Thursday, August 29, 2013

NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တော့မည် ဖြစ်ကြောင်း VOA ၀က်ဆိုဒ်တွင် ဖော်ပြ





ဘင်္ဂလီတို့၏ သားဖွားနှုန်းကို ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဆန့်ကျင်ကန့်ကွက်မှု မဆုံးခင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။ သတင်းမှာ ပါဝင်သည့် အချက်များကတော့ အောက်ပါအတိုင်းပါ။ သတင်းကိုတော့ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင် အများစုမှာ ဘာသာခြားများ ဖြစ်နေပြီး အန်အယ်လ်ဒီ၏ အထောက်အပံ့များ အဓိက ရရှိရာမှာလည်း လူ့အခွင့်အရေး ခေါင်းစဉ် အောက်မှ ဖြစ်သ ဖြင့် ဘင်္ဂလီ ကိစ္စမှာ NLD ဟာ နိုင်ငံတကာရဲ့ ဖိအားပေးခြင်းကို ခံနေရနိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။ ယခုတော့ ဘင်္ဂလီ တွေကို ဥပဒေ ပြင်ပြီး နိုင်ငံသား ဖြစ်ခွင့် ပေးရန် ဆန္ဒရှိတဲ့ အကြောင်း တရားဝင် ပြောဆိုလာမှုကြောင့် အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းခဲ့ပါပြီ။

VOA ၀က်ဆိုဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဘက်မှ အမြဲတစေ ရပ်တည်ခဲ့ပြီး ၄င်းတို့နှင့် ပတ်သက်၍ မည်သည့်အခါမှ အပုပ်ချ၊ ချောက်တွန်း ရေးသား မှု မျိုး မရှိခဲ့ပေ။

http://www.voanews.com/content/burma-two-child-policy-for-muslims-criticized-as-illegal-discriminatory/1669722.html

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...