Wednesday, February 19, 2014

ယူကရိန်းတွင် ဆန္ဒပြပွဲအသစ်များ ထပ်မံဖြစ်ပွားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါလီမန်၌ မဲခွဲရန်တောင်းဆို

ဖေဖော်ဝါရီ ၁၆ ရက်တွင် မြို့တော်ကိဗ်ရှိ မြို့တော်ခန်းမအရှေ့ဘက်၌ ရဲများနှင့် အစိုးရဆန့်ကျင် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AFP)ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်၏ အာဏာကို လျှော့ချရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါလီမန်အမတ်များကို ဖိအားပေးနေသော အတိုက်အခံ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြို့တော်ကိဗ်ရှိ ပါလီမန် အဆောက်အအုံအနီး ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့ဝင်များသည် ရော်ဘာကျည်ဆန်များ...

ဘန်ကောက်တွင် ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခကြောင့် သုံးဦးသေဆုံး

ဖေဖော်ဝါရီ ၁၈ ရက်က ဘန်ကောက်ရှိ အစိုးရအိမ်တော်အနီးတွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများနှင့် ပဋိပက္ခဖြစ်နေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် အစိုးရ အဆောက်အအုံများအား ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ဖေဖော်ဝါ ရီ ၁၈ ရက်က အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကာ အရပ်သားနှစ်ဦး သေဆုံးသွားပြီး လူပေါင်း ၆၀ ခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒဏ်ရာရသူများတွင်...

ချစ်သူနဲ့ ခန္ဓာကိုယ်ချင်း လဲကြည့်မလား။ အမြင်စစ်ကိရိယာသစ်ဟာ စုံတွဲတွေကို မျက်လုံးတွေကတဆင့် ကြည့်မြင် ခံစားခွင့် ပေးပါတယ်။

သင့်ချစ်သူရဲ့ မျက်လုံးကတဆင့် ကမ္ဘာကြီးကို ကြည့်မြင်ချင်ဖူးလား။Oculus Rift ခေါင်းတပ်ကိရိယာတွေကို သုံးပြီး ခန္ဓာလွှဲပြောင်းမှုကို စမ်းသပ်ရာမှာ တပ်ဆင်ထားသူတွေဟာ တစ်ယောက်မျက်လုံးကတဆင့် တစ်ယောက် ကမ္ဘာကြီးကို ရှုမြင်ခံစားခွင့်ရကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်သားတည်းကျထားစေပြီး ခေါင်းမှာတပ်ထားတဲ့ display တွေကတဆင့် ကြည့်မြင်ပုံ၊ ခံစားပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာ BeAnotherLabရဲ့ Machine To Be Another (MTBA) စနစ်ကို အသုံးပြုထားပါတယ်။တစ်ဖက်က...

စိတ်ကိုပျော်အောင်ထားရင် မျက်နှာကြည်ကြည်လေးနဲ့ လှပနေမှာပါလို့ ပြောတဲ့ မိစန္ဒီ

ဟစ်ဟော့ အဆိုတော်မလေး မိစန္ဒီနဲ့ တွေ့ဆုံခိုက်မှာ သူမရဲ့ အသားအရေထိန်းသိမ်းမှု အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘အသားအရေကတော့ သတိရရင်ရသလို၊ မရရင်မလိမ်းဘူး။ တစ်ခါတစ်လေ လုပ်တယ်။ ပျင်းတော့လုပ်ချင်စိတ်ရှိမှ လုပ်တယ်။ နွေရာသီမှာ လိုးရှင်းလိမ်းတယ်။ မျက်နှာမည်းမှာ အရမ်းကြောက်တယ်။ ကျန်တာကတော့ သိပ်မလုပ်ဖြစ်ဘူး။ ကပ်စီးကပ်စီးဖြစ်လို့လေ။ မျက်နှာကတော့ SHISHEDO သုံးတယ်။ လိုးရှင်းကတော့ NIVERA ,VICTORIA SECRET သုံးဖြစ်တယ်။ အစုံသုံးတယ်။ အလှအပနဲ့ပတ်သတ်ပြီး သိပ်မိန်းမမဆန်တော့...

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်၊ ရေခဲပြင်အကပြိုင်ပွဲမှာ အမေရိကန်အတွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆွတ်ခူး

အမေရိကန်ကိုယ်စားပြု ရေခဲပြင်အကစုံတွဲ မီရယ်လ်ဒေးဗစ် နဲ့ ချာလီဝှိုက်တို့ ဟာ လက်ရှိကျင်းပနေတဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းတစ်လျှောက် ရေခဲပြင်အကမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွဲ ဖြစ်လာပါတယ်။အိုလံပစ်ပြိုင်ပွဲ ရေခဲပြင်အက ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်တဲ့ ကနေဒါစုံတွဲ တက်စ်ဆာ နဲ့ စကော့ တို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး ဗြိတိန်စုံတွဲ ပင်နီကုမ်းစ် နဲ့ နစ်ခ်...

နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု

နန်းမြတ်ဖြိုးသင်းလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတအနုပညာဘက်မှာပါ အနုပညာခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းလာသူလေးမှန်း အားလုံးသိပြီးဖြစ်မှာပါ။ သူမဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာနဲ့ ဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်လာသူဖြစ်ပြီး ဂီတလောကမှာလည်း နေရာတစ်နေရာ ရအောင်ကြိုးစားနေသူပါ။ သူမနဲ့တွေ့ဆုံဖြစ်ခိုက် လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ သူမက ‘ခု နန်းမြတ် ကိုဖြိုးငွေစိုးနဲ့ ၀ိဥာဉ်ကယ်တင်ကြသူများဆိုတဲ့ ကားလေးရိုက်ပါမယ။် အဲ့ဒီကားထဲမှာ...

သပ်ရပ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်

ကိုယ့်မျက်ခုံးမွှေးက ပါးမယ်၊ ရိတ်ထားပေမယ့်လည်း ခဲတံနဲ့ ဆွဲတိုင်း ပြောင်ချော်ချော်နဲ့ ကြည့်မကောင်းဖြစ်နေမယ်။ ဒါမှမဟုတ် မညီမညာနဲ့ သပ်သပ်ရပ်ရပ်မရှိဘူးဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးရအောင် ဘယ်လိုဖန်တီးရမယ်ဆိုတာ ပြောပြချင်ပါတယ်။၁။ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ရဲ့မျက်ခုံးမွှေးကို spoolie ဘရက်ရှ်ကိုသုံးပြီး အပေါ်ဘက်ကိုဖွဖွလေး ဖြီးဘေးပါ။၂။နောက်တစ်ဆင့်အနေနဲ့ slant-tip ဘရက်ရှ်လေးနဲ့ အတွင်းဘက်၊ နှာခေါင်းဘက်နားကနေ စပြီး လိုင်းသေချာထပ်ဆွဲရမှာပါ။၃။အဲ့ဒီနောက်...

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အချက် (၇) ချက်

ယောင်္ကျားအများစုဟာ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ အမျိုးသမီးတွေအပေါ်မှာ ရစ်တတ်ကြတယ်၊ ဘာက ဘယ်လို အပြစ်ရှာတတ်ကြပေမယ့် တစ်ခါတစ်လေ သူတို့ကိုယ်တိုင် ကိုယ့်ရည်းစား ဒီနေ့ဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်မထားဘူးဆိုတာမျိုးကိုတောင် သတိမပြုမိတတ်ကြပါဘူး။ မချစ်လို့ ဒီလို သတိမပြုမိတာမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူအတွက် အာရုံဘယ်လောက်ထားထားလဲ၊ ဘယ်လောက်အသေးစိတ်သလဲဆိုတာမျိုးဟာ အမျိုးသမီးတွေ တကယ်လိုချင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။၁။...

ရွံ့ မြောင်းထဲပြုတ်ကျပြီး နစ်နေတဲ့ ဆင်ပေါက်ကလေးကို ရထားစီးခရီးသည်တွေ ၀ိုင်းဝန်းကယ်ဆယ်

အိန္ဒိယနိုင်ငံ၊ အက်ဆန်းဒေသမှာ ဆင်ပေါက်လေးတစ်ကောင်ဟာ ရထားသံလမ်းဘေးက ရွှံ့ မြောင်းထဲ ပြုတ်ကျပြီး ထွက်မရဖြစ်နေတာကို ရထားပေါ်က ခရီးသည်တွေက တွေ့ ရှိပြီး ကယ်ဆယ်နိုင်ခဲ့တာပါ။ ဆင်ပေါက်ကလေးဟာ သူ့ အဖော်ဆင်အုပ်နောက်ကို အမှီလိုက်ရင်း အခုလို မြောင်းထဲပြုတ်ကျပြီး နစ်ကျန်နေခဲ့တာလို့ သိရပါတယ်။ကံကောင်းထောက်မစွာပဲ ဆင်ပေါက်လေး ရထားသံလမ်းဘေးက မြောင်းထဲနစ်နေတာကို တွေ့ လိုက်ရတဲ့  ခရီးသည်တွေက ရထားကို ရပ်တန့် ပြီး ဆင်ပေါက်လေးကို ၀ိုင်းဝန်းကယ်ဆယ်ခဲ့ကြပါတယ်။ရထားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့...

ယုံချင်ယုံ၊ မယုံချင်နေ

အသက်၄၀ ကျော်လာတဲ့ လူကြီးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဆယ်စုနှစ်တစ်စု ကြာတိုင်း ၅ရာခိုင်နှုန်း ကျုံ့ကျုံ့သွားတယ်။၁၉၆၀ပြည့်လွန်နှစ်တွေမှာ နှုတ်ခမ်းနီအစိုတွေကို အရောင်တောက်စေဖို့အတွက် ငါးကြေးခွံကို အသုံးပြုကြတယ်။နယူးယောက်ပြည်နယ် Armonk ဒေသမှာနေထိုင်တဲ့ Philip Romano ဆိုသူမှာ ၃ ဒဿမ ၈ လက်မရှည်တဲ့ လျှာရှိတယ်။Ref:Yaho...

ဟယ်ရီပေါ်တာ ဖန်တီးရှင် စာရေးဆရာမ JK Rowling က ကလောင်ခွဲ Robert Galbraith နာမည်နဲ့  ဒုတိယမြောက် လုံးချင်းဝတ္ထု “Silkworm” ကို ဂျွန်လမှာ ထုတ်ဝေမည်။

ကမ္ဘာကျော် ဟယ်ရီပေါ်တာဝတ္ထုဇာတ်လမ်းတွဲတွေကို ရေးသားခဲ့သူ စာရေးဆရာမ JK Rowling က သူမရဲ့ ကလောင်ခွဲ Robert Galbraith အမည်နဲ့ ဒုတိယမြောက်စာအုပ်ကို မကြာမီ ဖြန့် ချိထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ ထုတ်ဝေသူတွေရဲ့ ပြောကြားချက်အရ လာမယ့် ဂျွန်လ ၁၉ ရက်နေ့ မှာ တရားဝင်ဖြန့် ချိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။“Silkworm” လို့ အမည်ပေးထားတဲ့ ဒီလုံးချင်းစာအုပ်ဟာ Robert Galbraith ဆိုတဲ့ ကလောင်အမည်အောက်မှာ ဒုတိယမြောက်ထွက်ရှိလာတဲ့စာအုပ်ဖြစ်ပြီး ပထမစာအုပ် “The Cuckoo’s Calling” ရဲ့...

အားကစားလုပ်တော့မယ်ဆို မဖြစ်မနေ ရှိထားရမယ့် အရာတွေ

GYM ပဲသွားသွား၊ အိမ်နားမှာပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ သူငယ်ချင်းတွေနဲ့ပဲ ထပြေးပြေး ဘယ်လိုလေ့ကျင့်ခန်းအတွက်မဆို ရှိထားသင့်တဲ့ အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့၁။ခြေမျက်စိအထိရှည်တဲ့ legging တွေထက်စာရင် ဒူးလောက်ထိသာရှိတဲ့ fitted capris ဘောင်းဘီတွေက လေ့ကျင့်ခန်းလုပ်ဖို့ ပိုအဆင်ပြေတာမို့ တစ်စုံထက်ပိုပြီး ၀ယ်ထားသင့်ပါတယ်။၂။ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းက ပြေးတာမျိုး၊ ခုန်တာမျိုးတွေ ပါတယ်ဆိုရင်တော့ အောက်ခံဝတ်မယ့် ဘရာကို သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။ Sport...

Related Posts Plugin for WordPress, Blogger...