Thursday, August 29, 2013

အမေရိကန်စစ်ပြင်၍ ရွှေဈေးဆက်တိုက်တက်

ရန်ကုန်၊ သြဂုတ် ၂၉ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် ရေနံစိမ်းဈေးနှင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးလည်း ဆက်တိုက် တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။သြဂုတ်လ ၂၆ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၉၅ ဒေါ်လာနှင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၁၇,၀၀၀ ကျပ်သာရှိရာမှ သြဂုတ်လ...

မြေပြိုမှုကြောင့် ကျိုင်းတုံ-မိုင်းလား ကားလမ်း ပိတ်

Wednesday, August 28, 2013ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် မြေပြိုမှုကြောင့် ကျိုင်းတုံ- မိုင်းလား ကားလမ်း ပျက်စီးသွားပြီး ကားသွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။သြဂုတ်လ ၂၈ နေ့ မနက် ၁၀ နာရီဝန်းကျင်က ကျိုင်းတုံ-မိုင်းလား ကားလမ်း တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့် မြစ်ချောင်းရေ တိုက်စားမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး ကားလမ်းပေါ် သွားလာနေသည့် ကားတချို့ပါ မြေပြိုမှုကျမှုတွင် ပါဝင်သွားကြောင်း၊...

NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တော့မည် ဖြစ်ကြောင်း VOA ၀က်ဆိုဒ်တွင် ဖော်ပြ

ဘင်္ဂလီတို့၏ သားဖွားနှုန်းကို ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဆန့်ကျင်ကန့်ကွက်မှု မဆုံးခင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။ သတင်းမှာ ပါဝင်သည့် အချက်များကတော့ အောက်ပါအတိုင်းပါ။ သတင်းကိုတော့ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။အန်အယ်လ်ဒီ ပါတီဝင် အများစုမှာ ဘာသာခြားများ ဖြစ်နေပြီး...

ကြိမ်ဖူးဟင်းချို

----------ရေးသားသူ- စိုးဇေယျာထွန်းငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။ ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး...

သိန်း ၂၂၀၀ တန် မာစီးဒီး နောက်ဆုံးထွက် E Class

သိန်း ၂၂၀၀ ဆိုတာ ခန့်မှန်းဈေးပါ။ အခွန်အခပါ အားလုံးအပြီးအစီး သိန်း ၂၂၀၀ ကုန်ကျမယ့် ကားမို့ ဖြစ်ပါတယ်။ အာမခံ ၂ နှစ် ရရှိမှာဖြစ်ပြီး မြန်မာပြည်မှာ မာစီဒီးက တိုက်ရိုက်ရောင်းချမှာ ဖြစ်ပါတယ်။ အင်ဂျင် အင်ဂျင် အရွယ် ၂ လီတာ ဆလင်ဒါ ၆ လုံးပူး၊ V type အင်ဂျင်ကို အသုံးပြုတာက ၂ မျိုး၊ နောက်တစ်မျိုးက အင်ဂျင်အရွယ် ၃ လီတာ ဗားရှင်း ဖြစ်ပါတယ်။ ဒီတော့ ပထမ ၂ မျိုးကို E 200 နဲ့ 250 လို့အမည်ပေး ထားပြီး အင်ဂျင်ကြီးတဲ့ တစ်မျိုးကတော့ E400 လို့ အမည်ပေးထားပါတယ်။ အင်ဂျင်အရွယ်မကြီးတဲ့...

ခေတ်သစ် Blind Spot ပြဿနာ ဖြေရှင်းနည်း

မနေ့က မာစီဒီးကားသစ် E Class မိတ်ဆက်ပွဲရောက်တော့ Blind Spot အကြောင်း ရှင်းလင်းပြသချက်ကို လေ့လာဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပေါ် မာစီဒီး E Class မှာ Blind Spot ကို အာရုံခံပြီး သတင်းအချက် အလက်ပေးတဲ့ စနစ်ပါသတဲ့။ သတင်းပေးရုံတင်မက Accident ဖြစ်နိုင်မယ့်အနေအထားကနေလည်း ချက်ချင်း Prompt Action ပေး ရှောင်ရှားနိုင်လောက်အောင် နည်းပညာ အင်မတန် အဆင့်မြင့် ပါတယ်။ နောက်ပိုင်း အဆင့်မြင့်ဇိမ်ခံကားတွေမှာ ဒါမျိုးတွေပဲ ပါတော့မှာပါ။ Blind Spot ဆိုတာ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။...

အရက်သောက်သုံးမှုမှ ဖြစ်ပွားသည့် စိတ် ကစဥ့်ကလျားရောဂါ ပြည်တွင်း၌ ကုသရန် လွန်စွာ ခက်ခဲနေ

အရက်ကို အလွန်အကျွံ သောက်သုံးလျက်ရှိသော သူများတွင် အများဆုံး ဖြစ်ပွားတတ်သည့် စိတ် ကစဥ့် ကလျား ရောဂါကို မြန်မာနိုင်ငံ အတွင်း၌ ကုသရန် လွန်စွာ ခက်ခဲလျက်ရှိကြောင်း စိတ်ရောဂါ ကုသရေး စိတ်ပညာရှင် ဒေါက်တာ ညီဝင်းမှန်က ပြောကြားခဲ့သည်။အရက်ကြောင့် ဖြစ်သည့် စိတ်ရောဂါ ဝေဒနာသည် မြန်မာနိုင်ငံတွင်သာမက နည်းပညာ ဖွံ့ဖြိုးပြီး စက်ပစ္စည်း စုံလင်စွာဖြင့် ကုသနိုင်သည့် နိုင်ငံခြား တိုင်းပြည်များ၌ပါ ကုသရန် ခက်ခဲကြောင်း သိရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ၎င်းရောဂါသည် သာမန် စိတ်ရောဂါကုသခြင်းနှင့်...

အမေရိကန် MGM မီဒီယာ ရဲ့  နောက်ကွယ်က ဇာတ်လမ်း

Metro-Goldwyn-Mayer လို့ခေါ်တဲ့ ကမ္ဘာကျော် အမေရိကန် မီဒီယာ တစ်ခုအနေနဲ့ အမှတ်တံဆိပ်တစ်ခုရဖို့အတွက် တကယ့် ခြေင်္သေ့ အစစ်ကို အသုံးပြုခဲ့ပါတယ်။ ယင်းကဲ့သို့ ကြိုးစားမှုနဲ့အတူ ယနေ့တိုင် ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရှိခဲ့စေပါတယ်။ သို့ပေမယ့် အောင်မြင်မှု နောက်ကွယ်မှာ ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ် ရှိနေပါတယ်။ ပထမဆုံး အော်ရီဂျင်နယ် လိုဂို လုပ်တုန်းက ဖြစ်ပါတယ်။ ၁၉၁၆ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်၊ ၁၉၂၄ ကနေ ၁၉၂၈ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ခြေင်္သေ့ Slats ဟာ သူ့ ခြေင်္သေ့ထိန်း...

မြန်မာလအမည်တွေ နောက်ကွယ်မှ အကြောင်းအရာများ

Thursday, August 29, 2013တန်ခူး...ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။ကဆုန်...ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။နယုန်...နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။...

နိုင်ငံတကာ ငွေပို့ငွေလွှဲဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ၂၉-၈-၂၀၁၃နိုင်ငံတကာ ငွေပို့ငွေလွှဲဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား တွင် ငွေပို့ငွေလွှဲ ၀န်ဆောင်မှု ပြုလုပ်ပေးသည့် အင်္ဂလန်နိုင်ငံ အခြေစိုက် MoneyGram သည် မြန်မာနိုင်ငံသား များဘဏ် လီမိတက် ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက် တို့နှင့် ပူးပေါင်း သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး သြဂုတ်လ ၂၇ ရက်က အာရှစိမ်းလန်း...

ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေသည့် အိမ်ရှင်လင်မယားအား အရေးယူ

မုံရွာ ၊ ၂၉-၈-၂၀၁၃ မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။ “ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး...

သုံးလတာ ကာလအတွင်း အခွန်ကောက်ခံ ရရှိမှု သန်းပေါင်း ၂၆၀၀၀ ရရှိကြောင်းသိရ

ရန်ကုန် ၊ ၂၉-၈-၂၀၁၃ပြည်တွင်း အခွန်ကောက်ခံမှု မှ သုံးလတာ ကာလအတွင်း ငွေကျပ် သန်းပေါင်း ၂၆၀၀၀ ခန့်ရရှိကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန က တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။အခွန် ကောက်ခံမှု စနစ်ကို ဇွန်လဆန်းမှ စပြီး ကြိုတင်ခွန် စနစ်ကို ပြုပြင်ပြောင်းလဲ လာသောမူကို စတင်ကျင့်သုံး ခဲ့ပြီး နောက်ပိုင်းတွင် ဇွန်လ မှ သြဂုတ်လ အထိ ကောက်ခံ ရရှိမှုမှာ ကျပ်သန်းပေါင်း ၂၆၀၀၀ ခန့်ကောက်ခံ ရရှိပြီး သောကြောင့် ပို့ကုန် သွင်းကုန် ကြိုတင်ခွန် စနစ်မှာ အလွန် ထိရောက်မှု...

စီးတီးဘတ်စ်ယာဉ် အသစ်ကြီးများအား အစားထိုး ပြေးဆွဲမည် စီးတီးဘတ်စ်ယာဉ် အသစ်ကြီးများအား အစားထိုး ပြေးဆွဲမည်

ရန်ကုန် ၊ ၂၉-၈-၂၀၁၃နိုင်ငံတော် မှ ယာဉ်အို ယာဉ်ဟောင်း များကို အပ်နှံရေး အစီအစဉ် များကို ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း အပ်နှံသော ယာဉ်များ ၊ ဂျစ် နှင့် ဟိုင်းလပ် အစရှိသော ယာဉ်အစီးရေ ၂၄၃၇ စီးကို စီးတီးဘတ်စ် အဖြစ် ပြောင်းလဲခြင်းဖြင့် လည်းကောင်း ၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းတွင် ၂၇၃၅ စီး တိုးမြှင့် ပြောင်းလဲ ပြေးဆွဲလျက် ရှိသည့်အပြင် မကြာမီ ကာလအတွင်း၌ ယာဉ်အသစ်များ ထပ်တိုး ပြေးဆွဲမည် ဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။ရန်ကုန် မြို့တော်...

အင်္ဂလိပ်စာ သင်တန်းသစ်များ ဗြိတိသျှကောင်စီ မှ အောက်တိုဘာလအတွင်း ဖွင့်လှစ်မည်

ရန်ကုန် ၊ ၂၉-၈-၂၀၁၃အသက် ၇ နှစ်နှင့် အထက် မည်သူမဆို တက်ရောက်နိုင်သည့် သက်တမ်းအလိုက် အင်္ဂလိပ်စာ သင်တန်းများကို ဗြိတိသျှကောင်စီ မှ အောက်တိုဘာလ အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများ အတွက် ၀င်ခွင့် စာမေးပွဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပ သွားမည် ဖြစ်သဖြင့် တက်ရောက် လိုသူများ လာရောက် ဖြေဆိုနိုင်ကြောင်း ဗြိတိသျှကောင်စီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ဝင်ခွင့် စာပေးပွဲကြေး မှာ မြန်မာငွေ ကျပ်တစ်သောင်း ဖြစ်ပြီး...

၂၉-၈-၂ဝ၁၃ မှ ၄-၉-၂ဝ၁၃ ရက်နေ့အထိ ( ၇ ) ရက်သားသမီးများအတွက် ဟောစာတမ်း

Thursday, August 29, 2013တနင်္ဂနွေရင်းနှီးသူများနှင့် ပဋိပက္ခ စကားပြောရမည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်မည်။ ကာလအတန်ကြာ စီစဉ်ထားသည့် လမ်းကြောင်းတစ်ခုအား ဦးတည် ချက်ပြောင်း၍လုပ်ရမည်။ ကာလအတန်ကြာ ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်ဖြေရှင်းရမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။>>> ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~တနင်္လာအခက်အခဲများကို ကျော်လွှားနိုင်မည်။ အပြိုင်အဆိုင်အားလုံးကို...

ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်

အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။ အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီးယားဟာ အနီးစပ်ဆုံးဖြစ်တဲ့...

သင့်နာမည်ကပြောတဲ့ သင့်စရိုက်

သင်ရဲ့ နာမည်မှာပါတဲ့ -{ABCD}-စတဲ့ အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်/မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော်တော့ စမ်းပြီးသွားပြီ၊ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို-Thant- T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ် (မှန်) H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး (နဲနဲမှား) A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ် (အလွန်မှန်) N= သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း...

ဆက်သွယ်ရေးကွန်ရက် ရတစ်ချက် မရတစ်ချက်

ရေအောက်ဖိုင်ဘာဆက်ကြောင်း Sea-Me-We 3 ပြတ်တောက်ပြီးေ နာက် အင်တာနက်မြန်နှုန်းကျဆင်းခြင်းနှင့် ဖုန်းဆက်သွယ်မှုလိုင်း များ ပြတ်တောက် ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။''ဖိုင်ဘာလိုင်းပြတ်တာကို ပြင် လား မပြင်လားတော့မသိဘူး။ ခုအချိန် အထိ အင်တာနက်သုံးရတာ ဘယ်လိုမှ အဆင်မပြေဘူး။ မှတ်မိ သလောက်ပြော ရရင် ဖိုင်ဘာပြတ်တဲ့အချိန်ကတည်းက အခုအချိန် အထိ ဖြစ်နေတုန်းပါပဲ'' ဟု ကျောက်တံတားမြို့နယ်မှ အင်တာနက် သုံးစွဲသူ ကိုဝေလင်းက ပြောသည်။ယင်းသို့ အင်တာနက်ကွန်နက်ရှင် ကျဆင်းမှုတွင်...

ကိုယ်ဝန်ဆောင် မိန်းကလေးတို့ အကြောမပြတ် အလှကြွယ်စေရန်

Thursday, August 29, 2013ဒီအစားအသောက်တွေက သင်စားနေကျ အစာတွေပါပဲ။ ဒီအစာတွေကို စားတာကြောင့် သင်ထင်ထားတာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ကြောင်း လေ့လာမှုအသစ်တွေ အရ သိရပါတယ်။ ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသား ကြီးထွားတာနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့အတွက်အကြောပြတ်ရာတွေ...

ဆေးလိပ်ဖြတ်ခြင်း အကျိုး (၁၀) ပါး

၁)အသက်ရှုလို့ ကောင်းလာပြီး ကျန်းမာရွှင်လန်းလာမယ်။ဆေးလိပ်ဖြတ်ပြီး ရင်...........က) မိနစ်နှစ်ဆယ်အတွင်းမှာကို Blood Pressure သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်သွားနိုင်တယ်။ခ) ၈ နာရီအတွင်းမှာ Nicotine နီကိုတင်းဓာတ်နဲ့ CO ကာဘွန်မိုနောက်ဆိုက် ဓာတ်တွေက တစ်ဝက်ကျသွားမယ်။ Oxygen အောက်စီဂျင်ကပုံမှန် ပြန်ဖြစ်သွားမယ်။ဂ) ၄၈ နာရီအတွင်းမှာ Nicotine နီကိုတင်း ဓာတ်တွေ ကိုယ်ထဲက ရှင်းသွားမယ်။ဃ) ၇၂ နာရီအတွင်းမှာ အဆုတ်ပြွန်တွေ တောင့်တင်းတာလျော့သွားပြီး အသက်ရှူလို့...

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

Created on Thursday, 29 August 2013 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေလက တရားမ၀င် အလုပ်သမားများနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးညွန့်) မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်မှ စတင်လုပ်ဆောင်မည့် ထိုအထူးစီမံချက်ကို မလေးရှားနိုင်ငံရှိ...

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား

ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ် ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား...

ဂျာမနီအခြေစိုက် Mercedes Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းကို ပြည်လမ်း၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်ရန် စီစဉ်

Created on Thursday, 29 August 2013 Mercedes-Benz ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် The New E-Class Model ကားအား တွေ့ရစဉ် ကမ္ဘာ့ထိပ်တန်း ဂျာမနီအခြေစိုက် Mercedes Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းကို ရန်ကုန်မြို့ ပြည်လမ်း၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Cycle & Carriage Automobile Myanmar Co.,Ltd မှ သိရသည်။ "Mercedes Showroom ကို အမှတ် (၅၁)၊ ပြည်လမ်း၊ ကုန်းမြင့်သာအနီးမှာ ဆောက်လုပ်နေပါတယ်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လထဲမှာဖွင့်ဖို့ စီစဉ်ထားပါတယ်"...

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

Created on Thursday, 29 August 2013 မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်သို့ စစ်ဆေးခံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း) ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။...

တရုတ်နိုင်ငံဘက်မှ မြန်မာ့တန်းမြင့်ဆန်များကို နယ်စပ်မှတစ်ဆင့် အ၀ယ်များနေပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၆၀ ကြားရရှိ

Thursday, August 29, 2013တရုတ်နိုင်ငံဘက်မှ မြန်မာ့တန်းမြင့်ဆန်များအား နယ်စပ်မှတစ်ဆင့် အ၀ယ်များနေပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၆၀ ကြား ရရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မူဆယ်ရုံးခွဲမှ သိရသည်။ဇူလိုင်လ အတွင်း၌ မြန်မာ့ဆန်များအား နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုဈေးဖြင့် ယှဉ်ပြိုင်ရခြင်းကြောင်း ဈေးပိုသက်သာသည့် နိုင်ငံမှဆန်အား ၀ယ်ယူမှု ရှိခဲ့သဖြင့် နယ်စပ်မှ တစ်ရက်ဆန်တင်ပို့နိုင်မှု တန်ချိန်မှာ...

လူမှုကွန်ရက်ပေါ်မှ ဓာတ်ပုံနှင့် သတင်းများ မှန်ကန်ကြောင်း သက်သေမပြနိုင်ဘဲ ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြနေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ခေါ်ယူဆွေးနွေးမည်

Created on Thursday, 29 August 2013 လူမှုကွန်ရက် (Facebook) ပေါ်မှ ဓာတ်ပုံနှင့် သတင်းများ မှန်ကန်ကြောင်း သက်သေမပြနိုင်ဘဲ ပုံနှိပ်မီဒီယာတွင် ဖော်ပြနေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ခေါ်ယူဆွေးနွေးသွားမည်ဟု သိရှိရသည်။ "ကျင့်ဝတ်အရ ပြောရရင် Facebook ပေါ်က သတင်းတွေကို ဂျာနယ်တွေ၊ သတင်းစာတွေက ယူနေတာဟာ အရမ်းကို မှားနေတယ်။ ဘာကြောင့်လဲဆိုတော့ Facebook ပေါ်က သတင်းက တိကျခိုင်လုံတဲ့ သတင်းမဟုတ်ဘူး။ သက်ဆိုင်ရာ ၀က်ဘ်ဆိုက်သတင်းတွေဟာ သက်ဆိုင်ရာ မီဒီယာတွေက တာဝန်ခံမှု ရှိတယ်။ အဲဒီအတွက် ၀က်ဘ်ဆိုက်ကနေယူပြီး သုံးလို့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြိတ်မြို့မှာ...

Related Posts Plugin for WordPress, Blogger...