီကို အသုံးပြုရန် လိုအပ်သည်။

ကုမ္ပဏီက "Terrafugiaဟာ အိပ်မက်တွေကို တကယ်ဖြစ်လာအောင် ဖန်တီးပြတဲ့ အရာပါ။ လေကြောင်းပြပွဲ တစ်ခုက လူအများရှေ့မှောက် ထင်ထင်ရှားရှား အခြေအနေမျိုးမှာ ပုံစံပြောင်းလဲပြီး ပျံသန်းမှု လုပ်ပြနိုင်ခဲ့တာ သိပ်ကို ကျေနပ်စရာပါပဲ။ ဒီစမ်းသပ်မှုမှာ ကျွန်တော်တို့ရဲ့ လေယာဉ်မှူးချုပ်နဲ့ ပျံသန်းမှု စမ်းသပ်အရာရှိ ဖီးလ်မီတီရာက လေယာဉ်ကို မောင်းနှင်ခဲ့ပါတယ်"ဟု ကြေညာခဲ့သည်။ အမေရိကန် ပြည်ထောင်စု ပျံသန်းရေး စီမံရေးရာ အဖွဲ့က Terrafugiaကို အပေါ့စား အားကစား လေယာဉ်ငယ် တစ်ခုအဖြစ် လက်ခံစဉ်းစားပေးပြီး လမ်းပေါ်မောင်းနှင်သည့် ကားအဖြစ်လည်း အသိအမှတ် ပြုသွားဖွယ် ရှိနေသည်။

အဆိုပါ မိုးပျံကားကို ဝယ်ယူသူများသည် ယာဉ်မောင်းလိုင်စင်အပြင်
လေယာဉ်မှူး လိုင်စင်ပါ ရှိရမည်ဖြစ်ပြီး ပျံသန်းမှုဆိုင်ရာ စစ်ဆေးမှု တစ်ခုကိုလည်း အောင်မြင်ရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ မိုးပျံကားနှင့် နာရီ(၂၀)ကြာ မောင်းနှင်မှု အတွေ့အကြုံ ပြီးမြောက်မှသာ ဝယ်ယူသူလက်ထဲ အပြည့်အဝ လွှဲအပ်ပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ Chasသည် Terrafugia၏ နောက်ဆက်တွဲ မော်ဒယ်လ်အဖြစ် TF-X အမည်ရှိ မိုးပျံကား တစ်ခုကို ဒီဇိုင်းရေးဆွဲ ဖန်တီးထားပြီး ယင်းသည် ပြေးလမ်းမလိုဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း TF-Xကို လက်တွေ့ မစမ်းသပ်ရသေးချေ။ Terrafugiaသည် တစ်ကြိမ်ဆီဖြည့်ပြီးလျှင် မိုင်(၅၀၀)မျှ ခရီးပေါက်နိုင်မည်ဟု ဆိုသည်။ Chasသည် TF-X မော်ဒယ်လ်သစ်များကို (၈)နှစ်မှ (၁၂)နှစ်အတွင်း ဈေးကွက်
တင် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ဝေဟင်ထက်တွင် ရဲရင့်စွာ စတန့်ထွင်လှုပ်ရှားပြခဲ့သည့် ၉ နှစ်သမီးလေးများ


Sunday, August 25, 2013

အသက်(၉)နှစ်အရွယ် မိန်းကလေးငယ် (၂)ဦးသည် အံ့မခန်း စွန့်စားမှု တစ်ခုကို တက်ညီလက်ညီ လုပ်ဆောင်ပြခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပါဝင်ရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဝမ်းကွဲညီအစ်မ နှစ်ဦးဖြစ်သည့် ဖလိမ်းဘရီဝါနှင့် ရို့စ်ပါဝဲလ်တို့သည် တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ပျံသန်းနေသည့် လေယာဉ်
ငယ်များ၏ တောင်ပံထက်တွင် ရဲဝံ့စွာဖြင့် စတန့်ပြကွက်များ လှုပ်ရှားပြခဲ့
သည်။ ဗြိတိန်မှ လူစွန့်စား မိန်းကလေးငယ် (၂)ဦးသည် မြေမျက်နှာပြင်
အထက် ပေ(၅၀၀)တွင် ဝဲပျံနေသော Boeing Stearman တောင်ပံနှစ်ထပ်
လေယာဉ်လေး နှစ်စင်းပေါ်တက်၍ စတန့်ပြခဲ့ခြင်း ဖြစ်သည်။

Wing Walkingဟု ခေါ်ဆိုသည့် အဆိုပါ စတန့်ပြကွက်မျိုးကို လန်ဒန် အနောက်ဘက် ကီရန်ဆက်စတာ မြို့လေးမှ ကိုယ်ပိုင်လေယာဉ်ကွင်းလေး တစ်ခုတွင် ပြုလုပ်ခဲ့ကြသည်။ "ကျွန်မတို့ အချိန်တော်တော်များများ အော်ရင်း လက်ပြနေတယ်လေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် Superwomanလို အိုက်တင်မျိုးနဲ့လည်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့သေးတယ်"ဟု ရို့စ်က ဆိုသည်။ သူမက "အပေါ်စီးကနေပြီး အိမ်တွေကို မိုးကြည့်ရတာ အံ့ဩစရာပါ။

အိမ်လေးတွေကို သေးသေးလေးပဲ မြင်ရတယ်"ဟုလည်း ပြောကြားခဲ့သည်။ ဖလိမ်းက ယခုအတွေ့အကြုံကို အတန်ငယ် ကြောက်ရွံ့မိကြောင်း ဝန်ခံခဲ့သည်။ "ဒါပေမဲ့ လေထဲရောက်သွားတော့လည်း အရမ်းအရမ်း
ပျော်စရာ ကောင်းသွားတာပါပဲ။ ကျွန်မ စိတ်လှုပ်ရှားနေမိတယ်။ တစ်ချိန်တည်းမှာပဲ နည်းနည်းလည်း တုန်လှုပ်မိခဲ့ပါတယ်"ဟု ဖလိမ်းက ဖွင့်ဟခဲ့သည်။

ဖလိမ်း၏ အစ်ကိုဖြစ်သူ တိုက်ဂါးသည် ကမ္ဘာ့အသက်အငယ်ဆုံး
လေယာဉ်တောင်ပံပေါ် စတန့်ပြသနိုင်သူအဖြစ် (၂၀၀၉)ခုနှစ်က အသက်(၈)နှစ် အရွယ်တွင် စံချိန်တင်ထားသည်။ ဖလိမ်းနှင့် ရို့စ်တို့ကမူ ပုံစံဖွဲ့ ပျံသန်းသော လေယာဉ်များပေါ်တွင် အသက်အငယ်ဆုံး စတန့်ထွင်ပြနိုင်သူများအဖြစ် စံချိန်တင်ရန် မျှော်လင့်ထားသည်။ ကမ္ဘာ့မှတ်တမ်းအဖွဲ့ ဂင်းနစ်သည် ယခုအားထုတ်မှုကို ပြန်လည် စီစစ်လေ့လာပြီး ကျေနပ်သည့်အခါ မှတ်တမ်းတင်ပေးသွားမည် ဖြစ်သည်။ ဖလိမ်းနှင့် ရို့စ်တို့သည် Duchenne muscular dystrophyခေါ် အရိုးကြွက်သား အားပျော့မှု ဝေဒနာတစ်ရပ် ခံစားနေရသည့် (၆)နှစ်အရွယ် သူငယ်ချင်း အီလီခရော့စ်လေအတွက် အကူအညီပေးရန် ယခုစတန့်ပြကွက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

"အီလီကို အကူအညီ ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါ။ အီလီလို ကလေးလေးတွေ အသက်ကြီးလာလေလေ၊ ကိုယ့်ဖာသာ ရပ်တည်ဖို့ ခက်ခဲလာလေလေ ဖြစ်သွားတာက အရမ်းဆိုးပါတယ်။ ကျွန်မတို့ သူ့ကို တတ်နိုင်သလောက် ကူညီချင်တယ်"ဟုလည်း ရို့စ်က ဆိုသည်။ အီလီ၏ မိခင်ဖြစ်သူ အမ်မလီခရော့စ်လေက "ကျွန်မသားလေးအတွက် တခြားကလေးနှစ်ယောက်က ခုလို အကူအညီပေးခဲ့တယ် ဆိုတာက အရမ်းကို အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်မသားလို ဝေဒနာရှင် ကလေးငယ်လေးတွေ ထောင်နဲ့ချီ ရှိနိုင်ပါတယ်။ အားလုံး အဆင်ပြေ ကျန်းမာဖို့ ကျွန်မ ဆုတောင်းပေးပါတယ်။ ရို့စ်နဲ့ ဖလိမ်းတို့ရဲ့ လုပ်ဆောင်မှုကတော့ ကျွန်မရဲ့ သားအတွက် ဂုဏ်ပြုမှု တစ်ခုလို့ ခံယူမိပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

Related Posts Plugin for WordPress, Blogger...