Wednesday, February 19, 2014

ရွံ့ မြောင်းထဲပြုတ်ကျပြီး နစ်နေတဲ့ ဆင်ပေါက်ကလေးကို ရထားစီးခရီးသည်တွေ ၀ိုင်းဝန်းကယ်ဆယ်




အိန္ဒိယနိုင်ငံ၊ အက်ဆန်းဒေသမှာ ဆင်ပေါက်လေးတစ်ကောင်ဟာ ရထားသံလမ်းဘေးက ရွှံ့ မြောင်းထဲ ပြုတ်ကျပြီး ထွက်မရဖြစ်နေတာကို ရထားပေါ်က ခရီးသည်တွေက တွေ့ ရှိပြီး ကယ်ဆယ်နိုင်ခဲ့တာပါ။ ဆင်ပေါက်ကလေးဟာ သူ့ အဖော်ဆင်အုပ်နောက်ကို အမှီလိုက်ရင်း အခုလို မြောင်းထဲပြုတ်ကျပြီး နစ်ကျန်နေခဲ့တာလို့ သိရပါတယ်။

ကံကောင်းထောက်မစွာပဲ ဆင်ပေါက်လေး ရထားသံလမ်းဘေးက မြောင်းထဲနစ်နေတာကို တွေ့ လိုက်ရတဲ့  ခရီးသည်တွေက ရထားကို ရပ်တန့် ပြီး ဆင်ပေါက်လေးကို ၀ိုင်းဝန်းကယ်ဆယ်ခဲ့ကြပါတယ်။

ရထားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ နူးညံ့တဲ့စိတ်ထားနဲ့ တိရစ္ဆာန်တစ်ကောင်အပေါ်ထားရှိတဲ့ မေတ္တာတရားကို ဖော်ကျူးတဲ့ ဒီအဖြစ်အပျက်ဟာ နိုင်ငံတကာအင်တာနက်စာမျက်နှာတွေမှာ ရေပန်းစားလျက်ရှိပြီး ၀င်ရောက်ကြည့်ရှုသူအားလုံးက ဆင်ပေါက်လေးနဲ့ ခရီးသည်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဆင်အုပ်ကနေ ပြုတ်ကျညှပ်ကျန်ရစ်နေတဲ့ ဆင်ပေါက်ကလေးကို ခရီးသည်တွေက အသီးအရွက်တွေ ၀ိုင်းကျွေးမွေးခဲ့ပြီး မြောင်းထဲက ထွက်နိုင်အောင် ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။





Ref: Dailymail

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...