Showing posts with label နိုင်ငံများ. Show all posts
Showing posts with label နိုင်ငံများ. Show all posts

Sunday, September 15, 2013

ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိ နေအိမ်များ ပြောင်းရွှေ့မှုများ ရှိခဲ့


Created on Sunday, 15 September 2013

ပျဉ်းမနားမြို့ ငလိုက်ချောင်း၌ ရေကြီးမှု ဖြစ်ပေါ်နေစဉ်

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိနေအိမ်များ ပြောင်းရွှေ့ပြီး နံတော်စဉ်ဓမ္မာရုံတွင် ပြောင်းရွှေ့နေထိုင် နေကြကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ရေကြီးမှုကြောင့် ဘောဂသီရိ အဝေးပြေးကားကွင်းနှင့် သစ်ဆိမ့်ပင်ကျေးရွာ အနီးရှိ ယာမြေတစ်ချို့ ရေနစ်မြုပ်ခဲ့ပြီး စိုက်ခင်းအချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

"အရင်ကဆို ငလိုက်ချောင်းထဲကို ရေလွှတ်မယ်ဆိုရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားလေ့ ရှိတယ်။ ရေတွေက နံနက် ၃ နာရီ ၃၀ မိနစ်လောက်မှာ ရေတွေက ငလိုက်ချောင်းမှာ အပြည့်ဖြစ်လာတယ်။ ဒါကြောင့် ချောင်းစပ်မှာ နေထိုင်သူတွေ ဒုက္ခရောက်ပြီး ရေလွတ်ရာကို အမြန်ရွှေ့ပြောင်းရတယ်။ အရင်လို အကြောင်းကြားပေးသင့်တယ်" ဟု ငလိုက်ချောင်းဘေးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ရွှေမန်းသူကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက "အခုလို ကားကွင်းထဲ ရေလျှံတာက ကားကွင်းထဲက ရေထွက်ပေါက်ကို စည်ပင်ကအရင်ထဲက ပြုပြင်သင့်တယ်။ ကားတွေက ဂိတ်မှာရပ်လို့ မရဘဲ လမ်းမပေါ်မှာ ဂိတ်ထိုးရတော့ အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်" ဟု ဆိုသည်။

ရေကြီးမှုကြောင့် ယာမြေအတွင်း စိုက်ပျိုးထားသည့် ပန်းစိုက်ခင်းများ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေကျသွားမှ ပျက်ဆီးမှု အနေအထားကို အတိအကျ သိရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မိုးများ၍ ရေကြီးပါက ပျဉ်းမနားမြို့ပေါ်ရပ်ကွက် အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

Tuesday, September 3, 2013

အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ



Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ တွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးတပ်ပေါင်းစု တို့ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း ထပ်တိုးလာတဲ့ နိုင်ငံ တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါတယ်။

ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အား ဖြည့်တင်းမှုနဲ့အတူ လေကြောင်း စစ်အင်အား ဖြည့်တင်းဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ လေယာဉ် ဖြစ်ပြီး တစ်ခါပျံသန်းဖို့အတွက်လည်း ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် အိန္ဒိယ စစ်တပ်က တစ်စီးပဲ ဝယ်ယူသေးတာ ဖြစ်ပါတယ်။ လေယာဉ်ကို ၁၉၉၁ ခုနှစ်ကစပြီး ယနေ့တိုင် အမေရိကန်တို့ ထုတ်လုပ်လျက် ရှိနေပါသေးတယ်။

တိုက်ခိုက်ရေးအတွက် ဒုံး၊လောင်ချာတို့ အစုံအလင်ပါရှိပြီး လေထီးခုံ စစ်သားချည်းကိုလည်း အယောက် ၁၀၀ ကျော် တင်ဆောင်နိုင်ပါတယ်။ ဥရောပနဲ့ အရှေ့ အလယ်အပိုင်းက စစ်ပွဲတွေမျာ နေတိုးတပ်ဖွဲ့နဲ့ အမေရိကန်တို့ အသုံးများခဲ့ပြီး ယနေ့တိုင် ကမ္ဘာ စစ်တပ်ကြီးများက မျက်စိကျနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ ရုရှားမှလည်း ယင်းကဲ့သို့ ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အန္ဒိယ စစ်တပ်ဟာ မျော်လင့်မထား နိုင်တဲ့ ပင်လယ်ကွေ့ စစ်ပွဲ၊ နယ်စပ်စစ်ပွဲ အတွက်ရည်ရွယ်လို့ ဝယ်ယူအားဖြည့် ထားခြင်း ဖြစ်ပြီး တိုင်းပြည် စစ်အင်အားကို ထပ်မံတိုးချဲ့ သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref: Xinhua
ColyaAutomobile

Belgium နိုင်ငံအကြောင်း သိကောင်းစရာပါ

Flag Emblem


တည်နေရာ ဘယ်လ်ဂျီယံနိုင်ငံသည် ဥရောပအနောက်ပိုင်းတွင် တည်ရှိပြီး မြောက်ပင်လယ်နှင့် ထိစပ်လျက်ရှိကာ ပြင်သစ်နှင့်နယ်သာလန်တို့အကြားတွင် တည်ရှိပါသည်။
အကျယ်အ၀န်း ၃ဝ,၅၂၈ စတုရန်းကီလိုမီတာရှိပါသည်။ 
အိမ်နီးချင်းနိုင်ငံများ ပြင်သစ်၊ နယ်သာလန်
ကမ်ရိုးတန်းအရှည် ၆၆.၅ ကီလိုမီတာ။
လူဦးရေ ၁ဝ,၄၃၈,၃၅၃ ဦး။
လူမျိုး Fleming ၅၈ %၊ Walloon ၃၁ %၊ အခြား ၁၁ %။
ဘာသာရေး ရိုမန်ကက်သလစ် ၇၅ %၊ အခြား ၂၅ %။
အဓိဘာသာစကား ဒတ်ခ်ျ ၆ဝ %၊ ပြင်သစ် ၄ဝ %။
မြို့တော် ဘရပ်ဆဲလ်။
ပြည်နယ်များ ဒေသကြီး ၃ ခု။
အစိုးရပုံစံ စည်းမျဉ်းခံဘုရင်စနစ်။
နိုင်ငံတော်အကြီးအကဲ ဘုရင်
အစိုးရအကြီးအကဲ ဝန်ကြီးချုပ်
လွတ်လပ်ရေးနေ့ ၄-၁ဝ-၁၈၃ဝ။
ငွေကြေး ယူရို။
GDP အမေရိကန်ဒေါ်လာ ၄၂ဝ.၆ ဘီလီယံ။
GDP တိုးတက်နှုန်း ၁.၈ %။
တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈,၁ဝဝ။
အလုပ်လက်မဲ့နှုန်း ၇.၆ %။
စစ်မှုထမ်းနိုင်သည့်အင်အား ကြည်း ၃၃,ဝဝဝ၊ ရေ ၁,၆ဝဝ၊ လေ ၈,၆ဝဝ။
စစ်ရေးအသုံးစရိတ် GDP ၏ ၁.၃ %( ယူရို ၃ ဘီလီယံ)။
ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့်နေ့ ၂၇-၁၂-၁၉၄၅။

Related Posts Plugin for WordPress, Blogger...