Thursday, January 23, 2014

နေတိုးနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ မော်ဒယ်လေးရဲ့ လန်းချက်


ATTRACTIVE TEENAGE MODEL GIRL- PATRICIA (SUE SHA NAING)












ယနေ့လူငယ်များကို မေတ္တာရပ်ခံခြင်း




ဘ၀ကို အချိန်ဖြင့် တည်ဆောက်ရသည်။ အချိန်သည် ရပ်မနေသည့်အတွက် ဘ၀သည်လည်း ရပ်မနေဟု ဆိုနိုင်ပါလိမ့်မည်။ အချိန်တွေ တဖြည်းဖြည်း ရွေ့လာသည်နှင့် လူသား တစ်ယောက်သည်လည်း ဇရာ ပြောင်းလဲလာရသည်။ သို့သော် အချိန်အရ ပြောင်းလဲလာသည့် ဇရာနှင့်အတူ နေထိုင်မှု အဆင့်မြင့်စွာ လိုက်ပါပြောင်းလဲနိုင်ရေးမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ခွန်အားအကောင်းဆုံးကာလ လူငယ်ဘ၀တွင် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးသည် အခရာကျပါသည်။

ကမ္ဘာနှင့်ချီ ပြိုင်ဆိုင်မှုပြင်းထန်သည့် ၂၁ ရာစုတွင် ယနေ့ မြန်မာလူငယ်များအတွက် အချိန်နှင့် အမျှ ပညာရှာနိုင်ရေးသည် ပို၍ပင် အရေးကြီးလာပါသည်။ ဘ၀အခြေအနေ တိုးတက်ပြောင်းလဲနိုင်ရေး တွင် အခွင့်အရေးနှင့် စိန်ခေါ်မှုက လွန်ဆွဲနေသည်။ အချိန် အသုံးချမှန်ကန်လျှင် အခွင့်အရေးရမည် ဖြစ်သကဲ့ သို့ အချိန်အသုံးချ လွဲချော်သည်နှင့် ဘ၀ရှုံးမည်ဖြစ်သည်။

ယနေ့လူငယ်များ၏ အချိန်ကို ကမ္ဘာလုံးချီဖျော်ဖြေရေးများက စိန်ခေါ်နေပါသည်။ ကမ္ဘာကြီးကို လက်ဝါး ပေါ်တင်ပေးလိုက်သည့် အင်တာနက် နည်းပညာသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြင့် အကောင်း အဆိုး ဒွန်တွဲပါလာသည်။ အင်တာနက်ဖြင့် ပညာမျက်စိဖွင့်မည်လော၊ သို့မဟုတ် အင်တာနက်ဖြင့် ဇိမ်ခံ ကြမည်လော။ ယနေ့လူငယ်များ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရပါလိမ့်မည်။ ထိုသို့ မေးခွန်းထုတ်လိုက် သည်နှင့် စိတ်ကိုယ်ထိန်းချုပ် မောင်းနှင်နိုင်သူများ ဘ၀ကို အနိုင်ယူနိုင်မည်လည်း ဖြစ်ပါသည်။ စိတ်ကိုနိုင် လျှင် ဘ၀ကိုနိုင်သည်ဟု ဆိုချင်ပါသည်။

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းအထိ အကြမ်းဖျင်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြု သူ တစ်သန်းရှိပြီး ယင်းတွင် Facebook (လူမှုကွန်ရက်) အသုံးပြုသူ ရှစ်သိန်းခန့်ဟု ဆိုထားသည်။ ယနေ့ကာလဆိုလျှင် အင်တာနက်၊ Facebook အသုံးပြုမှုသည် ထို့ထက်နှစ်ဆကျော် နေနိုင်ပါသည်။

အင်တာနက်အသုံးပြုမှုတွင် လူငယ်ထု အများဆုံးဖြစ်နေ ရာ အင်တာနက်၊ လူမှုကွန်ရက်များတွင် အချိန် များစွာပေးနေကြရသည့်အတွက် အသုံးချမှားနေပါက အချိန်က ၀ါးမြိုသွားရုံသာ အဖတ်တင်ပါလိမ့်မည်။

သတိထားရန်မှာ လိုတာရနိုင်သော အင်တာနက်မှ ဘ၀အတွက် မလိုအပ်သည့် အရာများလည်း ရှိနေရာ အန္တရာယ်ကို ရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယနေ့ခေတ် မြန်မာဆယ်ကျော်သက် လူငယ်များ အတွက် ကံကောင်း ထောက်မစွာ ချိန်ခါသင့်ရရှိလာသည့် ဒီမိုကရေစီအပြောင်းအလဲတွင် အရာရာကို ကမ္ဘာကြည့် ကြည့်နိုင်ခွင့်လည်း ရလာသည်။ ထိုသို့သောအခြေအနေတွင် အချိန်ကို ကောင်းစွာ စီမံခန့် ခွဲပြီး၊ ကမ္ဘာနှင့်အပြိုင် ပြေးနိုင်ဖို့ အစွမ်းကုန်ကြိုးစား ကြရပါလိမ့်မည်။ မဟုတ်လျှင် အနာဂတ်တွင် နောင် တဆိုးများဖြင့် သံသရာလည် နေနိုင်ပါသည်။

ဒီမိုကရေစီ အကူးအပြောင်းကာလ မျက်နှာပန်းလှလာသည့် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု မျှော်လင့် ချက်ကောင်းများ ရှိလာသည်။ နိုင်ငံတကာက မျက်စေ့ကျနေသည့်အချိန်တွင် အိမ်ရှင်နိုင်ငံအတွက် အစစ အရာရာ ပြင်ဆင်ရမည်တွင် ယနေ့လူငယ်များသည် အရေးကြီးကဏ္ဍက ပါဝင်နေသည်။

အတိတ်ကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံအဖို့ အရာရာတွင် ကမ္ဘာ့နောက်ကျ ခဲ့ရသည်။ ယနေ့မြန်မာလူငယ် များအနေဖြင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ အခွင့်အလမ်းများမှသည် အချိန်နှင့်တစ်ပြေးညီ ကမ္ဘာနှင့်ယှဉ်ကာ ကြိုးစားမှသာ နိုင်ငံကို ကယ်တင်နိုင်ပါလိမ့်မည်။ အနာဂတ်နိုင်ငံတိုင်းကို ယနေ့ လူ ငယ်များက ပြောင်းလဲပါသည်။ သို့သော် အပြောင်းအလဲတွင်လည်း အဆိုး အကောင်းနှင့် အနိမ့်အမြင့် များ ရှိနေပါသည်။ ထို့အတွက် ဘ၀အချိန်မနှောင်းမီ ကြိုးစားပညာရှာကြရန်နှင့် အနာဂတ်ကိုမျှော်တွေး ကြည့်ရန် ယနေ့လူငယ်များကို မေတ္တာရပ်ခံလိုပါသည်။

အကြမ်းပြိုင် အလန်းပြိုင်တဲ့ မြန်မာမော်ဒယ်တွေရဲ့ ဓာတ်ပုံစုစည်းမှု


Han Thi & M Seng Lu





Thinzar Nwe Win & Awn Seng




M Seng Lu & Awn Seng




May & Marina




May Sue Mg & May




Marina & May




Nan Myat Phyo Thinn & Khin Wint Wah




M Seng Lu & Han Thi



ကမ္ဘာကြီးပေါ်ကထူးဆန်းတဲ့ဓလေ့များ _ ကလေးပစ်ချတဲ့ပွဲတော်


အိန္ဒိယက ထူးဆန်းတဲ့ပွဲတော်တစ်ခုကတော့ အမြင့်ပေ ၅၀လောက်မြင့်တဲ့ နေရာကနေ ကလေးတွေကို ပစ်ချတဲ့ပွဲတော်ဖြစ်ပါတယ်။ အိန္ဒိယက ဟင်ဒူနဲ့ မူဆလင်တွေ ဒီပွဲတော်ကို ကျင်းပခဲ့တာနှစ်၇၀၀လောက်ရှိ ပါပြီ။ဒီအလေ့အထကို အိန္ဒိယမဟာရာရှထရာဒေသ ကဟင်ဒူနဲ့ မူဆလင်ဘာသာဝင်တွေ အများဆုံးလုပ်ဆောင်ကြပါတယ်။

တနှစ်မှာတခါ ကျင်းပလေ့ရှိပြီး ဒီလို ပစ်ချခြင်းဟာ ကလေးငယ်ကိုကျန်းမာစေ တယ်။ကံကောင်းစေတယ် လို့ ယူဆကြပါတယ်။ကလေးတွေကိုပစ်ချလိုက်ပြီး အောက်က အိပ်ယာခင်းနဲ့ ခံထားပါတယ်။ ကလေးကျသွားပြီဆို တာနဲ့ သူတို့ မိခင်ဆီမြန်မြန်ပဲလက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ကလေးအများစုကတော့ အသက်၂ နှစ်အောက်ကလေးတွေဖြစ်ပါတယ်။ ဒီလိုကျင်းပခဲ့တဲ့အတွက် ကလေးတစ်ယောက်မှ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူးလို့ ရွာသားတွေပြောကြပါတယ်။

ဒီဓလေ့ကို အိန္ဒိယရဲ့ တောပိုင်းရွာငယ်လေးတွေမှာအများဆုံးလုပ်လေ့ရှိကြပါတယ်။
ဒီပွဲတော်မှာ ပါဝင်ချင်တဲ့ မိဘများက ဘာဘာရှိတ်အူမာဆာဟက်(ဒါမှမဟုတ်)ဘုရားကျောင်းမှာ အဓိဌာန်ပြုရပါတယ်။ရွာသားတွေကတော့ ဒီပွဲတော်ကျင်းပခြင်းဟာကျေးဇူးတင်ခြင်းဖော်ပြတဲ့ နည်းလမ်းတစ်ခုလို့ ဆိုကြပါတယ်။အန္တရာယ်ရှိတယ်လို့ ယူဆပြီး ၂၀၁၁မှာ ပိတ်ပင်ခဲ့ပေမယ့် ဆက်လက်ကျင်းပနေကြတုန်းပါပဲ။




http://edition.cnn.com/2008/WORLD/asiapcf/05/01/babies.tower/#cnnSTCText

ငှက်များကို ခြေရာခံပြီး သဘာဝဘေးဆိုးများကို ခန့်မှန်းနိုင်မည့်စနစ် ISS တွင် တပ်ဆင်





တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်

အာကာသထဲတွင် တည်ရှိနေသည့် နိုင်ငံတကာ အာကာသစခန်း (ISS)မှ နက္ခတ်ဗေဒ ပညာရှင်များသည် ကမ္ဘာပေါ်တွင် ငှက်များ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှုနှင့် သဘာဝ ကပ်ဘေးများ ဆက်စပ်မှုကို စောင့်ကြည့် လေ့လာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်။ ယခုအခါ ငှက်များ နေရာပြောင်းရွှေ့ကာ အုပ်လိုက် ပျံသန်းခြင်းသည် မြေလွှာပြတ်ရွေ့မှုများ၊ ငလျင်များ ဖြစ်ပေါ်နိုင်ခြေကို ကြိုတင် သိရှိနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ISSမှ သုတေသီများက ယူဆပြီး ၎င်းတို့၏ ရွေ့လျားရာ လမ်းကြောင်းများကို ခြေရာခံ လေ့လာမည့် ကိရိယာများ တပ်ဆင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါစနစ်သည် ငှက်များအပြင် လိပ်ပြာများ၊ အခြားတိရစ္ဆာန်များ၏ ထူးခြားသော လှုပ်ရှားပြောင်းလဲမှုများကို ခြေရာခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သေးငယ်သော ငှက်ကလေးများ၊ ပျားများ၊ လိပ်ပြာများကို လာမည့်နှစ်မှစတင်ကာ ISSမှ သုတေသီများက ခြေရာခံ စောင့်ကြည့်နေမည် ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း အစရှိသည့် သဘာဝ ကပ်ဘေးများ မပေါ်ပေါက်မီ ကြိုတင် သိရှိနားလည်နိုင်မည့် နည်းလမ်းတစ်ခုဟု ပညာရှင်များက ယူဆထားသည်။ ISSတွင် တပ်ဆင်အသုံးပြုမည့် နောက်ဆုံးပေါ် နည်းစနစ်တွင် ရေဒီယိုလှိုင်းများသည် ပို၍ပို၍ သေးငယ်လာပြီး အင်းဆက်ပိုးကောင်လေးများ လှုပ်ရှားသွားလာမှုကိုပင် ခြေရာခံနိုင်မည် ဖြစ်သည်။

"ဒီစနစ်ကြောင့် ကပ်ဘေးကြီး တစ်ခုခု ကျရောက်မလာခင် လူတွေကို (၅)နာရီလောက် အချိန်စော သတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု Icarusဟု အမည်ပေးထားသည့် အဆိုပါ ပေါင်စတာလင် (၃၃)သန်းတန် ပရောဂျက်တွင် ပါဝင်သူ အက်စ်ချီလ်မူလာက ဆိုသည်။ သူမက အဆိုပါ စနစ်သည် အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်လာသည့် ရောဂါများနှင့် စပ်လျဉ်း၍ပါ လေ့လာမှုများ ပြုလုပ်လာနိုင်မည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

ခရီးသည်ကို သံပိုက်ဖြင့် ရိုက်သော ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းကို အလုပ်ထုတ်ပယ်



ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ ရန်ကုန်မြို့တော်သို့ တစ်ပတ်ပတ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဂိတ်ရင်းသို့ ပြေးဆွဲနေသော ပါရမီယာဉ် (၁၇၄) ခရီးသည် တင်ယာဉ် တစ်စီးပေါ်တွင် စီးနင်းလိုက်ပါ လာသူကို ယာဉ်နောက်လိုက်က တွန်းချရာမှ စကားများခဲ့ပြီး ခရီးသည်တစ်ဦးကို သံပိုက်ဖြင့် ရိုက်ခဲ့မှုကြောင့် အဆိုပါ ယာဉ်နောက်လိုက်နှစ်ဦးနှင့် ယာဉ်မောင်းတို့ကို အလုပ်မှ ထုတ်ပယ် ခဲ့ကြောင်း ပါရမီယာဉ် လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်က တာမွေဗလီရှေ့ ကားမှတ်တိုင်မှ ပါရမီယာဉ်လိုင်း (၁၇၄) ခရီးသည်တင် ယာဉ်လိုင်းဖြင့် စီးနင်းလိုက်ပါလာသူ ကိုအောင်မြသွင်သည် ဗဟန်းမြို့နယ် အုတ်လမ်း ကားမှတ်တိုင်တွင် တွန်းချခံခဲ့ရာမှ နှစ်ဖက်စကားများခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အပါအဝင် လေးဦးက ခါးပိုက်နှိုက်၊ သူခိုးဟု အော်ကာ ကားဘီးဖြုတ်ရာတွင် အသုံးပြု သော သံပိုက်ဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဘယ်လက်ဖျံရိုး ကျိုးကာ ဦးခေါင်းကွဲပြီး ခန္ဓာကိုယ်တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း အရိုက်နှက်ခံရသူ ကိုအောင်မြသွင် က ပြောကြားခဲ့သည်။

"မှတ်တိုင်အတင်အချ လုပ်ရင်းနဲ့ စကားများခဲ့ရာက စပယ်ယာကို သူက လက်သီးနဲ့ စထိုးတာ။ မျက်နှာကို သုံးချက်ဆင့် ထိုးခံခဲ့ရတာကြောင့် စပယ်ယာရဲ့ နှာနု ရိုးကျိုးသွားခဲ့ပြီး သွားတွေပါ နဲ့ကုန်တာ။ ကိုယ့်လူ အထိုးခံနေရတော့ ကျန်တဲ့သူတွေ ကလည်း လူငယ်စိတ်ကြောင့် မခံနိုင်ဖြစ်ပြီး ရန်ဖြစ်ခဲ့တာပါ" ဟု ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သော ကိုအောင်မြသွင်ကို ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု စရိတ်ကို တာဝန်ယူ ဆောင်ရွက်ပေးကာ ယာဉ်လိုင်းမှ တာဝန်ရှိသူများက လူနာစောင့် အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ခရီးသည်ကို ရိုက်နှက်မှုကြောင့် အဆိုပါ ခရီးသည်ယာဉ်လိုင်းမှာ ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်း အပါအဝင် နှစ်ဦးကို အလုပ် ထုတ်ပယ်ခဲ့ကြောင်း၊ ပါရမီ ယာဉ်လိုင်းတွင် တာဝန် ထမ်းဆောင်နေသော ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတို့က ခရီးသည်နှင့် အဆင် မပြေပါဘဲ ပြဿနာ ဖြစ်ပွားပါက ယာဉ်လိုင်း တာဝန်ရှိသူများက အရေးယူမှုများ ရှိကြောင်း ပါရမီယာဉ်လိုင်း ထံမှ သိရှိရသည်။

"လူနာရှင်ဘက်က ဝိတိုရိယဆေးရုံမှာ ကုသချင်တယ် ပြောလို့ ဆောင်ရွက်ပေးခဲ့ ပေမယ့် ဒီကိစ္စက ရဲမှုခင်းနဲ့ ပတ်သက်နေတာ ကြောင့် ရန်ကုန်ဆေးရုံကြီးက မလွှဲပေး ခဲ့ဘူး။ အမှုမဖွင့်အောင် လူနာရဲ့ နစ်နာကြေးကို ကူညီထောက်ပံ့ပေးဖို့ တိုင်ပင်ခဲ့ပေမယ့် သူ့အလုပ်က နိုင်ငံခြား သင်္ဘောသားအလုပ် ဖြစ်တာကြောင့် အလုပ်မဆင်းနိုင်ခင် ရက်ပိုင်း နစ်နာမယ့် လုပ်အားခကို ဒေါ်လာနဲ့ တွက်ပြတော့ သိန်း ၁ဝဝ နားကပ်နေတာ။ ယာဉ်နောက်လိုက် တစ်ယောက်က ဒီငွေကို ဘယ်လိုလျော်နိုင်မှာလဲ။ ညှိနှိုင်းတုန်းပဲ ရှိသေးတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ကျတော့ သူတို့ ( အရိုက်ခံရသူ) ဘက်က ရဲစခန်း မှာ အမှုဖွင့်ခဲ့တယ်" ဟု အဆိုပါ ပါရမီယာဉ် လိုင်းမှ တာဝန်ရှိအရာရှိတစ်ဦးက ပြောကြားသည်။

"ဒီမနက် ရေတာရှည်လမ်းသစ်က အုပ်ချုပ်ရေးမှူးရုံးမှာ ပါရမီယာဉ်လိုင်းက တာဝန်ရှိသူတွေနဲ့ ကိုအောင်မြသွင်ရဲ့ မိသားစုဝင်တွေ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တာကြောင့် နှစ်ဖက် အဆင်ပြေသွားခဲ့တယ်" ဟု ရေတာရှည်လမ်းသစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖေထိုက်အောင်က ဆိုသည်။

ခိုက်ရန်ဖြစ်ပွားမှုကို နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိခဲ့သော်လည်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ဖြစ်သောကြောင့် သက်ဆိုင်ရာ တရားရုံးခွင်ရောက်ရှိမှသာ အမှုကို ပြန်လည်ရုပ်သိမ်းနိုင်မည် ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Pee Mak ဇာတ်လမ်း အခြေခံထားတဲ့ ‘အစွဲ’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေသူ ရွှေစင်





အနုပညာ လောကထဲ အခြေချနိုင်အောင် အထောက်အကူ ဖြစ်စေတဲ့ မော်ဒယ် ပြိုင်ပွဲတွေမှာ ကြိုးစား ယှဉ်ပြိုင်ခဲ့ရာကနေ ဆုခုနစ်ဆုကို ရရှိခဲ့သူကတော့ ရွှေစင်ပဲ ဖြစ်ပါတယ်။ အနုပညာ မျိုးရိုး မရှိဘဲ အခက်အခဲမျိုးစုံကို ရင်ဆိုင် ကျော်လွှားပြီး အနုပညာ လောကထဲမှာ အခြေချ ရပ်တည်နေခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ အစကတော့ ဖိုတို မော်ဒယ်၊ ပရော်ဖက်ရှင်နယ် မော်ဒယ် တစ်ယောက်အနေနဲ့ပဲ နေမယ်လို့ ပြောခဲ့ပြီး အခုအချိန်မှာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူး ဖြစ်ရတဲ့ အကြောင်းကို မေးကြည့်တော့ ရွှေစင်က..
”အနုပညာ သက်တမ်း ၄ နှစ် ကျော် အတွင်းမှာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ပြီးပြီ။ အစက သီးသန့် ဖိုတို မော်ဒယ် အနေနဲ့ပဲ ရပ်တည်မယ်လို့ စိတ်ကူးခဲ့တယ်။ အခုကားရိုက်တွေ စတင် လက်ခံလာတာလည်း အခက် အခဲတွေကြား၊ အတိုက်အခံတွေ ကြားကပဲ လက်ခံ ရိုက်ကူးတယ်။ အဓိက ကတော့ ပရိသတ် အားပေးမှုပါပဲ။ ကားရိုက်ဖို့ အဓိက တိုက်တွန်း အားပေးတာလည်း ရွှေစင်ကို ချစ်တဲ့ ပရိသတ်ပါပဲ။ ရွှေစင်ဘဝမှာ အလိုချင် ဆုံး၊ အတောင့်တဆုံးက ပရိသတ် လက်ခုပ်သံပါ” လို့ ပြောပါတယ်။
ခေတ်ဖက်ရှင်နဲ့ Sexy ပုံ ဝတ်စားမှုပုံကို ဘယ်လို အဓိပ္ပာယ်ဖွဲ့ဆိုပါသလဲ လို့ မေးကြည့်တော့.. ”Beauty is confident လို့ပဲ နားလည်ထားတယ်။ ဘုရားသွားရင် လုံလုံခြုံခြုံ ဝတ်ရမယ်။ သူ့နေရာနဲ့သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရင် ဝတ်တာပဲ။ Sexy ဝတ်မှ လှတာ မဟုတ်ဘူး။ သူ့ဟာနဲ့သူ လှတာပဲ။ ရွှေစင်ရဲ့အားသာချက်က ထိုင်မသိမ်း ဝတ်ရင် ထိုင်မသိမ်းနဲ့ လိုက်တဲ့ မျက်နှာပေးက သူ့အလိုလို ပေါ်လာတယ်။ခေတ် Sexy ပုံ ရိုက်ရင် လည်း မျက်နှာက Sexy ပုံစံ ကျတယ်။
ဝတ်စုံ ပြောင်းလဲတဲ့ အပေါ်မှာ မျက်လုံး နဲ့ မု(ဒ်)က ပြောင်းသွားတာပဲ” လို့ ပြောပြခဲ့ပါတယ်။ ရွှေစင်က အခု လတ်တလောမှာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးတဲ့ Pee Mak ဇာတ်လမ်း အခြေခံထားတဲ့ ‘အစွဲ’ ဇာတ်ကားကို သူထူးစံနဲ့ သရုပ်ဆောင် ထားကြောင်း ပြောပြပြီး အဲဒီဇာတ်ကား ပြီးရင်လည်း တခြား လက်ခံထားတဲ့ ဇာတ်ကားတွေ ရိုက်ကူးမှာ ဖြစ်ကြောင်း ရွှေစင်က ပြောပြခဲ့ပါတယ်။

လူ့အခွင့်အရေးတန်းတူရချင်သလို လိင်တူချစ်သူတွေ ဘက်ကလည်း အနေအထိုင်ဆင်ခြင်ကြဖို့ မန္တလေးက လိင်တူချစ်သူများ နှိုးဆော်လိုက်ကြ





အလှမယ်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အီမို ယှဉ်ပြိုင်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)
အနောက်တိုင်းဆန်ဆန် ရွှေရောင်ဖဲကြိုးခပ်ကြီးကြီးတွေနဲ့ ပြည်တွင်းဖြစ် လတ်လတ်ဆတ်ဆတ်
ပန်းပွင့်တွေကို ရစ်ပတ်အလှဆင်ထားတဲ့ အ၀င်ဝ ခန်းမကြီးဟာ ၀င်လာတဲ့ ဧည့်ပရိသတ်တွေကို
လှလှပပ စောင့်ကြိုနေသလို ကြွရောက်လာသူတွေကလည်း အခမ်းအနားနဲ့အပြိုင် လိုက်ဖက်စွာ
တောက်ပ လှပနေကြပါတယ်။
ဒါကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်ရာမှာ နာမည်ကျော်ခဲ့တဲ့
မန္တလေးမြို့မှာ ဒီနှစ် ၂၀၁၄ နှစ်ဦးမှာပဲ ကျင်းပလိုက်တဲ့ မိန်းမလျာအလှမယ်ပြိုင်ပွဲ (Miss Beauty
Concert 2014) ပဲဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ အတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ပြုလုပ်တဲ့ဒီပွဲကြီးကို ဇန်န၀ါရီလ
၁၇ ရက်နေ့က Oriental House စားသောက်ဆိုင်မှာ ကျင်းပခဲ့တာဖြစ်ပြီး မန္တလေးမြို့ရဲ့
အထင်ကရပန်းအလှပြင်သူတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ ဒီဇိုင်နာတွေ၊ ကျန်းမာရေးပညာရှင်တွေနဲ့
လူ့အခွင့်အရေးလုပ်ဆောင်သူတွေဟာ အလှမယ်ပြိုင်ပွဲကြီးကို အားပေးဖို့ အတွက် ပွဲမစခင်
ကတည်းက ခန်းမအပြင်ရော အတွင်းဘက်မှာပါ နေရာယူထားကြတာကို တွေ့ရပါတယ်။
ဒီလိုပွဲမျိုး မန္တလေးမြို့မှာ ကျင်းပတာ ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် မနှစ်ကကြုံခဲ့ရတဲ့
အဖြစ်အပျက်တွေ နောက်ပိုင်းမှာ ပထမဆုံး ပြန်လည် ကျင်းပတာမို့ လိင်တူချစ်သူတွေအဖို့
စိတ်လှုပ်ရှားစရာကောင်းတဲ့၊ အကောင်း ဘက်ကို ရောက်လာတယ်လို့ ပြောရမယ့် ပွဲတစ်ပွဲလို့
ပြောရမှာ ဖြစ်ပါတယ်။
ရတနာပုံမင်းနေပြည်တော် နန်းစိုက်ရာမြို့ဖြစ်တဲ့မန္တလေးမြို့မှာ အခုလို မိန်းမလျာတွေအတွက်
အလှမယ်ပြိုင် ပွဲတွေကျင်းပတာဟာ လိင်တူချစ်သူတွေအတွက် ခွဲခြားမှုတွေ တဖြည်းဖြည်း
လျော့နည်းလာစေတာ မှန်ပေမယ့် စင်ပေါ်မှာ တင်အောင်မြင်တာမျိုး မဟုတ်ဘဲ နေရာအနှံ့မှာပါ
လူဝင်ဆံ့ စေချင်တယ်လို့ ပွဲတက်လာသူတစ်ဦးဖြစ်တဲ့ Equality Myanmar Organization မှ
ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
"အခုလို လိင်တူချစ်သူတွေကို အားပေးရာရောက်တဲ့ပွဲမျိုး ခပ်စိပ်စိပ် ကျင်းပနိုင်လေလေ သူတို့ကို
လူသတိထားမှု များများရပြီး လက်ခံနိုင်လေလေဖြစ်မှာပါ။ ဒါပေမဲ့ အခုလို သိသာထင်ရှားတဲ့
နေရာမျိုးမှာ အသိုင်းအ၀ိုင်း တစ်ခုလောက်အတွင်းမှာပဲ လက်ခံလာတာ ကျယ်ပြန့်လာတာမျိုး
ထက် စင်အောက်ကနေရာအနှံ့မှာရှိတဲ့ လိင်တူချစ်သူတွေအတွက်လည်း စဉ်းစားပေးဖို့ လိုအပ်
ပါလိမ့်မယ်"လို့ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်တွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အဆိုးဆုံးအဖြစ် မန္တလေးမြို့မှာ လိင်တူ
ချစ်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာကြောင့် ၂၀၁၄ နှစ်စမှာ
ပွဲဦးထွက် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တဲ့ ဒီပွဲကြီးက ဖိနှိပ်သူတွေကို စိန်ခေါ်တာမျိုးတော့
မဟုတ်ပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။
"လိင်တူချစ်သူတွေရဲ့ အစွမ်းအစကို ဖော်ထုတ်တာဖြစ်လို့ ကျွန်တော်တို့ဘက်က စိန်ခေါ်တာမျိုး
တော့ မဟုတ်ပါဘူး။ လူကို လူလိုတန်ဖိုးထား အသိအမှတ်ပြုစေချင်တာဖြစ်ပြီး လိင်တူချစ်သူတွေ
ဘက်ကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ လူသားအကျိုးပြုအလုပ်တွေပါ လုပ်ဖို့လိုအပ်ပါ
တယ်"လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ပွဲတက်ခဲ့ကြတဲ့ အခြားလိင်တူချစ်သူတွေကလည်း သူတို့အပေါ် ပုံမှန်လူသားတစ်ဦးလိုပဲ
တန်ဖိုးထား ဆက်ဆံစေလိုကြပြီး လိင်တူချစ်သူတွေအနေနဲ့လည်း အများအမြင်မှာ မသင့်တော်တဲ့
အပြုအမူမျိုး မပြုလုပ်မိအောင် ထိန်းသိမ်းသင့်တယ်လို့ပြောဆိုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတည်းက အာဆီယံနှီးနှောဖလှယ်ပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့
သလို ပြည်တွင်းမှာကျင်းပတဲ့ မိန်းမလျာအလှမယ်ပွဲတွေမှာ ဆုများစွာရရှိသူလည်းဖြစ်၊
လူ့အခွင့်အရေးအတွက်လှုပ်ရှား သူလည်းဖြစ်တဲ့ အိမ့်လေးကလည်း ဦးအောင်မျိုးမင်းပြောသလိုပဲ
အခုလို အလှမယ်ပွဲတွေဆက်နေတာမျိုးက သူတို့ကို လူတွေ ပိုသတိထားမိစေတယ်လို့
သူ့အမြင်ကို ပြောခဲ့ပါတယ်။





အလှမယ်ပွဲမှာ စိတ်ကြိုက်ပွဲတက်ဝတ်စုံ ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်နေကြတဲ့ မိန်းမလျာအလှမယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)
"အခုလိုပွဲတွေက ကိုယ့်ရုပ်ကို ဘယ်လောက်လှတယ်ဆိုတာ ပြချင်တာသက်သက်မဟုတ်ဘဲ
မိန်းမလျာတွေလည်း သာမန်လူတွေလို လူရှေ့မှာ ထွက်ရပ်ရဲတယ်ဆိုတာကိုပြစေပါတယ်။
ပြီးတော့ ပြိုင်ပွဲတွေကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ အရည်အချင်းပိုင်းနဲ့ ဗဟုသုတ
ပိုင်းဆိုင်ရာတွေလည်း တော်တော်လေး ထပ်ပေါင်းလာပါပြီ" လို့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့
မိန်းမလျာအလှမယ်ပြိုင်ပွဲတွေမှာ Best Activist, Miss Popular, Miss Human Rights စတဲ့
ဆုတွေရဲ့ပိုင်ရှင် ဖြစ်ခဲ့တဲ့ အိမ့်လေးက ပြောပါတယ်။
မနှစ်ကကြုံခဲ့ရတဲ့ မန္တလေးမြို့နေ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်တဲ့ အခြေအနေတွေကို
၂၀၁၄ ခုနှစ်မှာ ဆက်မဖြစ်အောင် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုးစားနေသလို လိင်တူ
ချစ်သူတွေအနေနဲ့လည်း အသွားအလာအနေအထိုင်တော့ ဆင်ခြင်သင့်တယ်လို့ ဆိုပါတယ်။
"ဒီမှာက တခြားမြို့တွေထက် ဖိနှိပ်တာ ပိုခံခဲ့ရတော့ အခုချိန်မှာ မိန်းမလျာတွေကို သာမန်အချိန်
တွေမှာထက် အခုလိုပွဲမျိုးရှိတဲ့အချိန်မှ ဘွားခနဲအများကြီးကို တွေ့ရတာ။ လူသားထုတစ်ရပ်ဖြစ်တဲ့
ကျွန်မတို့မိန်းမလျာတွေကို မနှိပ်စက်စေချင်သလို ကိုယ်တွေရဲ့ လူ့အခွင့်အရေး အပြည့်အဝ
တန်းတူရဖို့အတွက် လိင်တူချစ်သူတွေဘက်ကလည်း မျက်စိနောက်အောင်တော့ မနေသင့်ဘူး
ပေါ့"လို့ အိမ့်လေးက ပြောပါတယ်။
အိမ့်လေးအနေနဲ့ ဒီလိုပြောဆိုလိုက်ပေမယ့်လည်း ပွဲကျင်းပရာညက စင်ပေါ်က အလှမယ်တွေကို
စင်အောက်မှာ အားပေးနေတဲ့ လိင်တူချစ်သူတွေကိုယ်တိုင်က အော်ကြီးဟစ်ကျယ် လှောင်ပြောင်
စနောက်ခဲ့တာကတော့ ရိုင်းပင်းကြရမယ့် သူတွေအချင်းချင်းပေါ်မှာ ရိုင်းပျသလိုမျိုးဖြစ်ခဲ့တဲ့
ရုပ်ဆိုးလှတဲ့မြင်ကွင်းလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်သူ အလှမယ်တွေဟာ ၀တ်စုံသုံးစုံနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး အလန်းစားဝတ်စုံတွေနဲ့
ဝတ်ဆင် ယှဉ်ပြိုင်ခဲ့ကြတာမို့ ပုံမှန်အလှမယ်ပွဲတွေလို အရည်အချင်းပြသပွဲတွေ၊ ဉာဏ်စမ်းပွဲတွေ
မထည့်ခဲ့ပေမယ့် ဖျော်ဖြေရေးအနေနဲ့ ကြည့်လို့ ကောင်းတဲ့ပွဲတစ်ပွဲလို့ ဆိုရပါမယ်။
မန္တလေးမြို့ရဲ့နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ မျိုးမင်းစိုးကတော့ မန္တလေးမြို့မှာ ဒီလိုပွဲမျိုး ကျင်းပ
လာနိုင်တာဟာ လိင်တူချစ်သူတွေကို ဖိနှိပ်တာတွေ အတော်လေး လျော့နည်းလာပြီး လိင်တူ
ချစ်သူ အသိုင်းအ၀ိုင်းဟာလည်း အရင်ကထက်စာရင် ပွင့်လင်းလာတာကြောင့်လို့ ပြောပါတယ်။
"တချို့က မန္တလေးမြို့မှာ အခုထိ မိန်းမလျာတွေကို အဖမ်းအဆီးတွေရှိနေတုန်းပဲလို့ ထင်ကြတယ်။
တကယ်က အခုချိန်မှာ မန္တလေးမြို့ မှာ တော်တော်ပွင့်လင်းလာလို့ အခုလိုမျိုးပွဲတွေလည်း လုပ်ခွင့်
ရလာတာပါ။ အသိုင်းအ၀ိုင်း အဆင့်အတန်းတစ်ခုချင်းစီကို လုပ်ကြတဲ့ပွဲမျိုးတွေထက် အလှအပကို
စိတ်ဝင်စားတဲ့ မိန်းမလျာအားလုံး ပါဝင်နိုင်တဲ့ ပွဲမျိုးတွေလည်း များများလုပ်ဖို့ လိုအပ်ပါလိမ့်မယ်"
လို့ မျိုးမင်းစိုးက ပြောပါတယ်။
ဒီလိုပွဲတွေ ကျင်းပတာဟာ လိင်တူချစ်သူ အချင်းချင်း ချစ်ခင်စည်းလုံးစေတဲ့အပြင် သူတို့
အသိုင်းအ၀ိုင်းကိုလည်း ယုံကြည်ချက်ပိုရှိစေပေမယ့် အများပြည်သူတွေအနေနဲ့ ၀ိုင်းမကူညီရင်
တော့ ဘယ်လိုမှ အောင်မြင်မှာမဟုတ်ပါဘူးလို့ ပွဲတက်လာသူ မိန်းမလျာအလှမယ်ဟောင်း
တစ်ယောက်ဖြစ်တဲ့ စိုးက ပြောပါတယ်။
"ရန်ကုန်နဲ့ ယှဉ်လိုက်ရင် မန္တလေးက နယ်လိုဖြစ်သွားပေမယ့် မီဒီယာတွေကတစ်ဆင့် လူ့
အခွင့်အရေး လှုပ်ရှားသူတွေကတစ်ဆင့် လိင်တူချစ်သူတွေဆိုတာ လူတန်းစားတစ်ရပ်ဆိုတာ
သိလာကြပါပြီ။ ပြီးတော့ လူ့အခွင့်အရေး တစ်ရပ်အဖြစ် တောင်းဆိုနေထိုင်နိုင်တယ်ဆိုတာလည်း
သိလာကြပြီ။ ဒါပေမဲ့ စည်းလွတ် ၀ါးလွတ်နေလို့တော့ ဘယ်အရာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်တွေဘက်ကလည်း စည်းကမ်းတကျနဲ့ အဆင့်အတန်းရှိရှိနေတတ်ဖို့ လိုပါတယ်"လို့
စိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီပွဲကြီးကို ပန်းအလှပညာရှင် မာမီကင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်သလို ရရှိခဲ့တဲ့အလှူ
ငွေကျပ်သိန်း ၂၀ ကို မန္တလေးမြို့မှာနေထိုင်တဲ့ အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေအတွက် အစိုးရ
မဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။
"ဒီပွဲကို စလုပ်မယ်လို့ ရည်ရွယ်ကတည်းက အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေကို ပြေးမြင်မိလို့ပါ။
ရောဂါပိုးကူးစက်ခံရတဲ့ မိန်းမလျာတွေအပြင် ကလေးငယ်တွေနဲ့ ကူးစက်ခံရသူမှန်သမျှကို ကူညီ
လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုပွဲမျိုးက အလှအပဆိုတာ ချည်းသက်သက်မဟုတ်ဘဲ
ကျန်းမာရေးအသိပညာပေးနိုင်တဲ့၊ လိင်တူချစ်သူအချင်းချင်းစုစည်းပြီး ဗဟုသုတတွေဖလှယ်နိုင်တဲ့
ပွဲမျိုးဖြစ်စေချင်တာပါ"လို့ ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ရင်းကို မာမီကင်းက ပြောပြပါတယ်။
ပြိုင်ပွဲမှာ ပထမဆုကို မြတ်နိုးသိမ့်၊ ဒုတိယဆုကို ဂျူးဂျူးစံနဲ့ တတိယဆုကိုတော့
နန်းထက်ထက်မွန်းက ရရှိသွားခဲ့ပြီး ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနဲ့ ဘန်ကောက်မြို့ကို
သွားရောက်နိုင်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်အပြင် မိတ်ကပ်ပြင်ပစ္စည်း တစ်စုံစီပါ
ချီးမြှင့်ခဲ့ပါတယ်။

ဗိုလ်ဗထူးအိမ်ရာနှင့် တိုက်ခန်းအိပ်မက်မက်သူများ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရန်ကုန်မြို့တော်ရှိ ကုမ္ပဏီ၊ ရုံးခန်း၊ ဆိုက်ကားဂိတ်၊ ကားဂိတ်မကျန် ယခုရက်ပိုင်းအတွင်း အဓိကဆွေးနွေးနေသည့်ခေါင်းစဉ်မှာ ဗိုလ်ဗထူးအိမ်ရာ လျှောက်လွှာကိစ္စပင် ဖြစ်သည်။
ရန်ကုန်မြို့တော်နေ သာမန်လူလတ်တန်းစားတစ်ဦးအနေဖြင့် တိုက်ခန်းတစ်ခန်း အပိုင်ဝယ်ယူရန် မကြာခဏ အိပ်မက်မက်ဖူးကြမည်ဖြစ်သည်။

ထိုအိပ်မက်များစွာကို အရှိန်မြှင့်ပေးမည့် (သို့မဟုတ်) ကျောတစ်ခင်းစာရောဂါကို ကုစားပေးမည့် အိမ်ရာစီမံကိန်းများအသီးသီးကို အစိုးရက စတင်တည်ဆောက်နေပြီဖြစ်သည်။ သို့သော် အစိုးရက ရောင်းချပေးမည့် တန်ဖိုးသင့်တင့်၊ တန်ဖိုးမျှတ အိမ်ရာများ၏ ဈေးနှုန်းများမှာ လက်လှမ်းမမီနိုင်သောဈေးနှုန်းများ ဖြစ်နေခြင်းနှင့် ရောင်းချမည့်ပုံစံ ပွင့်လင်းမြင်သာမှုက အိပ်မက်များကို လွင့်ပြယ်စေမည်ဖြစ်သည်။

၂ နှစ်ခွဲအတွင်း အိမ်ခန်းပေါင်းသုံးသောင်းခွဲ အပြီးတည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးက ယခုပြုလုပ်နေသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။ အမှန်တကယ် ရန်ကုန်တွင် အိမ်ရာလိုအပ်ချက်မှာ သုံးသိန်းကျော်နေပြီဖြစ်သည်။

ထို့ကြောင့် အစိုးရက မကြာခင်တည်ဆောက်ရောင်းချပေးမည့် အိမ်ရာစီမံကိန်းများကို လက်ဦးမှုရယူထားမှ သင့်တော်နိုင်မည်ဖြစ်သည်။ ယခုလအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတစ်ခုကို မြောက်ဒဂုံမြို့နယ်တွင် စတင်ရောင်းချရန် အစိုးရကစီစဉ်လာသည်။

ဦးသိန်းစိန်အစိုးရလက်ထက် အိမ်ရာစီမံကိန်းများထဲမှ ပထမဆုံးရောင်းချသည့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည့် အဆိုပါအိမ်ရာစီမံကိန်းကို စတင်ရောင်းချတာထွက်ခဲ့သည့်ဌာနမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဖြစ်သည်။

ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်းလျှောက်လွှာကိစ္စက ရန်ကုန်မြို့ရှိ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ မိသားစုထမင်းဝိုင်း၊ ကုမ္ပဏီရုံးခန်း၊ အစိုးရရုံးခန်းများမှာ မပါမပြီး ဆွေးနွေးစရာ ခေါင်းစဉ်ကြီးတစ်ခုလို ဖြစ်နေသည်။

လျှောက်လွှာစနစ်ဖြင့် မိမိကိုယ်ပိုင်လက်ရေးမူဖြင့် တင်ပြလျှောက်ထားရသည့် အဆိုပါအိမ်ရာစီမံကိန်းမှာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၃၀ ကျော်မှ ကျပ်သိန်း ၃၀၀ အထိ ပေါက်ဈေးရှိခြင်းကြောင့် ရန်ကုန်က အိမ်ပိုင်ဆိုင်လိုသူ အိပ်မက်မက်သူတို့ လက်လျှော့ရမည့်အနေအထား ရှိလာသည်။

အစိုးရကရောင်းချမည့် ယင်းဈေးနှုန်းမှာ သာကေတ၊ ရွှေပေါက်ကံ၊ ဒေါပုံမြို့နယ်တို့တွင် ခြံကျယ်ကျယ်နှင့်ပင် ၀ယ်ယူနေထိုင်နိုင်ပြီဖြစ်သောကြောင့် အများစုက ဈေးနှုန်းအားဖြင့် ကြီးမြင့်သည်ဟု ဝေဖန်နေကြသည်။

နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအစိုးရ၀န်ထမ်းများ၊ သာမန်လက်လုပ်လက်စားများ တစ်လလျှင် ၀င်ငွေကျပ်တစ်သိန်းဝန်းကျင်သာရရှိသည့် ပုဂ္ဂလိက၀န်ထမ်းများအတွက် အဆိုပါအိမ်ရာစီမံကိန်းက မဖြစ်နိုင်တော့ပေ။

“တစ်လကို လင်မယားနှစ်ယောက်ပေါင်းမှ ပင်စင်လေးနဲ့ဆို ခုနစ်သောင်းစွန်းစွန်းရတာ။ ခုအစိုးရက လျှောက်လို့ရပြီဆိုတဲ့ မြောက်ဒဂုံအိမ်ရာစီမံကိန်းက တစ်လကို ငါးသိန်းကနေ ခုနစ်သိန်းလောက်ထိ သွင်းရမယ်လို့ ပြောလိုက်တော့ မလျှောက်ဖြစ်တော့ဘူး”ဟု ကမာရွတ်မြို့နယ်တွင် အိမ်ငှားနေထိုင်နေသူ တပ်မတော်၌ စာရေးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူ စစ်မှုထမ်းဟောင်းဦးစိုးဝင်းကပြောသည်။

ပြီးခဲ့သည့် အစိုးရတစ်ခေတ်က ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာထမ်းတို့အတွက် ယခုအစိုးရသစ်က နားခိုရန် နေရာထိုင်ခင်းတစ်ခု ဖန်တီးပေးရန် လိုအပ်နေပြီဖြစ်သည်။

“ရမှာပေါ့။ သူတို့ထဲက ရာထူးကြီးကြီးနဲ့ ပင်စင်စားအရာရှိတွေပဲရမှာ။ အရင်ဝန်ထမ်းဘ၀တုန်းက မြေကွက်တွေချပေးတုန်းကလည်း အတူတူပဲ။ ရပြီးသူတွေ ထပ်ရနေဦးမှာပဲ”ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်သူ ယခုလက်ရှိတွင် စမ်းချောင်းမြို့နယ်မဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားနေသူ ဒေါ်ခင်အုံးကဝေဖန်သည်။

လက်ရှိအစိုးရက ရောင်းချပေးတော့မည့် တန်ဖိုးမျှတအိမ်ရာမှာ လက်ရှိရန်ကုန်မြို့မှ ကန်ထရိုက်တိုက်ခန်းများတွင် ရောင်းချပေးနေသော ကြိုပွိုင့်စနစ်ဖြင့် များစွာတူညီပြီး ဈေးကစား၍မရခြင်းတစ်ခုသာ ကွာခြားသွားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ရန်ကုန်၏ ကြီးမြင့်သောမြေဈေးနှင့် ဆောက်လုပ်မှုကုန်ကျစရိတ်ရှိနေသည်မှာ မှန်သော်လဲ အစိုးရအနေဖြင့် ၎င်း၏ကိုယ်ပိုင်မြေတွင် တည်ဆောက်ရခြင်းဖြစ်သောကြောင့် အခန်းခနှုန်းထားများမှာ သိန်း ၁၀၀ ကျော်ခန့်သာ ဖြစ်သင့်ကြောင်း အထက်ပါလုပ်ငန်းရှင်ကပြောသည်။

“အခန်းကိုမဲဖောက်ပြီး ရောင်းချတယ်ဆိုကတည်းက ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာပြချင်တာ။ တန်ဖိုးကတော့ အားလုံးစုစည်းသတ်မှတ်တွက်ချက်ထားတဲ့ ဈေးနှုန်းပါ။ ပြန်ပြင်ဆင်ဖို့တော့မရှိပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လေးနှစ်အားဖြင့် အရစ်ကျပေးထားခြင်း၊ လက်လွှဲရောင်းချမှုမရှိရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးခြင်းအပါအ၀င် အိမ်ရာလိုအပ်နေသူများအတွက်သာ အဆိုပါအိမ်ရာစီမံကိန်းက ရောင်းချပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

ယခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိသော ဗိုလ်ဗထူးအိမ်ရာနှင့် ဗိုလ်မင်းရောင်အိမ်ရာများက စိတ်ဝင်စားသူ အလွန်များပြားနေသဖြင့် လျှောက်လွှာများ ဆက်လက် လက်ခံလျက်ရှိပြီး ယခုဇန်န၀ါရီလကုန်အထိပင် လက်ခံသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

ဘဏ်တိုးနှုန်းနှင့် ၀ယ်ယူမည့်သူများမှာ မူလဈေးနှုန်းထက် ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၆၀ ကျော်အထိ ကွာခြားနေသေးကြောင်း သိရသည်။ မည်သည့်ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူရမည်ကိုမူ မြို့တော်စည်ပင်သာယာရေးကော်မတီက မဆွေးနွေးရသေးကြောင်း သိရသည်။

စည်ပင်က အခန်းပေါင်း ၄၀၀ ကျော် ရောင်းချမည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများအတွက် အများစုက စောင့်ကြည့်ကြမည်ဟုဆိုသည်။

“တကယ်လိုတဲ့သူလက်ထဲရောက်မှာ စောင့်ကြည့်ချင်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကပြောသည်။

အဆိုပါအိမ်ရာများမှာ အမှန်တကယ် အိမ်ရာလိုအပ်သူများအတွက် သက်သာချောင်ချိနိုင်မည်မဟုတ်ဘဲ ပြည်သူအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေနိုင်ကြောင်း အထက်ပါလွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။ ယခု အစိုးရကဖော်ဆောင်နေသည့် အိမ်ရာများမှာ အမှန်တကယ်အားဖြင့် ရန်ကုန်မြို့ထဲပိုင်းနှင့် လွန်စွာဝေးကွာနေပြီး ကျောင်း၊ ဆေးရုံ လမ်းပန်းဆက်သွယ်ရေးအားဖြင့် ခက်ခဲနေသေးသည့် မြို့စွန်မြို့နယ်များပင်ဖြစ်သောကြောင့် ဝေဖန်မှုများရှိနေသည်။

ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် ရောင်းချနိုင်သည့်ဈေးနှုန်းကို မလုပ်ဆောင်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မိမိ၏အကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခြင်းကြောင့် ယခုလိုဈေးနှုန်းများ ကြီးမြင့်နေခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးကဝေဖန်သည်။

နိုင်ငံတကာတွင်မူ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ အထပ်မြင့်အဆောက်အအုံများမဟုတ်ဘဲ အများစုမှာ လေးထပ်မှ ငါးထပ်အထိသာရှိသဖြင့် တည်ဆောက်မှုပုံစံ မှားယွင်းနေကြောင်း မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။

“ကျွန်တော်တို့ ရန်ကုန်မှာဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေက အထပ်မြင့်တွေဖြစ်နေတယ်။ ဒါက လုံးဝကိုမဖြစ်သင့်တာ”ဟု အထက်ပါပညာရှင်ကဆိုသည်။ စီမံခန့်ခွဲမှုများကြားက ရောင်းချမှုပုံစံအားနည်းနေသည့် ရန်ကုန်မှ တန်ဖိုးသင့်တင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ရောင်းချတော့မည်ဖြစ်သည်။

“အိုးအိမ်ကလုပ်တဲ့အိမ်ရာတွေ ရောင်းချမှုပုံစံကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ဆွေးနွေးနေတုန်းပဲ။ အသေးစိတ်မပြင်ဆင်ရသေးဘူး”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်မီမီတင်ကပြောသည်။

ယခုနှစ်တွင် အစိုးရက ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၈ ထပ်ရှိသော အဆောက်အအုံ ၄၉ လုံး၊ အခန်းပေါင်းနှစ်သောင်းကျော်ကို ပုဂ္ဂလိကကုမ္ပဏီ ၂၀ ကျော် တည်ဆောက်နေပြီဖြစ်သည်။

ထို့အပြင် လှိုင်သာယာမြို့နယ်တွင် အခန်းပေါင်း ၆၀၀ ကျော် ပါဝင်သော ထီးလှိုင်ရှင်အိမ်ရာ၊ အခန်း ၃၀၀၀ ကျော်ပါဝင်သော ကျန်စစ်သားအိမ်ရာနှင့် အခန်း ၉၀၀ ပါဝင်သော ကျီးစုအိမ်ရာတို့မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်နေသည့်အိမ်ရာများ ဖြစ်သည်။

ထို့ကြောင့် အဆိုပါအိမ်ရာများ တည်ဆောက်ပြီးစီး၍ စတင်ရောင်းချပါက အမှန်တကယ် အိမ်ရာလိုအပ်သူများလက်ထဲသို့ သက်သာသည့်နှုန်းထားများဖြင့်သာ အစိုးရအနေဖြင့် ရောင်းချသင့်ကြောင်း အများစုကဆန္ဒရှိကြသည်။

ရေးသားသူ- မိုးညို
7 Day

အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး လူသတ်မှု ကျူးလွန်သူကို ရက်ပိုင်း အတွင်း ဖမ်းဆီးရမိ





ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၅)ရပ်ကွက် ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ်၁၀၃/၃ နှင့် ၁၀၃/၄ လေပင်ဆိပ်တံတားအနီး ဇန်နဝါရီ ၁၉ ရက် ည၉ နာရီခွဲက အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြိုးကြာကွင်းကျေးရွာ အုပ်စု ငှက်ပျောတောကျေးရွာနေ ဦးကျော်အေးသည် ဇန်နဝါရီ၁၉ ရက်က နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မပုံပုံ(ခ) မသဇင်မျိုးမျိုးထွေး (၃၀နှစ်)သည် ခရီးသွားရာမှ ပြန်လည် ရောက်ရှိလာခဲ့ပြီး ည ၉ နာရီခွဲ ခန့်တွင် နေအိမ်မှ အပြင်သို့ ပြန်လည် ထွက်သွားခဲ့သည်။

ည ၁၀ နာရီခွဲတွင် သမီးဖြစ်သူ မပုံပုံ(ခ) မသဇင်မျိုးမျိုးထွေးသည် ညောင်လေးပင်မြို့၊ မြို့မ (၅)ရပ်ကွက် လေပင်ဆိပ်တံတားအနီး ကားလမ်းမပေါ်တွင် ၀မ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့် ဖခင် ဦးကျော်အေးက လူသတ်မှု ကျူးလွန်သူအား အရေး ယူပေးပါရန် ညောင်လေးပင်ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

သို့ ပါ၍ ညောင်လေးပင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်လွင်နှင့် တာဝန်ရှိ သူများ သွားရောက်စစ်ဆေးရာ အလောင်းကို ရဲဆေးစာဖြင့် ဆေးရုံသို့ပို့ဆောင်ပြီး ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ခဲ့သည်။

အမှုကို ညောင်လေးပင် မြို့မ ရဲစခန်းကအမှုဖွင့်ကာ ထွက်ပြေး တိမ်းရှောင်သွားသော လူသတ်မှု ကျူးလွန်သူအား အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်သတင်းရယူ၍ လိုက်လံရှာဖွေစုံစမ်းရာ ဇန်နဝါရီ ၂၀ ရက်တွင် လူသတ်မှု ကျူးလွန်သူ မြင့်လွင်(၅၁ နှစ်) ယာဉ်မောင်း (၁)ရပ်ကွက် မင်းရဲကျော်စွာလမ်း ရေတာရှည်မြို့နေ သူအား သာဂရမြို့တွင် ဖမ်းဆီး ရမိသဖြင့်တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ခေါင်းဆောင်များ၏ ဆွေမျိုးများ ပိုင်ဆိုင်မှုကို ဖုံးကွယ်ရန် ပြည်ပကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ




ဇန်န၀ါရီ ၁၇ ရက်တွင် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်သမ္မတ ရှီကျင်ပင်း (ယာ) နှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ဆာဘာခါလစ်အယ်ဟာမက်အယ်ဆာဘာတို့ တွေ့ဆုံဆွေးနွေးနေစဉ် (photo AFP)


တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ၀န်ကြီးချုပ်ဟောင်း ၀မ်ကျားပေါင်တို့အပါအ၀င် တရုတ်ထိပ်တန်းခေါင်းဆောင်များ၏ ဆွေမျိုးများသည် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန်နှင့် အခွန်ရှောင်လွှဲနိုင်ရန်အတွက် ပြည်ပ၌ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ဇန်န၀ါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

ရှီ၏ ယောက်ဖ၊ ၀မ်၏ သားနှင့်သမက် တို့သည် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် စာရင်း၌ ပါဝင်ကြောင်း ပေါက်ကြားခဲ့သော မှတ်တမ်း ၂ ဒသမ ၅ သန်းကို ကိုးကားပြီး International Consortium of Investigative Journalists (ICIJ) က ဖော်ပြခဲ့သည်။ ယင်းမှာ တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်များက ပိတ်ပင်ထားသည့် ထိပ်တန်းအကြောင်းရင်းဖြစ်သော ထိပ်တန်းခေါင်းဆောင်များ၏ မိသားစုဝင်များကြွယ်ဝမှုကို ဖုံးကွယ်ထားမှုအား လှစ်ဟသည့် နောက် ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်လာသည်။ဝန်ကြီးချုပ်ဟောင်းဝမ်က ၎င်း၏ ဆယ်စုနှစ်တစ်ခုကြာ ရာထူးထမ်းဆောင်မှုတစ်ခုအတွင်း မိသားစုဝင်များ၏ ချမ်းသာကြွယ်ဝမှု တိုးပွားမှုမှာ အမှားအယွင်းမရှိဘဲ အပြစ်ကင်းကြောင်း ယခင်က ပြောကြားထားမှုကို ဖော်ပြရေးသားခဲ့သော ဟောင်ကောင်မှ ဆောင်းပါးရှင်တစ်ဦးထံသို့ ၀မ်က စာတစ်စောင်ရေးသားခဲ့ကြောင်း သတင်းထွက်ခဲ့ပြီး ရက်ပိုင်းအတွင်း ယခုအစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သမ္မတ ဟူကျင်တောင်၊ ၀န်ကြီးချုပ်ဟောင်း လီဖင်း၊ ၁၉၈၀ ပြည့်နှစ်တွင် တရုတ်ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ခဲ့သော တရုတ်ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန်တို့၏ ဆွေမျိုးများအပါအ၀င် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ လူ ၂၂၀၀၀ နီးပါး၏ ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုစာရင်းများကို ICIJ က ကိုးကားခဲ့ခြင်းဖြစ်သည်။ ယင်းစာရင်းတွင်ပါဝင်သော တရုတ်ပြည်မကြီးမှ ရာခိုင်နှုန်း ၉၀ သည် UBS နှင့် PricewaterhouseCoopers စသော အနောက်ကုမ္ပဏီများ၏ အကူအညီဖြင့် ဗြိတိန်ဗာဂျင်းအိုင်လန်းတွင် ရင်းနှီးမြှုပ်နှံကြကြောင်း၊ ခုနစ် ရာခိုင်နှုန်းက ဆာမိုအာတွင်လည်းကောင်း၊ သုံးရာခိုင်နှုန်းက အခြားနေရာတွင်လည်းကောင်း ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပရှိ လုပ်ငန်းများနှင့် ကုမ္ပဏီများသည် တရားမ၀င် မဟုတ်သည်မှာ မဖြစ်နိုင်သော်လည်း ၎င်းတို့သည် ကိုယ်ကျိုးစီးပွားပဋိပက္ခနှင့် အစိုးရသြဇာအာဏာ လိုသလိုပြောင်းလဲကျင့်သုံးမှုတို့နှင့် အမြဲတမ်း ချိတ်ဆက်နေသည်ဟု ကယ်လီဖိုးနီးယားရှိ Claremont McKenna College မှနိုင်ငံရေးသိပ္ပံ ပါမောက္ခ မင်ဆင်ဖေးက ပြောကြားခဲ့သည်။ ICIJ သည် ဗြိတိန်ရှိ ဂါးဒီးယန်း သတင်းစာ၊ ပြင်သစ်ရှိ လမွန်း သတင်းစာ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိတ်ဖက်အဖွဲ့ အစည်း ၅၀ ကျော် နှင့် လက်တွဲလုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

ထိုင်းအစိုးရလိုလားသော ရှပ်နီ ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရ






ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ ကွာချီပရိုင်ပါနား


ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားမှုကို ဥပေက္ခာပြုပြီး ဆက်လက်ဆန္ဒပြနေချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း၌ ဇန်န၀ါရီ ၂၂ ရက်က အစိုးရလိုလားသော ရှပ်နီ လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးသည် နေအိမ် အပြင်ဘက်တွင် ပစ်ခတ်လုပ်ကြံခံရပြီး ဒဏ်ရာရရှိခဲ့သည်။ သွေးထွက်သံယိုမှုများဖြင့် အဆုံးသတ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဘန် ကောက်ရှပ်နီလှုပ်ရှားမှုများတွင် နောက်ကွယ်မှ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော ရေဒီယို အစီအစဉ်မှူး ကွာချီပရိုင်ပါနားသည် အမည်မဖော်နိုင်သော အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒူးနှင့်ပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲကပြောကြားခဲ့သည်။ ယင်း ပစ်ခတ်မှုအတွက် နိုင်ငံရေးက အဓိကစေ့ဆော်မှုဖြစ်ဖွယ်ရှိကြောင်း အူဒုံသာနီပြည်နယ် ရဲမှူးကြီးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်ယင်လက် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘန်ကောက်နှင့် အနီးဝန်းကျင်ပြည်နယ်များ၌ ထိုင်းအစိုးရက အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှပ်နီတို့သည် လွန်ခဲ့သည့် ခုနစ်နှစ်က ရာထူးမှ ဖြုတ်ချခံရသော ၀န်ကြီးချုပ်သက်ဆက်ရှင်နာဝပ်ကို သစ္စာရှိထောက်ခံသူများဖြစ်သည်။ လောလောဆယ်ဖြစ်ပွားနေသော ဆန္ဒပြမှုများတွင် ဘေးထွက်နေသော်လည်း ရှပ်နီခေါင်းဆောင်များက အစိုးရ ဖြုတ်ချခံရပါက ရှပ်နီများ ထပ်မံ ခေါင်းထောင်လာနိုင်ကြောင်း သတိပေးထားသည်။

ဇန်န၀ါရီ ၂၁ ရက်က အရေးပေါ်အခြေအနေ ပြဋ္ဌာန်းခဲ့မှုကြောင့် ဆန္ဒပြသူများအတွက် ဖိအားပိုမို မြင့်တက်လာခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက ဆန္ဒပြသူများကို နှိမ်နင်းရန် အစီအစဉ်မရှိကြောင်း ပြောကြားထားသည်။



Ref:AFP

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူနွေးဆုံးနှစ်များအနက် တစ်နှစ်ဖြစ်ခဲ့သည်ဟု နာဆာမှ ထုတ်ပြန်





ပြီးခဲ့သောသုံးနှစ်အတွင်း မိုးမရွာသလောက် နည်းပါးပြီး အဆိုးရွားဆုံး မိုးခေါင်မှုကြုံခဲ့ရသော ဘရာဇီးနိုင်ငံ စီယာရာပြည်နယ် ကွေဆာဒါမြို့ကို ဇန်န၀ါရီ ၂ ရက်က တွေ့ ရစဉ်


၂၀၁၃ ခုနှစ်သည် ၁၈၈၀ ပြည့်နှစ်လွန် နောက်ပိုင်း မှတ်တမ်းတင်ထားခဲ့သော အပူနွေးဆုံးနှစ်များအနက် တစ်နှစ်အပါအ၀င်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၁ ရက်တွင် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရသိရပြီး ယင်းမှာ ကမ္ဘာကြီးပိုမိုပူနွေးလာကြောင်း သိသာထင်ရှားစေသည်ဟု သိရသည်။

လူတို့ကြောင့်ဖြစ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရေနံ၊ ကျောက်မီးသွေး စသည့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုမြင့်တက်လာပြီး ကာလရှည် အပူချိန်မြင့်တက်မှုကို ဦးတည်စေခဲ့သည်ဟု အမေရိကန်အာကာသအေဂျင်စီ (NASA) က ထုတ်ပြန်ခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် ၁၈၈၀ ပြည့်နှစ်တွင် 285 parts per million ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် 400 parts per million အထိ မြင့်တက်လာခဲ့ကြောင်း NASA က ထုတ်ပြန်ခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၈၀၀၀၀၀ အတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

အကယ်၍ အပူချိန်သည် ယခုအတိုင်း မပြောင်းလဲပါက လာမည့် ၁၀ စုနှစ်များသည် ပြီးခဲ့သော ၁၀ စုနှစ်ထက် ပိုမိုပူနွေးလာမည်ဟု NASA မှ ရာသီဥတုဗေဒပညာရှင် ဂါဗင်ရှမက်က ပြောကြားခဲ့သည်။ ပြီးခဲ့သည် ၁၀ စုနှစ်များအတွင်း ပူနွေးမှုများသည် ပုံမှန် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

NASA နှင့် National Oceanic and Atmospheric Administration (NOAA) တို့က ကမ္ဘာ့ရာသီဥတုဆိုင်ရာ အချက်အလက်များကို သီးခြားစီ လေ့လာပြုစုကာ နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ကမ္ဘာကြီးအပူချိန်သည် မြင့်တက်နေကြောင်း တူညီစွာ လေ့လာတွေ့ရှိခဲ့ကြသည်။

၂၀၁၃ ခုနှစ်က မြေပြင်နှင့် သမုဒ္ဒရာမျက်နှာပြင်တို့၏ ပျမ်းမျှအပူချိန်သည် ၂၀ ရာစု ပျမ်းမျှအပူချိန်ဖြစ်သည့် ၅၇ ဒီဂရီ ဖာရင်ဟိုက်(၁၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ်) ထက် ၁ ဒသမ ၁၂ ဒီဂရီဖာရင်ဟိုက် (၀ ဒသမ ၆၂ ဒီဂရီဆဲလ်စီးယပ်စ်) ပိုမိုများပြားကြောင်း NOAA က ထုတ်ပြန် ခဲ့သည်။

၂၀၀၃ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့သည် ၁၈၈၀ ပြည့်နှစ်လွန် နောက်ပိုင်း စတုတ္ထ မြောက် အပူနွေးဆုံးနှစ်များဖြစ်ကြသည်ဟု NOAA က ထုတ်ပြန်ခဲ့ပြီး NASA ကမူ ၂၀၁၃ ခုနှစ်သည် သတ္တမမြောက် အပူဆုံးနှစ်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

တစ်နှစ်နှင့်တစ်နှစ် အပူချိန်အမှန်တကယ် ကွာခြားချက်မှာ အလွန်အမင်းနည်းပါးသဖြင့် ခြုံငုံသတ်မှတ်ချက်တွင် ပူနွေးသောကမ္ဘာကြီး ဖြစ်လာနေခြင်းမှာမူ ရှင်းလင်းနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်သည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ထက် မြင့်မားသော ၃၇ နှစ်ဆက်တိုက်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ၂၁ ရာစုအတွင်း ပါဝင်သော ၁၃ နှစ်မှာ မှတ်တမ်းတင်ထားခဲ့သော အပူဆုံးနှစ်များတွင် ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ပြည့် နှစ်တို့မှာ အပူနွေးဆုံးနှစ်များဖြစ်သည်ဟု NOAA က ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အယ်လ်နီညို ပြန်ဖြစ်နိုင်သဖြင့် ၂၀၁၃ ခုနှစ်ထက် ပိုမိုပူနွေးသောနှစ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းခဲ့သည်။

Ref: AFP

Related Posts Plugin for WordPress, Blogger...