Thursday, August 29, 2013

၂၉-၈-၂ဝ၁၃ မှ ၄-၉-၂ဝ၁၃ ရက်နေ့အထိ ( ၇ ) ရက်သားသမီးများအတွက် ဟောစာတမ်း




Thursday, August 29, 2013

တနင်္ဂနွေ
ရင်းနှီးသူများနှင့် ပဋိပက္ခ စကားပြောရမည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်မည်။ ကာလအတန်ကြာ စီစဉ်ထားသည့် လမ်းကြောင်းတစ်ခုအား ဦးတည် ချက်ပြောင်း၍လုပ်ရမည်။ ကာလအတန်ကြာ ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်ဖြေရှင်းရမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။
>>> ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~
တနင်္လာ
အခက်အခဲများကို ကျော်လွှားနိုင်မည်။ အပြိုင်အဆိုင်အားလုံးကို ကျော် လွှားပြီး အဆင့်မြင့်သော အောင်မြင်မှုများ ရရှိမည်။ အတတ်ပညာအတွက် အဓိကဆောင်ရွက်သူများအဖို့ ထူးခြားသော တက်လမ်းရမည်။ အလိုပြည့်မည်။ ဆုံးဖြတ်ထားသည့်ကိစ္စများကို ရှေ့တိုးဆောင်ရွက်ပါ။
>>> ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ခေါက်ဆွဲကြော် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~

အင်္ဂါ
ကြန့်ကြာနေသည်များ လက်ဝယ်ပြန်လည်ရရှိမည်။ အခက်အခဲများ ကျော်လွှားပြီး အဆင့်မြင့်သော အောင်မြင်မှုများ ဖန်တီးနိုင်မည်။ မြုပ်နေသောငွေ ပြန်ပေါ်မည်။ စီးပွားကံ၊ လုပ်ငန်းကံ တိုးတက်မည်။ ဆိုင်းငံ့ထားသည့် လုပ်ငန်းများကို ရှေ့တိုးဆောင်ရွက်နိုင်သည်။ ခရီးကိစ္စ၊ နေရာအပြောင်းအရွှေ့ ကိစ္စများအတွက် စီစဉ်ရန် အခါကောင်း ကျရောက်သည်။
>>>ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ဆမူဆာ ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူး
အခက်အခဲများ ကျော်လွှား၍ အလိုရှိရာ ဆောင်ရွက်အောင်မြင်မည်။ အဖျက်အနှောင့်အယှက်များ ရင်ဆိုင်ရမည်။ စီးပွားကံ ကောင်းမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ စီမံပြီးလုပ်သောကိစ္စများ အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။ ဖြစ်ပေါ်လာသော အနေအထားအား အသုံးချ၍ အောင်မြင်မှု ဖန်တီးနိုင်မည်။ မိတ်ကောင်းဆွေကောင်း အကူအညီရမည်။ မိသားစုလုပ်ငန်းစီးပွား တက်လမ်းရှိသည်။ မေတ္တာရေးကံကောင်း မည်။
>>>ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ယပ်ဖြူတစ်ချောင်း ဘုရားလှူပါ။
~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~

ရာဟု
အတတ်ပညာကို အခြေတည်၍ ရည်မှန်းထားသည်များ အောင်မြင်မည်။ဆုံးဖြတ်ထားသောကိစ္စများ ရှေ့ တိုးဆောင်ရွက်အောင်မြင်မည်။ မိမိ ရည်မှန်းထားသည်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ ဘဝအဆင့် တိုးတက်မည်။ နေရာထိုင်ခင်းနှင့် ပတ်သက်သောကိစ္စများ ဆောက်ရွက်အဆင်ပြေမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။
>>>ယတြာ ။ ။ ယတြာ - မွေးနေ့ညနေပိုင်းတွင် ရွှေသင်္ကန်း ကပ်လှူပါ။
~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~

စနေ
အတိုက်အခံများကို ကျော်လွှား၍ အောင်မြင်မှုအဆင့်ဆင့် ရရှိမည်။ ငွေကြေးကိစ္စ စကားပြောဆိုရမည်။ လူမျိုးကွဲများနှင့် တိုက်ရိုက်ဆက်ဆံ၍ ကောင်းသော အကျိုးအမြတ်များ ရရှိမည်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေးကိစ္စ စကားပြောဆိုခြင်းများ အထူးကောင်းသည်။ ကာလအတန်ကြာ ဖြေရှင်း၍ မရနိုင်သော ကိုယ်ရေးကိုယ်တာကိစ္စများကို ပြေလည်အောင် ဆောင်ရွက်နိုင်သောအနေအထား ရှိသည်။ အချစ်ရေးတွင် စိတ်အနှောင့်အယှက်ကြုံမည်။
>>>ယတြာ ။ ။ ယတြာ - မွေးနေ့တွင် နှမ်းပျစ်ဆွမ်းတော်တင်ပါ။

စံဇာဏီဘို

1 comment:

  1. ကြာသပတေး လည်းပါဘူးဟ

    ReplyDelete

Related Posts Plugin for WordPress, Blogger...