Thursday, August 29, 2013

သုံးလတာ ကာလအတွင်း အခွန်ကောက်ခံ ရရှိမှု သန်းပေါင်း ၂၆၀၀၀ ရရှိကြောင်းသိရ


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

ပြည်တွင်း အခွန်ကောက်ခံမှု မှ သုံးလတာ ကာလအတွင်း ငွေကျပ် သန်းပေါင်း ၂၆၀၀၀ ခန့်ရရှိကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန က တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

အခွန် ကောက်ခံမှု စနစ်ကို ဇွန်လဆန်းမှ စပြီး ကြိုတင်ခွန် စနစ်ကို ပြုပြင်ပြောင်းလဲ လာသောမူကို စတင်ကျင့်သုံး ခဲ့ပြီး နောက်ပိုင်းတွင် ဇွန်လ မှ သြဂုတ်လ အထိ ကောက်ခံ ရရှိမှုမှာ ကျပ်သန်းပေါင်း ၂၆၀၀၀ ခန့်ကောက်ခံ ရရှိပြီး သောကြောင့် ပို့ကုန် သွင်းကုန် ကြိုတင်ခွန် စနစ်မှာ အလွန် ထိရောက်မှု ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောဆိုသည်။ မြန်မာနိုင်ငံ၏ အခွန် ကောက်ခံမှု စနစ်များကို လာမည့်ကာလ များတွင် အသွင်ပြောင်းလဲ မှုများပြုလုပ် နိုင်သေးကြောင်း နှင့် ပြည်တွင်း အခွန်ဆောင်မှု များကိုလည်း အခွင့်အရေး တစ်ခုအနေဖြင့် အခွန်ဆောင်သူ များကိုလည်း အခြားသော အခွင့်အရေး များပေးပြီး ဆွဲဆောင် လာနိုင်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ခွန်ကောက်ခံမှု များကိုပိုမို ထိရောက်စွာ ကောက်ခံနိုင်ရန် အတွက် အခွန်ဆောင် သူများကို မက်လုံးများ ပေးပြီး အခွန်ဆောင် သူများ ၊ အခြားသော တင်သွင်းနိုင်မှု ဆိုင်ရာ အခွင့်အရေးများ ပေးပြီး ဆွဲဆောင်မှုများ ပြုလုပ်နိုင်သည် ဟု သိရသည်။

နိုင်ငံတကာတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေ သူများကို ပင်စင်များ ပေးရာတွင် ပြည်တွင်း အခွန်ကောက်ခံ မှုများကိုသာ အားထားနေပြီး အခွန်ဆောင်မည့် သူများကိုလည်း နည်းမျိုးစုံ သုံးပြီး ဆွဲဆောင်မှုများ ရှိကြောင်း နိုင်ငံတကာ အတွေ့အကြုံ ရှိသူ တစ်ဦးဖြစ်သူ ပါမောက္ခ အငြိမ်းစား ဦစိုးသိန်းက ပြောဆိုသည် အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် အခွန် ကောက်ခံမှု များကို အခွန်စာရွက် များတွင် ကံစမ်းမဲများ ထည့်သွင်း ပေးခြင်းဖြင့် ဆွဲဆောင်မှုများ ပြုလုပ် နေကြောင်း သိရှိရသည်။(449)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...