Sunday, August 25, 2013

ဆိုင်ကယ်နှင့် ဆယ်ဘီးယာဉ် တိုက်မှုဖြစ်ပွား



တောင်ငူ သြဂုတ် ၂၃

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာအုပ်စု ရွာသာယာကျေး ရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်(၁၃၇/၄)နှင့် (၁၃၇/ ၅) အကြားတွင် ယမန်နေ့ နံနက် ၅ နာရီခွဲက ဆယ်ဘီးယာဉ်နှင့် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း နန်းဝင်းအောင် ၂၆ နှစ် (ဘ)ဦးဝင်းဌေး ကံကြီးကုန်း ကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် လ/---- ထရပ် (၁ဝ)ဘီး အပြာရောင် ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ နေမျိုး ၃ဝ နှစ် (ဘ)ဦးထွန်းဝင်း ဆည်မြောင်းဝင်း ဖြူးမြို့နေသူ မောင်းနှင်ပြီး နောက်တွင် အောင်ကျော်မိုး ၃၇ နှစ်(ဘ)ဦးသက်တင် လိုက်ပါ စီးနင်းလာသည့် ဆိုင်ကယ်အမှတ် ၁၉ယ/---- လော်ဂျား-၁၁ဝ အနက် ရောင်နှင့် မျက်နှာချင်းဆိုင် တိုက်မိရာ နေမျိုးမှာ ဝဲဘက်ချိုစောင်း သွေးထွက်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံး ခဲ့ပြီး အောင်ကျော်မိုး တွင် ယာမျက်ခုံးပေါက်ပြဲ၊ ယာမျက်လုံး ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးရဲစခန်းမှ (ပ) ၁၄/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိ သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...