Wednesday, November 20, 2013

မှောင်မိုက်မှာငို ကမ္ဘောဒီးယား မိန်းမပျိုတို့ဘဝ

Wednesday, 20 November 2013 သူတို့ ဘားဆိုင် သို့မဟုတ် ကဖေးဆိုင် တစ်ဆိုင်ဆိုင်တွင် ထိုင်ရင်း အချိန်ဖြုန်းကြသည်။ သူတို့ ကလေးတွေနှင့် အတူတူ ကစားလေ့ ရှိကြသည်။ ဇနီးမယားများနှင့်အတူ ဈေးဝယ် ထွက်ကြသည်။ ကမ္ဘောဒီးယား အမျိုးသားများ၏ ဘဝကို ကြည့်လိုက်လျှင် ထူးခြားသည်ဟု မထင်ရ။ သို့သော် အသက် ၁၈ နှစ်မှ ၄၉ နှစ်အတွင်း အမျိုးသား ၅ ဦးတွင် တစ်ဦးသည် အမျိုးသမီးများကို မုဒိမ်းမှု ကျူးလွန်ရာတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက် နေတတ်သည်။ ကြောက်ခမန်းလိလိ ဦးရေ ဖြစ်သည်။...

ပြည်သူတွေအတွက် ခဏထားပြီး ကျွန်မအတွက် အရင်ဖြည့်ဆည်းပေးပါ

WEDNESDAY, NOVEMBER 20, 2013 နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေက ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့ တွေ့ဆုံခဲ့ရာ ဘီလ်ကလင်တန်ဖက်မှ မြန်မာလူထုကို ကူညီရေးလုပ်ငန်းများ ဆွေးနွေး ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ ဘီလ်ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် မနက်ပိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး...

၈၈% ၉၀% ထောက်ခံပြီး လူသောင်းချီ တက်ရောက်ကြောင်း NLD မှ ဝါဒဖြန့်နေစဉ် အခြေခံဥပဒေအရေး ပြည်သူ ပူးပေါင်းမှု အားနည်းကြောင်း ကွန်ရက်အဖွဲ့ပြောကြား

WEDNESDAY, NOVEMBER 20, 2013 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သတ်ပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေတာတွေ ရှိနေကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ရက်က ဒီနေ့နေ့စွဲနဲ့ သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက Crystal Jade စားသောက်ဆိုင်မှာ ဒီကနေ့ နေ့လည်ပိုင်းကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ကြေငြာချက်ထုတ်ပြန် ခဲ့တာပါ။တိုင်းပြည်တည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ...

အလွန်ဝနေသည်ဟု သတ်မှတ်ခံထားရသည့် ပြင်သစ်အမျိုးသား လေယာဉ်စီးခွင့် ရရှိ

Wednesday, November 20, 2013 ချီကာဂိုမှ ရထားစီးလာပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် နယူးယောက်ရှိ ပင်းဘူတာရုံသို့ ရောက်လာသော ကီဗင်ချီနိုင်းကို တွေ့ရစဉ် (Photo:AFP) လေယာဉ်စီးနင်းရန် အလွန်ဝနေသည်ဟု ယူဆခံရသော ပြင်သစ်အမျိုးသားသည် ဥရောပသို့ သင်္ဘောဖြင့် ပြန်ရန်အစီအစဉ် မအောင်မြင်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် လေယာဉ်လက်မှတ် ရရှိသွားပြီဖြစ်ကြောင်း သူ၏ဖခင်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ဟော်မုန်းမမျှတမှု ဖြစ်ပေါ်နေသည့် ကီဗင်ချီနိုင်းသည် အမေရိကန်သို့ လာရောက်ပြီး ဆေးကုသမှု...

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသောယာဉ် ၁၃၇ စီးအား ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့

 Wednesday, 20 November 2013 နိုဝင်ဘာ ၁၅ ရက်က ဗဟန်းမြို့နယ်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူစဉ် ရန်ကုန်တိုင်းဒေသကြီး ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်အစီးရေ ၁၃၇ စီးကို ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သိရသည်။ အဆိုပါ ယာဉ်မရပ်ရသော လမ်းမကြီးများတွင် ရပ်နားထားသောယာဉ်များကို နိုဝင်ဘာ ၁၁ ရက်နေ့မှ...

လက်ရှိမြန်မာနိုင်ငံတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၂၅ ဦးခန့် ဖြစ်ပွား

Wednesday, 20 November 2013 ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းတွင် တက်ရောက်ကုသနေသည့် ဝေဒနာရှင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်) လက်ရှိ မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးလူဦးရေ တစ်သိန်းတွင် ၁၂၅ ဦးခန့် ဖြစ်ပွားနေကြောင်း 'ရင်သားကင်ဆာနှင့် မျှော်လင့်ချက်' ဟောပြောပွဲတွင် ပြောကြားချက်များအရ သိရသည်။ရင်သားကင်ဆာသည် စောစီးစွာ သိရှိပါက အသက်ဆက်လက် ရှင်သန်နိုင်မှုမှာ ၉၀ ရာနှုန်းအထိ ရှိနေသော်လည်း ဝေဒနာရှင်အများစုမှာ...

လက်ဘနွန်ရှိ အီရန်သံရုံး အပြင်ဘက်၌ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားရာ လူ ၂၀ ကျော် သေဆုံး

Wednesday, November 20, 2013 ဘေရွတ်တောင်ပိုင်း ဘီရာဟက်ဆန်တွင် နိုဝင်ဘာ ၁၉ ရက်က ဗုံးပေါက်ကွဲခဲ့သည့် နေရာ၌ လက်ဘနွန် စစ်သားများနှင့် အရေးပေါ် ၀န်ထမ်းများ စုဝေးနေစဉ် (Photo:AFP) လက်ဘနွန်မြို့တော် ဘေရွတ်ရှိ အီရန်သံရုံး အပြင်ဘက်၌ နိုဝင်ဘာ ၁၉ ရက်က ပြင်းထန်သည့် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာလူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၄၆ ဦး ဒဏ်ရာရခဲ့သည်ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီး အလီဟာဆန်ခါလီက ပြောကြားခဲ့သည်။ ရှီအိုက်ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ အင်အားကောင်းသော...

မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်၌ အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်း ဓားဖြင့်လှီး၍ အသတ်ခံရ

 Wednesday, 20 November 2013 မနှင်းအေးဝေ အသတ်ခံရသည့် နေအိမ် အိပ်ခန်းနေရာ(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။ သေဆုံးသူများမှာ မမြမြသန်း (ခ) ချောစု အသက် (၃၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ...

ယခုနှစ် ခရီးသွား ရာသီအတွင်း ပုဂံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု များပြားလာ

Wednesday, November 20, 2013 ကမ္ဘာလှည့် ခရီးသွားများအား အလည်အပတ် လာရောက်ရန် အဓိက ဆွဲဆောင်သည့် ပုဂံညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား အချို့အား နိုဝင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော် (ပုဂံ)) ယခုနှစ် ခရီးသွား ရာသီအတွင်း ပုဂံသို့ ကမ္ဘာလှည့် ခရီးသွား အများအပြား ၀င်ရောက်လာမှုကြောင့် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှုများ မြင့်တက်လျက်ရှိပြီး၊ ဟိုတယ်တိုင်းတွင် ပြည့်လုနီးပါး ဖြစ်နေကြောင်း ပုဂံဟိုတယ်များမှ သတင်းရရှိသည်။ "အခု အတွင်းဆိုရင် ပုဂံကို ခရီးသွားတွေ ပိုဝင်လာတယ်။...

ပြည်တွင်း၌ မတ်ပဲလက်ကျန် တန်ချိန်တစ်သိန်းကျော်သာ ကျန်ရှိပြီး အိန္ဒိယဘက်မှ အ၀ယ်လိုက်လာမှုကြောင့် မတ်ပဲဈေး တစ်တန် ကျပ်သုံးသောင်းကျော် ခုန်တက်

Wednesday, 20 November 2013 ဈေးကွက်အတွင်းတွေ့ရှိရသော ပဲမျိုးစုံ ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲ လက်ကျန်အနေဖြင့် တန်ချိန် တစ်သိန်းကျော်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ပြည်တွင်းဈေးကွက်၌ ပဲလက်ကျန်နည်း နေချိန်တွင် အိန္ဒိယဘက်မှ အ၀ယ်လိုက်လာမှုနှင့်အတူ ပြည်တွင်းဈေးကွက်အတွင်း ဈေးကစားမှုများကြောင့် မတ်ပဲဈေးတစ်တန်လျှင် ကျပ်သုံးသောင်းကျော် ခုန်တက်သွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲလုပ်ငန်းရှင်များထံမှ...

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ၂ ဒသမ ၅ ဆ တိုးလာ

Wednesday, 20 November 2013 Myanmar - Japan Joint Economic Conference ကျင်းပစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် လက်တွေ့အကောင်အထည် ဖော်မှုများကြောင့် မြန်မာနိုင်ငံတွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံလိုသူ ဂျပန်ကုမ္ပဏီများ ၂ ဒသမ ၅ ဆ ရင်းနှီးမြှုပ်နှံလာကြကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် Myanmar-Japan...

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိကကျသော လွှတ်တော်ရွေးကောက်ပွဲများ နီပေါကျင်းပ

Wednesday, 20 November 2013 မြို့တော် ခတ္တမန္ဒူတွင် နိုဝင်ဘာ ၁၉ ရက်က မဲရုံတစ်ရုံ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo:AFP) ဆယ်စုနှစ် တစ်ခုကြာ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အဓိကကျမည့် နီပေါလွှတ်တော် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မော်သူပုန်များက အစပြုခဲ့သည့် နီပေါပြည်တွင်းစစ် ၂၀၀၆ ခုနှစ်တွင် အဆုံးသတ်ပြီးနောက်...

လက်လီအရောင်းဆိုင် တစ်သိန်းပါဝင်သည့် ဖြန့်ချိရေးကွန်ရက် တည်ဆောက်ရန် ကိုယ်စားလှယ်များကို Telenor စတင်ခေါ်ယူ

Wednesday, 20 November 2013 Telenor ကုမ္ပဏီမှ တာဝန်ရှိသူများက မီဒီယာများအား ရှင်းလင်းနေစဉ် ဆက်သွယ်ရေးလိုင်စင် ရရှိရန် အစိုးရနှင့် ညှိနှိုင်းနေပြီးဖြစ်သည့် Telenor ကုမ္ပဏီက လုပ်ငန်းစတင် လည်ပတ်နိုင်သည့် အချိန်မှ ငါးနှစ်အတွင်း လက်လီအရောင်းဆိုင်ပေါင်း တစ်သိန်းပါဝင်သော ဖြန့်ချိရေး ကွန်ရက်အား တည်ဆောက်ရန် ဖြန်ချိရေး ကိုယ်စားလှယ်များနှင့် မိတ်ဖက်လက်လီ အရောင်းဆိုင်များကို စတင်ဖိတ်ခေါ် လိုက်သည်။ Telenor ကုမ္ပဏီ၏ ဖြန့်ချိရေးနှင့် မိတ်ဖက်လက်လီ အရောင်းဆိုင်အဖြစ်...

မိုင် ၁၂၀၀ အထိ သွားရောက်နိုင်သော မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ကို အီရန်ပြသ

Wednesday, 20 November 2013 အီရန်နိုင်ငံလုပ် Fotros မောင်းသူမဲ့ လေယာဉ်ကို နိုဝင်ဘာ ၁၈ ရက်က တီဟီရန်တွင် ပြသထားစဉ် (Photo:AFP) ဒုံးကျည်တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) အထိ သွားရောက်နိုင်သော မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်မျိုးအား အီရန်က နိုဝင်ဘာ ၁၈ ရက်တွင် ပြသခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ Fotros မောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၂၅၀၀၀ ၀န်းကျင်၌ ပျံသန်းနိုင်ပြီး ၁၆ နာရီမှ နာရီ ၃၀ အထိ ပျံသန်းနိုင်ကြောင်း...

တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်နေ

 Wednesday, 20 November 2013 အောက်တိုဘာ ၁၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ချမ်းမြေ့တည်းခိုရိပ်သာအား တွေ့ရစဉ် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန် (ဒုတိယညွှန်ကြားရေး မှူး)(မှုခင်း)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။"စောထွန်းထွန်းကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ကျောက်ကြီးမှာ...

မန္တလေးမြို့တွင် OIC အလိုမရှိကြောင်း အချက်ငါးချက်ဖြင့် ဆန္ဒပြ

 Wednesday, 20 November 2013 မန္တလေးမြို့တွင် သံဃာတော်များက OIC အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ် မန္တလေးမြို့တွင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။ သံဃာအပါး ၂၀၀ ကျော်က ယင်းသို့ ဆန္ဒထုတ်ဖော်မှုအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားမှ စတင်ကာ OIC ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် စစ်ကိုင်း-မန္တလေးလမ်း၊ ဗိုလ်အိမ်လမ်းဆုံမှ စာတိုက်ကွေ့၊ ထို့နောက် ဘုရားကြီး အရှေ့မုခ်အား ပတ်လမ်းလျှောက်ကာ...

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ယခင်က MIC ဆုံးဖြတ်ချက်ဖြင့်သာ ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ သဘောထား မှတ်ချက်များဖြင့် စတင်ခွင့်ပြု

Wednesday, 20 November 2013 တရုတ်နိုင်ငံနှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ ဖက်စပ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ- ဖြိုးဝေ) မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာတွင် ယခင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်တစ်ခုဖြင့်သာ ခွင့်ပြုခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ သဘောထား မှတ်ချက်များ၊ စိစစ် ခွင့်ပြုချက်များအပေါ် အခြေခံလျှက်...

Related Posts Plugin for WordPress, Blogger...