Thursday, August 29, 2013

အင်္ဂလိပ်စာ သင်တန်းသစ်များ ဗြိတိသျှကောင်စီ မှ အောက်တိုဘာလအတွင်း ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂၉-၈-၂၀၁၃

အသက် ၇ နှစ်နှင့် အထက် မည်သူမဆို တက်ရောက်နိုင်သည့် သက်တမ်းအလိုက် အင်္ဂလိပ်စာ သင်တန်းများကို ဗြိတိသျှကောင်စီ မှ အောက်တိုဘာလ အတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများ အတွက် ၀င်ခွင့် စာမေးပွဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပ သွားမည် ဖြစ်သဖြင့် တက်ရောက် လိုသူများ လာရောက် ဖြေဆိုနိုင်ကြောင်း ဗြိတိသျှကောင်စီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ဝင်ခွင့် စာပေးပွဲကြေး မှာ မြန်မာငွေ ကျပ်တစ်သောင်း ဖြစ်ပြီး မှတ်ပုံတင် ကတ်ပြား ( သို့မဟုတ် ) သန်းခေါင် စာရင်း ၊ မွေးစာရင်း မူရင်းဖြင့် ၀င်ခွင့် စာမေးပွဲ ဖြေရန် အောက်ပါ အချိန်စာရင်း များအတိုင်း ၉-၉-၂၀၁၃ ရက်မှစ၍ တနင်္လာနေ့ မှ သောကြာနေ့ အထိ နံနက် ၈ နာရီခွဲ မှ ညနေ ၅ နာရီအတွင်း လာရောက် စာရင်း ပေးသွင်း နိုင်ကြောင်း နှင့် အသက် ၁၈ နှစ်နှင့် အထက်တန်း ကျောင်းသား များအတွက် ၉-၉-၂၀၁၃ ရက်မှ ၁၃-၉-၂၀၁၃ ရက်ထိ ၊ ၁၃ နှစ်နှင့် ၁၇ နှစ်အထိ ကျောင်းသားများ အတွက် ၁၆-၉-၂၀၁၃ ရက်မှ ၂၀-၉-၂၀၁၃ ရက်ထိ ၊ အသက် ၇ နှစ်မှ ၁၂ နှစ်ကျောင်းသား များအတွက် ၂၃-၉-၂၀၁၃ မှ ၂၇-၉-၂၀၁၃ ရက်အထိ စာရင်း သွင်းနိုင်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက British Council Customer Service & Sales Department ၊ ဖုန်း ၀၁- ၂၅၆ ၂၉၀ ၊ ၀၁ ၂၅၆ ၂၉၁ ( လိုင်းခွဲ ၃၃၂၅ နှင့် ၃၃၂၆ ) သို့ တနင်္လာနေ့ မှ စနေနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအတွင်း ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...