Wednesday, November 20, 2013

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ယခင်က MIC ဆုံးဖြတ်ချက်ဖြင့်သာ ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ သဘောထား မှတ်ချက်များဖြင့် စတင်ခွင့်ပြု

Wednesday, 20 November 2013

တရုတ်နိုင်ငံနှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ ဖက်စပ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ- ဖြိုးဝေ)

မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာတွင် ယခင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်တစ်ခုဖြင့်သာ ခွင့်ပြုခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ သဘောထား မှတ်ချက်များ၊ စိစစ် ခွင့်ပြုချက်များအပေါ် အခြေခံလျှက် ရင်းနှီးမြှုပ်နှံမှုများအား စတင်ခွင့်ပြုနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

ထိုသို့ လုပ်ငန်းများ ခွင့်ပြုရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၏ သဘောထားမှတ်ချက်၊ စိစစ် ခွင့်ပြုချက်များအပေါ် အခြေခံလျှက် ဆုံးဖြတ်ရုံသာမက သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျှက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုများ ချထားပေးရာတွင် ဒေသအခြေအနေနှင့် စီမံကိန်းနေရာတွင် ပါဝင်နေသည့် ဒေသခံများ ပြည်သူများ၏ စိုက်ပျိုးမြေများ၊ ကျေးရွာများပါဝင်မှု ရှိ မရှိ မြေပြင် အခြေအနေမသိဘဲ ခွင့်ပြုခဲ့မှုများကြောင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများတွင် ဒေသခံများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ပဋိပက္ခများ ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များ ရယူပြီးနောက် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုစေခဲ့သည့် လုပ်ငန်းများမှာ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် New Century Industries (Myanmar) Co,Ltd (Hong Kong ), Hua Tai Enterprise Co,Ltd (Hong Kong) တို့ဖြစ်ပြီး ဖက်စပ် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းဖြစ်သည့် Chiyoda & Public Works Co,Ltd , Public Works (Myanmar) Chiyoda Corporation (Japan) တို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု စာရင်းတွင် ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု စသည့်ကဏ္ဍများတွင် အများဆုံး မြှုပ်နှံထားပြီး ကျပ်သန်းပေါင်း ၃၆၀၉၇၃၃ ဒသမ ၂၄ သန်းအထိ မြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဟိုတယ်နှင့် ခရီးသွားစသည့် လုပ်ငန်းကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၄၃၉၀၁ဒသမ ၇၁၈ သန်း မြှုပ်နှံထားပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ဗြိတိန်၊ တောင်ကိုရီးယားစသည့် နိုင်ငံများမှ အစဉ်လိုက် မြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...