Wednesday, November 20, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ၂ ဒသမ ၅ ဆ တိုးလာ

Wednesday, 20 November 2013

Myanmar - Japan Joint Economic Conference ကျင်းပစဉ်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် လက်တွေ့အကောင်အထည် ဖော်မှုများကြောင့် မြန်မာနိုင်ငံတွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံလိုသူ ဂျပန်ကုမ္ပဏီများ ၂ ဒသမ ၅ ဆ ရင်းနှီးမြှုပ်နှံလာကြကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် Myanmar-Japan Joint Economic Conference တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ပေးပို့သည့် သ၀ဏ်လွှာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr.Mikio Numata က ဖတ်ကြားပေးခဲ့ခြင်း ဖြစ်သည်။

" Myanmar - Japan Joint Economic Conference ကို ၁၂ နှစ်တာကာလအတွင်း ပြန်ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အခုလိုအချိန်တွင်းမှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပိုမိုဆောင်ရွက်ဖို့အတွက် ယခုနှစ် မေလအတွင်းမှာ ၃၆ နှစ် ကာလတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် လာရောက်ခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန်နဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်က အစိုးရနဲ့ ပြည်သူပူးပေါင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ကျေးဇူးတင်ခဲ့ပါတယ်"ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ထို့အပြင် ယခုဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံ၏ စီးပွားရေးကို ဦးဆောင်သူများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ဦးဆောင်သူများ အနေဖြင့်လည်း ဂျပန်-မြန်မာ စီးပွားရေးအတွက် အကြံဥာဏ်ကောင်း၊ နည်းလမ်းကောင်းများကို ဖလှယ်နိုင်စေရန် ဆုတောင်းပါကြောင်း၊ နှစ်နိုင်ငံကြားတွင် Japan - Myanmar Joint Initiative ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ယခု Initiative သည်လည်း frame work ပေါ်အခြေခံကာ နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံခြင်းများကို ပိုမိုတိုးမြှင့်ကာ ဆောင်ရွက်လျှက်ရှိကြောင်း ယင်းသ၀ဏ်လွှာတွင် ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်ခဲ့သည့် ဂျပန်နိုင်ငံ အကြီးဆုံး စီးပွားရေး အုပ်စုအဖွဲ့ KEIDANREN ၏ Senior Corporate Advisor , Chair man of Japan -Myanmar Economic Committee, Mr. Nobuo Katsumata ဦးဆောင်သည့် ဂျပန်နိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် အဖွဲ့ဝင် ၆၀ ကျော်မှ လာရောက်ကာ ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လာရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...