Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, October 25, 2013

စေလိုရာစေ … မေ



ငါသည် စစ်သား
မြန်ပြည်သားမို.
ငါ့သွေး ငါ့အသက်
တိုင်းပြည်အတွက်ဆိုရင်
ဘယ်ဆီမျှော်မှန်း
သေရန်စခန်းမှာ
စေလိုရာစေ ...

ငါသည် စစ်သား
ခရောင်းလမ်းသွားမို.
ချစ်သူသက်ထား
သည်လမ်းခရီးအား
ခေါ်မသွားရက်သည်
အမောင်စစ်သည်မှာ
စေလိုရာစေ မေ ...

ငါသည် စစ်သား
မြန်ပြည်ဖွားမို.
ကြင်သူသက်ထား
စစ်ထွက်သမားကို
မေ့လိုသော်ငြား
မေ့နိုင်အားသည်
အချစ်မငဲ့ အမောင်စစ်ထွက်ကို
စေလိုရာစေ မေ ...

ငါသည် စစ်သား
ပစ်သွားရက်သည်
ထင်လိုထင်နိုင်
အသက်မပိုင်သူကို
ကြင်သူသက်လယ်
အမျက်ခြယ်ပြီး
မုန်းလိုက မုန်း
ပြုံးလို.သွားမည်
စေလိုရာစေပါ မေ ...

ငါလို စစ်သား
ပြည်ချစ်သားရဲ.
ပါရမီဖြည်.ဘက်
နောင်ဘ၀ဆက်လို.
မဖြစ်ပါရစေနဲ.ဟု
ဘုရားမှာဆုတောင်း
မေ့အတွက် ကောင်းမည်
စေလိုရာစေပါ မေ .....။

FROM-MOE NET MIN

Monday, October 21, 2013

" ကျွန်တော်တို့ ပုခုံးပေါ်က အိမ် "





====================
စစ် ဆိုတာ ဘာလဲ...သူငယ်ချင်း လို့ ...
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပုခုံး ပုတ်ပြီး မေးလာတယ်...
ဒီအဖြေကို သိနိုင်တဲ့လူဆိုလို့ နှစ်ယောက်ပဲရှိတယ်
ဟုတ်တယ်.. မင်းရယ်.. ငါရယ်....

တစ်သွေး တစ်သံ တစ်မိန့် လို
ငါ့မှာလည်း အသက်က တစ်ချောင်းထဲ သူငယ်ချင်း...
မင်းသေရမှာ မကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါ ရယ်နေတယ်........
မင်းသေရမှာ မကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်း ရယ်နေပါ...
ကမ္ဘာပေါ်မှာ စစ်ကိုလိုလားတဲ့ စစ်သားဆိုတာ မရှိဘူးဆိုရင်
အပြင်လူတွေ ယုံချင်မှယုံမယ်
အပြင်လူတွေ ဆိုတော့ .....
အထဲမှာ ဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်...
အဲဒါ မင်းရယ်.. ငါရယ်.....

မင်း သိထားတဲ့ ဘဝ နဲ့ ငါ သိထားတဲ့ ဘဝဆိုတာ
ထမင်းသိုး ဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစား ရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်ဆီဂျင်ကနေ မိုင်းကွင်းအထိ
ဒီလိုပဲ....
ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့ ....
မိုးပျံပူဖောင်းလေးတွေလည်း ဖြစ်တယ်
(ငါတို့ ဆိုပေမဲ့လည်း အများကြီး မဟုတ်ပါဘူး)
ဘယ်သူတွေလဲ ဆိုတော့..
မင်းရယ်.. ငါရယ်....

ပလက်ဖောင်းပေါ်က ဂစ်တာသံတွေ
စတိတ်ခ်ျရှိုး လက်မှတ်တွေထက်
တရွှတ်ရွှတ် ဖြတ်ပြေးနေတဲ့ ကျည်ဆံတွေ
တအုံးအုံး ထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ ခေါင်းအုံးလုပ် အိပ်ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေ ကြလိမ့်မယ်
ရယ် မယ့်လူဆိုလို့လည်း များများစားစား မရှိလှဘူး
အဲဒါ မင်းရယ်.. ငါရယ်....

ငါတို့ဆီမှာ
ဒုက္ခိတတွေ ရှိတယ်
မသန်မစွမ်းတွေ ရှိတယ်
ခြေပြတ် လက်ပြတ်တွေ ရှိတယ်
အားငယ်တတ်တဲ့ ဘယ်ဘက် အိပ်ကပ်ကလေးတွေ ရှိတယ်
သပြေခက် ရှိတယ်....

ငါတို့ဆီမှာ
ရေခြားမြေခြား ရှိတယ်
ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ရှိတယ်
ဝင်သက် ထွက်သက်ကလေး ရှိတယ်
ဒုက္ခ ရှိတယ်
တမလွန် ရှိတယ်....

ငါတို့ဆီမှာ
မိုင်ရှည်ခရီး ရှိတယ်
ငိုသံတွေ ရှိတယ်
အိပ်မပျော်တဲ့ ညတွေ ရှိတယ်
သေသွားတဲ့ ရဲဘော်တွေ ရှိတယ်
သေသွားတဲ့ ရဲဘော်တွေကို အလေးပြုနေတဲ့ လက်တွေရှိတယ်
အလေးပြုနေတဲ့ လက်တွေဆိုလို့ .....
ဘယ်သူတွေများလဲလို့ မင်းသိချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်....

သေခြင်းတရား က
trailer ပြလေ့ မရှိဘူး
သေခြင်းတရား ဆိုတာ
မင်း နဲ့ ငါ တစ်ယောက်တစ်ဝက် သောက်ခဲ့တဲ့
စီးကရက် တစ်လိပ်စာလောက်ပဲ သူငယ်ချင်း
စစ်သားဆိုတာ သေခြင်းတရားနဲ့ ပတ်သက်ပြီးလည်း
လူပြောများ တတ်သေးတယ်
ပြောမယ့်လူ ဆိုလို့လည်း နှစ်ယောက်ပဲ ရှိတယ်
အဲဒါ.. မင်းရယ်.. ငါရယ်.....။

နေပိုင်

Related Posts Plugin for WordPress, Blogger...