Wednesday, March 19, 2014

အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်




ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေးရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှုအသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ကြီးဌာန၏ ရွေးချယ်ခံထားရသော ဝိုင်ဖိုင်ကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကို Borband Wireless စနစ်ဖြင့် သုံးစွဲသူများသို့ ပေးနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ Broadband Wireless စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများဖြင့် ပူးပေါင်းမည့် အစီအစဉ်အပါအဝင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရမှ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ယခုနှစ်လယ်ပိုင်းခန့်တွင် အပြီးသတ်နီးပါးအထိ လုပ်ဆောင်ပြီးမြောက်နိုင်ဖွယ်ရှိနေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ယုဇနကိုကို

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်




"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီအဟောက်သတင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့်သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက်တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular

နေနှင့်အနီးဆုံး ဗုဒ္ဓဟူးဂြိုဟ် အချင်းကိုးမိုင်နီးပါး ကျုံ့ဝင်ခဲ့




နေစကြ၀ဠာ အဖွဲ့အစည်း၏ အသေးငယ်ဆုံးဂြိုဟ်နှင့် နေနှင့်အနီးဆုံး ဂြိုဟ်ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်သည် လွန်ခဲ့သောနှစ်ပေါင်းလေးဘီလီယံ ကာလအတွင်း အချင်းအားဖြင့် ကိုးမိုင်နီးပါးမျှကျုံ့ဝင်ခဲ့ရာ ယခင်ခန့်မှန်း ခဲ့ကြသည်ထက်ကျုံ့ဝင်မှုနှုန်းပိုများကြောင်း မတ် ၁၇ ရက်သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးဂြိုဟ်၏ မြေအောက်သံရည်ပူဝင်ရိုး အေးမြလာမှုကြောင့် ယင်း ဂြိုဟ်သည်လည်း အချင်းအားဖြင့် ၈ ဒသမ၆ မိုင်အထိ ကျုံ့ဝင်သွားကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

ဗုဒ္ဓဟူးဂြိုဟ်မည်မျှ ကျုံ့ဝင်သွားရသည်ကို လေ့လာတွက်ချက်နိုင်ရေး အတွက် အမေရိကန်သိပံ္ပပညာရှင်များသည် ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး အာကာသယာဉ် မက်ဆင်ဂျာ၏ အကူအညီဖြင့်တောင်စွယ်တန်းများ၊ တွန့်ခေါက်ကြောင်းများအပါအ၀င် ဗုဒ္ဓဟူးဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းမှုပုံစံ ၅၉၀၀ ကျော်တို့ကို လေ့လာဆန်းစစ်ခဲ့ကြရသည်။

နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်တိုင်းလိုလိုသည် အတွင်းပိုင်းအပူချိန်များ ပုံစံ အမျိုးမျိုးဖြင့် ဆုံးရှုံးရတတ်သော်လည်းအပူချိန်ကျဆင်းလာမှုကြောင့် ဗုဒ္ဓဟူးဂြိုဟ် မျက်နှာပြင်အပေါ် ပုံမှန်မဟုတ်သည့်အကျိုးသက်ရောက်မှုရှိခဲ့သည်။
ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာဂြိုဟ်ကဲ့သို့ ကျောက်လွှာအထပ်ထပ်ဖြင့် ဖွဲ့စည်း ထားသော ဂြိုဟ်မျိုးမဟုတ်ဘဲ ကျောက်လွှာတစ်ထပ်တည်းသာရှိသည့် ဂြိုဟ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

၁၉ ရာစုနှစ် ဥရောပသိပ္ပံပညာရှင်များသည် ကမ္ဘာကြီးကျုံ့ဝင်ခဲ့သည်ဟူ သော အယူအဆကို ယုံကြည်ခဲ့ဖူးကြသည်။ သို့ရာတွင် နောက်ပိုင်း၌ ကမ္ဘာဂြိုဟ်သည် ကျောက်လွှာတစ်ထပ်တည်းဖြင့်ဖွဲ့စည်းထားသော ဂြိုဟ်မျိုးမဟုတ်ဘဲလွတ်လပ်စွာရွေ့လျားနေသော မြေလွှာကြီးများဖြင့် ဖွဲ့စည်းထားကြောင်း သိရှိခဲ့ရပြီးနောက် အထက်ပါအယူအဆပျက် ပြယ်ခဲ့ရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့





 ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ်

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။

အဆိုပါနေအိမ်တွင် မိသားစုခြောက်ဦးနေထိုင်ပြီး အိမ်ထောင်ဦးစီးအမျိုးသားကြီးမှာ လေဖြတ်နေသူတစ်ဦးဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်မှ လူများက ကယ်တင်ခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ကို မီးရှို့ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးကို ဟားခါးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။



ပိုင်ဆိုင်မှုမရှိဘဲ ကားလိမ်ရောင်းသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို အမှုဖွင့်





မော်တော်ယာဉ်တစ်စီးကို အမှန်တကယ် ပိုင်ဆိုင်ခြင်းမရှိဘဲ လိမ်လည်ရောင်းချခဲ့သည့်အတွက် အမျိုးသမီး တစ်ဦးကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းမှုကို ဗိုလ်တထောင် ရဲစခန်းက မတ် ၁၆ ရက် တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုအမှုကို ဗိုလ်တထောင်မြို့နယ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ အရောင်းအ၀ယ် လုပ်ကိုင်သူ ဦးကျော်နိုင်စိုးက အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ၎င်းထံသို့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်သည့် မလတ်စုနန္ဒာ (စုံစမ်း ဆဲ) ရောက်ရှိလာပြီး အရေးတကြီး ငွေလိုအပ်နေ၍ ၎င်းပိုင် Mark II အမျိုးအစား ခဲရောင်လိုင်စင်ရှိ ကိုယ် ပိုင်ယာဉ်အား ကျပ် ၁၁၅ သိန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် စရန်ငွေ ကျပ်သိန်း ၇၀ ပေးချေကာ ကျန်ငွေ ကျပ် ၄၅သိန်းကို အုံနာစာအုပ် အပ်နှံချိန်တွင် ငွေ အကြေပေးချေအပ်နှံရန် သဘောတူစာချုပ်ချုပ်ဆို ၀ယ်ယူခဲ့သည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြ ထားသည်။
ထိုအချိန်တွင် ယာဉ်နှင့် ၀ှီးတက် တစ်စောင်၊ ကားသော့တို့ကို အပ်နှံခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ် မှတ်ပုံတင်စာအုပ် လာရောက် ပေးအပ်ခြင်းမရှိသဖြင့် စုံစမ်းကြည့်ရာ အဆိုပါယာဉ်မှာ မလတ်စုနန္ဒာက ပိုင်ဆိုင်ခြင်း မရှိကြောင်းကို သိရှိရသည်ဟု ဆိုထားသည်။
ထို့ကြောင့် ယာဉ်အား အမှန်တကယ် ပိုင်ဆိုင်မှုမရှိဘဲ လိမ်လည်ရောင်းချသူအဖြစ် မလတ်စုနန္ဒာကိုအရေး ယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်တထောင်ရဲစခန်းက (ပ)၄၉/၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ရှာဖွေစုံစမ်းနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက် လျက်ရှိသည်။

လူငယ်နှင့် Sex မရှက်နဲ့




ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက် ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။
ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။
သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။
“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။
ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။
ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။
သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။
မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။
အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။
Sex ကိစ္စ တခုတည်း မဟုတ်ပါ
အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။
“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။
သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။
“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။
မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။
၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။
လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။
လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။
အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။
ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။
မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။
“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။
အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။
“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။
၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။
ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။
“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။
ဘယ်လိုပဲ ခေါ်ခေါ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။
“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။
“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”
“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။
လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။
မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။
ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။
HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။
လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။
အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။
မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်”

မဖြူဖြူဝင်:

မန္တလေးမှာ မီးကုန်ယမ်းကုန် ဖျော်ဖြေပေးသွားဦးမယ့် စိုင်းစိုင်းခမ်းလှိုင်






ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးလက်ခံချစ်ခင်ကြတဲ့ အဆိုတော်စိုင်းစိုင်း ခမ်းလှိုင်ဟာ လာမဲ့၂၉ရက်နေ့မှာ Mandalay Hill Resort မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပြီး အချိန်ကတော့ ညနေ၄နာရီခွဲမှာ စတင်ဖျော်ဖြေ ပါမယ်တဲ့။ အဆိုပါပွဲနဲ့ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဒီနေ့မနက် စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာကြောင့် ပွဲအတွက် စိုင်းစိုင်းရဲ့ စိတ်ခံစားချက်တွေ မေးမြန်းကြည့်တဲ့အခါ ‘ခုမန္တလေးမှာ လုပ်မဲ့ပွဲလေးကို လက်ခံဖြစ်တာက အမှန်က ကျွန်တော့်မွေးနေ့ပါတီကို သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ရန်ကုန်မှာပဲ ၁၀နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်မယ်။ အဲဒီအချိန်မှာ မန္တလေးကပွဲ စီစဉ်သူတွေကနေ မန္တလေးမှာ စိုင်းစိုင်းရှိုး မလုပ် တာကြာပြီဆိုတော့ ၀မ်းမြောက်ဝမ်းသာနဲ့ကျွန်တော်လက်ခံဖြစ်ခဲ့ပါတယ်။ အဲ့တော့မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ဖြစ်ပေမဲ့ မန္တလေးပရိသတ်အတွက်လဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အကောင်းဆုံးဖျော်ဖြေသွားပါမယ်။ ဒီပွဲမှာကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်တွေ ဖြစ်တဲ့ သူငယ်ချင်းတွေ အများကြီး ပါဝင်ပါမယ်။ သီချင်းအပုဒ်၄၀လောက် အနည်းဆုံးဖျော်ဖြေမယ် လို့မှန်းထား ပါတယ်။ ခုလဲ သီချင်းတိုက်တာတွေ၊ အကတိုက်တာတွေကို လုပ်နေပါတယ်။ မန္တလေးမှာ ဒီလိုပွဲမျိုးလုပ်တယ်ဆိုတာ တစ်ခါတစ်လေမှပေါ့။ ဒါပေမဲ့ မန္တလေး ပရိသတ်ကသာ အားပေးမယ်ဆိုရင် ဒီထက်မက သီချင်းတွေ အများကြီးကို လဲဖျော်ဖြေသွားမှာပါ။ မန္တလေးပရိသတ်က ကျွန်တော့်ကို အဆိုတော် စလုပ် ကတည်းက အမြဲတမ်းအားပေးခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ရှိုးပွဲတင် မကပါဘူး။တခြားအနုပညာအလုပ်တွေနဲ့သွားရင်မကဘူး။ ရုပ်ရှင်ရိုက်၊ ကြော်ငြာရိုက်တွေမှာပါ မန္တလေးပရိသတ်က ကျွန်တော့်ကို ဘယ်သော အခါမှ မျက်နှာမငယ်စေခဲ့ပါဘူး။ ကျန်ခဲ့တဲ့နှစ်နှစ်က နောက်ဆုံးလုပ်ခဲ့တဲ့ မန္တလေးမှာ နောက်ဆုံး လုပ်ခဲ့ တဲ့ပွဲကလဲ မိုးတွေလေတွေကျပြီးတော့ ပျက်သွားခဲ့ရတဲ့အတွက် ဒီပွဲက ကျွန်တော်တို့ အားလုံးအတွက် မကျေပွဲလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရ မီးကုန်ယမ်းကုန်ဖျော်ဖြေပါမယ်။ အဲဒီအတွက် ဒီပွဲက အောင်မြင် မယ့် ပွဲတစ်ပွဲဖြစ်မယ်လို့လဲ ယုံကြည်မျှော်လင့်ပါတယ်။’ လို့ပြောပြပေးခဲ့ ပါတယ်။

ပြည်ပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုတဲ့ မော်ဒယ်လ်နှင်းယမုံဦး




Miss Crown ၂၀၁၃ ဆု၊ Miss Now How ၂၀၁၃ဆု တွေကို ပိုင်ဆိုင်ထား တဲ့ မော်ဒယ် နှင်းယမုံဦးကို Miss ဆုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်လို့ တစ်ခြား မော်ဒယ်တွေထက် အနုပညာ အခွင့်အလမ်းတွေ ပိုမိုရရှိစေသလား ဆိုတာကို မေးမြန်းကြည့်လိုက်တော့ ‘ညီမအတွက် Miss ဆုတွေ ရရှိပြီး နောက် ပိုင်းမှာ အနုပညာလှုပ်ရှားမှု အခွင့်အလမ်းတွေ ပိုမိုရရှိစေလာခဲ့တယ်။ ကိုယ်လုပ်ရမယ့် အနုပညာ လမ်းကြောင်းပေါ်ကို လမ်းဖောက်ပေးလိုက်သလိုပါပဲ။ တစ်ဖက်ကလည်း ကိုယ်ကိုတိုင် ကြိုးစားဖို့တော့ လိုအပ်တာပေါ့နော်။’လို့ သူမက ပြောပြခဲ့သလို ဗီဒီယိုဇာတ်ကား တစ်ကားရိုက်ကူးပြီး နောက်ထပ်မရိုက်ဖြစ်တော့တာကိုလည်း သူမက ‘ညီမက မော်ဒယ် အလုပ်မှ မဟုတ်ဘူး။ အနုပညာအလုပ်တွေကို အစကတည်းက ဝါသနာပါတဲ့အတွက် လုပ်ခဲ့တာပါ။ သရုပ်ဆောင်ဘက်လည်း ဝါသနာပါပါတယ်။ ညီမအတွက် မော်ဒယ်လ်လုပ်ရတာထက် သရုပ်ဆောင် လုပ်ရတဲ့အပိုင်းက ကိုယ့်ကို အခွင့်အရေး သိပ်မပေးဘူး။ ဒါကြောင့် အချိန်တစ်ခုကို စောင့်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ မော်ဒယ်ပိုင်းကတော့ ဆရာဂျွန်လွင်နဲ့ လက်တွဲပြီး လုပ်ဖြစ်နေပါတယ်။ ပြည်ပပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့တော့ အစီအစဉ်မရှိပါဘူး’တဲ့။

အချစ်အတွက်နဲ့ သေကြောင်းကြံခဲ့တဲ့ ဓာတ်ပုံတွေကို Instagram ပေါ်တင်ခဲ့တဲ့ ကောင်မလေး






အသက်ငယ်ငယ် တရုတ်မလေး တစ်ယောက်ဟာ အထပ်မြင့်တိုက် ပြူတင်းပေါက်ကနေ ခုန်ချပြီး သေကြောင်းမကြံခင် သူမရဲ့ ဘ၀နိဂုံးအခိုက်အတန့်တွေကို Instagram ပေါ်တင်ခဲ့တယ်လို့ ယူဆရပါတယ်။

‘ငါသေပြီးရင် နေ့ရောညပါ နင့်ကို လာခြောက်မယ်။’ လို့ ကောင်မလေးဟာ သူ့ ရည်စားဟောင်းကို ပြောပြီး Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူမ ပိုင် ပစ္စည်းတွေမီးရှို့နေပုံ၊ အောက်မှာ ကားပါကင်တစ်ခုနဲ့ အထပ်ပေါင်းများစွာရှိတဲ့ တိုက်ပြူတင်းပေါက်မှာ ခြေထောက်တွဲလောင်းချထားပုံ တွေပါပဲ။


နောက်တော့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ မရှင်းပါဘူး။ ဒါပေမဲ့ တရုတ်ဖိုရမ် Mop က shared ထားတဲ့ ဓာတ်ပုံမှာတော့ ကားပါကင်က ရေအိုင်အလယ်မှာ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ မှုခင်းဖြစ်ပွားထားရာ နေရာရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

အဲ့ဒီ မှုခင်းဖြစ်ပွားထားရာ ကားပါကင်ဟာ တရုတ်မလေးရဲ့ ဓာတ်ပုံထဲက ကားပါကင်နဲ့ ဆင်တူတယ်လို့ DailyDot သတင်းဆိုဒ်အရ သိရပါတယ်။ တရုတ်မလေးနဲ့ တစ်တိုက်တည်းနေတဲ့ အိမ်နီးချင်းတစ်ယောက်က အတည်ပြုပေးထားတာပါ။

‘ဒါ တကယ်ပါ။ ကျွန်တော်တို့ တစ်တိုက်တည်းနေတာ။ စနေနေ့ မနက်က သူမ ဆုံးသွားတာ။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကောင်မလေးတစ်ယောက်ဟာ သူ့ကိုယ်သူ သေကြောင်းကြံဖို့အတွက် ဘယ်လောက်များ သတ္တိရှိလိုက်သလဲ။ နောက်ဘ၀မှာ ငြိမ်းချမ်းမှုကို ရှာတွေ့ပါစေလို့ မျှော်လင့်လိုက်ပါ။’ လို့ အိမ်နီးချင်းဖြစ်သူက ရေးခဲ့ပါတယ်။




သူမရဲ့ သူငယ်ချင်းဖြစ်သူ နောက်တစ်ယောက်ကိုလည်း ‘ငါ သွားတော့မယ်။’ လို့ မက်ဆေ့ဂ်ျပို့ခဲ့ပါသေးတယ်။ သူငယ်ချင်းဖြစ်သူက သူမ သေဆုံးခဲ့မှုကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ မက်ဆေ့ဂ်ျကို screenshot ရိုက်ပြီး တင်ခဲ့ပါတယ်။

‘ငါမသေဘဲနဲ့တော့ မေ့နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။’ လို့ တရုတ်မလေးက ပြောခဲ့ပါတယ်။ ရည်းစားဟောင်း ကောင်လေးထက် ပိုခန့်၊ ပိုချမ်းသာ တဲ့သူတွေ ရှိပေမဲ့ ‘ငါ့နှလုံးသားက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်မခံနိုင်ဘူးဟာ။’ လို့ ကောင်မလေးက ပြောခဲ့ပါတယ်။ သူမကို မျှော်လင့်ချက်တွေ အများကြီးပေး၊ ကတိတွေ အများကြီးပြုခဲ့တဲ့ ကောင်လေးဟာ နောက်တော့ အလိမ်အညာတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်မလေး တင်ခဲ့တဲ့ ဓာတ်ပုံတိုင်းဟာ ရာနဲ့ချီတဲ့ follower တွေဆီကနေ like တွေရခဲ့ပေမဲ့ သူမရဲ့ သောကကို ဖြေသိမ့်ပေးသူ မရှိခဲ့ပါဘူး။ သူမသိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်ရလို့ အသည်းတွေ တစစီကြေမွခဲ့ရတဲ့ တရုတ်မလေးအတွက်တော့ တစ်လမ်းတည်းသော လွတ်မြောက်မှုဟာ သေဖို့ပဲ ဖြစ်ခဲ့ပါတယ်။

ပန်းချီဆရာမ မစန္ဒာခိုင်ရဲ့ လက်ရာ အ၀တ်အစားမပါတဲ့ Nude ပန်းချီများ




“ဒီပွဲမှာ ကင်မရာရိုက်နေတဲ့ ပုံတွေဖြစ်တဲ့ ကင်မရာစီးရီးကို သီးသန့်ဆွဲထားတာပါ။ နောက်တစ်ခုက မော်ဒယ်အခက်အခဲလည်း ရှိတာလည်းပါပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးအစအဆုံးကို ပြခန်းကပဲ တာဝန်ပေးသွားတာပါ။ ပန်းချီကားဈေးနှုန်းကိုလည်း သူတို့နဲ့ပူးပေါင်းပြီး သတ်မှတ်မှာပါ”ဟုပြောသည်။

ယင်းအဝတ်အစားမပါသည့် ကိုယ်နေဟန် ပန်းချီကားများကို မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အရ ပြသခွင့် မရရှိခြင်းသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဆရာမစန္ဒာခိုင်သည် ယင်းပန်းချီများကို တစ်စိုက်မက်မက် ရေးဆွဲလာခဲ့ပြီး မြန်မာနိုင်ငံ၌ ယခုနှစ်မှ စတင်ကာ တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြသခွင့် ရလာခြင်း ဖြစ်သည်။ အဆိုပါ ပန်းချီကားများကို ရေးဆွဲပါက ပါဝင်ကူညီမည့် မော်ဒယ်သည် မြန်မာ့ယဉ်ကျေး မှုအရ ယနေ့အချိန်အထိ အခက်အခဲများ ရှိနေသေးသည်။

“အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး။ ပန်းချီရဲ့အခြေခံဟာ လူရဲ့ခန္ဓာကိုယ် အဝတ်အစားမဲ့တာကို လေ့ကျင့်ရတာပါ။ အဲဒါဟာ ပန်းချီသင်ခန်းစာထဲမှာ ပါဝင်တဲ့ သင်ရိုးတစ်ခုပါ။ ပန်းချီဆိုတာကလည်း အဲဒီသင်ရိုးကနေ ဆင်းသက်လာတာပါ” ဟု Studio Square Galleryက ပန်းချီငြိမ်းချမ်းဆုက ပြောသည်။

ယင်းပန်းချီကားများကို မြန်မာနိုင်ငံတွင် လက်ခံခြင်း မရှိခြင်းသည် လိင်စိတ်ကို နိုးကြွစေခြင်း၊ အရှက်အကြောက် တရာများရှိခြင်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ ဖြစ်သည်ဟု ပန်းချီ ငြိမ်းချမ်းစုက ဆိုသည်။

ထိုပန်းချီကားများကို မြန်မာနိုင်ငံရှိ ပန်းချီမြတ်နိုးသူများသည် ဝယ်ယူ သိမ်းဆည်းထားခြင်း မရှိသော်လည်း အမှန်တကယ် ပန်းချီအကြောင်း သိသူများသာလျှင် ဝယ်ယူ စုဆောင်းသိမ်းဆည်းမှုရှိပြီး ဝယ်ယူသူ နည်းပါးဆဲဖြစ်သည်ဟု ဆိုသည်။ ပန်းချီဆရာမ စန္ဒာခိုင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ၂၇ ရက်တွင် အဖြူ၊ အမဲ အဝတ်အစားမပါ ကိုယ်နေဟန် (Nude )ကင်မရာစီးရီး ပန်းချီကားများကို Group Show အနေဖြင့် လောကနတ် ပန်းပန်းချီပြခန်းတွင် ပြသခဲ့ပြီး ယခုပထမဆုံးအကြိမ် တစ်ကိုယ်တော်ပြပွဲတွင် အရောင်များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

၎င်းသည်၂၀၀၁ ခုနှစ်တွင် အဝတ်အစားမပါ ကိုယ်နေဟန် Nude ပန်းချီကားကို စတင်ရေး ဆွဲခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တွင် အနုပညာစုဆောင်းသူတစ်ဦးက ယင်းကိုNudeသီးသန့် ပန်းချီပြပွဲ ပြုလုပ်ပေးခဲ့သည်။ ယခုပြသမည့် ပန်းချီပြပွဲတွင် ပန်းချီကားများကို အခရိုင်းလစ်ဖြင့် ရေးဆွဲထားပြီး ပန်းချီကား ၂ပေ၊၂ပေခွဲ အရွယ်အစားရှိသည့် ပန်းချီ ကား၃၀ကို ပြသမည်ဖြစ်သည်။

အက်ဆစ်နဲ့ ပက်ခံရပြီးမှ အချစ်စစ်နဲ့ ညားခဲ့ရတဲ့ ကံကောင်းသောမိန်းကလေး





အိန်္ဒိယ နိုင်ငံ၊ နယူး ဒေးလီမြို့ မှာ နေထိုင် တဲ့ အသက် (၄၂) နှစ် အရွယ် ရှိ လက်ဇ်မီ ဟာ အက်ဆစ် နဲ့ ပက်ခံ ရပြီး တဲ့နောက် အချစ်စစ် ကို ရှာဖွေ တွေ့ ရှိခဲ့တယ် လို့ သိရ ပါတယ်။ လက်ဇ် မီဟာ အသက် (၁၅) နှစ် အ ရွယ်မှာ ချစ်သူ ဖြစ်သူ ရဲ့ မနာလို မှုကြောင့် အက်ဆစ် နဲ့ ပက်ခံ ရပြီး နောက် ဒဏ်ရာ ပြင်းထန် စွာ ရရှိ ခဲ့ပါ တယ်။ ဒီနောက် လက်ဇ်မီ ဟာ ဘ၀ ကို ခက်ခဲစွာ ရုန်း ကန်ခဲ့ရပြီး၊ ခုနစ်ကြိမ် တိတိ ခွဲစိတ် ကုသမှု ခံယူခဲ့ရ ပါ တယ်။ ဒါပေမဲ့ လက်ဇ်မီဟာ အရင် ဘ၀မျိုး ပြန်မရတော့ပါဘူး။ လက်ဇ်မီ ကို ဒေ သ တွင်း လူမှု အဖွဲ့  အစည်း တွေ က ချစ်သူရှာ ဖွေပေးခဲ့ခြင်းဖြစ်ပါတယ်။ လက်ဇ်မီရဲ့ ချစ်သူ ဟာ အသက်(၂၆)နှစ်အရွယ်ရှိ အလော့ဆို သူ ဖြစ်ပြီး၊ လက်ရှိအချိန်မှာ သူတို့စုံတွဲဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်ယူကာ မခွဲ နိုင်အောင် ချစ်ကြိုက် နေ ကြ တယ်လို့ဆိုပါတယ်။

လက်ဇ်မီက ““အက်ဆစ်နဲ့ တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ အရာရာဆုံးရှုံးသွားပြီလို့ ထင် မှတ်ခဲ့ တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ဘ၀ထဲကို အလော့ ၀င်ရောက်လာပြီးတဲ့ နောက်မှာ အရင် တုန်း က မရှိဖူးတဲ့ အ ရာ တွေ ရှိလာခဲ့ပါတယ်။ အလော့ ဟာ ကျွန်မ ကို အရာ ရာ နားလည် ပေးခဲ့ပါ တယ်””လို့ ပြောခဲ့ပါတယ်။ အလော့ဟာ အိန်္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေ ဆက်ဆစ်နဲ့ ပက်ခံ ရမှု ရပ်တန့် ဖို့ ကြိုးစားနေတဲ့ လူမှု အဖွဲ့  အ စည်း တွေ ထဲက ၀န်ထမ်းတစ်ဦး ဖြစ်ပါတယ်။ အလော့ ကလည်း လက်ဇ်မီ ကို နှလုံးသား အစစ်အမှန် နဲ့ ချစ်ခဲ့ တာဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။ လက်ဇ်မီ နဲ့ အလော့ တို့ စုံတွဲဟာ အက်ဆစ် နဲ့ ပက်ခံရမှုကြောင့် ဒုက္ခ ရောက် တဲ့သူတွေကို ကူညီပေးသွားဖို့ ရည်မှန်း ထားတယ် လို့ သိရ ပါတယ်။

ရန်ကုန်က နာမည်ကြီးကျောင်းက ကျောင်းသားအချို့ မူးယစ်ဆေးဝါးပြဿနာများ ရင်ဆိုင်နေရ





ရန်ကုန်မြို့ ပေါ်ရှိ စည်း ကမ်း ကောင်း ကြောင်း၊ စာ အသင်ပြ ကောင်း ကြောင်း၊ နာမည် ကြီး သော ကျောင်း များမှ ကျောင်းသား အချို့ မူးယစ် ဆေးဝါး ပြဿနာ နှင့် ရင်ဆိုင် နေရ ကြောင်း ဖေဖော် ၀ါရီလ (၆) ရက် နေ့က လှိုင်သာယာ (အ.ထ.က) (၄) တွင် ပြုလုပ် သော မူးယစ် ဆေးဝါး အသိ ပညာ ပေး ဟော ပြောပွဲ တွင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့ မှ ဒုတိယ ရဲမှူး မျိုးကြည် က ပြော သည်။

ဘာသာစုံ၊ ငါးဘာသာ၊ လေးဘာသာ ဂုဏ်ထူး တွေ အများကြီး ထွက်တဲ့ ကျောင်း က ကလေးတွေက ကျွန်တော်တို့ဆီကို ခဏခဏ ရောက်ပါတယ်””ဟု ၎င်း က ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ လူ (၁၇) ဦး၊ သေနတ် (၁၇) လက် ဖြင့် ဦးစီး လုပ်ကိုင် နေသော ဘိန်း ချက်စခန်းတွင် ဘိန်းချက်ပေးနေရသော လုပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး ရာ တွင်လည်း ရန်ကုန်မြို့ ရှိ နာမည်ကြီးစာသင် ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်နေကြောင်း ဒုတိယရဲမှူးမျိုးကြည် က ပြောသည်။ မူးယစ် ဆေး ပြဿနာ ရင်ဆိုင်နေရ သော ကျောင်းသား လူငယ်များအား စစ် ဆေး ပါက တစ်ရာ ရာခိုင် နှုန်းမှာ အပေါင်း အ သင်း ဆွယ်သောကြောင့် မူးယစ် ပြဿနာ ရင်ဆိုင် ရခြင်းဖြစ် သည်ဟု ဖြေဆိုကြ ကြောင်း ၎င်း က ဆက်ပြော သည်။ လောကမှာ မတတ်ကောင်းတဲ့ ပညာ မရှိပါဘူး။ ဒါပေမဲ့ မလုပ်ကောင်းတဲ့ အရာတွေ တော့ရှိပါတယ်။ မူး ယစ် ဆေး မသုံးသင့်ဘူး ဆိုတာကို ဖတ်ရှုလေ့လာထားရမယ်။ ဒါမှ အပေါင်းအသင်းက ကိုယ့်ကိုစမ်းသုံးခိုင်းရင် မကောင်းမှန်း သိပြီးရှောင်ရှားနိုင်မယ်””ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင် ရေး အသင်း (မရမ်းကုန်း) ဥက္ကဋ္ဌ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

ယခုခေတ်တွင် အစားအစာ၊ ဆေးဝါး၊ ရေအစရှိသည့် စားသောက်ကုန်များနှင့် မူးယစ်ဆေးကို ပေါင်းစပ် ကာ ရာဇ၀တ်မှုကျူး လွန်မှုများရှိနေ၍ လုံခြုံမှု နည်းပါးလာကြောင်း ဒုတိယ ရဲမှူး မျိုးကြည် က ပြောသည်။ ထို့ ကြောင့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ဆရာဝန်ပေးသော ဆေးပြားများမှ လွဲ၍ အချင်း ချင်းပေးသော ဆေးများမသုံးစွဲ ဘဲ ရှောင်ကြဉ် ဖို့ လိုကြောင်း ၎င်း က သတိပေး သည်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ စစ်တမ်း များ အရ အလွှာအသီးသီးရှိ မူးယစ်ဆေးဝါး သုံးစွဲနေ သူများစာရင်းတွင် ကျောင်းသား လူငယ်များ က (၄ ဒသမ ၀၃) ရာခိုင်နှုန်းရှိနေကြောင်း ဇန်န၀ါရီလ (၂၉) ရက်ထုတ် The Messenger သတင်းစာတွင် ဖော်ပြ ခဲ့ဖူးသည်။

ခွေး ၂၇ ကောင်ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ လုပ်ခဲ့တဲ့ ရက်စက်တဲ့မိန်းမ





အမေ ရိကန် နိုင်ငံ၊ လာ့စ် ဗီးဂက်စ် မြို့က တိရစ္ဆာန် အရောင်း ဆိုင်က အမျိုးသမီး တစ်ဦး ဟာ ခွေး ၂၇ ကောင် ကို မီးရှို့ သတ်ရန် ကြိုး စား ခဲ့လို့ ရုံးတင် စစ်ဆေး ခံနေ ရပြီ ဖြစ်ကြောင်း သိရ ပါ တယ်။ အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ် တဲ့ ဂလို ရီယာလီ ဟာ သူ့ရဲ့အဖော် ဖြစ် သူနဲ့ အတူ ကိုယ့်ဆိုင် ကို မီးရှို့ဖို့ ကြိုးစား ခဲ့ရာ အ ထဲမှာ ရှိတဲ့ ခွေး ၂၇ ကောင်ကို ပိတ်လှောင် ထားခဲ့ လို့ တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ က ဒေါသ တကြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ် ဟာ ဇန်န၀ါရီလ(၂၇)ရက်နေ့မှာ စတင်ဖြစ် ပွားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော် ၀ါ ရီ ၅ ရက်မှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမှုပြုလုပ်ခဲ့ ရာ ဂလိုရီယာလီကို တိရိစ္ဆာန် ချစ်သူ တွေက ကန့် ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂလို ရီယာလီနဲ့သူ့ရဲ့ အဖော်ဖြစ် သူတို့ဟာ အမှုပေါင်း ၃၁ မှုနဲ့ စွဲချက် တင် ထားခြင်း ခံထား ရပြီး ကိုယ့် ဆိုင် ကို မီးရှို့ရန် ကြိုးစားမှု၊ ပူးပေါင်း ကြံစည် မှု၊ ခွေး ၂၇ ကောင်ကို သတ် ဖြတ်ရန် ကြိုးစား မှု စတာတွေကို ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါ တယ်။

စီစီတီဗွီ ကင်မရာတွေကိုပြန်ကြည့်ရာ ဂလိုရီယာလီဟာ မီးရှို့ဖို့ကြိုးစားစဉ် တိရိစ္ဆာန် တွေကို ဒီအတိုင်း ပိတ် လှောင်ထားခဲ့တယ်လို့ အထင်အရှားမြင်တွေ့ရခဲ့ရပါတယ်။ ဒါပေမဲ့ ခွေး ၂၇ ကောင်ကို မီးသတ်တပ်ဖွဲ့ ၀င် တွေက အချိန်မီ ကယ်တင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဂလို ရီယာလီရဲ့ အဖော် ဖြစ်သူက တရား ရင်ဆိုင်ခြင်း မပြုဘဲ ထွက်ပြေး သွားခဲ့ ပါတယ်။ မီးလောင်မှု ကြောင့် ဒေါ်လာ ၁၀၀၀၀၀ ဖိုး ဆုံးရှုံး နစ်နာ သွားခဲ့ရပြီး ဘာအတွက် ကြောင့် မီးရှို့ခဲ့သလဲ ဆိုတာ မေးမြန်းနေဆဲဖြစ်ပါတယ်။ ဂလိုရီယာ လီကို အာမခံ ပေးထား ပေမယ့် တရားရုံးမှာ လာရောက်ပြီး တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ် အ များအပြားချခံရဖွယ် ရှိပါ တယ်။ ဂလိုရီယာလီ ဟာ ၂၀၀၈ က ပြဋ္ဌာန်ထားတဲ့ တိရိစ္ဆာန်တွေ ကို စောင့်ရှောက်မှုမရှိပါက အရေးယူခံရမယ့် ဥပဒေနဲ့ စွဲချက်တင်ထားခြင်းဖြစ်ပါတယ်။

တင်ပါး မှာ ဂေါက်သီး တင်ပြီး သရုပ်ဆောင် ခဲ့ရခြင်း အတွက် တရား စွဲဆို မှုပြုလုပ်


ပလေးဘွိုင်း မော်ဒယ် အသက် (၂၈) နှစ် အရွယ်ရှိ အဲလိဇ ဘက်ဒစ် ဆင် ဟာ ထူးထူး ခြားခြား သရုပ် ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ထိ ခိုက် နစ်နာမှု တွေရှိခဲ့ တာမို့ တရား စွဲဆို ခဲ့တယ်လို့ သိ ရပါ တယ်။ ဒစ်ဆင် ဟာ ၂၀၁၂ ဂေါက်သီးရိုက် ပြိုင်ပွဲ တစ်ခုမှာ ထူးခြားစွာ သရုပ်ဆောင် ခဲ့တာပါ။ အဲဒီ ဂေါက်သီး ရိုက် ပြိုင်ပွဲကို ပလေး ဘွိုင်း မဂ္ဂဇင်းက ဦးစီး ကျင်းပ ခဲ့တာဖြစ်ပါတယ်။ ဒစ်ဆင် ဟာ ဂေါက်ကွင်း မှာ လဲလျောင်း တဲ့ အနေ အထားနဲ့ သရုပ်ဆောင်ခဲ့ ရပါတယ်။ အဲဒီလို လဲလျောင်းထား တဲ့အချိန် သူ့ရဲ့တင်ပါးပေါ်မှာ ဂေါက်သီးတစ်လုံးကို တင် ရှိ ထား ပါတယ်။ အဲဒီဂေါက်သီးကို ကီဗင်ကလင်း က ဂေါက်ရိုက်တံနဲ့ ရိုက်ထုတ် ခဲ့ပါတယ်။ ဂေါက်သီး ကို တင်ပါး ပေါ် တင် ထားတာမို့ ပထမအကြိမ်ရိုက်ထုတ်မှုဟာ အောင်မြင်ခဲ့ ခြင်းမရှိပါ ဘူး။ ဒုတိယအကြိမ် ရိုက်ထုတ် မှုမှာ တော့ ဂေါက်သီးဟာ အပြင်ကို လွင့်စင်သွား ပေမယ့် ဒစ်ဆင်အနေနဲ့ ထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့ပါတယ်။


သရုပ်ဆောင်စဉ်မှာတော့ ဒစ်ဆင်ဟာ ရယ်ရယ်မောမောရှိခဲ့ပေမယ့် သူ့ရဲ့ သရုပ် ဆောင်မှုက ထိခိုက် နစ်နာမှု တွေရှိခဲ့တယ်လို့ ယူဆပြီး ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ဂေါက်သီး ရိုက်ခဲ့တဲ့ ကီဗင့်လင်းတို့ကို လျော်ကြေးငွေ ဒေါ်လာ(၅)သိန်း ရယူလိုမှုနဲ့ တရားစွဲဆို ထားပါတယ်။ ၂၀၁၂မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာကို အခုချိန်မှ တ ရားစွဲဆိုခဲ့ တာမို့ အံ့အားသင့် စရာဖြစ်ခဲ့ရပါတယ်။ တရား စွဲဆိုခြင်းခံထားရတဲ့ ကာယကံရှင်တွေက တော့ ဒီကိ စ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပြောဆိုထားခြင်းမရှိသေးပါ ဘူး။

Related Posts Plugin for WordPress, Blogger...