Tuesday, January 28, 2014

စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ



28.1.2014

စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံခဲ့သော မြန်မာတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ ပတ် ချလိုက်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်း တစ်ရပ်တွင် ဖော်ပြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူမော်အမည်ရ အဆိုပါ မြန်မာနိုင်ငံသားသည် အသက် မပြည့်သေးသည့် အမျိုးသမီးငယ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် စင်ကာပူဒေါ်လာ ၂၂၀ ပေးကာ ပျော်ပါးခဲ့ခြင်းဖြစ်ပြီး လူမော်သည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီးသည် လုပ်ခကောင်းကောင်း ရရှိမည့် အက၊ ညစာ အတူစားခြင်း၊ စကားပြောဆိုခြင်း စသည် တို့အပြင် အခြားဝန်ဆောင်မှုပါ ပေးနိုင်သည့် အဆင့်မြင့် အမျိုးသမီးအဖော် လုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လိင်လုပ်သား ဘဝသို့ သွတ်သွင်းခံ ခဲ့ရကြောင်း The Straits Times တွင် ဖော်ပြသည်။

အသက်မပြည့်သူနှင့် ပျော်ပါးသဖြင့် ထောင်ချခံရသည့် မြန်မာနိုင်ငံသားမှာ အလားတူ ပြစ်မှုအမှုဖြင့် ပြစ်ဒဏ်ပေးခံရသူ များအနက် ခုနစ်ဦးမြောက် ဖြစ်သည်။

အလိုမတူဘဲ ကားတင်ပြေး၍ ပေါင်းသင်းခံရသည်ဟုဆိုကာ အမှုဖွင့်


၂၈.၁.၂၀၁၄၊ အင်္ဂါနေ့

အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို ချစ်သူရည်းစားမဟုတ်သည့် အလုပ်အတူလုပ်သူက ကားတင် ခေါ်ဆောင်ပြေးပြီး ၀ါးခယ်မမြို့တွင် သားမယားအဖြစ် ပေါင်းသင်းခဲ့သည်ဟုဆိုကာ တိုင်တန်းမှုကို လှိုင် သာယာရဲစခန်းက ဇန်န၀ါရီ ၂၆ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့စခန်းက ထုတ်ပြန်ထားသည်။

အမှုတွင် ဇန်န၀ါရီ ၂၁ ရက် ည ၈ နာရီ ခွဲက (၇)ရပ်ကွက်နေ အသက် ၅၄ နှစ်ရှိ တရားလို အမျိုးသမီး ကြီးသည် ၁၆ နှစ် သမီးအပါအ၀င် ၎င်းအလုပ်သမားတစ်ဦးတို့နှင့်အတူ တံတားဖြူလမ်းမကြီးဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူကို ကြာဆံကြော်ဝယ်ခိုင်းရာမှ ည ၉ နာရီခွဲအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ အမျိုးသားတစ်ဦးက လက်ဆွဲ၍ တက္ကစီဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်ဟု တရားလိုက ရဲထံတွင် ဆိုထားသည်။

ထို့နောက် ဇန်န၀ါရီ ၂၃ ရက်တွင် ကြက်ဒိုင်တစ်ခုတည်းတွင် အလုပ်လုပ်သည့် သန့်ဇင် (၂၃)နှစ်၏ ၀ါးခယ်မမြို့ရှိ နေအိမ်သို့ သွားရောက် စုံးစမ်းရှာဖွေရာ သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆို သည်။

ထို့ပြင် သန့်ဇင်သည် သမီးဖြစ်သူကို အအေးနှင့် ဘီယာရောတိုက်ပြီး ၀ါးခယ်မမြို့သို့ ခေါ်ဆောင်သွား ကာ ချစ်ကြိုက်ခြင်းမရှိဘဲ သားမယားအဖြစ် ပေါင်းသင်းထားကြောင်း သမီးဖြစ်သူက ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက ၀ါးခယ်မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ၀ါးခယ်မရဲစခန်းက (ပ)၁၁ /၂၀၁၄ဖြင့် ပုဒ်မ ၃၆၃/၃၆၆တို့ဖြင့် အမှုဖွင့်စစ်ဆေးပြီး ပေါ်ပေါက် ချက်များအရ လှိုင်သာယာရဲစခန်းက (ပ)၁၀၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ တို့ဖြင့် ဆက် လက်အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက သက်ကြီးအမျိုးသား များ၏ သုက်ပိုးအရည် အသွေးကို ကောင်းမွန်စေနိုင်



ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ)လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု များပြားတဲ့ အစာတွေကို စားသုံးတဲ့ အသက်ကြီး အမျိုးသားတွေမှာ အဲဒီအစာတွေကို မစားသူတွေထက် သုက်ပိုး အရည်အသွေး ပိုမို ကောင်းမွန်နိုင်ကြောင်း အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။

ဗီတာမင်စီနဲ့ အီး၊ ဖောလိတ်နဲ့ သွပ်ဓာတ်များစွာ ရရှိတဲ့ အသက်၄၅နှစ် ထက်ကြီးသူတွေရဲ့ သုက်ပိုးမှာ ဒီအင်အေအမျှင် ပျက်စီးမှုနည်းပါးကြောင်း သုတေသီတွေတွေ့ရှိခဲ့တာကို မျိုးပွား ခြင်းဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအင်အေအမျှင် ပျက်စီးမှုဟာ သုက်ပိုးရဲ့ မျိုးရိုးဗီဇအရည်အသွေးကို တိုင်းတာနိုင်ပြီး အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး အရည်အသွေး ကျဆင်းသွားတတ်ပါတယ်။

ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေဟာ သုက်ပိုး အရည်အသွေးကို တိုက်ရိုက် ကောင်းမွန်စေနိုင်တာ ဒါမှမဟုတ် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ရရှိဖို့အခွင့်အရေး မြင့်မားစေတာ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက်၄၅နှစ် ကျော်သူ အမျိုးသားတွေမှာ ဗီတာမင်စီ အများဆုံး ရရှိသူတွေဟာ ဗီတာမင်စီနည်းစွာ ရရှိသူတွေထက် ဒီအင်န်အေ ပျက်စီးမှု ၂၀ရာခိုင်နှုန်း နည်းပါးကြောင်း၊ ဗီတာမင် အီး၊ သွပ်နဲ့ ဖောလိတ်အက်စစ်ဓာတ်ကို စမ်းသပ်ရာမှာလည်း ဗီတာမင်စီနဲ့ တွေ့ရှိချက်တူညီကြောင်း သိရပါတယ်။ အသက်ငယ်တဲ့ အမျိုးသားတွေမှာမူ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စားသုံးမှုနဲ့ သုက်ပိုး အရည်အသွေး ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

အချဉ်အရသာရှိတဲ့ သစ်သီး၊ အနီရောင်နဲ့ အစိမ်းရောင် ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတွေမှာ ဗီတာမင်စီ များစွာပါဝင်ပါတယ်။ အခွံမာသီး(Nuts) ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အီးများစွာ ပါဝင်ပါတယ်။ ငါး၊ ပုစွန် စတဲ့ ပင်လယ်စာ၊ အမဲသား၊ ဆိတ်သားလိုမျိုး အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ နို့ထွက်ပစ္စည်းတွေမှာ သွပ်ဓာတ်များစွာ ပါဝင်ပါတယ်။

တမင်ရည်ရွယ်၍ အနားယူနေခဲ့ခြင်း မဟုတ်ဟု ခရစ္စတန်စတီးဝပ်ဝန်ခံ





Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်းများနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ခရစ္စတန် စတီးဝပ်က သူမအနေဖြင့် (၂၀၁၃)ခုနှစ် အတွင်းက ရုပ်ရှင်လောကမှ လုံးဝဥဿုံ အနားယူနေရန် အစီအစဉ် မရှိခဲ့ဟု ဝန်ခံပြောကြားခဲ့သည်။ Twilightစတား မင်းသမီးက ပြီးခဲ့သည့် တစ်နှစ်လုံးလိုလို ရိုက်ကွင်းများနှင့် ကင်းကွာနေခြင်းသည် သူမနှင့် သင့်တော်သည့် ရုပ်ရှင်မျိုး ရွေးချယ်စရာ မရှိ၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခရစ္စတန်သည် (၂၀၀၆)ခုနှစ် အတွင်းက ဟောလီးဝုဒ်၌ စတင်လူသိများလာပြီး ထို့နောက်ပိုင်းတွင် ဆက်တိုက် ရုပ်ရှင်များ ရိုက်ကူးကာ အလုပ်အလွန် ကြိုးစားသည့် မင်းသမီး တစ်လက်အဖြစ် နာမည်ကောင်း ရခဲ့သည်။ သို့သော်လည်း (၂၀၁၃)ခုနှစ်တွင်မူ သူမအနေဖြင့် ကားရိုက်ကြဲသွားခဲ့ပြီး ယင်းသည် အလုပ်များလွန်းသည့် အခြေအနေများကြောင့် သီးခြား အချိန်ပေး အနားယူခြင်းဟု ပရိသတ်များက ယူဆခဲ့ကြသည်။

သို့သော်လည်း ခရစ္စတန်က ယင်းအချက်ကို ပယ်ချသွားခဲ့သည်။ သူမက (၂၀၁၃)ခုနှစ်တွင် ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကား လုံးဝ မရှိခြင်းနှင့် ပတ်သက်ပြီး "ကျွန်မအနေနဲ့ အနားယူဖို့အတွက် အချိန်အကြာကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က အခြေအနေကတော့ ကြိုတင်စီစဉ်ထားတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်မက အလုပ်ကို အစွဲအလမ်း ကြီးတဲ့သူပါ။ ကျွန်မအနေနဲ့ အနားယူနေခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကျွန်မအတွက် သင့်တော်တဲ့ ဇာတ်ကားတစ်ခု ဖြစ်မယ်ဆိုရင် ခရစ္စမတ်မှာလည်း ကျွန်မ အလုပ်လုပ်နေမှာပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး"ဟု ရှင်းပြခဲ့သည်။




ခရစ္စတန်က "အခြေအနေက ရှင်းပါတယ်။ မနှစ်က ကျွန်မ ဇာတ်ကားတွေ မရိုက်ခဲ့ဘူး ဆိုတာက ကိုယ့်အတွက် သင့်တော်တဲ့ ဇာတ်ရုပ်မျိုး ရှာမတွေ့လို့ပါပဲ"ဟုလည်း ဆိုသည်။ အသက်(၂၃)နှစ်ရှိ ခရစ္စတန်သည် လတ်တလောတွင် Camp X-Ray ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်နေပြီး ဇာတ်ရုပ်ပိုင်နိုင်စေရန်အတွက် အမေရိကန် မရိန်းစစ်သည်များ၏ အကူအညီဖြင့် လေ့ကျင့်လျှက်ရှိကြောင်းလည်း သိရသည်။

ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောတာနဲ့ပတ်သက်ပြီး သိကောင်းစရာ





စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော်အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထားတတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ်အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။ ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန်ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

၁။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောတာ အန္တရယ်ကင်းပါသလား။
ယောကျာ်းအများစုဟာ မိန်းမတွေဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောရင် သူတို့ကိုတစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်တတ်ကြတယ်။ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောတာဟာ အန္တရယ်မကင်းဘူး ဆိုတာ လုံးဝမဟုတ်ဘူးဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါဖြစ်မှာကိုပဲ စိတ်ပူရမှာပါ။ ဓမ္မတာဖြစ်စဉ် မိန်းမတွေဟာ သွေးနဲ့အတူ၊ လမ်းကြောင်းထဲကထွက်လာတဲ့ချောဆီအရည် တွေ ထွက်နေတဲ့အတွက်ကြောင့် လိင်မှတဆင့်ကူးစက်ရောဂါဟာ ယောကျာ်းတွေဆီမှာ ဖြစ်နိုင်ခြေပိုပါတယ်။ လိင်မှတဆင့်ကူးစက်ရောဂါဟာ ဓမ္မတာဖြစ်စဉ်အချိန်မှာသာမက အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ဓမ္မတာဖြစ်စဉ်အချိန်တွင်းမှာ ချစ်တင်းနှောဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။
၂။ မိန်းမတွေဟာ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ် ပိုပြင်းပြကြတယ်။
ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ်ပြင်းပြတဲ့ မိန်းမအတော်များများရှိပါတယ်။ မိန်းမတစ်ဦးနဲ့ တစ်ဦးကွာတာကတော့ အခြေအနေပေးမှု အပေါ်မှာပဲကွာပါတယ်။ သာမန်အားဖြင့်တော့ မိန်းမတစ်ဦး ဟာဓမ္မတာဖြစ်စဉ် ကာမဆန္ဒ ပြင်းပြလာတတ်ကြတယ်ဆိုတာပါပဲ။
၃။ချစ်တင်းနှောခြင်းဟာ PMS(ဓမ္မတာမဖြစ်ခင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာများ) နဲ့ပတ်သက်ပြီး ခံစားရမှုကို သက်သာစေပါတယ်။
ချစ်တင်းနှောခြင်းဟာ ရောဂါအတော်များများကို သက်သာစေတယ်ဆိုတာသိထားကြပြီး ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး အခြားအကိုက်အခဲ ဝေဒနာတွေကို သက်သာစေပါတယ်။ ချစ်တင်းနှောခြင်းဖြင့် PMSနဲ့ပတ်သက်ပြီး ခံစားရတာတွေကို သက်သာစေနိုင်တယ်ဆိုတာ မိန်းမအတော်များများက သိထားကြပါတယ်။ ဒါဟာ ဓမ္မတာဖြစ်စဉ် လိင်ဆက်ဆံသင့်ပါတယ်ဆိုတဲ့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်းတစ်ရပ်ပါပဲ။ ယောကျာ်းတစ်ယောက်အနေနဲ့သိထားရမှာကတော့ မိန်းကလေးဟာဓမ္မတာဖြစ်စဉ်မှာ PMSနဲ့ပတ်သက်ပြီး ခံစားရတာတွေကို မဖြေလျှော့ပေးဘူဆိုရင် မိန်းမဖြစ်သူရဲ့ စိတ်ဆိုးမာန်ဆိုး၊ စိတ်မပါလက်မပါ စတဲ့ PMSနဲ့ပတ်သက်တဲ့ လက္ခဏာတွေကိုတွေ့ရမှာပါ။
၎။ဓမ္မတာဖြစ်စဉ်အတောအတွင်း ချစ်တင်းနှောရင် သန္ဓေမတည်ဘူးဆိုတာ မဟုတ်ဘူးလို့ သိထားပါ။
ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောရင် သန္ဓေမတည်ဘူး ဆိုတဲ့ အယူအဆမှားတစ်ရပ်ကိုရှိပါတယ်။ မိန်းမအများစုကတော့ ဓမ္မတာဖြစ်ပြီး ၁၄ရက်အကြာမှာ သန္ဓေတည်နိုင်ပါတယ်။ ဓမ္မတာဖြစ်ပြီး ၁၄ရက်အကြာအချိန်ဟာ မျိုးအောင်ပြီး သားဥကြွေတဲ့ အချိန်ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ် ကိုယ်ဝန်ရဖို့ ခဲယဉ်းတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သိထားပါ။

နော်မေသူသူဇော် သေဆုံးသည့် နေ့ မှ ဖြစ်စဉ်များ





11:00 PM အစောပိုင်းကပင် ရဲမင်းဦးထံမှဖုန်း ခဏခဏ လာနေခဲ့သည် မသူအားသူ၏မွေးနေ့သို့လာရောက်ရန် မရမကခေါ်နေလေ၏ အစပိုင်းတွင် မသူကမလာနိုင်ကြောင်း ပြောခဲ့သည် နောက်ပိုင်းတွင် ခဏခဏ ဖုန်းဆက်နေသောကြောင့် လာမည်ဟုပြောလိုက်သည် ရဲမင်းဦးလာခေါ်ခဲ့သည် ၎င်းပြောပြချက်မှာ သူသည်လှိုင်သာယာဘက်မှ လာသည် သူကိုယ်တိုင်မောင်းနင်လာသည် ဘေး၌သူ၏ အကို ပါကြောင်း တရားရုံး၌ထွက်ဆိုခဲ့သော်လည်း မျက်မြင်သက်သေများ၏ပြောပြချက်အရ ကားကိုရဲမင်းဦးမောင်းလာသည် သို့သော် မြို့ထဲဘက်မှလာပြီး မသူအားခေါ်၍ လှိုင်သာယာဘက် သို့မောင်းနင်သွားခဲ့သည် ဘေးတွင်လည်း သူအကိုလို့ပြောသူမဟုတ်ပဲ အသက်လေးဆယ် အသားမဲမဲ ဝဝလူလတ်ပိုင်း အရွယ် လူတဦးပါလာသည်
မသူထို့နေ့က ဝတ်ဆင်ခဲ့သော အဝတ်အစားပုံစံမှာ ဂါဝန် နို့နှစ်ရောင် ဒူးပေါ် နောက်ကျောလယ်ထိဟိုက် ဝတ်ဆင်ခဲ့သည် ရဲမင်းဦးပြောပြချက်အရ သူတို့ရွှေတိဂုံစေတီတော်သို့ သွားခဲ့ကြောင်း ပြောပြခဲ့သည် people's park & junction square သို့သွားခဲ့သည် ၎င်း၂နေရာသည် ဖြစ်နိုင်သော်လည်း ရွှေတိဂုံသို့သွားသည်မှာ မဖြစ်နိုင် အဘယ့်ကြောင့်ဆိုသော် မသူ၏အဝတ်အစားကြောင့်ဖြစ်သည် CCTV များတောင်းကြည့်သော်လည်း အားလုံး delete လုပ်ထားကြောင်းပြောသည် မသူမှရဲမင်းဦးအတွက် junction square ၌ ဝယ်ပေးခဲ့သော အရုပ်၏ပြေစာ တောင်းသော်လည်းမရရှိပါ ထိုစကားအားလုံးသည် ရန်ကုန်တိုင်းရဲမှူး အင်းစိန်စခန်းမှူး တို့ပြောကြားချက်ဖြစ်သည် ထိုနေ့၌ ရဲမင်းဦးကားဖြင့် သွားသည် ကားကိုမြေနီကုန်း၌ရပ်ခဲ့သည် ကားကိုသူ့အကိုဆိုသူ နှင့် ထားခဲ့သည် သူတို့လျှောက်သွားသည်ကို မစောင့်နိုင်ပါသောကြောင့် သူ့အကိုက ကားဖြင့် အိမ်ပြန်ခဲ့သည် ရဲမင်းဦးနှင့်မသူ ပြန်လာသောအခါ ကားမရှိသောကြောင့် Taxi ဖြင့် junction square သွားခဲ့ သည် အရုပ်ဝယ်ပြီးသောအခါ taxi နဲ့ မြေနီကုန်းဘက်မှ ပတ်၍ စော်ဘွားကြီးကုန်းကို သွားခဲ့သည် ရဲမင်းဦး၏ ထွက်ဆိုချက် ဖြစ်သည် စော်ဘွားကြီးကုန်းမှ မသူသည် မိမိမိဘအရင်းနေအိမ် မှော်ဘီသို့ ပြန်ရန်ဖြစ်သည် ရဲမင်းဦးပြောချက်အရ စော်ဘွားကြီးကုန်းသို့ ရောက်ရှိချိန်မှာ ည ၇ ခွဲ ရှိနေပြီဖြစ်သည် ထိုအချိန်သည် မိန်းကလေး တစ်ယောက် အတွက် ကားစီးရန် မသင့်တော်တော့ ရဲမင်းဦး၏ပြောချက်အရ မသူသည် ၇နာရီ ၄၅ မိနစ် လောက် ၌ မှော်ဘီ တိုက်ကြီး Hilux ကားငယ် နောက်ခန်း မှ စီး၍ ပြန်ခဲ့သည် ( မသူသည် ဘယ်လောက်ပဲ ကားပေါ်၌ လူမပါ လည်း မှော်ဘီသို့ပြန်တိုင်း ခေါင်းခန်းကသာ အမြဲ စီးသောသူ ဖြစ်သည်) စဉ်းစားစရာမှာ ၇နာရီ၄၅ မှာ ကားပေါ်သို့ ပါသွား ပြီး 19.4.2013 8:30PM အောင်ဇေယျတံတားအလယ်၌ မသူ၏အိတ်ကို တွေ့ခဲ့သည် ၁၅မိနစ် အတွင်း စော်ဘွားကြီးကုန်းမှအောင်ဇေယျတံတား သို့ ရောက်နိုင်မည် လား မြန်မာနိုင်ငံ၏လမ်းပိတ်မှု အတိုင်းအတာအရ လုံးဝမဖြစ်နိုင်ပါ အရာရာအားလုံးကို စပ်ဆက်ပြီးစဉ်းစားကြည့်ပါက ထူးခြားမှုများရှိနေသည် ။ with Khanmon Htwe.

သတိ : ရည်းစားနဲ့ ချိန်းတွေ့ ရင် ကလေးတွေကားထဲမထားခဲ့ဖို့ 




ကော်လိုရာဒိုကအသက် ၂၅ နှစ်မိခင် တစ်ယောက်ဟာ သားနှစ်ယောက်ကိုကား ထဲမှာ သော့ပိတ်ပြီး အပူဖွင့်ထား ခဲ့တာ နှစ်ယောက်လုံးသေ ဆုံးသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ကမီဆာကောင်တီခရိုင် တရားရုံး မှာအမှုစတင်ကြားနာတော့ တရားခံဟိသာ ဂျင်ဆန်ဟာ တရားရုံးမှာ အကျယ်ကြီး ငိုရှိုက်နေခဲ့ပါတယ်။

ဆွဲချရှေ့ နေက သူ့ ကို တကိုယ်ကောင်းဆန်တဲ့၊လိမ်ညာတဲ့မိခင်အဖြစ်ပုံဖော်စွဲချက်တင်ပြီး
တရား ခံရှေ့ နေက အသက်ငယ်တာ၊ဗဟုသုတနည်းပါးတာရယ်၊ နောက်ထပ်တကြောင်း က ယောက်ျားဖြစ် သူကို ပြီး ခဲ့တဲ့လပိုင်းတွေကပဲ ကားအက်ဆီးဒင့်မှာ ဆုံးပါးသွားခဲ့ရတာတွေ တင်ပြပြီး

"ဒါမတော်တဆကြေကွဲစရာ တစ်ခုပါ။ဒါရာဇ၀တ်မှုမဟုတ်ပါဘူး"လို့  ချေ ပပါတယ်။

ကားအက်ဆီးဒင့်ဖြစ်လို့  ယောက်ျားဖြစ်သူ အဲရစ်သေဆုံးပြီး နှစ်လအကြာမှာ ဂျင်ဆန်ဟာ ရည်းစားအသစ်နဲ့ ဘ၀သစ်စတင်နေပါပြီ။
၂၀၁၂ ခုနှစ်နိုဝင်ဘာလ ၂၂ရက်နေ့ ကသားနှစ်ယောက်ဖြစ်တဲ့ ၂နှစ်သား ၀ီလျံနဲ့ လေးနှစ်သား တိုင်လာတို့ ကို နှင်းတောထဲမှာသွားကစားမယ်ဆိုပြီး ပန်းခြံကိုခေါ်လာခဲ့ပါတယ်။
ပန်းခြံကားရပ်တဲ့နေရာရောက်တော့ ကားအပူပေးပြီး ကလေးနှစ်ယောက်ကို ကားထဲမှာတံခါးသော့ခတ်ထားခဲ့ပါတယ်။
သူက သူ့ ရည်းစားရဲ့ ထရပ်ကားဆီကိုသွားပြီး ချိန်းတွေ့ ပါတယ်။ နာရီဝက်လောက်နေ တော့အကြီးကောင်တိုင်လာက ကားတံခါးသော့ဖွင့်ပြီးထွက်လာတော့
သူက တိုင်လာကို ကားဆီကိုပြန်ပို့ ပြီး ဒီတစ်ခါတော့ ကလေးဖွင့်လို့ မရအောင်သော့ခတ်ခဲ့ပါတယ်။ သားဖြစ်သူကစားရအောင်သူ့ ဖုန်းကိုလည်းပေးခဲ့ပါတယ်။

နောက်တော့သူ့ ရည်းစားထရပ်ကားဆီကိုပြန်သွားပြီးနောက်ထပ်နာရီဝက်လောက် နေခဲ့ပြန်ပါတယ်။
စစ်ဆေးတွေ့ ရှိချက်တွေအရ ကလေးတွေဟာကားထဲမိနစ်၉၀လောက်နေခဲ့ရတယ်။ကားထဲကအပူချိန်ဟာ ၁၄၀ ဒီဂရီလောက် ရောက်သွားခဲ့ပြီး ကလေးတွေဟာ(hyperthermia )ကိုယ်တွင်းအပူချိန်မြင့်တက်ပြီးသေ ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျန်ဆန်ရဲ့ ရှေ့ နေက သူ့ အမှုသည်ရဲ့ အိုင်ကျူနိမ့်ပါးမှုကြောင့်ဒီလိုဆုံးဖြတ်ချက်မှားယွင်း မှုဖြစ်ရကြောင်း၊သူ့ အမှုသည်ရဲ့ အိုင်ကျူဟာ ၇၆ပဲရှိတယ်လို့ ခုခံချေပပါတယ်။
ယောက်ျားဆုံးသွားလို့ အထီးကျန်ဖြစ်နေတဲ့အတွက်အဖော်ရှာတာဖြစ်ပြီး သူ့ ကလေးတွေ နေရ တာသက် တောင့်သက်သာရှိစေဖို့ ကားထဲမှာအပူဖွင့်ထားပေး ခဲ့ခြင်း ဖြစ်တယ်လို့ ပြောတယ်။ သူ့ ရည်းစားထွက်ဆိုချက်အရ အဲဒီနေ့ မှာ ဆေးခြောက်ရှုထားတယ်
လို့ လည်းသိရ တယ်။
the melting pot 4 U


သားအဖသုံးယောက်ရဲ့ အုတ်ဂူ

ပေါ့ဆတဲ့ မိခင်




ကလေးတွေရဲ့ ဖခင် အဲရစ်





အကြီးကောင်တိုင်လာ



သားအငယ်



သားအဖသုံးယောက်တမလွန်မှာဆုံတွေ့ နေကြပြီလား။

ဆင်းရဲသူတွေနဲ့ ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် ကျင်းပခဲ့တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ


ဆင်းရဲသူတွေနဲ့ ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးနေအိမ်မှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ













အသေခံဗုံးခွဲဖို့ အခိုင်းခံခဲ့ရတဲ့ အာဖဂန် မိန်းကလေးငယ်





အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ဟဲလ်မန်ပြည်နယ်ထဲရှိ နယ်စပ်ရဲစခန်းကို အသေခံဗုံးဖောက်ခွဲပေးဖို့ ဖိအားပေး အခိုင်းခံခဲ့ရတယ်လို့ အသက် ၁၀ နှစ်အရွယ် အာဖဂန်မိန်းကလေးငယ်က ပြောပါတယ်။ နောက်ဆုံးမိနစ်ပိုင်းလေးမှာပဲ သူဟာ ဖောက်ခွဲရေးဝတ်စုံကို ၀တ်ပြီး ရဲကို ခေါ်လိုက်ပါတယ်။ ခုတော့ ရဲတပ်ဖွဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရောက်နေပြီဖြစ်ပါတယ်။

ဆပို့ဇ်မိုင် ဆိုတဲ့ အဲဒီမိန်းကလေးကို ဇန်န၀ါရီ ၆ ရက်နေ့ကတည်းက လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတာပါ။ အဲဒီနေ့ဟာ သူ့ကိုယ်မှာ ဗုံးတွေတပ်ဆင်ထား တာကို တွေ့ခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။

ဆပို့ဇ်မိုင်က “ကျမ အစ်ကို ဇာဟီရာနဲ့ ဂျာဘာလို့ ခေါ်တဲ့ တခြားလူတယောက်က ကျမကို အင်္ကျီဝတ်ပေးပြီးတော့ အသေခံတိုက်ခိုက်ရေးဝတ်စုံကိုလည်း ဆင်ပေး ၀တ်ပေးပါတယ်။ နောက် သူတို့က ကျမကို တခြားအ၀တ်တွေ ပေးပါတယ်။ ကျမကို ပြောသေးတာက အ၀တ်ခြောက်တထည်ကို ၀တ်ပြီး လုံခြုံရေးတပ်ဖွဲ့စခန်းထဲမှာ သွားဖောက်ခွဲခိုင်းတယ်” လို့ ပြောပါတယ်။

တာလီဘန်တပ်မှူးတဦးဖြစ်တဲ့ အစ်ကိုဖြစ်သူက သူ့ကို အားပေးခဲ့တယ်လို့ ဆပို့ဇ်မိုင်က ပြောပါတယ်။

“ကျမ အသေခံဝတ်စုံကို ၀တ်နေရင်းမှာ ကျမ အအေးမိနေသလိုပဲလို့ ကျမအစ်ကိုကို ပြောလိုက်မိတယ်။ အဲဒါ ကျမ ဒါကို မလုပ်ချင်လို့လေ။ ဒါပေမယ့် အစ်ကိုက သွားပြီး တိုက်ခိုက်ရေးလုပ်ဖို့ ကျမကို အားပေးတိုက်တွန်းခဲ့တယ်။ ကျမ သတ်မှတ်ထားတဲ့နေရာဆီ နီးလာတဲ့အခါကျတော့ ဘာဖြစ်မလဲဆိုတာ ကျမ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျမ ချက်ချင်းလိုလိုပဲ ရဲစခန်းနဲ့ ဝေးဝေးကို သွားလိုက်ပြီး ရဲတွေကို လှမ်းအော်လိုက်တာပါ။”

ဟဲလ်မန်ပြည်နယ် ရဲချုပ် ဟာမိဒ် အလ္လာ ဆီဒီချီက သူတို့ အဲဒီမိန်းကလေး ငိုနေတာကို တွေ့ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။
“ဒီမိန်းကလေးက သူ့ကို ကူညီပေးဖို့ အော်ငိုပြီး ပြောနေတာပါ။ နောက် ရဲတွေက အဲဒီနေရာကို ၀ိုင်းထားလိုက်တယ်။ ဆပို့ဇ်မိုင်ရဲ့ အစ်ကိုကတော့ လွတ်သွားပြီလေ။ ကျနော်တို့ ဒီမိန်းကလေးကို ကယ်ဆယ်ခဲ့ပါတယ်။”

တာလီဘန်တွေကတော့ ဒီအစီအစဉ်မှာ ပတ်သက်မှုရှိနေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ကုလသမဂ္ဂ အစီရင်ခံစာအရဆိုရင် အာဖဂန်နစ္စတန်မှာ ကလေးငယ် ၆၀ ကျော်ကို သောင်းကျန်းသူအဖွဲ့တွေက သူတို့အဖွဲ့ဝင်တွေအဖြစ် စုဆောင်းခဲ့ပါတယ်။ ကလေးအတော်များများကို ဗုံးတွေ ထုတ်လုပ်ဖို့နဲ့ ဗုံးတွေထောင်ဖို့ တာလီဘန်တွေက စုဆောင်းခဲ့တာပါ။

ဒါပေမယ့်လည်း မိန်းကလေးငယ်လေးယောက်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခိုင်းတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က “တာလီဘန်တွေက အသေခံတိုက်ခိုက်မှုတွေနဲ့ မိုင်းထောင်တဲ့ နေရာတွေမှာ ကလေးငယ်တွေကို သုံးတယ်ဆိုတာ ကျနော်တို့ ကြားထားပါတယ်။ ဒါပေမယ့် ခုလို မိန်းကလေးတaယာက်ကို အသေခံတိုက်ခိုက်ဖို့ စေလွှတ်တယ်ဆိုတာကတော့ ဒါ ပထမဆုံးပါပဲ” လို့ ပြောပါတယ်။

အာဖဂန်ရဲတွေဟာ ခုတော့ လွတ်မြောက်သွားတယ်လို့ ယူဆရတဲ့ မိန်းကလေးရဲ့ အစ်ကိုဖြစ်သူကို ရှာဖွေနေပါတယ်။ ဆပို့ဇ်မိုင်ရဲ့ အဖေ အဗ္ဗဒူလ် ဂါဖှောဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဘ၀တိုးတက်ရေးအတွက် ဟဲလ်မန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ သူ့သမီးလေးကို တာလီဘန်တွေဆီကနေ မကာကွယ်ပေးနိုင်ခဲ့ပါဘူးလို့ သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ ဘ၀တွေက အန္တရာယ်ထဲမှာ နေရတာပါ။ ကျနော် ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်ပေမယ့် ကျနော့်သမီးလေးကိုတော့ ကာကွယ် မပေးနိုင်ပါဘူး။”

ဆပို့ဇ်မိုင်ဟာ ခုတော့ ဟဲလ်မန်ဒ်ပြည်နယ်ရဲ့ မြို့တော်ထဲက အကာအကွယ် အစောင့်အရှောက်တွေ စီစဉ်ထားတဲ့ ထိန်းသိမ်းမှုအောက်မှာပါ။

သမ္မတ ဟာမစ်ကာဇိုင်းကတော့ ဒီမိန်းကလေးကို သူ့အိမ်ဆီ ပြန်ပို့ပေးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ဒါဟာ သင့်တော်ကောင်းမွန်တဲ့ စိတ်ကူးလို့ မယူဆကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က ပြောပါတယ်။

“ဒီမိန်းကလေးက ဘေးကင်းလုံခြုံမှု မရှိသေးပါဘူး။ သူဟာ ထပ်ပြီး ဓားစာခံ ထပ်ဖြစ်ဦးမှာပဲလို့ သူကိုယ်တိုင် ပြောနေတာပါ။”

ဆပို့ဇ်မိုင်ရဲ့ အဖေကတော့ သူ့ကို တခြားပြည်နယ်တခုမှာ မြေကွက်တကွက် ပေးဖို့ သမ္မတ ဟာမစ်ကာဇိုင်းကို တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ခဏလောက်တော့ နေချင်တယ်လို့ မိန်ကလေးငယ် ဆပို့ဇ်မိုင်က ပြောပါတယ်။

“ကျမ ဒီနေရာမှာ နေချင်ပါတယ်။ ကျမ ပြန်မသွားချင်ဘူး။ တကယ်လို့ ကျမသာ ပြန်သွားရင် သူတို့ ဒီလိုကိစ္စကိုပဲ ထပ်လုပ်ခိုင်းဦးမှာပဲ။ အရင် သူတို့လုပ်ခိုင်းခဲ့တဲ့ အသေခံတိုက်ခိုက်ရေး လုပ်ဖို့ ကျမကို အတင်းခိုင်းဦးမှာပါပဲ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာဝါဇီရီ က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB

မွတ်စလင်ရိုဟင်ဂျာ ၅၀၀ ကျော် ထိုင်းအာဏာပိုင် တွေ့ရှိ ထိန်းသိမ်း





အရင်က ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် ရိုဟင်ဂျာတွေ (Credit: AFP)

ထိုင်းနိုင်ငံအတွင်း ​တရားမ၀င် ​၀င်ရောက်လာတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာ ​ဒုက္ခသည်အယောက်ပေါင်း ​ငါးရာကျော်ကို ​ထိုင်းအာဏာပိုင်တွေက ​တွေ့ရှိထိန်းသိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့ကပဲ ​ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ​မလေးရှားနိုင်ငံ ​နယ်စပ်က ​ရာဘာစိုက်ခင်းခြံတခုအတွင်းမှာ ​ထိုင်းအာဏာကာပိုင်တွေက ​၀င်ရောက်စီးနှင်းပြီး ​အသက် ​ငါးနှစ်အရွယ်ကလေးငယ် ​တစ်ဦးအပါအ၀င် ​လူပေါင်း ​၅၃၀ ​နီးပါး ​ပါဝင်တဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေကို ​တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​လူမျိုးရေး ​ဘာသာရေး ​ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ​ကစပြီးတော့ ​ထောင်နဲ့ချီတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေဟာ ​မြန်မာနိုင်ငံနဲ့ ​အိမ်နီချင်းဖြစ်တဲ့ ​နိုင်ငံတွေဆီကို ​ထွက်ပြေးထိမ်းရှောင်ခဲ့ကြပြီး ​အများစုကတော့ ​မလေးရှားနိုင်ငံမှာ ​ပုန်းအောင်းနေကြတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

အခုလို ​ထွက်ပြေးကြရာကနေ ​တချို့က ​လူကုန်ကူးသူတွေရဲ့ ​လက်ထဲကိုရောက်သွားတာဖြစ်တယ်လို့ ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​ဆိုပါတယ်။

မွတ်စလင် ​ရိုဟင်ဂျာတွေ ​လူကုန်ကူးသူတွေလက်ထဲ ​ရောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ​ထိုင်းစစ်တပ်က ​တာဝန်ရှိသူတွေလည်း ​ပါဝင်ပတ်သက်မှုရှိတယ်လို့ ​စွပ်စွဲချက်တွေထွက်ပေါ်လာတဲ့အတွက် ​ထိုင်းနိုင်ငံကလည်း ​စုံစမ်းစစ် ​ဆေးမှုတွေလုပ်နေတာဖြစ်ပါတယ်။

ABC Radio Australia

လွန်ခဲ့တဲ့နှစ်က အမေရိကလေဆိပ်တွေမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းတွေက ကိုယ်ပိုင်စစ်တပ်တစ်တပ် ထူထောင်နိုင်လောက်တဲ့ အရေအတွက်မှာရှိ




၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုလေဆိပ်မှာ ခရီးသည်တွေဆီက သိမ်းဆည်းရမိခဲ့တဲ့ တရားမ၀င်လက်နက်ပစ္စည်းတွေရဲ့ ဓာတ်ပုံတွေကို လေဆိပ်စစ်ဆေးရေးဌာနက ထုတ်ပြန်ခဲ့ရာမှာ အမေရိက ပြည်သူတွေကို ခြောက်ခြားစေခဲ့ပါတယ်။

ဘာဖြစ်လို့ လည်းဆိုတော့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းတွေဟာ အရမ်းများပြားလွန်းပြီး ကိုယ်ပိုင်စစ်တပ်တစ်တပ်ကို အသာအယာဖွဲ့ စည်းနိုင်လောက်တဲ့ အရေအတွက် ထိကို ရှိနေလို့ ပါပဲ။ သိမ်းဆည်းရမိတဲ့ လူကိုသေစေနိုင်လောက်တဲ့တရားမ၀င်ပစ္စည်းတွေမှာ ဆာမူရိုင်း ဓားတွေ ကနေ ပစ္စတိုတွေ၊ ကျည်ဆန်တွေ၊ လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ အပြင် ပေါက်ကွဲပစ္စည်းတွေ အများအပြားပါဝင်တဲ့ အတွက် ပြည်သူတွေ ထိတ်လန့် တုန်လှုပ်ခဲ့ရပါတယ်။

လေဆိပ်ဖြတ်သန်းရေးအရာရှိတွေဟာ အမေရိကန်ပြည်ထောင်စု လေဆိပ်တွေရဲ့ ခရီးသည် ၆၃၈ ၇၀၅ ၇၉၀ ဦးကို စစ်ဆေးခဲ့တဲ့အထဲမှာ အခုလို လက်နက်တွေကို သိမ်းဆည်းရမိခဲ့တာပါ။

အမေရိကရဲ့ လေဆိပ်တွေမှာ တစ်နေ့ ကို သေနတ်ငါးလက်လောက် အနည်းဆုံး သိမ်းဆည်းရမိပြီး အများဆုံး တွေ့ ရတာကတော့ ခြောက်လုံးပြူး သေနတ်တွေ ဖြစ်ပါတယ်။ ဒီ ရှာဖွေသိမ်းဆည်းမိတဲ့ ဖြစ်စဉ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ အဲဒီ့လက်နက်တွေဟာ ကျည်အသင့်ဖြည့်ထားတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ ဒုံးကျည်လက်နက်တွေပါ ပါဝင်ပြီး ရှားပါးသေနတ်တွေနဲ့ အလယ်ခေတ်က စစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်တာကို တွေ့ ရပါတယ်။

Ref: washingtonpost

ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး






ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ် ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန်စီစဉ်




သုခစုစံပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် အလုပ်လျှောက်ထားသူတစ်ဦးအား တွေ့ရစဉ်


အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသခံများ အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

"မကွေးမှာ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲလုပ်ဖို့ စီစဉ်နေတယ်။ ဘယ်တော့လုပ်ဖြစ်မှာဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ကတော့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ပြပွဲတွေကို အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့ နယ်ဒေသတွေမှာ ပိုလုပ်စေချင်တယ်။ အဲဒီမှာ အလုပ်အကိုင်တွေ ပိုရှားတယ်လေ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာနသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းသာမက ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ရန် ဖန်တီးပေးလျက်ရှိပြီး ကျေးလက်နှင့် မြို့ပြပါမကျန် အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လျှောက်ထားနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သုခစုစံသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ၌ လာရောက်အလုပ်လျှောက်ထားသူများကို One stop Service စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ လျှောက်ထားသူများအနက် ၇၅ ရာခိုင်နှုန်းခန့်မှာ အလုပ်အကိုင်ရရှိခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အဖိုးတန်သစ်တော သယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေ


နီလာ

တရုတ်-မြန်မာနယ်စပ် နယ်ကြားတစ်နေရာရှိ တရားမ၀င် သစ်လုံးတင်ယာဉ်တစ်စီးအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-အငယ်ထွေး)


မြန်မာနှင့် တရုတ်နိုင်ငံတို့ နယ်နမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အဖိုးတန် သစ်တောသယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီကာ တရားမ၀င် သစ်ခိုးထုတ်မှုများကို တရုတ်အစိုးရအနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သည့် ဆွေးနွေးပွဲများတွင် မြန်မာအစိုးရတာဝန်ရှိသူများက တရားဝင်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားမ၀င်သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ် နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ စကားဝါ သစ်ရာ၊ အင်ကြင်းစသည့် သစ်တန်ချိန် စုစုပေါင်း ၃၂၄၃ ဒသမ ၂၈၆၃ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်နေ့အထိက ကျောက်မဲခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့တွင် တရားမ၀င်သစ် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ အင်ကြင်း၊ သစ်လုံး၊ သစ်ခွဲသား၊ စုစုပေါင်း ၇၂၈ တန် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မန္တလေး-မူဆယ် ကားလမ်းတွင် တရားမ၀င်သစ်များအား စစ်ဆေးရာ ယာဉ်ငယ်အစီး ၇၀ ပေါ်တွင် တင်ဆောင်လာသော ပိတောက်၊ တမလန်း၊ သင်းဝင် ၁၂၅ ဒသမ ၁၂ တန်ကိုလည်းကောင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နားဟန်ကျေးရွာအနီးတွင် ကျွန်း၊ ပိတောက်၊ တမလန်း၊ စကားဝါ စုစုပေါင်း ၉၂၈ တန်တို့ကို ဖမ်းဆီးရမိခဲ့သည်။

၂၀၁၄ ဇန်န၀ါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ကျောက်မဲခရိုင် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ရိုးတစ်လျှောက်ရှိ နတ်ကုန်း။ ညောင်ပင်သာ၊ ပက်ပါ၊ အင်းလှော် ကျေးရွာများတွင် ပိတောက်နှင့် တမလန်းသစ်တန်ချိန် ၁၅၈၇ တန်အပြင် သစ်တင်ယာဉ် ၁၄ စီး၊ လက်ကိုင်လွှစက် ငါးလက်နှင့် သစ်ခွဲအင်ဂျင် နှစ်လုံးတို့ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ငွေကြေးအရင်းအနှီးဈေးကွက် ထူထောင်ရန် ကျပ်ငွေ ၃၂ ဘီလျံတွင် မြန်မာနိုင်ငံမှ ရာခိုင်နှုန်း ၅၁ ၊ ဂျပန်ဘက်မှ ရာခိုင်နှုန်း ၄၉ ဖြင့် မ,တည်ရန် ဂျပန်ဘက်မှ မူကြမ်းပေးပို့ထား


အေးမြတ်မွန်၊ သက်ထား

ဂျပန်နိုင်ငံရှိ တိုကျိုစတော့ အိတ်ချိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)


ငွေကြေးအရင်းအနှီးဈေးကွက် (Stock Exchange )ထူထောင်ရန် မြန်မာနိုင်ငံမှ ရာခိုင်နှုန်း ၅၁၊ ဂျပန်ဘက်မှ ရာခိုင်နှုန်း ၄၉ဖြင့် မ,တည်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းအတွက် ဂျပန်နိုင်ငံဘက်မှ စာချုပ်မူကြမ်းပေးပို့ထားပြီးဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။

“အခုနောက်ဆုံး ဆန်ကာတင်လိုက်တာက ဒိုင်ဝါနဲ့ဂျပန်မှာရှိတဲ့ တိုကျိုအိတ်ချိန်းပါ။ မြန်မာကျပ်ငွေ ၃၂ ဘီလျံမှာ မြန်မာဘက်က ရာခိုင်နှုန်း ၅၁၊ ဂျပန်ဘက်က ရာခိုင်နှုန်း ၄၉ အသီးသီးထည့်ဝင်မှာပါ။ သူတို့ဘက်ကနေ စာချုပ်မူကြမ်းပို့ထားပြီးပြီ။ အဲဒါကိုကြည့်ပြီးတော့ ပြင်စရာရှိတာတွေကို ညွှန်ကြားထားတယ်။ သူတို့က ဆွေးနွေးပြီးတော့ ဒီမူကြမ်းကိုပြင်ပြီးရင် အဲဒါကိုရှေ့နေချုပ်ရုံးတို့၊ သမ္မတရုံးတို့ကိုတင်ပြီးတော့ အမိန့်ခံယူပြီးရင် စလည်ပတ်လို့ရပြီ။ စမယ်ဆိုတာကလည်း ပြင်ဆင်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စတော့အိတ်ချိန်းပေါ်ပေါက်ရန် ပြင်ဆင်မှုကို ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင် ပြင်ဆင်သွားမည်ဖြစ်ပြီး စတင်အကောင်အထည်ဖော်မည့်ကာလမှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ခန့်မှန်းထားကြောင်း သိရသည်။

“ဒီကြားထဲမှာ ပြင်ဆင်ရေးတွေကိုလုပ်ရမှာက ကုမ္ပဏီတွေကို ပညာပေးတဲ့လုပ်ငန်းတွေလုပ်ရမယ်။ လာမယ့် ဖေဖော်ဝါရီလထဲမှာ ကုမ္ပဏီတွေကို စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီး ပညာပေးတဲ့အနေနဲ့ဟောပြောပွဲကြီးတစ်ခုလုပ်ဖို့ပြင်ဆင်ထားတယ်။ ၂ဝ ရက် ပတ်ဝန်းကျင်လောက်ပေါ့။ လူတိုင်းနားထောင်လို့ရအောင် အခမဲ့လုပ်မှာပါ။ပါဝင်မယ့် ကုမ္ပဏီတွေအနေနဲ့ကလည်း နိုင်ငံတကာ စံနှုန်းတွေရှိတယ်။ကုမ္ပဏီတိုင်းကိုလည်း မှတ်ပုံတင်ခွင့်မပေးပါဘူး။ ဒီမှာမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီမှ သူ့ရဲ့ရှယ်ယာတွေကို ထုတ်ရောင်းခွင့်ရမှာပါ။ စံနှုန်းနဲ့ညီတဲ့ ကုမ္ပဏီတွေက ခိုင်မာတဲ့ ကုမ္ပဏီတွေဖြစ်ရမယ်။ အဲဒါမှ ဒီအိတ်ချိန်းမှာ ဝယ်တာတွေက စိတ်ချရမယ်။ များသောအားဖြင့်က အများပိုင်ကုမ္ပဏီတွေ ထောင်တယ်။ စည်းကမ်းတကျမလုပ်ဘူး။ ပိုက်ဆံထည့်ပြီးတော့ ပိုက်ဆံဆုံးသွားတာတွေ ဖြစ်ခဲ့ဖူးတယ်။ကမ္ဘာမှာလည်း ဖြစ်ခဲ့ဖူးတယ်။ အခု အဲ့ဒါမျိုးတွေ မဖြစ်အောင် စတော့အိတ်ချိန်းမှာပါမယ့် ကုမ္ပဏီတွေက လာလျှောက်တဲ့အခါ မှာ သတ်မှတ်ထားတဲ့စံနှုန်းနဲ့ ညီမညီ စစ်တယ်။ ညီပြီဆိုရင် ခိုင်မာတဲ့ကုမ္ပဏီဆိုတာ သေချာသွားပြီ။ အဲ့ဒီကုမ္ပဏီတွေကိုသာ စတော့အိတ်ချိန်းမှာ မှတ်ပုံတင်ခွင့်ပေးမယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်အများပိုင်ကုမ္ပဏီ ၁ဝ၅ ခုရှိနေပြီး စတော့အိတ်ချိန်းစာရင်းဝင်ရန်သတ်မှတ်ခံရသည့် ကုမ္ပဏီမှာမူ အနည်းငယ်သာရှိနေသေးကြောင်းသိရသည်။

Related Posts Plugin for WordPress, Blogger...